မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မ၀င်းမော်ဦးကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား




အကယ်၍များ အဲဒီအချိန်က မ၀င်းမော်ဦးသာ မကျဆုံးခဲ့ပါက သူမသည်လည်း ဟောဒီလို G-3 သေနတ်ကို ခြေနဲ့နင်းပြီး ၁၆ (သို့) အေကေကို ကိုင်ကာ လက်နက်ကိုင်တော်လှန်ရေးနှင့် အာဏာရှင်ကို တော်လှန်ဖို့ နယ်စပ်ဒေသကို ထွက်ခွာလာတဲ့အထဲမှာ ပါနိုင်ကောင်းပါရဲ့လို့ ကျွန်မ တွေးမိပါတယ်။ ပုံက Face book က ကူးယူလာတဲ့ ၈၈ က တောခိုလာသူ မ၀င်းမော်ဦးနဲ့ အသက်တူ ရွယ်တူ တယောက်ဖြစ်ခဲ့တဲ့ ABSDF တပ်ရင်း ၂၀၇ ရေကျော်စခန်းက မစန်းစန်းချိုရဲ့ ၈၉ ခုနှစ်စမှာ ရိုက်ထားတဲ့ ABSDF က ထုတ်ဝေတဲ့ ပို့စ်ကဒ်ပုံ ဖြစ်ပါတယ်။






Sunday, September 19, 2010
ယနေ့  ကျင်းပသော မ၀င်းမော်ဦး ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့  - လက်နက်ကိုင်အကြမ်းဘက်အာဏာရူးတို့ မှ ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ခဲ့သည့်နေ့  နောက်တစ်နေ့ တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပြသနေကြသော ရဟန်းရှင်လူကျောင်းသားပြည်သူများအား ရက်ရက်စက်စက် ပစ်သတ် သတ်ဖြတ်ခဲ့ရာတွင် ကျောင်းသူငယ်လေး မ၀င်းမော်ဦးအပါအ၀င် ပြည်သူပေါင်း ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါသည်။



ဤပုံကို ကိုဒီမိုဘလော့ဂ်မှ ကူးယူခဲ့ပါတယ်။

ထိုသို့ သော အပြစ်မဲ့သည့် ပြည်သူပြည်သားများ အသက်ဆုံးရှုံးခဲ့ကြရသည့် ယနေ့  စက်တင်ဘာလ (၁၉) ရက်နေ့  နှစ်ပတ်လည်နေ့ တွင် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်ပြည်သူများနှင့်တစ်ကွ အာဇာနည်သူရဲကောင်း ကျောင်းသားကျောင်းသူများအား ဦးညွှတ်ဂုဏ်ပြုရင်း ကျောင်းသူငယ်လေး မ၀င်းမော်ဦး၏ မိဘများနေအိမ်တွင် မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားအား ကျင်းပခဲ့ပါသည်။

ယနေ့ ကျင်းပခဲ့သော မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် မ၀င်းမော်ဦး အဘွားဖြစ်သူ ဒေါ်နီ (အသက် ၈၈ နှစ်) မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရဟန်းသံဃာတော်များနှင့်အတူ (၃) ရက်တိုင်တိုင် ဆန္ဒပြလမ်းလျှောက်ခဲ့သူ ဖြစ်ပါသည်။ ထိုသို့  လမ်းလျှောက်ဆန္ဒပြစဉ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ တွင် သံဃာတော်များအား နအဖအာဏာရူး လက်ပါးစေများမှ အကြမ်းဘက်နှိမ်နင်းသတ်ဖြတ်ပြုလုပ်နေစဉ် အဘွား ဒေါ်နီအား ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်၌ သံဃာတော်တစ်ပါးမှ နီးစပ်ရာတိုက်တစ်ခုပေါ်သို့  ပွေ့ ချီတက်ပြေးရှောင်ပုံးခဲ့ရ၍ အသက်ဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ရပါသည်။
(သတင်း စာသားနဲ့ အပေါ်ဆုံးက သတင်း ဓါတ်ပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှကူးယူဖေါ်ပြ ပါတယ်။ အောက်က ဓါတ်ပုံတွေကိုတော့ ပြည်တွင်းမှ ပို့လာပါတယ်။)





ဓါတ်ပုံတွေ ပို့ပေးလာတဲ့ ပြည်တွင်းမှ ကိုမင်းထက်ကို ကျေးဇူးတင်ပါတယ်။

22 နှစ်ဆိုတဲ့ ကာလကို မနေ့တနေ့ကလိုပဲ ခံစားရပါတယ်။ ရန်ကုန်မြို့မှာ မ၀င်းမော်ဦးတို့ ကျဆုံးတဲ့နေ့ကတော့ တောက ကျွန်မတို့ အိမ်မှာတော့ ကျွန်မအဖေက ၁၀ တန်းကျောင်းသူဖြစ်တဲ့ ကျွန်မနဲ့ ၈ တန်းကျောင်းသူ ဖြစ်တဲ့ ကျွန်မညီမကို ဘယ်မှ ပေးမသွားတော့ဘူး။ သီးသန့် ပို့စ်ရေးဖို့ အချိန်မရခဲ့လို့ လွန်ခဲ့တဲ့ ၂၂ နှစ် ဒီလိုအချိန်က အကြောင်းကို မနေ့တနေ့ကလို ပြန်ခံစားရပြီး အဖေနေ့ အမှတ်တရ ပို့စ်ထဲက စာနှစ်ပိုဒ်ကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးတာနဲ့ အဖေရဲ့ ရာဇအသံကလည်း စတော့တာပဲ။ "မီးငယ်နဲ့ ဌေးငယ် သမီးတို့ ပါချင်လို့ ပေးပါပြီးပြီ ဒီလောက်ဆိုလုံလောက်ပြီ သမီးတို့က ခေါင်းဆောင်လည်း မဟုတ်လို့ အများနဲ့ ဖြစ်တဲ့ကိစ္စမို့ ဘာအပြစ်မှ မရှိဘူး ခေါင်းဆောင်တွေပဲ အပြစ်ရှိတယ်။ ဒါကြောင့် သမီးတို့ကို သက်ဆိုင်ရာက ဘယ်သူမှ ပြဿနာရှာလို့မရဘူး သူများတွေလို ပုန်းရှောင်ဖို့လည်း မလိုဘူး၊ သူပုန်တွေဆီ သွားဖို့လည်း မလိုဘူး အိမ်မှာ အေးအေးဆေးဆေး နေကြ ဘာပြဿနာမှ မဖြစ်စေရဘူး" လို့ ရာဇသံစပေးနေပြီ။ ကျွန်မတို့ မောင်နှမမှာ သမဂ္ဂက ဘယ်အဖွဲ့က ဘယ်ရောက်နေတယ် ဘယ်အဖွဲ့က တောထဲသွားစဉ် ရေနစ်ပြီးလည်း လမ်းမှာ သေဆုံးကြတဲ့သူတွေလည်း ရှိတယ် စသည့် မဟုတ်တာရော ဟုတ်တာရော အမျိုးမျိုး ကြားနေရတယ်။ တောထဲ ရောက်သွားသူတွေရဲ့ အခြေအနေကို စဉ်းစားချိန်မှာ VOA နဲ့ ဘီဘီစီ က ကျွန်မတို့အတွက် သတင်းရရာ နေရာတွေ ဖြစ်လာတယ်။ ခါတိုင်း ဘီဘီစီပဲ နားထောင်ပြီး နောက်ပိုင်းတော့ ဗွီအိုအေက နယ်စပ်ရောက် ကျောင်းသားတွေ အခြေအနေ ပိုပါတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ VOA ကို ပိုကြိုက်သွားပြီး ပိုနားထောင်ဖြစ်တယ်။ အဲဒီအချိန်မှာ သိပ္ပံသတင်းဆောင်းပါးတွေပါလို့ VOA ကောင်းကြောင်း တလျှောက်လုံး ပြောလာခဲ့တဲ့ အဖေက VOA သတင်းကြေညာနေတာကို ကြားရင် လူငယ်တွေ လမ်းမှားရောက်အောင် သွေးထိုးပက်ကော်နေတယ် ဆိုပြီး စတင်အပြစ်တင်ရှုပ်ချတာကို တွေ့ရလို့ ကျွန်မတို့ ညီနှမကတော့ ပြောမရဲလို့ ဘာမှမပြောပေမဲ့ ဘာမှဆိုင်တာလည်း မဟုတ်ဘူးလို့ ကြိတ်တွေးနေတယ်။ ရေဒီယိုက စစ်အစိုးရလို့ ပြောတာကို အဖေဟာ ဆတ်ဆတ်တုန်အောင် နာတာတွေ့တော့ စစ်အစိုးရကို စစ်အစိုးရမခေါ်လို့ ဘယ်လိုခေါ်စေချင်လဲ မသိဘူးလို့ စိတ်ထဲထဲမှာ ပြောနေတယ်။

ကျွန်မတို့ကလည်း တခြားသူတွေနဲ့ အဆက်အသွယ်ရအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲတွေးတော ကြံဆနေတယ်။ အဖေကလည်း ရိပ်မိလားမသိဘူး တနေ့ထက်တနေ့ တင်းကြပ်လာပြီး နောက်ပိုင်း သတင်းတောင် ကောင်းကောင်း နားထောင်လို့မရအောင် ဖြစ်လာတယ်၊ ကျွန်မတိုကိုလည်း စစ်လားဆေးလား လုပ်လာတယ်၊ ရုတ်ရုတ်လုပ်ရင် လူသတ်ပြီး ထောင်ထဲသွားနေဖို့ ၀န်မလေးဘူးတွေ ပြောလာတယ်ဆိုတော့ ကျွန်မတို့လည်း ဒီအတိုင်းတော့ ရေရှည် မဖြစ်တော့ဘူးဆိုပြီး စတင်ကြံဆတော့တယ်။ နောက်ဆုံးတော့ ကျွန်မတို့က တံငါရွာမှာ ရှိတဲ့ အမေ့ဆွေမျိုးတွေဆီ သွားလည်ပြီး ခြံထဲက သစ်သီးဝလံတွေကို လက်ဆောင်သွားပေးမယ်လို့ ပြောတော့ တွေမျိုးတွေက ဒီလိုသွားလည်ရင် ငပိ၊ ငါးခြောက် ငံပြာရည်တို့ လက်ဆောင်ပြန်ပေးလေ့ရှိတော့ မဆိုးဘူးထင်ပုံရတယ် ပင်လယ်ဘက်ဆိုတော့ သူပုန်နဲ့ ဝေးတယ် မဟုတ်လား အဖေက ကျွန်မတို့ အကြံအစည်ကို လက်ခံခဲ့တယ်။ တကယ်တမ်း အိမ်ကနေ ကျွန်မတို့ ထွက်လာတာကတော့ ပင်လယ်ဘက်မှာ ရှိတဲ့ တံငါရွာဆီကိုမဟုတ်၊ ပင်လယ်နဲ့ ဆန့်ကျင်ဘက် တဘက်ကမ်းက ကရင်တွေရဲ့ အကူအညီနဲ့ KNU ကို ဆက်သွယ်ကာ တောင်တန်းတွေ ရှိရာ နေရာကိုသာ ဖြစ်ပါတယ်။ KNU တွေရဲ့ အကူအညီနဲ့ တောင်တန်းတွေ တောတောင် စမ်းချောင်း အထပ်ထပ်တွေကို ကျော်ဖြတ်ကာ သမဂ္ဂတုန်းက လုပ်ဖေါ်ကိုင်ဖက်တွေ အရင်ရောက်နေပြီဖြစ်တဲ့ နယ်စပ်ဒေသဆီ ညီအစ်မ နှစ်ယောက် ခရီးဆက်ခဲ့ပါတယ်။
( ၂၂ နှစ်ဆိုတာ ဘာမှကို မကြာလိုက်သလိုပါပဲ၊ အဖေနေ့ အမှတ်တရပို့စ်က အဲဒီချိန် အဖြစ်အပျက်ကို ထင်ဟပ်တဲ့ စာနှစ်ပိုဒ်ဖြစ်ပါတယ်။)




မ၀င်းမော်ဦးနဲ့ ကျဆုံးသွားသော အာဇာနည်များ ကောင်းရာသုဂတိလားပါစေ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ရမည်။

14 comments:

မဝင်းမော်ဦး ကောင်းရာသုဂတိလားပါစေ။

အသက်ပေးသွားတဲ့ မြေးလုပ်ရပ်ကို အခုထိ ထောက်ခံ ဂုဏ်ယူဆဲဖြစ်တဲ့ အဖွားရဲ့ သတ္တိသွေးကိုလည်း ချီးကျူးမိပါတယ်။

မြန်မာပြည်သူလူထု အားလုံး လွတ်မြောက်ရေးအတွက် မ၀င်းမော်ဦး နှင့် အတူ အဘက်ဘက်မှ တိုက်ပွဲဝင်ခဲ့ကြ သူများ၊ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော သူရဲကောင်း အပေါင်းနှင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံ သူရဲကောင်းအပေါင်းတို့ အား အထူးလေးစား ဂုဏ်ယူ ပါတယ်။

ညို

သို့
မငယ်နိုင်

အစ်မ။ နေကောင်းလားခင်ဗျာ။ ကျန်းမာသလားခင်ဗျာ။ အစ်မတစ်ယောက် ကျမ်းမာချမ်းသာပြီး ငြိမ်းချမ်းမှုတွေရရှိပါစေခင်ဗျာ။ အလည်ရောက်လာလို့ အစ်မကို နှုတ်ဆက်တာပါ။

ယဉ်ကျေးလိမ္မာတဲ့ ရွှေညာမြေမှတောသားလေးဖြစ်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

((((★သခင်မျိုးဟေ့ဒို့မြန်မာ★ has left a new comment on your post "မ၀င်းမော်ဦးကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အောက်မေ့ဖွ...":

ဟေ့.. ဗွက်ထူထူတနာင်္လာသာရီက တောသူ။ နင့်ဘလော့ကို ဖွင့်စမ်း။ ရွှေညာသားရဲ့ တစ်ချက်လွတ် အမိန့်တော။ အကယ်၍ ရွှေညာသား၏ အမိန့်ကို လွန်ဆန်လျှင် နွားရိုက်သည့် ဒုတ်ဖြင့် အချက် ၁၀၀ ရိုက်၍ ပြစ်ဒဏ်ပေးမည်။ ဒန်..ဒန်..ဒန် )))))

အိမ်နောက်မှာ ဓနီခြံ၊ ဓနီခြံအဆုံးမှာ ဒီရေအတက်အကျ ရှိတဲ့ချောင်းရှိတယ်၊ ဓနီသကြားကျိုရင်လည်း မိဘကို ၀ိုင်းလုပ်ဖူးတယ် ဆိုတော့ ဇော်မျိုးပြောတဲ့ ဗွက်ထူထူ တနင်္သာရီက တောသူဆိုတာလည်း အဟုတ်ဘဲ။ ဒီတော့ မှန်နေတာကြီးကို ဘာလို့ ပြန်လာဖျက်သွားရတာလဲ။ ဟုတ်နေလို့ ထည့်ထားပေးတာကို ဘာလို့ ပြန်လာဖျက်သွားရတလဲ။ ကျန်တာကတော့ ဇော်မျိုး အဲလို ပေါတောတော လာရေးဖူးတယ်ဆိုတာ အမှတ်တရလေး ထားချင်လို့ ပြန်သိမ်းထားပေးပါတယ်။ အောက်က မှတ်ချက်တွေနဲ့စာရင် အများကြီး တော်တယ်လေ။ အောက်က ရိုင်းတဲ့မှတ်ချက်တွေကိုကျတော့ ဘာလို့ ပြန်လာ မဖျက်တာလဲ။

((((( Blogger ★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

နင်ကလဲ အရူးပဲ။ နင့်ကိုဆဲချင်ရင် တခြားနာမည်မသုံးဘူး။ ငါ့နာမည်နဲ့ပဲဆဲမှာ။ ကလေးအမေ.. ငါ့မေလောက်ရှိတာကြီး မသထီလို့မဆဲတာ။ ဆဲတယ်ဆိုတာ နုနုထွတ်ထွတ်လေးကို ဆဲမှ အရသာရှိတာဟ… ဒီမိုငတုံးရဲ့။ နင့်လင်စစ်ဗိုလ်တွေနဲ့ ဖြစ်တာ ငါ့ဆီလာမရှုပ်နဲ့။ အသက်ကြီးပြီးအချိန်မစီး ကြသူတွေ။))))))

September 19, 2010 8:00 AM
Delete
Blogger ★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ကျုပ်အမေလောက်၇ွယ်ကြီး မငယ်နိုင်ကို မသထီလို့မဆဲတာပါ။ သက်တူရွယ်တူဆိုရင်တော့ စိတ်ဝင်စားတယ်။

September 19, 2010 9:05 AM))))))

မဗေဒါ ဘလော့ဂ်မှာ အကြောင်းမသိသေးတဲ့ မဗေဒါကို သွားဖားပြီး ရေးထားတာကတော့

((((Blogger ★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အစ်မရေ.. ဘာစာမှ မတင်တော့ဘူးလား? ဆီပုံးပဲဖတ်ပြီး ပြန်သွားရတာ မနည်းတော့ဘူး။ ဒါမှ မဟုတ်.. ကြီးမိုက်ကြီး မငယ်နိုင်ကို ထိမ်းနေရလို့ မအားဖြစ်ပြီးစာမရေးနိုင်တာလား? အဲဒီအစ်မကြီးကို ထိမ်းချင်ရင်… ကျနော်တို့ ရွာက နွားရိုက်တဲ့ ဒုတ်လေးပေးလိုက်မယ်။ သူ့ကို အဲဒါလေးနဲ့ ရိုက်ပြီးပြောကြည့်ပါ။ အဆင်ပြေမှာပါ။

ဗွတ်ထူထူတနာင်္လာရီမှ တောသူကို အနိုင်ကျင့်နေသည့် ရွှေညာမြေမှတောသား
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

September 18, 2010 6:27 PM)))))

ဇော်မျိုးရေ ဖျက်ချင်ရင် ဒီလို ရိုင်းတာတွေကိုပဲ အရင်ဖျက်ပါ။ ခုနက လာဖျက်သွားတာ တခုက ဒီလောက်မရိုင်းဘူး။ ဇော်မျိုးပေါတောတော လုပ်တတ်တယ်ဆိုတာ သူများကို အသိပေးတဲ့အဆင့်ပဲ ရှိပါတယ်။

လက်ဆောင်သွားပေးမယ်လို့ ပြောတော့ တွေမျိုးတွေက ဒီလိုသွားလည်ရင် ငပိ၊ ငါးခြောက် ငံပြာရည်တို့
=အဲဒီစာကြောင်းမှာ တွေမျိုးကို ဆွေမျိုးလို့ ပြင်ပါ မငယ်။
လေးစားလျှက်-အိုးဝေအောင်

ပို့စ်နှစ်ခုစလုံးမှာ ပြင်လိုက်ပါပြီ ကိုအိုးဝေ။ သတ်ပုံဆရာက အခုမှ ရောက်တာကိုး အခုမှ ပြင်ရတာပေါ့။ ဒါတောင်မှ ကျွန်မ အကြိမ်ကြိမ် ဖတ်ထားတာ မျက်စိက မကောင်းတော့ဘူးထင်တယ်။ မျက်မှန်လည်း မတပ်ချင်သေးဘူး။ ကျေးဇူးတင်တယ်နော့်။

သို့
မငယ်နိုင်

အစ်မ ကျန်းမာရဲ့လားခင်ဗျာ။ ကိုယ်စိတ် ၂ဖြာ ကျန်းမာပါစေလို့ ဆုတောင်းပေးပါရစေ။ လူလောကကြီးကလဲ အင်မတန် ဆန်းကျယ်လှတယ်ဗျာ။ ပြောမယုံ ကြုံဖူးမှ သိတယ်ဆိုတာ အဲဒါမျိုးပဲ။ ★သခင်မျိုးဟေ့ဒို့မြန်မာ★ ဆိုတာ ကျနော် တစ်ယောက်ထဲရှိတယ်ထင်တာ . . နောက်တစ် ယောက်လဲရှိတာပဲနော်။ တော်တော်ရိုင်းတဲ့သူပဲ။ သူ့ကိုအစ်မဘလော့မှာ ရေးသားခွင့်မပြုဖို့ မေတ္တာရပ်ခံပါတယ်။ ရိုင်းစိုင်းတဲ့စာတွေ ဖတ်မိတဲ့ ကျနော်တောင် ဖျားချင်သလိုဖြစ်သွားတယ်။ မဗေဒါဆိုတာ ဘယ်သူ့ကိုပြောတာလဲ? သြော် အဲဒါ မဗေဒါမဟုတ်ပါဘူး။ ကိုဗေဒါပါ။ အရီးလေးSV ဘလော့မှာ ပေါက်ကရ ရေးနေတဲ့သူပါခင်ဗျာ။ သူ့မှာ ဘလော့မရှိပါဘူးခင်ဗျာ။ တစ်ခုခုလွဲမှားနေမယ်လို့ ယူဆမိပါတယ်။

အစ်မတစ်ယောက် ကိုယ်စိတ်၂ဖြာကျန်းမာဖို့ အမြဲဆုတောင်းပေးနေပါတယ်ခင်ဗျာ။ အစားအသောက်လဲ မှန်တယ်မဟုတ်ပါလားခင်ဗျာ။ ကော်မန့်ရှည်ရှည်ရေးလိုက်လို့ စာဖတ်ရင် မျက်စိညောင်းညာမှုတွေ ဖြစ်သွားရင် ခွင့်လွှတ်ပါလို့လို့ အနူးအညွတ်တောင်းပန်ပါတယ်။ ကျနော့စာဖတ်ဖို့ ခေါင်းကို ဘယ်ညာလှည့်ခဲ့ရလို့ ဇက်ကြောညောင်းညာခဲ့ရင်လည်း အမိုက်အမဲလေးကို ခွင့်လွတ်တော် မူဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ယဉ်ကျေးလိမ်မ္မာခြင်းကို ခါးဝတ်ဘောင်းဘီကဲ့သို့ မြဲမြံသော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

အစ်မငယ်နိုင်ချင်ဗျာ
အပေါ်မှာ လာရေးသွားတဲ့ နှစ်ယောက်စလုံးက ကျနော်ဇော်မျိုး မဟုတ်ကြောင်းပါခင်ဗျာ။

ယောင်္ကျားဆိုတာ တောင်းပန်တယ်ဆိုတဲ့စကားလုံး ဘယ်တော့မှမသုံးရဘူးကွ...ကိုယ်မှားနေရင် နောက်မလုပ်ဖို့ပဲလိုတယ်...မသိရင်မှတ်ထား...



မြင့်မြတ်သောယောင်္ကျားကောင်း

ကွန်မန်.တွေက မငယ်နိုင် နဲ. ကိုဇော်မျိုး ရဲ့ ကွန်မန်.တွေဘဲဖတ်ရတော့ အတွေး တစ်မျိုးဝင်လာတယ် အဲဒါကတော့ မငယ်က အခြားသူတွေရဲ့ကွန်မန်.တွေကိုဘန်းပြီး ကိုဇော်မျိုး ကွန်မန်.တွေပဲဖော်ပြနေတာလားလို.

မငယ်ဘလော့ကိုတော့အမြဲလာလည်ပါတယ် အလုပ်များလို. ကွန်မန်.မရေးဖြစ်တာပဲရှိတယ်

ခင်မင်မူနဲ. ရယ်စရာအဖြစ် မန်.သွားတယ်လို.ပဲ ယူဆပါခင်ဗျာ

မငယ်နှင့်မိသားစု ကျန်းမာပျော်ရွင်ပါစေ ..

ခင်တဲ့

Z

ဆေးဝါးမီဦးမလားလို့ Psychosocial Support နဲ့ စမ်းကုကြည့်တာပါ ကိုzzz. အခုတော့ ကုလေ ပိုဆိုးလေဖြစ်ပြီး နေမြင့်လေ အရူးရင့်လေ ဆိုသလို သွက်သွက်ခါအောင် ဖြစ်လာတော့ လက်လျှော့ပြီး တိုက်ပိတ်ထားလိုက်ရတဲ့ အဆင့်ကို ရောက်သွားပါပြီ။ သူ့ကံပဲပေါ့။

မငယ်နိုင် က ဇော်မျိုး လိုလူကို attention ထားပြီး ပြန်ရေး နေတာ ကိုး .. သူဘယ်လိုလူစားလည်း ဆိုတာ လူတွေသိပြီးသား မို့ တခုတ်တရ ဘာမှ ပြန်မရေးဘဲ ဘေးမဲ့သာလွှတ်ထားလိုက်ပါ။ ချို မှာ ပန်းလေး စည်းထားပေး လိုက်ပါ။ :-)

ဇန်

အခုမလုပ်တော့ပါဘူး ဆေးမမီတော့ဘူးဆိုတာ သိလို့ လက်လျှော့လိုက်ပါပြီ။ ဒါကြောင့်မို့ သူ့ဆီက ရောက်လာနိုင်တဲ့ ဖရုဿဝါစာရတွေ၊ သပ္ဇပ္ပလာပါတွေကို ရှောင်ဖို့ Comment ကို Moderation လုပ်ထားလိုက်ရပါတယ်။ အဲဒါဇော်မျိုးတယောက်တည်းကြောင့်လုပ်ရတာ ဖြစ်ပြီး တခြားစာလာဖတ်သူတွေအတွက် မှတ်ချက်ထည့်ရတာ အနှောင့်အယှက် ဖြစ်ရတာကို တောင်းပန်ပါတယ်။