မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ


ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် ဆိုတဲ့ ရင်းနှီးနေတဲ့ အသံကို အများနားဆင်နိုင်စေရန် ပြန်လည် ဖေါ်ပြလိုက်ပါတယ်။ ကိုမွန်းအောင်အသံက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလကလို ထပ်တူမကျသည့်တိုင် အခုထိ ကောင်းနေဆဲပါပဲ။ အရင်တင်ထားတဲ့ မိုးမခပင်အောက်က ဘ၀တွေကို ပြန်လည်အမှတ်ရခြင်း ပို့စ်မှာ တင်ထားတဲ့ တေးရေးဆရာ ကိုနေ၀င်းကိုယ်တိုင် သီဆိုထားတာကိုလည်း အတူယှဉ်တွဲ နားဆင်နိုင်ရန်အတွက် မူရင်းပို့စ်ကနေ ပြန်လည် ကူးယူလာပြီး ထည့်ထားပါတယ်။ ကိုမွန်းအောင် အခုဆိုထားတဲ့ သီချင်းကိုကျတော့ We fight we win blog မှာ တင်ထားတာ တွေ့လို့ ပြန်လည်ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါတယ်။ မိုးမခပင်အောက်မှာ ကျွန်မတို့ မရှိတော့ပေမဲ့ ဘ၀တွေများစွာ ရှိနေဆဲပါပဲ။ ဒီသီချင်းကို စပ်ဆိုသူ တေးရေးဆရာ ကိုနေ၀င်းကိုတိုင် သီဆိုထားတာနဲ့ ကျွန်မတို့ရဲ့ မိုးမခပင်အောက်မှာတုန်း ဘ၀အစိတ်အပိုင်းတချို့ကို ဆက်လက်နားဆင် ကြည့်ရှုခံစားနိုင်ပါတယ်။





အောက်ဆုံးပိုဒ်
Battle for Peace from kaungkin on Vimeo.
ဒီသီချင်းကို ကျွန်မ အများဆုံး ကြားခဲ့ဖူး ဆိုခဲ့ဖူးတာ တောတွင်းကာလက ဗားတိုက်တွေရှ့မှာ၊ မြစ်ကမ်းနံဘေးက မိုးမခပင်တွေအောက်မှာ၊ သင်တန်းတွေမှာပဲ ရဲဘော်တွေ စုပြီး ဆိုခဲ့တာကို ကြားခဲ့ရ သင်တန်းမှာ ကိုယ်တိုင်ပါဝင် ဆိုခဲ့ရတာကိုပဲ သိပါတယ်။ အိမ်ခန်းထဲမှာ ရှိနေစဉ် ဒီသီချင်းအသံကို ရုတ်တရက် ကြားလိုက်တော့ Face book မှာ တယောက်ယောက် ဆိုပြီး တင်ထားတာကို အမျိုးသားက ဖွင့်ကြည့်နေတယ် ဆိုတာသဘောပေါက်လိုက်ပြီး ငါတို့တောထဲမှာတုန်းက ဆိုတဲ့သီချင်းကို ဘယ်တပ်ရင်းက ရဲဘော်ဟောင်းတယောက်က အသံသေးအသံကြောင်နဲ့ ပျက်စီးအောင် လုပ်နေပြန်ပြီလဲမသိလို့ တွေးနေခဲ့တယ်။ မငယ် ဒီမှာလာကြည့်လို့ ခေါ်လိုက်လို့ ထွက်လာကြည့်မှ ကျွန်မ ထင်တာနဲ့ တခြားစီဖြစ်နေတာကို တွေ့ရတယ်။ ဒီသီချင်းကို ကိုမွန်းအောင် တယောက်ကလွဲရင် ဒီလို Professional အဆိုတော်တွေ တီးဝိုင်းသမားတွေ ဆိုတာလည်း တခါမှ မကြားဖူးဘဲနဲ့ အခုလို ရုတ်တရက် တွေ့လိုက်၊ ကြားလိုက်ရတော့ တကယ်ကို အံ့သြမိပါတယ်။ တေးရေး၊ တေးဆို ကိုနေ၀င်းဆိုတော့ ဒီသီချင်းက ကျွန်မတို့ တော်လှန်ရေးက သီချင်းပဲလို့ ထင်ခဲ့လို့ ထပ်ပြီး အံ့သြရပြန်တယ်။ တကယ်တော့ ဒီသီချင်းက တချိန်က ကျွန်မတို့ရဲ့ ဘ၀တွေကို ပုံဖေါ်ခဲ့တဲ့ သီချင်းဖြစ်လို့ ကျွန်မရဲ့ အတွေးတွေကို လွန်ခဲ့တဲ့ ၁၅နှစ် အနှစ် ၂၀ ကဘ၀တွေဆီ ပြန်ရောက်သွားစေပါတယ်။

မူရင်း က ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) က သီချင်းကဏ္ဍမှာ ရှိပါတယ်။

သီချင်းစာသား


အေးအေးငြိမ့် စိမ့်ရေ စီးတဲ့ မြကန်
တိုးတိုးလေး ဖွဲ့ဆို တေးသီချင်းတပုဒ်ကို
မှေးစက်မယ့် ဆိတ်ငြိမ် ညတို့ရှိစေ
နီတဲ့သွေး ရဲရင့်လို့ ခြေကိုလှမ်း ရှေ့ကို ချီတက်ခဲ့ပြီ...


ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
ကိုယ့်ဘက်က အလှည့်ကို ရောက်မှမနွဲ့သာ
စိုက်ခဲ့သမျှတို့ရိပ်သိမ်းရတော့မယ်
အခါတိုင်ပြီ လက်မလွှတ်နဲ့ မကျေတဲ့အကြွေး ဆပ်ရန် ချီတက်ခဲ့ပြီ


မိုမခပင်တွေ တို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
(ရိုးမတောင်ခြေ နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ)၂


စိုးစဉ်းမျှ စိုးရိမ် ကြောက်စိတ်မရှိတယ်
ခင်းထားတဲ့လမ်းဟာ တို့ရဲ့သစ္စာ
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်
နီတဲ့သွေး ရဲရင့်လို့ ရန်သူမင်းရှေ့ကို ချီတက်ခဲ့ပြီ

မိုမခပင်တွေ တို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
(ရိုးမတောင်ခြေ နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ...)၂







တော်လှန်ရေးကာလက ဓါတ်ပုံတချို့ကို ကိုလှိုင်ဘွား Face book မှ ကူးယူဖေါ်ပြထားပါတယ်။ ကျွန်မရဲ့ Face book မိတ်ဆွေများအနေနဲ့ တခြား တောတွင်းကာလ ဓါတ်ပုံတွေကို ကျွန်မ Facebook က မိုးမခပင်အောက်က ဘ၀ ဆိုတဲ့ album ခေါင်းစဉ်အောက်မှာ သွား ကြည့်နိုင်ပါတယ်။

မူရင်း ကို ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှာ တင်ထားတာ ရှိပါတယ်။

14 comments:

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ သီချင်းအတွက် ကျေးဇူးပါ။ ဒီသီချင်းကို မွန်းအောင်အသံနဲ့ ပထမဆုံးကြားဘူးတာပဲ။

ကိုမွန်းအောင်အသံတော့ကြားဖူးတယ်

ကျုပ်က မငယ်နိုင်ကို ဗလောင်းဗလဲပြောတာ .. ဗြောင်လိမ်တာတို့ကြောင့် အမြင်ကပ်မိတာမှန်တယ်။ ကုလားကိုဘာမသိ ညာမသိ ကာကွယ်ပြောတာလဲ အရမ်းမုံန်းတယ်။ အဲဒီဓါတ်ပုံထဲမှာ အားလုံးဟာ တကယ့်လူငယ်တွေပဲ။ ၁၉ -၂၀ တောင်မရှိသေးဘူးထင်တယ်။ အဒါလေးတော့ လေးစားပါတယ်။

ဇော်မျိုး စော်ကားနေတာ တရားလွန်နေပြီနော့်။ ငယ်နိုင်က နေရင်းထိုင်ရင်း ဘာမှအကျိုးအမြတ်မှ ရစရာမရှိဘဲ အကုသိုလ် အဖြစ်ခံပြီး မင်းကို လိမ်ဖို့ နေနေသာသာ မိမိရပိုင်ခွင့် ရှိတာကိုတောင် ယူလို့ရပါလျက် လိမ်ပြီး ယူရမှာစိုးလို့ နာရီ ရာချီပြီးရှိခဲ့ဖူးတဲ့ အလုပ်က Sick Leave နာရီတွေကိုတောင် တခါမှ လိမ်မယူခဲ့ဘူး။

ကိုယ်လုပ်နေတဲ့အတိုင်း လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ကိုယ့်လိုထင်ပြီး ဟိုလူ့ဟိုဟာစွပ်စွဲ ဒီလူ့ဟိုဟာ စွပ်စွဲ လိုက်မလုပ်နဲ့။ စွပ်စွဲခံရသူမှာ ဘာမှဖြစ်မသွားဘူး ကိုယ်လုပ်တဲ့ မကောင်းမှု ကိုယ့်ဆီပဲ ပြန်လာတယ်ဆိုတာ နားလည်ပါ။ လူတကာကို ပါးစပ်အရသာခံပြီး လိုက်စွပ်စွဲရမှ ပျော်တတ်တဲ့ ရောဂါဆန်းတမျိုး ရနေရင်လည်း အဲဒါကောင်းမကောင်း ဆိုတာ ဗုဒ္ဓဘာသာကို ပါးစပ်ကပဲ တစာစာအော်မနေဘဲ နှလုံးသားနဲ့ ဆင်ခြင်တုံတရားအထိ ရောက်အောင်ထည့်ပြီး သုံးသပ်ပါ။ အခုပြန်ပြောနေရတာ တရားလွန်လွန်းလို့သာ ဖြစ်တယ်၊ အဖက်လုပ်ပြီး ပြောချင်လွန်းလို့ အားနေလို့တော့မဟုတ်ဘူး။ နောက်ထပ်လာမအာနဲ့ အကြောင်းပြန်ဖို့ အချိန်မရှိဘူး။ ဗုဒ္ဓဘာသာ အစစ်အမှန် တယောက်ဖြစ်ရင် ဆင်ခြင်ပါ လို့ပဲ သတိပေးလိုက်မယ်။

အဲဒီလူကိုတော့ မဘန်းလိုက်ပါနှင့်ဗျာ။ သူရေးထားတဲ့ မြန်မာဝါဒီ သခင်ကြီး ဆိုတဲ့ စာသားကြောင့် အစ်မ ဘလော့လေးကို အမှတ်မထင်ရောက်လာရတာ။ အဲဒီလို ငပေါတွေလဲ ရှိမှ လောကကြီးက ရယ်ရတာ အစ်မရဲ့။ ဟို ဖားမင်းဆွေလို လူမျိုးတွေပေါ့။ ခခိခိ...
ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်။ မာစတစ် မျှော်ဇိုး
ခညားစာလေးကြောင့် ဖတ်စရာ ဘလော့တစ်ခု တိုးပြီ။
ရှဲ့ရှဲ့နီ ..(ဆေးကိုလှုပ်ပြီးမှ သာက်နော် .. မျှော်ဇိုး)

ငါတို့တောထဲမှာတုန်းက ဆိုတဲ့သီချင်းကို ဘယ်တပ်ရင်းက ရဲဘော်ဟောင်းတယောက်က အသံသေးအသံကြောင်နဲ့ ပျက်စီးအောင် လုပ်နေပြန်ပြီလဲမသိလို့ တွေးနေခဲ့တယ်။.....

မငယ်နိုင်..ဒီလိုရေးလိုက်တာလေးက..သီဆိုနေသူဖတ်မိရင် ခံစားမှုတခုဖြစ်စေနိုင်ပါတယ်..။
မငယ်နိုင် စာအရေးအသားကျွမ်းကျင်ပါတယ်..
ကျနော်မငယ်နိုင်ရဲ့ စာတွေကို အမြဲတမ်းနီးပါး လာဖတ်ပါတယ်..
လေးစားမှုလဲရှိပါတယ်..။
သမိုင်းတစ်ကွေ့ က အမှတ်တယသီိချင်းလေးကိုပြန်လည်သီဆိုလိုက်တာဟာ

ခံစားမှုနဲ့ ဆိုင်ပါတယ်..
အသံကောင်းဘို့ မလိုပါဘူး..မိုးမခပင်တွေကို ရင်နဲ့ ခံစားတတ်ဘို့ ဘဲလိုပါလိမ့်မယ်..။
ကျနော်ရေးတဲ့ ကွန်မန့် မှာ စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ စာပါမယ်ဆိုရင်
မငယ်နိုင် ကွန်မန့် ကို ဖျက်ပစ်နိုင်ပါတယ်..။
နောက်လဲ လာလည်ချင်ပါသေးတယ်..
ခင်မင်လျှက်..
သစ်နက်ဆူး

TNS
ကျွန်မက နားထဲမှာ စွဲနေတဲ့ ကြားနေကျ ကိုမွန်းအောင်အသံနဲ့ နှိုင်းယှဉ်ပြီး ပြောလိုက်တသာ ဖြစ်တယ်။ အခုကိုမွန်းအောင် live ဆိုထားတဲ့ သီချင်းဟာ ကိုမွန်းအောင် လွန်ခဲ့တဲ့ အနှစ် ၁၈ နှစ်က နဂိုစီးရီးအခွေထဲမှာ ဆိုထားတာနဲ့စာရင် အများကြီးကွာသလို၊ ဒီထဲမှာ ပြထားတဲ့ ကိုမွန်းအောင်နဲ့ ကိုနေ၀င်း ဆိုထားတာကို နှိုင်းယှဉ်ကြည့်ရင်လည်း အများကြီး ကွာတာကို နားထောင်သူတိုင်း သတိထားမိလိမ့်မယ်။ ကိုနေ၀င်းဟာ တေးရေးသူသာ ဖြစ်ပြီး အဆိုတော် မဟုတ်တဲ့အတွက် အဆိုတော်ဖြစ်တဲ့ ကိုမွန်းအောင်လောက် အဆိုမကောင်းနိုင်တာ လူတိုင်းလက်ခံနိုင်တဲ့ အချက်ဖြစ်သလို ကိုနေ၀င်းနေရာမှာ တခြားရဲဘော်တယောက်ဆိုရင်လည်း သူ့အသံကို ကိုမွန်းအောင် အသံနဲ့နှိုင်းပြီး အသံအသေးအသံကြောင်လို့ ပြောတာကို ဘယ်လိုမှ ခံစားရလိမ့်မယ် မထင်ဘူး။ ဒီနေရာမှ ခင်မောင်တိုးနှိုင်းတယ် ဆိုရင်တော့ TNS ပြောတဲ့ အဓိပ္ပါယ် သက်ရောက်နိုင်တယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ကျွန်မအနေနဲ့ ဒါကို တင်ထားတာ ကဲ့ရဲ့လိုတဲ့ ရည်ရွယ်ချက်မဟုတ် ပြည်တွင်းက တေးရေးဆရာတယောက်က သူကိုယ်တိုင် ရေးထားတဲ့သီချင်းကို သူ့အသံက အဆိုတော်လောက်မကောင်းပေမဲ့ ဒီလို ဂုဏ်ပြုပြီး ပြန်ဆိုပြတာကို ကျွန်မက ၀မ်းသာစရာ မြင်ကွင်းတခု အဖြစ် ထပ်ဆင့်ဂုဏ်ပြုတဲ့အနေနဲ့ တင်ထားတာသာ ဖြစ်ပါတယ်။ သူဆိုတာကို အခန်းထဲက ကြာလိုက်ရတဲ့အချိန်မှာ ကျွန်မအဲဒီအတိုင်း ခံစားရတာ အမှန်ဖြစ်တယ်။ အမျိုးသားက မငယ်လာကြည့်ပါလို့ ပြောတော့ စိတ်မ၀င်စားပါဘူး အသံသေးအသံကြောင်နဲ့ ဘာမှန်းမသိလို့ ပြန်ပြောလိုက်ပြီး အမျိုးသားက ထပ်ခါတလဲလဲ လာကြည့်ဖို့ ခေါ်တော့မှ သွားကြည့်လိုက်လို့ တေးရေးဆရာ ကိုယ်တိုင် ဆိုထားတာကို တွေ့ပြီး ၀မ်းသာအားရ ခံစားရပါတယ်။ ဒါကြောင့် ဒီသီချင်းကို ဒီမှာ တင်ပေးဖြစ်ပါတယ်။

အဲဒါ ကျွန်မသဘောထား အမှန်ပါ။ ဘယ်သူ့ကိုမှ ခံစားရစေလိုတဲ့ ရည်ရွယ်ချက်မပါပါဘူး။ ဒါကြောင့် ဒီစကားလုံးနဲ့ ပတ်သက်ပြီး ဘယ်သူမှ ဘာမှ မခံစားနေဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။

ဇော်မျိုးရေ ငယ်နိုင်က ခွင့်မယူတာမဟုတ်ဘူး ယူတာကမှ ဟိုဘက်ကမ်းထိတောင် လွန်သွားသေးတယ်။ ဒါမေပဲ့ နေမကောင်းလို့ အလုပ်မလာတော့ဘူးလို့ လိမ်ပြီး Sick leave ယူရင် အလုပ်မသွားပေမဲ့ ပိုက်ဆံ ကို ပုံမှန် အလုပ်လုပ်တဲ့နေ့လို ရနိုင်ပါလျက်နဲ့ ဒီလိုနည်းနဲ့ မယူခဲ့တာကို ပြောတယ်။ သူများတွေ နေမကောင်းလို့ မနက်ဖြန် အလုပ်မလာတော့ဘူးလို့ Sick call ခေါ်ပြီး မနက်ဖြန်ကျတော့ Shopping သွားနေတဲ့သူတွေ အများကြီးရှိတဲ့အချိန်မှာ ငယ်နိုင်က ကျောင်းကိစ္စအလုပ်များလို့ ခွင့်ယူတာကို sick လို့ အကြောင်းပြပြီး ဒီနေရာမှာ လိမ်ပြီး အသုံးမပြုတာကို ပြောတာ ရှင်းပြီလား။ Sick call တခါခေါ်ပြီး လိမ်ယူရင် တနေ့ကို ဒေါ်လာ ၁၅၀ ပတ်ဝန်းကျင်လောက် လိမ်ယူလို့ရတယ်။ အဲဒါကိုတောင် လိမ်မယူပဲနဲ့ အလုပ်များလို့ဆိုပြီး အမှန်အတိုင်း ပြောတော့ Unpaid Leave ပဲ ဖြစ်သွားပြီး အလုပ်မသွားတဲ့နေ့တွေအတွက် ငါးပြားမှ ပိုက်ဆံမရဘူး။ အဲဒီတော့ လိမ်ရင် Tax ဖြတ်ပြီး
ပိုက်ဆံ ၁၅၀ လောက် ရစရာ ရှိတာကိုတောင် မလိမ်ခဲ့တာ ဘာအကျိုးမှ မရှိဘဲ မင်းကို ဘာကိစ္စလိမ်ရမလဲ။ မင်းဖါသာမင်း ယုတ်ယုတ်ရိုင်းရိုင်းနဲ့ မကြားဝံ့မနာသာ နာမည်အတုတွေနဲ့ လာရေးလို့ အဘန်းခံရရင်တော့ ငါမသိဘူး။ ဇော်မျိုးနာမည်နဲ့ အခုချိန်ထိ ငယ်နိုင် လုံးဝ မဘန်းဖူးဘူး။ ပြီးတော့ Sexual word တွေ ပါတာကလွဲရင် ဇော်မျိုး C-Box က မှတ်ချက်တွေ မဖျက်ဖူးဘူး။ ဒါကို ဗြောင်လိမ်တယ် ဗလောင်းဗလဲလုပ်တယ် ပြောနေတာကတော့ မင်းလုပ်တာကို မင်းပြန်ပြောနေတာသာ ဖြစ်တယ်။ စိတ်မပူနဲ့ ပြောထားတဲ့အတိုင်း ဒီလကုန်ရင် ဇော်မျိုးမှတ်ချက်ကို ငယ်နိုင် C-Box မှာ လုံးဝလက်မခံဘူး။ ဖျက်ရုံတင်မကဘူး အကုန်ဘန်းမယ်။ အခုတရက်နှစ်ရက်တော့ အရူးထခွင့် ပေးထားဦးမယ်။

သို့

ဗလောင်းဗလဲငယ်နိုင်

ဗလောင်းဗလဲငယ်နိုင်ရေ. . . ဘာလို့ အဲလိုဗြောင်လိမ်နေတာလဲ။ ခင်ဗျား ဆီပုံးမှာ ဇော်မျိုးနာမည်နဲ့ဟာတစ်ခုမှ မဖျက်ဘူးလို့ ဗြောင်လိမ်တယ်။ ဒါပေမယ့် ဇော်မျိုးနာမည်နဲ့ စာတွေကို ဖျက်တယ်လို့ ပြောထားတဲ့ စာကြောင်းက မရှိတော့ဘူး။ ဘာလို့ အဲလို ဗြောင်လိမ်ရတာလဲ? အရင်တုံးကလဲ ဆီပုံးမှာ လူချင်းတွေ့ပြီးပြောတော့ ရူးသလိုလိုနဲ့ လျှောက်ပြောပြီး ပြေးခဲ့ရတာ မမေ့နဲ့နော်။ ဘန်းတာကတော့ ဘန်းပေါ့။ ဒီမိုဘလော့တွေ ဘယ်တုံးကများ လူလူတူတူ အဆင့်အတန်းရှိရှိပြုမူလို့လဲ? ဒီမိုတွေက အသက်တွေကြီးငယ်သာကွာ သိက္ခာက နထ္ထိတွေချည်းပဲလေ။

ဟန်ဆောင် လေးစားလျက်
ဇော်မျိုး

မဘန်းဖူးဘူးပဲ ပြောတယ်။ မဖျက်ဖူးဘူးလို့ မပြောဘူး Sexual Words တွေပါတာကို ဖျက်တယ်လို့ ပြောထားတယ် စာကိုသေသေချာချာ ပြန်ဖတ်ပါ။ အဲဒီစကားလုံးတွေမပါရင် တော်တော် ရိုင်းရိုင်းစော်ကားထားတာကိုတောင် မဖျက်ဘဲ ထားတာ မတွေ့ဘူးလား။ ဘန်းတာကတော့ ပြီးခဲ့တဲ့ တလလောက်က ငါ့ C-Box ကို ၀င်လို့ရတဲ့ တယောက်က ခွပ်ဒေါင်းသား စားလို့ကောင်းတဲ့အကြောင်း ရေးထားတာ အမြင်ကပ်လို့ ဖျက်ပြီး တခါတည်း ဘန်းလိုက်တယ်လို့ ပြောတယ်။ အရင်ကရော နောက်ထပ်ရော တခါမှ မဘန်းဖူးဘူးတဲ့။ အဲဒါ မင်းကိုအကြောင်းပြန်ဖူးတယ်။ ငါကိုယ်တိုင်တော့ မင်းကို တခါမှ မဘန်းဖူးဘူး။ အဲဒီတော့ မင်းတခါဝင်ပြီးတိုင်း အဘန်းခံရလို့ IP ပြောင်းဝင်ရတယ်လို့ မင်းပြောဖူးတာ မင်းလိမ်နေတာ မဟုတ်လို့ ဘာလဲ။ မင်းလို အားအားလပ်လပ်မဟုတ်ဘူး ခဏခဏ အကြောင်းပြန်နေဖို့ အချိန်မရှိဘူး။ မဟုတ်တာတွေနဲ့ သိပ်ပြီးအနှောင့်အယှက် လာမလုပ်ပါနဲ့။

သို့

ဗလောင်းဗလဲငယ်နိုင်

အဲဒါကြောင့် ဗလောင်းဗလဲ ငယ်နိုင်လို့ခေါ်ခံရတာ။ အခုကော်မန့်မှာကျတော့ Sexual Words တွေပါလို့တဲ့။ ဘာ Sexual Words မှ မပါဘူး.. ဗြောင်မလိမ်နဲ့။ ကျုပ်ရေးတဲ့စာ အကုန်တွေ့ရတယ်။ ခင်ဗျားတကယ်ကို အရှက်မရှိဘူး။ လူတိုင်းမြင်နေတဲ့ ကိစ္စကို ဘာကြောင့် ဗြောင်လိမ်ရတာလဲ?

ခင်ဗျား ဆီပုံးမှာရေးတာ အခုကော်မန့်က စာနဲ့တခြားဆီနော်. . . . ဆီပုံးမှာ Sexual Words ပါလို့ဖျက်တယ်လို့မပြောပါဘူး။ ဇော်မျိုးနာမည်ပါတဲ့စာကို မဖျက်ဖူးလို့ ဗြောင်လိမ်ထားတာ။ ကျုပ်က အဲဒါကြောင့် ဇော်မျိုးနာနဲ့စာကို မဖျက်ဖူးသာပြောတယ်.. ဇော်မျိုးနာမည်နဲ့ စာတွေကို ဖျက်တယ်လို့ စွပ်စွဲထားတဲ့ စာကြောင်းကို မမြင်တော့ပါလားလို့ ဆီပုံးမှာ ပြန်ရေးထားတယ်လေ။ လူတိုင်းလဲ မြင်တယ်.. အဲဒါကို ဗလောင်းဗလဲမပြောနဲ့။

ဗြောင်လိမ် ဗလောင်းဗလဲငယ်နိုင်ကို ရိုသေမှုမပေးတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

28 Nov 10, 10:00
Justfreeman> ဇော်မျိုး: မင်းအားတိုင်းပေါက်ကရတွေလျှောက်ပြောပေါက်ကရတွေလျှောက်ရေးလျှောက်မေးနေတာကိုအမြင်ကပ်လို့ငါဝင်ဘန်းလိုက်တာ မငယ်နိုင် ဘန်းတာမဟုတ်ဘူးဇော်မျိုးရေ :)
28 Nov 10, 10:03
Justfreeman> ဇော်မျိုး: ဒီမိုကရေစီဆိုတာကမင်းလိုအားတိုင်းလျှောက်ပြီးပေါက်ကရတွေအရေမရအဖတ်မရတာတွေလုပ်နေတာမဟုတ်ဘူး။ မင်းလုပ်နေတာတွေကအစွန်းရောက်လွန်းလို့ငါတမင် ၀င် ဘန်းလိုက်ရတာပဲ
28 Nov 10, 11:28
Justfreeman> ဇော်မျိုး: မင်းအားနေတိုင်းသူများတွေစီဘောက်တွေမှာစိတ်ကူပေါ်ရာလျှောက်ရေးလျှောက်ဟောင်နေလို့ကတော့တခြားသူတွေကိုပါစိတ်အငြိုအငြင်ဖြစ်ကုန်မှာစိုးလို့ ဘန်း တတ်တဲ့သူတွေကို ဘန်း ကို ဘန်း မှာပဲ။

28 Nov 10, 13:28
Nge Naing: ဇော်မျိုး အဲဒီတော့ မင်းကိုဘန်းတာ ဘယ်သူလဲဆိုတာ မင်းသိပြီဆိုတော့ ငါ့ကို မဟုတ်ကဟုတ်က ဗြောင်လိမ်တယ် ဗလောင်းဗလဲလုပ်တယ်တွေ ထပ်မပြောနဲ့၊ ထပ်ပြောရင် မင်းလူလိမ် ဖြစ်ပြီ။ အဘန်းမခံချင်ရင် လူလိုသူလို ဆွေးနွေးပါ။

ဇော်မျိုးရေ
မင်းစာတွေမြင်မှပဲ ချီးဘရိန်းရှိတယ်ဆိုတာယုံသွားပီ။

ကျေးဇူးပြုပြီး လာလည်သူများထဲမှာ ကိုမွန်းအောင် သီဆိုခဲ့တဲ့ ငြိမ်းချမ်းရေးစတိုက်ပွဲ သီချင်းခွေထဲက "ဧည့်ဆိုး" သီချင်းစာသားကို မှတ်မိနေသူများ ရှိရင် မှတ်ချက်နေရာမှာ ရေးထားပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မက သီချင်းစာသား အတိအကျကို မမှတ်မိတော့ပေမဲ့ သံစဉ်နဲ့ သီချင်းအဓိပ္ပါယ်တွေကို မှတ်မိနေပါတယ်။

သီချင်းအဓိပ္ပါယ်ကတော့ မိုးဖွဲကျနေတဲ့ ညတညရဲ့ သန်းခေါင်ရံအချိန်မှာ တံခါးခေါက်သံ ကြားလို့ တံခါးကို ဖွင့်ကြည့်လိုက်တော့ ခဏလောက်လိုက်ခဲ့ပါဆိုပြီး ခေါ်သွားခံရတယ်။ ဧည့်ဆိုးရဲ့ အကျဉ်းအိမ်ထဲမှာ လူမဆန်စွာ ဆက်ဆံခံခဲ့ရတယ်၊ ချစ်ဇနီးနဲ့ ချစ်စရာရင်သွေးရဲ့ မျက်နှာကို တမ်းတသတိရခြင်းတွေ အပါအ၀င် ညသန်းခေါင်ကြီး လာဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းသားတယောက်ရဲ့ ခံစားမှုကို ပေါ်လွင်အောင် ဆိုထားတဲ့ သီချင်းဖြစ်တယ်။

ဒီသီချင်းစာသားကို မှတ်မိသူများ ရေးပေးခဲ့ဖို့ အထူးပဲ မေတ္တာရပ်ခံချင်ပါတယ်။