မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်ထောက်ခံကြသလဲ

ပို့စ်နဲ့ မဆိုင်တာ ရေးမှာမှို့ ပထမဆုံးတောင်းပန်လိုပါတယ် ခင်ဗျာ...
ရေးတာ ရှည်မယ်ဆိုတော့ စီဘောက်စ်မှာ အဆင်မပြေဘူးထင်လို့ပါ
တောင်းဆိုချင်တာလေးပါ ခင်ဗျာ..ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြည့်ပြည့်စုံစုံလေး သိချင်လို့ပါ..
ဒီနေ့ ဒီမိုကရေစီ လိုလားသူတော်တော်များများဟာ ဒေါ်စုကို အားလုံး လိုလားထောက်ခံ
ကြပါတယ်..အဲဒါ ဘာကြောင့်လဲ ဆိုတာပါ...ဗိုလ်ချုပ်သမီး ဆိုတာကြောင့် သံယောဇဉ်နဲ့
ဒေါ်စုအပေါ် ထောက်ခံအားပေးကြတာလား...ဒါမှမဟုတ် ဒေါ်စုဟာ မြန်မာပြည်အတွက်
ဘာတွေလုပ်ပေးခဲ့လို့လဲ..မြန်မာပြည်မှာ ဦးဆောင်ဦးရွက်ပြုမယ့်လူ ဒေါ်စုတစ်ယောက်ပဲ
ရှိလို့ ဒီလိုဖြစ်ရသလား..တခြားလူမရှိတော့ဘူးလား..
မေးချင်တာက ဒီမိုကရေစီအတွက် လုပ်နေကြတဲ့ သူတွေချင်းထဲမှာ ဒေါ်စု ဘာတွေသာသလဲ
ဘယ်လိုမျိုး သူများနဲ့ မတူတာတွေ ပြုလုပ်ပေးနိုင်ခဲ့သလဲ..ဘာတွေအကျိုးပြုခဲ့သလဲ..ဒါမျိုးကိုဆိုလိုတာပါ..
နောက်ပြီး ဒေါ်စု နိုဘယ်လ်ဆုရတာ..အခုနောက်ပိုင်း ကမ္ဘာ့ထိပ်တမ်းတွေးခေါ်ပညာရှင်စာရင်းမှာပါတာ..
ဘာတွေကြောင့် ဒေါ်စု ဒါတွေရခဲ့သလဲ..ဘာအတွက် ပေးတာလဲ..ဒါမျိုးလေးတွေ သိချင်ပါတယ်...
သဘောမပေါက်ရင် တောင်းပန်ပါတယ်ခင်ဗျာ..သိပ်မရေးတတ်လို့ပါ...တကယ်လို့ အဲဒါမျိုး ရေးထားတာ
ရှိတဲ့နေရာ ဖတ်သင့်တဲ့ နေရာရှိရင်လဲ ညွှန်ပြပေးစေချင်ပါတယ်.......။
(တစ်ခုပြောချင်တာက ကျွန်တော်ဟာ ဒေါ်စုအတိုက်အခံသမားမဟုတ်ပါ..ဒေါ်စုကို လေးစားပြီးသားပါ..
နောက်ပြီး ဒီမိုကရေစီကိုလဲ အမှန်တကယ် လိုလားသူပါခင်ဗျာ)

(သိချင်သူ ချာတိတ်)

ချာတိတ်က အရင်ပို့စ်မှာ မေးလာတဲ့မေးခွန်းရဲ့ အဖြေကို အိမ်အပြောင်းအရွှေ့ကိစ္စနဲ့ အလုပ်များတာရယ် အင်တာနက်ပြန်တပ်တာ နောက်ကျတာရယ်ကြောင့် အခုမှပဲ အကြောင်းပြန်ဖြစ်ပါတယ်။ အကြောင်းပြန်တော့လည်း မေးထားထားပို့စ်အောက်က မှတ်ချက်မှာ ရေးတော့ မှတ်ချက်က သိပ်ပြီး ရှည်နေတာကြောင့် ချာတိတ်လည်း ထပ်ဆွေးနွေးချင်ရင် ဆွေးနွေးလို့ရအောင် သီးသန့်ပို့စ်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုအတွက် တောင်းပန်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်ထောက်ခံကြသလဲ ဆိုတဲ့ ချာတိတ်ရဲ့ မေးခွန်းအတွက် အဖြေ

သူများသဘောထားကို အတိကျမသိပေမဲ့ အစ်မသဘောထားကိုတော့ အတိအကျ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကောင်းကောင်းနားလည်တဲ့ အရည်အချင်းရှိတယ်၊ ရိုးသားတယ်၊ မေတ္တာတရားနဲ့ ပြည့်စုံတယ်။ သူမရဲ့ ရပ်တည်ချက်တွေ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး သူမဟာ မြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာမှာ ဘယ်တော့မှ ကိုယ်ကျိုးရှာမည့်သူ မဟုတ်ဘူးဆိုတာ အကြွင်းမဲ့ ယုံကြည်စိတ်ချရသူ တယောက် ဖြစ်တယ်၊ ဒါကြောင့်မို့ သူမကိုထောက်ခံတယ်။ အစ်မရဲ့ သဘောထားက တခြားသူတွေနဲ့ ထပ်တူကျချင်မှလည်း ကျမယ်။ ဒါပေမဲ့ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားသူတိုင်းက ဒီမိုကရေစီအတွက် မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လက်ခံတာချင်း ယေဘုယျတော့ အတူတူပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

(((ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ပြည်ပြည့်စုံစုံ သိချင်တယ်))) ဆိုတာနဲ့ ပတ်သက်ပြီးတော့ အဲဒါက သူများပြောတာနဲ့ မလုံလောက်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စာတွေကို မိမိဖါသာဖတ်ပြီး လေ့လာသင့်ကြောင်း ပထမဦးစွာ ချာတိတ်ကို အကြံပြုချင်ပါတယ်။

(((ဒီနေ့ ဒီမိုကရေစီ လိုလားသူတော်တော်များများဟာ ဒေါ်စုကို အားလုံး လိုလားထောက်ခံ
ကြပါတယ်..အဲဒါ ဘာကြောင့်လဲ))) ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဆိုတာကို တကယ်နားလည်ပြီး မှန်ကန်စွာ ဦးဆောင်မှု ပေးနေတယ်၊ မိသားစုနဲ့ ပုဂ္ကိုလ်ရေး ဘ၀တခုလုံးကို စွန့်ပြီး ဒီမိုကရေစီအတွက် လုပ်နေတဲ့ သူမရဲ့ လုပ်ရပ်ကြောင့် ဆိုတာ ရှင်းရှင်းလေး နားလည်လို့ ရနိုင်ပါတယ်။

(((.ဗိုလ်ချုပ်သမီး ဆိုတာကြောင့် သံယောဇဉ်နဲ့
ဒေါ်စုအပေါ် ထောက်ခံအားပေးကြတာလား))) တချို့အတွက် ဟုတ်နိုင်ပါတယ်၊ ဒါပေမဲ့ အစ်မအပါအ၀င် အများစုအတွက်တော့ လုံးဝမဟုတ်ပါ။ ဗိုလ်ချုပ်သမီးကြောင့် ဆိုတာ တခုတည်းနဲ့ လူတွေက ထောက်ခံအားပေး လက်ခံယုံကြည်ရင် ဗိုလ်ချုပ်ရဲ့ ရင်သွေးဆိုလို့ သားတယောက် သမီးတယောက် အသက်ရှိထင်ရှား ရှိနေသေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ပြည်သူလူထုက လေးစားချစ်ခင် နေစရာအကြောင်းမရှိပါ။ ဒီမိုကရေစီအရေးအတွက် အမှန်တကယ် ဦးဆောင်မှု ပေးနေကြောင်း တကယ်လက်ခံလို့ သူမကို ထောက်ခံနေခြင်းသာ ဖြစ်ပါတယ်။

(((ဒေါ်စု ဘာတွေသာသလဲ
ဘယ်လိုမျိုး သူများနဲ့ မတူတာတွေ ပြုလုပ်ပေးနိုင်ခဲ့သလဲ..ဘာတွေအကျိုးပြုခဲ့သလဲ..ဒါမျိုးကိုဆိုလိုတာပါ..ဒေါ်စုဟာ မြန်မာပြည်အတွက်
ဘာတွေလုပ်ပေးခဲ့လို့လဲ.)))

အဲဒါကတော့ ချာတိတ် မိမိဖါသာ လေ့လာသင့်တဲ့ အချက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေတယ်ဆိုတာ မိမိဖါသာ နားလည်အောင် မိမိဖါသာ သူနဲ့ပတ်သက်တဲ့ စာတွေကို များများဖတ်သင့်ကြောင်း အပေါ်မှာ ပြောထားတဲ့အတိုင်းပဲ ပြန်ညွှန်းချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ထဲမှာ ဘာမှမလုပ်နိုင်ဘဲ အထိန်းသိမ်းခံနေလျက်နဲ့ကို စစ်အုပ်စုကို သူတို့လုပ်ချင်တာ ဖြောင့်ဖြောင့်တန်းတန်း လုပ်ခွင့်မရအောင် အဟန့်အတား ဖြစ်စေပါတယ်။ စစ်အုပ်စုက သူမကို တိုင်းပြည်ထဲက ထွက်ခွာသွားစေချင်တယ် သူမထွက်ခွာသွားရင် နိုင်ငံခြားမှာ သူမနဲ့သူမမိသားစုအတွက် ဘာမှပူပင်စရာမလိုဘဲ မိသားစုနဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်လို့ ရပါလျက် ထွက်ခွာမသွားဘဲ သူမရဲ့ ပုဂ္ဂိုလ်ရေး ဘ၀တခုလုံးကို စွန့်ထားပြီး သူမဘ၀ကို ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေနဲ့အတူ ရှိနေစေပါတယ်။ ဒါဟာ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်သူက ထင်ကြပေမဲ့ တကယ်တမ်းကျတော့ ထိရောက်စွာ တိုက်ပွဲဝင်တာ ဖြစ်တယ်။ ဒီလို ဒီမိုကရေစီကို တကယ်သိတဲ့သူက ဦးဆောင်မှု ပေးနေလို့ စစ်အုပ်စု ဘာလိမ်လိမ် မဟုတ်ဘူးဆိုတာ (Brain wash အလုပ်ခံထားရသူတွေနဲ့ လေ့လာဖို့အချိန်မရသူများမှ အပ) အကုန်လုံး ချက်ချင်းသိပြီး အကုန်အလိမ်ပေါ်နေတာ ဖြစ်ပါတယ်။ အာဏာရှင် ဦးနေ၀င်းတုန်းက ဆိုရှယ်လစ်မဟုတ်ဘဲ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်လို့ လိမ်ခဲ့တာကို ၀ါရင့်နိုင်ငံရေးသမားတွေပါ အကုန်လုံး ယုံခဲ့ကြပေမဲ့ အခုချိန်မှာတော့ ဒီလို မဟုတ်တော့ဘဲ အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရဲ့ ပြရုပ်အဖြစ် မှတ်ကျောက်အတင်ခံနိုင်လို့သာ အာဏာရှင် ဦးသန်းရွှေက ဒီမိုကရေစီမဟုတ်ဘဲ ဒီမိုကရေစီ ဖေါ်ဆောင်ပေးမယ်လို့ လိမ်ချင်တိုင်း လိမ်လို့မရဘဲ ပေါ်နေတာ ဖြစ်တယ်။ လိမ်လို့ မရမှန်းသိလျက်နဲ့ အရှက်မရှိ ဗြောင်လိမ်နေတာပဲ ရှိပါတယ်။ သူတို့လိမ်တာကို ဒီမိုကရေစီဆိုတာ လေ့လာဖို့ အချိန်မရသူတွေနဲ့ Brain Wash အလုပ်ခံထားရသူတွေကပဲ အလိမ်ခံရပေမဲ့ လေ့လာထားတဲ့သူတွေက မဟုတ်ဘူးဆိုတာ သိကြလို့ အလိမ်ခံရတဲ့အထဲမှာ မပါခဲ့ပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဒီမိုကရေစီကို ကိုယ်စားပြုနေတဲ့ ခေါင်းဆောင် ကောင်းတယောက်ရဲ့ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်နေမှုနဲ့ အများဆုံးသက်ဆိုင်ပါတယ်။

(((.မြန်မာပြည်မှာ ဦးဆောင်ဦးရွက်ပြုမယ့်လူ ဒေါ်စုတစ်ယောက်ပဲ
ရှိလို့ ဒီလိုဖြစ်ရသလား..တခြားလူမရှိတော့ဘူးလား))) ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းရှိတဲ့သူ တခြားခေါင်းဆောင်တွေ ရှိရင်လည်း ရှိနိုင်ပါတေယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ တကယ် အရည်အချင်းရှိပြီး ပြည်ယူလူထု ရဲ့ ယုံကြည်ကိုးစားမှုကို ဒေါ်အောင်ဆန်းစုကြည်ထက်ပိုပြီးရတာ မြန်မာပြည်မှာ ဘယ်သူမှ မတွေ့သေးပါဘူး။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ကို လူတွေက တွေ့ရင် ဘာကြောင့်မှန်းမသိ အလိုလို ယုံကြည်စိတ်၊ ထောက်ခံစိတ်ဝင်တာ လက်နဲ့ ဆုပ်ကိုင်ပြသလို့ မရနိုင်တဲ့ သူမရဲ့ရင်ထဲက မေတ္တာဓါတ်ကြောင့်ဆိုတာ အစ်မယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမကို အကျယ်ချုပ်နဲ့ ဘာမှလုပ်လို့မရအောင် ထိန်းသိမ်းထားတဲ့ စစ်အုပ်စုကိုတောင် မေတ္တာမပျက်ဘဲ သူတို့ထိန်းသိမ်းထားလို့ ဘုရားတရားအလုပ်တွေ လုပ်ဖို့ အချိန်ရခဲ့လို့ ကျေးဇူးတင်ကြောင်းတောင် ပြောသေးတယ်ဆိုတော့ တခြားသူတွေကို ဘယ်လောက် မေတ္တာထားမယ်ဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။ ချာတိတ်က ဗုဒဘာသာ ဖြစ်ရင် မေတ္တာရဲ့ တန်ခိုးကို ငြင်းမယ်မထင်ဘူး။ ချာတိတ်ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ အရည်အချင်းကို သဲသဲကွဲကွဲ မသိသေးဘဲနဲ့တောင် (((ကျွန်တော်ဟာ ဒေါ်စုအတိုက်အခံသမားမဟုတ်ပါ..ဒေါ်စုကို လေးစားပြီးသားပါ.))) လို့ ဆိုထားတယ်ဆိုတော့ အဲဒါဟာ သူမရဲ့ မေတ္တာကြောင့်ပဲ ဖြစ်မှာပေါ့။

((နောက်ပြီး ဒေါ်စု နိုဘယ်လ်ဆုရတာ..အခုနောက်ပိုင်း ကမ္ဘာ့ထိပ်တမ်းတွေးခေါ်ပညာရှင်စာရင်းမှာပါတာ..
ဘာတွေကြောင့် ဒေါ်စု ဒါတွေရခဲ့သလဲ..ဘာအတွက် ပေးတာလဲ..ဒါမျိုးလေးတွေ သိချင်ပါတယ်...))) ဒါကတော့ ပေးတဲ့ဆုနဲ့ ပတ်သက်ပြီး ပေးတဲ့အဖွဲ့က သတ်မှတ်ထားတဲ့ စံမှာ ၀င်လို့ဆိုတာ ရိုးရိုးရှင်းရှင်း သဘောပေါက်လို့ ရနိုင်ပါတယ်။

(((တစ်ခုပြောချင်တာက ကျွန်တော်ဟာ ဒေါ်စုအတိုက်အခံသမားမဟုတ်ပါ..ဒေါ်စုကို လေးစားပြီးသားပါ..
နောက်ပြီး ဒီမိုကရေစီကိုလဲ အမှန်တကယ် လိုလားသူပါခင်ဗျာ)))

ချာတိတ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပြီးသားဆိုရင် ဘာကြောင့် လေးစားတယ်ဆိုတာ ပိုပြီးသေချာသွားအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ရေးထားတဲ့စာတွေကို ပိုပြီးလေ့လာသင့်ပါတယ်။ အစ်မဘလော့ဂ်က Side bar မှာ Link ထားတဲ့ နိုင်ငံရေး ဘလော့ဂ်အတော်များများထဲမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမြဲလိုလို ရေးပါတယ်။ Freedom from Fear ကို မြန်မာလို ပြန်ထားတာ အဲဒီဘလော့ဂ်တခုခုက Search box မှာ ရှာကြည့်ပြီး အရင်ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။ RFA ကနေပြီး ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်ကို မေးလိုတဲ့မေးခွန်းမေးသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေတဲ့ ကဏ္ဍတခု ဗုဒ္ဒဟူးနေ့ညတိုင်း တင်ဆက်နေတာရှိပြီး ချာတိတ်သိချင်တာကို အဲဒီကတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့ဖြစ်စေ၊ တယ်လီဖုန်းနဲ့ဖြစ်စေ တိုက်ရိုက် မေးလို့ ရနိုင်ကြောင်းလည်း အကြံပြုလိုက်ပါတယ်။

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

30 comments:

ချာတိတ်ရေ..
မင်းကချာတိတ်လို့ပြောလို့..အဘ တယောက်အနေနဲ ပြောမယ်ကွာ..အဘ ကတော့ ဖဆပလခေတ်ရော တော်လှန်ရေး ကောင်စီခေတ်ရော..မဆလ ခေတ်ရော အများကြီး ကြုံဖူးတယ်..
ဒေါ်အောင်ဆန်းစုကြည် လောက် လူချစ်လူခင်များပြီး လေးစားစရာ ကောင်းတဲ့ ခေါင်းဆောင်မျိုး မကြုံခဲ့ဖူးပါဘူး..
လူငယ်တယောက်အနေနဲ့ ကိုယ်တိုင်ကိုယ်ကြလေ့လာကြည့်စမ်းပါ..သိလာပါလိမ့်မယ်..

အဘကျောက် သွန်သင်ချက်လေးကောင်းတယ်။ မငယ်နိုင်လဲ အချိန်မရတဲ့ကြားက ဘလော့ကိုလာလည်သူတွေကို တလေးတစားတုံ့ပြန်တာ အလွန်ကောင်းတဲ့ အမူအကျင့်ပါပဲ။
ချာတိတ်ဟာ မသိလို့မေးလာသူဆိုပေမယ့် သူ့မေးခွန်းကြည့်ရတာ အထိုက်လျောက်သိထားပြီးဖြစ်ဟန်တူပါတယ်။ အင်တာနက် ခေတ်မှာ ဘာမဆို အလွယ်တကူ keyword လေးရိုက် ကလစ်လေးတစ်ချက်နဲ့ ရှာဖွေနိုင်နေတာဖြစ်တဲ့အတွက် မိမိဖာသာ လေ့လာ သုတေသနပြုတာဟာ သူများဖြေဆိုတာကို နားထောင်တာသက်သက်ထက် အများကြီးပိုအကျိုးရှိပါလိမ့်မယ်။ Wiki မှာတောင် ဒီပဲယင်းအရေးခင်း၊ ဂျင်ဝက်နဲ့တွေ့ဆုံခြင်းက အစ အခုနောက်ဆုံး အကျယ်ချုပ်က လွတ်လာသည်အထိ update လုပ်ထားပါတယ်။ အရင်ဆုံး အဲဒါကိုလေ့လာပါ။ ပြီး နောက်ဆက်ပြီး ပေးထားတဲ့ လင့်များကို လေ့လာကြည့်ပါ။
(ဆက်ရန်)

လေ့လာပြီးရင် မိမိဖာသာပဲ ကောက်ချက်ချပါလို့ အကြံပေးပါရစေ။
1. http://en.wikipedia.org/wiki/Aung_San_Suu_Kyi

2. http://www.burmacampaign.org.uk/index.php/burma/about-burma/about-burma/a-biography-of-aung-san-suu-kyi

3. http://www.link.asn.au/downloads/papers/burma/p_bm_03.pdf

4. http://books.google.co.jp/books?id=o_TN4bUS24EC&printsec=frontcover&dq=aung+san+suu+kyi&source=bl&ots=bX0gG5CpkS&sig=oWbiNRHyNLv31Y5vfdO1cDOns68&hl=en&ei=B7kcTcPvBI_svQOFwtGgDg&sa=X&oi=book_result&ct=result&resnum=1&ved=0CB4Q6AEwADgK#v=onepage&q&f=false

မြန်မာလို အားရပါးရဖတ်ချင်ရင်တော့

5. http://moemaka.com/index.php?option=com_content&task=blogcategory&id=53&Itemid=72
http://moemaka.com/index.php?option=com_content&task=view&id=7630&Itemid=72
http://moemaka.com/index.php?option=com_content&task=view&id=7636&Itemid=72
http://moemaka.com/index.php?option=com_content&task=view&id=7653&Itemid=72
http://moemaka.com/index.php?option=com_content&task=view&id=7667&Itemid=72
http://moemaka.com/index.php?option=com_content&task=view&id=7695&Itemid=72
http://moemaka.com/index.php?option=com_content&task=view&id=7718&Itemid=72
အစရှိတဲ့ လတ်တလော ဖတ်ဖူးသမျှ၊ မှတ်မိသမျှတွေ ပြန်မျှပေးပေးလိုက်တယ်။

ချာတိတ်ရေ.... မင်းသွား ဖတ်မဖတ်တော့ မသိဘူး။ ငါတော့ ကိုကျော်ထင် ပြောတဲ့ link တွေ သွားဖတ် လိုက်အုံးမယ်။ ဒေါ်စုအကြောင်း presentation လုပ်စရာရှိလို့ reference လိုက်ရှာနေတာ အတော်ပဲ.... :P
ဘကျောက် ကတော့ လုပ်ချလိုက်ပြန်ပြီ။ ဟီးးးးးးး
Thx:) Ko kyaw Htin!

မမီးငယ်....
ခုလိုမျိုး တလေးတစားပြန်လည်ပြီး ဖြေကြားပေးထားတဲ့ အတွက် ချာတိတ်ဆိုတဲ့ လူအစား ကျေးဇူး အများကြီးတင်ပါတယ် ။
ချာတိတ်ရေ......
အရာရာကို သေသေချာချာ လေ့လာပါ ပြီးတော့ ကိုယ်ပိုင် ဦးနှောက်နဲ့ ဆုံးဖြတ်ပါ ... ။
မင်မှန်တယ် မှားတယ်ဆိုတာ အချိန်က ဆုံးဖြတ်ပါလိမ့်မယ် ........။
သမိုင်းကလည်း မျက်စေ့မှိတ်နေမှာ မဟုတ်ပါဘူး ...

အခုလိုမျိုး တကူးတက ပို့စ်တင်ပြီးတော့ ပြန်လည်ဖြေကြားပေးထားတဲ့ အတွက်
မငယ်နိုင်ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါတယ် ခင်ဗျာ...
အစ်မဖြေကြားပေးထားတာကို ခြုံငုံပြီး သုံးသပ်ချက်ထွက်လာတော့ ကိုယ့်ဘာသာ လေ့လာပါ
ဆိုတဲ့ အဖြေတစ်ခုထွက်လာပါတယ်... ကျွန်တော်လက်ခံပါတယ် ခင်ဗျာ..ကျွန်တော်လေ့လာအား နည်းပါသေးတယ်...
တစ်ချက် အသိပေးလိုတာက..ကျွန်တော်ဟာ အခုချိန်အကြီးအကျယ်နာမည်ပျက်..အစော်ကားခံနေရတဲ့ ရုရှားမှာပညာသင်
နေတဲ့..အားလုံးအခေါ် အမုန်းခံ စစ်အုပ်စုက ကျောင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်...ဒါကို ဘာကြောင့်ပြောရသလဲဆိုတော့
အစ်မ ပို့စ်ထဲမှာ နှစ်ခါလောက်သုံးနုန်းသွားတဲ့ brain wash ဆိုတဲ့ အသုံးအနုန်းကြောင့်ပါ... ကျွန်တော်တို့ အထဲမှာပုံမှန်အတွေး
အခေါ်ရှိသူအများစုဟာ မည့်သည့် brain wash မှပြုလုပ်ခြင်းမခံထားရပါဘူး ခင်ဗျာ..အများစုနဲ့ အတူတူပါပဲ..( ဒီနေရာမှာ
ကျွန်တော့်အမြင်ကို ပြောရရင်တော့ အလုပ်ခံထားရတယ်ဆိုရင်လဲ ကျွန်တော်တို့ စစ်တပ်ထဲမှ သူများသာ မဟုတ်ဘဲ အပြင်မှ
အရပ်သား ပြည်သူများနဲ့ တူတူပါပဲ ခင်ဗျာ ) ပြောချင်တာက ဘာမှ ထူးထူးခြားခြား ပြုလုပ်ထားခြင်း မခံရဘူးဆိုတာကိုပါ ..
မြန်မာပြည်တွင်းမှာ နေထိုင်သူအများစုဟာ အစ်မပြောသလို လေ့လာဖို့ အချိန်မရတာမဟုတ်ဘဲ ..လေ့လာဖို့ အခွင့်အလမ်းကို
မရှိကြတာပါ...အဲဒီအထဲမှာ ကျွန်တော်တို့လဲ ထပ်တူပါဝင်ပါတယ်..(နောက်ပိုင်း လူငယ်များကို ဆိုလိုပါတယ်)
ကျွန်တော်ပြောချင်တဲ့ ဘာတွေထူးခြားသလဲဆိုတာက.. အစ်မဖြေခဲ့သလိုမျိုး မိသားစုနဲ့ ပုဂိုလ်ရေးဘ၀တစ်ခုလုံးကို စွန့် ပြီးလုပ်နေတယ်
ဆိုတဲ့အတွက်...ဒါမျိုးစွန့် ပြီး ယနေ့ ထောင်ထဲမှာ ဒေါ်စုလောက်တောင် မလွတ်လပ်ဘဲ ရောက်ရှိနေကြတဲ့လူ အများအပြားရှိတယ်
မဟုတ်လား ခင်ဗျာ..အဲဒါမျိုးတွေကြောင့် ဘာတွေထူးခြားသလဲ ဆိုတဲ့ မေးခွန်းကို မေးခဲ့ရတာပါ...ဒါကြောင့် ဗိုလ်ချုပ်သမီးဆိုတာကြောင့်
ပိုကျော်ကြားသလား..ပိုချစ်ခင်ကြသလား..ဒါမျိုးကို မေးချင်တာပါ...ဦးအောင်ဆန်းဦး အသုံးမကျကြောင်း ကျွန်တော်လည်း သိပါတယ်...
ဒါပေမယ့် ဒါတွေကို ကိုယ့်ဘာသာ လေ့လာပါလို့ အစ်မ ဖြေပေးသွားတာကို ကျွန်တော်လက်ခံပါတယ်... လေ့လဲ လေ့လာဖြစ်မှာပါ ခင်ဗျာ..
သူ့အကြောင်းကို သေသေချာချာမသိသေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ဘာကြောင့် လေးစားသဘောကျရသလဲဆိုတော့
ပြည်သူအများစုသဘောကျနှစ်ခြိုက်လက်ခံကြလို့ ဖြစ်ပါတယ်...(ကျွန်တော်လက်ခံထားတဲ့ နိုင်ငံခေါင်းဆောင်ဆိုတာ နိုင်ငံသားအားလုံးက
သဘောတူကြည်ဖြူ လက်ခံစွာနဲ့ ငါတို့ ကို အုပ်ချုပ်ပါဆိုပြီး တင်မြှောက်ထားတဲ့ သူဖြစ်ရမယ် ဆိုတာပါ)

တခြားလူမရှိတော့ဘူးလားလို့ မေးခဲ့တဲ့ ကျွန်တော်ရဲ့ မေးခွန်းအတွက် ဘာကျောက်က
( ဒေါ်အောင်ဆန်းစုကြည် လောက် လူချစ်လူခင်များပြီး လေးစားစရာ ကောင်းတဲ့ ခေါင်းဆောင်မျိုး မကြုံခဲ့ဖူးပါဘူး..) လို့ ဖြေပေးခဲ့တဲ့ အတွက်
ကျွန်တော် သဘောပေါက်သွားပါတယ်...ကျေးဇူးတင်ပါတယ် ခင်ဗျာ....

အစ်မရေးသွားတဲ့ထဲက စစ်အုပ်စု ဆိုတဲ့ စကားလုံးတစ်လုံးနဲ့ ပါတ်သတ်ပြီး အနည်းငယ်ပြောချင်တာကတော့....
စစ်တပ်နှင့် စစ်အစိုးရသည် အတူတူမဟုတ်ပါ ခင်ဗျား...စစ်အစိုးရအုပ်ချုပ်သည်ဖြစ်စေ..မအုပ်ချုပ်ဘူးဖြစ်စေ
နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ကတော့ ရှိနေမှာ ဖြစ်ပါတယ်... အခုဖြစ်ပျက်နေတာတွေမှာလဲ စစ်တပ်မဟုတ်တဲ့ တခြားလူတွေတောင် စစ်အစိုးရ
ကြိုးဆွဲရာကကြရတာ အစ်မသိမြင်ပါလိမ့်မယ်ခင်ဗျာ...အဲလိုဆို စစ်တပ်က လူသာဆို ပိုဆိုးလိမ့်မယ်ဆိုတာ တွေးကြည့် စေချင်ပါတယ်...
အခု အစ်မ ဘလော့ဂ်မှာရေးမိပေမယ့် ဒါမျိုးအပြောခံနေရတဲ့ အပေါ် မည်သို့ မျှ မပြောလိုပါ ခင်ဗျာ..နေရာတိုင်းမှာ အကောင်းအဆိုး
ဒွန်တွဲနေတယ်ဆိုတာကို လက်ခံမိပေမယ့် အားလုံးနဲ့ ထပ်တူ ၀ါးလုံးသိမ်းအရမ်းခံနေရတဲ့ ဘ၀ကိုပဲ စိတ်နာမိပါတယ်...

အချုပ်အနေနဲ့ ပြောလိုတာကတော့ အစ်မရဲ့ အကြံဥာဏ်အတွက် ကျေးဇူးအထူးတင်ပါတယ်..အပေါ်မှာ ပြောသွားကြသူတွေအပေါင်းကိုလဲ ကျေးဇူး
တင်ကြောင်းပြောလိုပါတယ် ခင်ဗျာ....အားလုံး နှစ်ကူးမှာ ရွှင်လန်းချမ်းမြေ့ ကြပါစေ.....

(ချာတိတ်)

စစ်အုပ်စုခေါင်းဆောင်ပိုင်းတွေ ချာတိတ်ဆိုသူလောက် ၂ ဘက်မျှတွေးတက်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးထွန်းကားတဲ့နိုင်ငံဖြစ်ဖို့ ဒီလောက်ထိအချိန်ကြာနေမှာမဟုတ်ဖူး.. အမေစုက တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ နှစ်ပေါက်နေပြီ စစ်အုပ်စုခေါင်း...ဆောင်ပိုင်းက ဘယ်သူမှ မတွေ့ဆုံမဆွေးနွေးသေးတာ စိတ်ပျက်စရာ။ အမေစုနဲ့ တွေကဆုံစကား ပြောကြည့်လိုက်တာနဲ့ သူတို့ရဲ့ စိတ်ရိုင်းတွေ ယဉ်ပါးအောင် စွမ်းဆောင်နိုင်တဲ့ အစွမ်းရှိတယ်လို့ ကျနော်ယုံကြည်တယ်။ အဲ့ဒါ အစ်မငယ်နိုင်ပြောသလို မေတ္တာဓါတ်ကြောင့် ဖြစ်မယ်။ စစ်အုပ်စုရဲ့ တစ်ယူသန်နေတဲ့စိတ်ဓါတ်တွေကြောင့် အာရှမှာတောင် မြန်မာက ဘိတ်ဆုံးနေရာရောက်နေရပြီ။ အချိန်တွေသိပ်နှမြောစရာကောင်းတယ်။ ဘာကြောင့်ဒီလိုဖြစ်နေရတယ်ဆိုတာ စစ်အုပ်စုနဲ့ ဒီမိုကရေစီအင်အားစုတွေ ညှိနှိုင်းကြရမယ့်အချိန်ရောက်နေပါပြီ။ စစ်အုပ်စုထဲမှာ နိုင်ငံကို တကယ်ချစ်တဲ့ တပ်မတော်သားတွေရှိနေမယ်လို့ ထင်ပါတယ်။ DSA ကျောင်းဆင်းတွေနဲ့ ရုရှားရောက်နေတဲ့ ညီအစ်ကိုတွေကိုလည်း ဖိတ်ခေါ်ပါတယ် Freedom Burma ဆိုတဲ့ group ကိုပဲ ဖြစ်ဖြစ် ကျနော့ wall မှာပဲ ဖြစ်ဖြစ် လာရောက်ဆွေးနွေး နိုင်ပါတယ်။ တစ်ယူသန်မဖြစ်ဖို့ အမှန်တရားကို လက်ခံတက်ဖို့ပဲလိုပါတယ်။

မှတ်ချက်တွေနဲ့ ကိုကျော်ထင်ရဲ့ အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။

တခြားသူတွေကို အထွေအထူး ပြောစရာ မရှိပေမဲ့ ချာတိတ်ကိုတော့ နည်းနည်း Brain Wash, စစ်အုပ်စု ဆိုတဲ့ အသုံးအနှုန်းရယ်၊ ရုရှားက စစ်သားတွေ အစော်ကားခံနေရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာကို နည်းနည်း ပြန်ဆွေးနွေးချင်ပါတယ်။ ချာတိတ်ရဲ့ အကျိုးအကြောင်းဆီလျှော်စွာ ပြန်လည်ဆွေးနွေးမှုအတွက် ကျေးဇူးတင်ပါတယ်။ Brain Wash အလုပ်ခံထားရတဲ့သူတွေလို့ အစ်မသတ်မှတ်တာ စစ်သားတွေကိုပဲ ပြောတာမဟုတ်ဘူး စစ်အုပ်စု ဘာပြောပြော မိမိဦးနှောက်ကို အသုံးမပြုဘဲ ယုံကြည်လက်ခံနေသူ အားလုံးကို ရည်ရွယ်ပါတယ်။ ဘာမှ Brain Wash လုပ်ထားတာ မရှိဘူးလို့တော့ ချာတိတ်ပြောလို့ မရဘူး စစ်အုပ်စု မဟုတ်မဟတ် ၀ါဒဖြန့်ချီရေးတွေ အားလုံးက Brain Wash တွေပဲ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ စစ်တပ်နဲ့ မတူဘူးဆိုတာ ချာတိတ်ပြောတာ အစ်မလက်ခံပါတယ်။ စစ်အုပ်စုက ၎င်းတို့ကိုယ်ကျိုးအတွက် စစ်တပ်ကို အသုံးပြုနေတယ်လို့ပဲ သတ်မှတ်တဲ့အတွက် စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ကို အစ်မတို့ ဒီမိုကရေစီ လိုလားသူတွေ ကွဲကွဲပြားပြား ရှိပြီးသား ဖြစ်ပါတယ်။ စစ်အုပ်စုလို့ သုံးတာကလည်း စစ်အစိုးရခေါင်းဆောင်တွေကို အစိုးရအဖြစ် အသိအမှတ်မပြုနိုင်လို့ သုံးနှုန်းတာသာ ဖြစ်ပါတယ်။ စစ်အစိုးရလို့ ခေါ်တဲ့ စစ်အုပ်စုနဲ့ တပ်မတော်ကို ကွဲပြားအောင် မသိတာက စစ်အုပ်စုကို ပြောရင် သိပ်နာတတ်တဲ့ ချာတိတ်တို့ ရဲဘော်ရဲဘက် တွေသာဖြစ်တယ်။

နောက်တခုက

(((ကျွန်တော်ဟာ အခုချိန်အကြီးအကျယ်နာမည်ပျက်..အစော်ကားခံနေရတဲ့ ရုရှားမှာပညာသင်
နေတဲ့..အားလုံးအခေါ် အမုန်းခံ စစ်အုပ်စုက ကျောင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်))) ဆိုတာနဲ့ ပတ်သက်ပြီး တကယ်တမ်းကျတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေး နိုင်ငံရေးနဲ့ဆိုင်တဲ့ ပို့စ်တင်တိုင်း ရုရှားက စစ်သားတွေကပဲ အစ်မတို့ဘလော့ဂ်တွေမှာ လာစော်ကားပြီး မိုက်မိုက်ရိုင်းရိုင်း ယုတ်ယုတ်ရိုင်းရိုင်း လာဆဲတာ ရှိတယ်။ အစ်မဘယ် ရုရှားက စစ်သားတယောက်ကိုမှ မဟုတ်တာ စော်ကားမပြောဖူးဘူး။ အစ်မမစော်ကားပေမဲ့ ဒီမိုကရေစီ လိုလားသူတွေထဲက တခြားလူတွေ ရှိတယ်လို့ ပြန်ပြီး ချာတိတ် စောတက တက်နိုင်ပါတယ်။ ဒါပေမဲ့ တခြားလူတွေက လူတန်းစားအလွှာပေါင်းစုံက လာတဲ့ သာမန်စာဖတ်သူ မတထောင်သားတွေ ဖြစ်ပြီး ရုရှားက စစ်သားတွေက တိုင်းပြည်ကို ကိုယ်စားပြုကာ အထူးစပယ်ရှယ် ရွေးချယ်ထားခြင်းခံထားရပြီး နိုင်ငံခြားတိုင်းပြည်မှာ ပညာတော်သင်တွေ ဖြစ်တဲ့အတွက် အလွှာပေါင်းစုံကလူတွေ ရိုင်းသလို တန်းညှိပြီး လိုက်ရိုင်းဖို့မသင့်ဘူး။ ဘယ်ဘက်ကပဲ ရပ်တည်ရပ်တည် ပညာတော်သင်များအနေနှင့် မြန်မာလူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး ပညာရှင်ဆန်ဆန် ယဉ်ကျေးသိမ်မွေ့သင့်တယ်လို့ပဲ အစ်မယူဆတယ်။

ဘာပဲဖြစ်ဖြစ် ချာတိတ်ရဲ့ မေးခွန်းအတွက်ရော၊ ရုရှားကပညာတော်သင် တယောက်ဖြစ်ကြောင်းပါ ပွင့်ပွင့်လင်းလင်း အသိပေးပြီး ဆွေးနွေးတဲ့အတွက်ပါ ကျေးဇူးအထူးတင်ပါတယ်။ ချာတိတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဘလော့ဂ်မှာ ရေးထားတဲ့ ပို့စ်တွေကို သီးသန့် Label တပ်ထားပေးဖို့ အကြံရသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ချာတိတ်က စစ်တပ်က ဆိုတော့ အစ်မရဲ့ ဘ၀ဖြတ်သန်းမှုလည်းဖြစ် တပ်မတော်နဲ့လည်း ပတ်သက်ဆက်နွယ်နေတဲ့ အောက်ကပို့စ်တွေကိုလည်း အချိန်ရရင် လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

http://nge-naing.blogspot.com/2010/09/blog-post.html

http://nge-naing.blogspot.com/2010/06/blog-post_10.html

http://nge-naing.blogspot.com/2010/05/blog-post_09.html

http://nge-naing.blogspot.com/2010/03/blog-post_21.html

မင်္ဂလာနှစ်သစ် ၂၀၁၁မှာ ရွှင်လန်းလျမ်းမြေ့စွာဖြင့် ကိုယ်စိတ်၂ဖြာ ကျမ်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ဝပါစေခင်ဗျား။


ကျနော့ “စီဘောက်စ်” ကဖတ်မရတာကြာဘဲီ သူများ“စီဘောက်စ်”တွေ သွားရင်လဲ တချို့ရတယ် တချို့မရဘူး။ ဒါကြောင့် Comment မှ နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်သအပ်ပါတယ် ခင်ဗျား။
လေးစားခင်မင်စွာဖြင့်
ကမ္ဘာမကြေ
http://kabarmakyay.blogspot.com/

ဒေါ်စုကြည်တို့အုပ်စုပြောတဲ့ မဟုတ်မဟတ်စကားတွေကို ပြောတိုင်း ယုံနေတဲ့သူအားလုံ့းဟာလည်း Brain Wash ပေးထားခံရတာပါပဲ။သူတို့မှာ ကိုယ်ပိုင် ဦးနှောက်နဲ့ ဆုံးဖြတ်နိုင်စွမ်းမရှိဘူး ဒေါ်းစုကြည်အုပ်စုက ဖြူတယ်ဆို၇င် အဲဒီ Brain Wash ပေးခံထားရတဲ့သူတွေက ဖွေးနေပြီးသားပါ...


ဒိုးလုံး

Hello Ma Nge Naing
I think weekly interview with Daw ASSK is on Radio Free Asia (RFA), not on VOA
The address is www.rfa.org/burmese
Regards

ကမ္ဘာာမကြေ - ပို့စ်နဲ့ မဆိုင်ပေမဲ့ နှစ်သစ်ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။ C-Box မှာ ကျွန်မ ပြန်သွားဆုတောင်းပေးတာ ၀င်လို့ ရပါတယ်။

ဒိုးလုံး - Brain Wash လုပ်ခံရတယ်ဆိုတာ မဟုတ်တာကို ၀ါဒဖြန့်ချီရေး လုပ်ခြင်း ခံရတာ ဖြစ်ပြီး အဲဒါကို လက်ခံယုံကြည်တာ ဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ယုံကြည်လက်ခံသူတွေက Brain Wash အလုပ်ခံရတဲ့သူတွေ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီ လူ့အခွင့်အရေးကိုပဲ ပြောပါတယ်။ ဘယ်သူ့ကိုမှ Brain Wash လုပ်ခြင်း မရှိလို့ ဘယ်သူမှ Brain Wash လုပ်ခံရစရာ အကြောင်း မရှိပါဘူး။

Anonymous - ကျေးဇူးတင်ပါတယ်။ ကျွန်မ ပြန်ပြင်လိုက်မယ်။

အားလုံးဟာ မီဒီယာရဲ့ Brain Wash ကိုခံထားရတဲ့သူတွေကြည့်ပါပဲ။Brain Wash ဆိုတာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ယုံကြည်လွန်းနေရင် ဒါဟာ ရိုက်သွင်းခံရတာမှန်သမျှဖြစ်တဲ့တွက် သူလည်း Brain Wash ခံထားရတာပါပဲ။

ဒါကြောင့် Brain Wash ဆိုတာ အမှားရော အမှန်ရော လက်ခံသူအားလုံးဟာ တစ်ဖက်လူရဲ့အဆိုစကားကို နားထောင်ယုံကြည်လိုက်တဲ့အတွက် ဒါဟာ Brain Wash ခံလိုက်ရတာပါပဲ။

အဖွဲ့စည်းတိုင်းမှာ သူတို့အဖွဲ့စည်းရဲ့ခေါင်းဆောင်ရဲ့စကားကိုယုံကြည် နားထောင်တဲ့တွက် အဲဒီခေါင်းဆောင်ရဲ့ Brain Wash ကိုအောက်ကလူတွေက ခံယူကြသလို အဖွဲ့စည်းကမဟုတ်ရင်လည်း လူတစ်ယောက်ချင်းစီမှာ မီဒီယာတွေနဲ့မကင်းတဲ့အတွက် မီဒီယာတွေရဲ့ မှန်သော မှားသော အရာအားလုံးကို နားထောင်ယုံကြည်တဲ့တွက် ဒါဟာလည်း မီဒီယာရဲ့ Brain Wash ခံလိုက်ရတာပါပဲ။

နောက်ဆုံးတော့ လူတိုင်းဟာ Brain Wash ခံထားရသူတွေပါပဲ။

ဒါကတော့ ဒီလုံးရဲ့ သတ်မှတ်ချက်ပဲလေ ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ်ဆိုတော့ ကျွန်မဘာမှ မပြောလိုပါဘူး။ ဒီပို့စ်ထဲမှာ ကျွန်မလိုတဲ့ Brain Wash က Anonymous ဆိုလိုသလို မဟုတ်ဘဲ မဟုတ်မမှန် ၀ါဒဖြန့်မှိုင်းတိုက်ထားခြင်း ခံရတာကိုပဲ ဆိုလိုတာ ဖြစ်တယ်။

ရုရှားက ငသန်းရွှေရဲ့နောက်လိုက်အပေါင်းတို့...ဒီအချိုန်
မှာမှ အသင်တို့နောင်တမရရင် အသင်တို့ရဲ့ ဘဝသိမ်း
ဟာ မတွေးဝံစရာပါဘဲ.ပြင်ကြလော၊၊၊၊၊၊၊၊၊

ဟဲဟဲ.. ငါ့ညီရာ . မသိလဲ အကိုတွေကို မေးပေါ့။ ဖြေစရာမလိုပါဘူး။ ဒေါ်စု ဈေးရောင်းနေတာ။ အားလုံးသိနေတာပဲ။

ဘုန်းကြီးမွေးတဲ့ခွေးက ဘုန်းကြီးကို ချစ်တတ်သလို...
သူခိုးမွေးတဲ့ခွေးကလဲ သူခိုးသခင်ကိုချစ်ကြတယ်...
ရေတိုနဲ့ ရေရှည်ကိုကြည့်ပြီး ဘယ်သူ့ကိုသခင်တော်သင့်တယ် ဆိုတဲ့အတွေးအခေါ်ကိုတော့ မိဘနဲ့ ဘာသာရေးက သင်ပေးထားမှာပါ...

ဒေါ်စုဟာ သူငယ်စဉ်ကာလက ဘာမှ မလုပ်နိုင်ခဲ့ဖူးပဲ ထားဦးတော့ ခု ပစ္စုပ္ပန်ကာလမှာ သူ့ ဘ၀တခုလုံးပေးဆပ်ပြီး တော့ ပြည်သူတွေ သားစဉ်မြေးဆက်တွက် ပေးဆပ်နေတယ် ဒါကြောင့် လေးစားတာ် ဒါပဲ ချာတိတ်လေး။

ရုရှားက စစ်ဗိုလ်ရေးသွားတဲ့ (အစ်မရေးသွားတဲ့ထဲက စစ်အုပ်စု ဆိုတဲ့ စကားလုံးတစ်လုံးနဲ့ ပါတ်သတ်ပြီး အနည်းငယ်ပြောချင်တာကတော့....
စစ်တပ်နှင့် စစ်အစိုးရသည် အတူတူမဟုတ်ပါ ခင်ဗျား...စစ်အစိုးရအုပ်ချုပ်သည်ဖြစ်စေ..မအုပ်ချုပ်ဘူးဖြစ်စေ
နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ကတော့ ရှိနေမှာ ဖြစ်ပါတယ်... )ဆိုတာလေး အရမ်းသဘောကျတယ်..

သူစာတော်တော်ဖတ်တယ်ဆိုတာ ပေါ်လွင်ပါတယ်... မငယ်နိုင်ပြန်ရှင်းထားတာလေးလဲ အရမ်းကိုသင့်တော်ပါတယ်... မေးသူလဲ လက်ခံနိုင်တယ်လို့  ကျနော်ထင်ပါတယ်။

လူတစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုနောက်ကို ထောက်ခံမှုတွေရဖို့  ဘယ်နေရာမဆို မီဒီယာအင်အား လိုပါတယ်။ အဲ့ဒီတော့ Brain Wash ဆိုတာတွေလည်း ရှိနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ Brain Wash လုပ်ဖို့  အခွင့် အရေး ဘယ်တုန်းက ရသွားသလဲ... ကျနော်တော့ မသိလိုက်ပါ။ ဒေါ်စု နေအိမ်အကျယ်ချုပ်ကျစဉ်ကာလ တလျောက်လုံး နအဖ သတင်းစာများဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း စတဲ့ (တစ်ဖက်သတ် မီဒီယာ) တွေမှာသာ ဒေါ်စုလာရာလမ်းသို့ ပြန်ပါလေ၊ ဒေါ်စု..... ၊ ဒေါ်စု....၊ စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပြည်သူကို Brain Wash လုပ်ခဲ့တာပဲရှိပါတယ်။

်ပြည်သူဆိုတဲ့နေရာမှာ တစ်တိုင်းတစ်ပြည်လုံး ကိုဆိုလိုပါတယ်။ စစ်တပ်လဲပါပါတယ်။ အဲ့ဒီ Brain Wash တွေရေးသားတဲ့ပုဂ္ဂိုလ်များ စစ်အစိုးရ ခေါင်းဆောင်တွေဆီက ဘာတွေ ရလိုက်တယ်။ ဘယ်လိုအခွင့်အလမ်းတွေ ရလိုက်တယ်ဆိုတာတော့ သူတို့ နောက်ကို လိုက်ကြည့်လိုက်တာကောင်းပါတယ်။ သူတို့ သွားမေးကြည့်ရင်တော့ မုသားမပါ လင်္ကာ မချော လို့  ဖြေမှာဖြစ်ပါတယ်။

တစ်ဖက်က ကြည့်တဲ့အခါ ဒေါ်စုဖက်မှာ အဲ့ဒီလို Brain Wash ကို အားပါးတရ လုပ်နိုင်တဲ့ အခွင့်အရေး ရခဲ့ဖူးသလားဆိုတာ အားလုံး စဉ်းစားဆင်ခြင်နိုင်မှာပါ။ ပြောစရာရှိတာက ဒေါ်စုကိုယ်စား ပြည်ပမီဒီယာတွေက Brain Wash လုပ်နေပါတယ် လို့  ဆိုရအောင်လည်း သူတို့ လုပ်သမျှ ပြည်တွင်းထဲကို ရောက်နိုင် မရောက်နိုင် အားလုံး သိနိုင်ပါတယ်။

ပြည်တွင်းထဲမှာ ချောက်တိချောက်ချက် လေဒီယို ကလွဲလို့  (နအဖ သတင်းစာလို) ပေါပေါပဲပဲ အလွယ်တကူ ရနိုင်တာ ဘာမှမရှိပါ။

ပြည်ပက မီဒီယာတွေရဲ့ Brain Wash ကို နားဆင်နိုင် ဝေဖန်နိုင် ဖတ်ရှုနိုင်တာကတော့ ပြည်ပရောက် နိုင်ငံသားတွေသာဖြစ်ပါတယ်။ စစ်တပ်ထဲကဆိုရင်လဲ ရုရှားရောက် စစ်ဗိုလ်များသာ လေ့လာမြည်းစမ်းခွင့် ရနိုင်တာဖြစ်ပါတယ်။

အဲ့ဒီတော့ အရင်ကကိစ္စတွေကို အသာထား၊ ခုချိန်ကာလကိုပဲကြည့်ရအောင်။ လောလောလတ်လတ်မှာ ဒေါ်စုဘာတွေလုပ်နေလဲ၊ နအဖ စစ်ခေါင်းဆောင်တွေ (တိုင်းပြည်တစ်ခုကို အုပ်ချုပ်နေတဲ့သူများ) ဘာတွေလုပ်နေလဲသာ တွေးတော ဆင်ခြင်ကြပါ။

ဒေါ်စုလုပ်နေတာတွေမှာ သူ့ အတွက်၊ သူ့ ကိုယ်ကျိုးအတွက် တစ်ခုမှ မပါပါ။ လက်ရှိချိန်မှာ သူမ ရဲ့ သေတွင်းကို ရဲရဲဝံ့ဝံ့ တူးနေတယ်လို့ တောင် ပြောနိုင်ပါတယ်။ နအဖ အနေနဲ့  အချိန်မရွေး သတ်နိုင်ပါတယ်။ (အရင်က သတ်ဖို့  ကြိုးစားခဲ့ပြီးပါပြီ)

ကဲ... ဒါဆို နအဖ စစ်ခေါင်းဆောင် (လက်ရှိနိုင်ငံခေါင်းဆောင်) ကြီးများကိုကြည့်ရအောင်၊ သူတို့  လုပ်နေတာတွေမှာ ဦးသန်းရွှေရဲ့ထိန်းချုပ်မှု၊ ဦးသန်းရွှေရဲ့ အတ္တတွေက လွဲလို့  ဘာတွေများထူးခြားတာ လုပ်နေခဲ့သလဲ။ တပ်ချုပ်နေရာ မရလို့  စိတ်ကောက်ပြီးထွက်စာတင်တဲ့သူကတင်၊ ကိုယ့်ထက် အပတ်စဉ်ငယ်တဲ့ကောင်အောက်မှာ မလုပ်နိုင်ဘူးဆိုပြီး အော်တဲ့ကောင်က အော်။

ဦးသန်းရွှေကိုကြည့်ရင်လည်း သူမသေခင် သူ့ ရဲ့ မိသားစုတွေ လုံခြုံရေး၊ ဦးနေ၀င်းရဲ့ သားသမီးတွေလို မဖြစ်စေရေး အတွက် အတင်းအဓ္မ ကြိုးပမ်းနေတာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ ပိုင်ဆိုင်မှု (နိုင်ငံသယံဇာတတွေ ရောင်းချပြီး) တွေကို ဘယ်သူ တွက်ဆနိုင်ပါသလဲ။ တရုတ်ပြည်က ဘဏ်တွေမှာ သူအပ်ထားတဲ့ငွေ ဒေါ်လာဘီလျှံပေါင်း ဘယ်လောက်ရှိမလဲ၊ ဘယ်သူမှ မတွက်ချက်နိုင်ပါ။

ထို့ အတူပဲ အချို့သော စစ်ဗိုလ်ချုပ်ကြီးများ ရဲ့ “စင်္ကာပူနိုင်ငံ” မှာ ရင်းနှီးမြုပ်နှံထားတာတွေ အများကြီးရှိတယ်ဆိုတာ သူတို့ သားသမီးတွေ ဘာတွေလုပ်နေလဲ ခြေရာခံကြည့်ရင် သိနိုင်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ လက်ရှိကာလကို ကြည့်စေချင်ပါတယ်။ ဒီလိုတွေးခေါ်ချင်တဲ့ ရုရှားက စစ်ဗိုလ်ကိုလဲ ချီးကျူးမိပါတယ် ဆိုတဲ့အကြောင်းပါပဲ။

Anonymous (March 8, 2011 10:16 PM ) - အမြင်မတူတာ ရှိရင် ယဉ်ယဉ်ကျေးကျေး ကြိုက်သလို ဆွေးနွေးနိုင်တယ်။ အဲဒီလို အရေမရအဖတ်မရ နောက်လာမရေးပါနဲ့။ ကျွန်မမှတ်ချက်နေရာမှာ လက်မခံဘူး။ တခြားမှတ်ချက်တွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ကို C-Box တွေမှာ လိုက်ထည့်ပေးသူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။

အလင်းစက်များရဲ့ ထောက်ပြ ဆွေးနွေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဖက်ဆစ်တို့ရဲ့ ဆရာ့ဆရာကြီးတွေ ဖြစ်တဲ့ ဂျာမဏီ၊ အီတလီ ဂျပန်တို့မှာ ဖက်ဆစ်စနစ် ပျက်သုန်းပြီး ဒီမိုကရေစီ ထွန်းကားနေချိန်မှာ မြန်မာ့တပ်မတော်ကတော့ ဂျပန်ဆီက လက်ဝေခံ ကျန်ခဲ့တဲ့ ဖက်ဆစ်စနစ်ကို ဖက်တွယ်ပြီး တိုင်းပြည်အကျိုး အကြောင်းပြကာ ပြည်သူလူထုကို ညှင်းဆဲနေကြပါတယ်။ တပ်ထဲမှာလည်း တသွေးတသံတမိန့်ဆိုတော့ အမှန်တရားမြတ်နိုးတဲ့ တပ်မတော်သားတွေအဖို့ မရှင်းလင်းတာကို မေးခွင့်မရ၊ အကယ်၍ မေးလို့ သဘောထားမတိုက်ဆိုင်ဖြစ်ရင်လည်းအန္တရာယ်ကို ကြောက်ရနဲ့ လွတ်လပ်တဲ့အတွေးအခေါ် ရှိသူ တပ်မတ်ာသားတွေအတွက် တကယ်ကို ဘေးကြပ်နံကြပ် အခြေအနေကို ကြုံတွေ့နေရလိမ့်မယ်ဆိုတာ ကျွန်မတို့ အားလုံး နားလည်သင့်ပါတယ်။ မြန်မာ့တပ်မတော်မှာ ချာတိတ်လို အမှန်တရား မြတ်နိုးတဲ့သူတွေ အများကြီး ရှိနိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကျွန်မထက် ပိုသိသူများ အနေနဲ့ ချာတိတ်အပါအ၀င် တပ်မတော်သားတွေကို ဆွေးနွေးပေးကြစေချင်တယ်။

ဒေါ်စု ဈေးရောင်းပွဲတော်တွေ လုပ်ပြီး ဈေးရောင်းနေတာ မဟုတ်လို့လား။ postcard တွေတောင် ပန်းချီဆွဲပြီး ရောင်းလိုက်သေးတယ်။ အရေမရအဖတ်မရလို့ပြောတာတော့ ရိုင်းတာပေါ့ဗျာ။ ခင်ဗျားရေးတာကို အရေမရအဖတ်မရလို့ ပြောရင် ကြိုက်မလား။ ကွန်မန့်မတင်ရင်လဲ မတင်နဲ့ပေါ့။ ဒါခင်ဗျားတို့ နိုင်ငံရေး blogger တွေလုပ်နေကြပဲ။ ကိုယ့်ကိုယ်ကို သိတယ်ဆိုရင် ကျေနပ်ပါပြီ။

ဟုတ်ကဲ့ ဒေါ်စု ဈေးရောင်းနေတာ သေချာပါတယ်၊၊ သူကိုယ်တိုင် ဖန်တီးထားပြီး ပိုင်ဆိုင်တဲ့ အနုပညာလက်ရာတွေကို ရောင်းချနေပါတယ်၊၊ အဲဒီအတွက် ကုသမရနိုင်တော့တဲ့ ဝေဒနာသည်တွေကို ဆေးဖိုးတွေ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်၊၊ အရောင်းအဝယ်ကနေ နွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ခံတံနဲ့ စာအုပ်အဖြစ် အမြတ်ထွက်သွားပါတယ်၊၊ အဘတပ်ချုပ်တွေ ပေါက်ဖော်တွေနဲ့ အရောင်းအဝယ် လုပ်လိုက်တာ ကျနော်တို့ တစ်ရွာလုံး နေရာပျောက်သွားခဲ့ပါတယ်၊၊ ဘိုးဘွားတွေ တသက်လုံး ပိုင်ဆိုင်ခဲ့ပြီး အခြေချနေလာတဲ့နေရာကို ဘယ်လိုဖြစ်ပြီး သူတို့က ရောင်းလိုက်တာလဲဆိုတာ နားလည်ရခက်ခက်ပါပဲ၊၊ ဘယ်သူတွေ အမြတ်ထွက်သလဲတော့ မသိပါ၊၊ ခုချိန်မှာတော့ ကျနော်က နိုင်ငံမဲ့ လူသားတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ၊၊ (SML)

ဇော်ဝင်းနိုင်..
အခုလိုစိတ်ဝင်တစားနဲဆွေးနွေးနေကြတာကိုအားပေးပါတယ်။အဓိကအချက်ကတော့မြန်မာပြည်သူ/သားအများစုက
အဆင်မပြေအောက်တန်းကျနေရတဲ့ဘ၀ဖြစ်နေတာပါဘဲ။အဆင်ပြေနေတဲ့ကျောင်း ၄..၅..ကျောင်းလောက်..ဆေးရုံလေး ၁ခု.၂ခုလောက်..အဆင်ပြေနေတဲ့လူတန်းစားတွေကိုဘဲဖော်ပြခွင့်ရတဲ့ဂျာနယ်/သတင်းစာတွေကိုဖတ်ပြီးမြန်မာနိုင်ငံကြီးဟာအောင်မြင်နေပါပြီလို့ခံယူနေရင်တော့လက်တွေ့ဘ၀တွေနဲ့ဝေးနေမှာပါဘဲ..ဒါကိုရှင်းရှင်းလင်းလင်းလက်မခံနိုင်သေးရင်ဆွေးနွေးတဲ့နေရာမှာခက်ခဲနေမှာပါဘဲ..စကားလုံးလေးတစ်ခုပေါ်မှာဘဲအချိန်အကုန်ခံပြီးမဆွေးနွေးကြပါနဲ..အခုလိုဝင်ပြောမိတာဟာကိုယ့်ရဲ့နိုင်ငံကိုအဆင့်အတန်းရှိစေချင်လို့ပါ..မိမိဘ၀အဆင်ပြေနေတာနဲ့ရပ်မနေဘဲ..အခုလိုကိုယ်ပိုင်အချိန်ထဲကနေအများအတွက်ဒီဘလော့လေးကိုဖန်တီးနေတဲ့မငယ်နိုင်ကိုဒီနေရာကအလေးပြုလိုက်ပါတယ်..

ဒုက္ခသည်စခန်းကနေ အသနားခံ အော်ဇီရောက်ပြီး ပျော်ပါးနေကြသူတွေပါ။ ဂစ်တာတီးနေတာ မငယ်နိုင်ယောင်္ကျားလို့ ပြောနေပါတယ်
ဟုတ်ပါသလား

http://myanmarexpress.blogspot.com/2011/03/blog-post_08.html

ဒို့ အန်တီစု၊ ပြည်သူလူထုနှင့် ရဟန်းသံဃာတွေ အားလုံးကို လူမထင်တဲ့ အာဏာရှင် နောက်လိုက်တွေအတွက် လက်ဆောင်

http://www.youtube.com/watch?v=fN7mkRHT_Wk

ကိုယ့်ဖာသာမေးကိုယ့်ဖာသာဖြေနဲ့လုပ်ကြံဖန်တီးထားတဲ့စာပါအနှစ်သာရသိပ်မပါအော်ငယ်နိုင်လေးကလေးကိုမြန်မာလိုပြောအောင်မိဘကိုရိုသေအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေကိုတော့မြန်မာပြည်ဖွားတရုတ်ကုလားတွေဆီသင်လိုက်ပါဦးအရမ်းမရေးနဲ့ငယ်လေးညံ့တာလူတွေသိကုန်ပြီကွယ်

Anonymous - (March 12, 2011 12:43 PM
) - မူရင်းပို့စ်က ဒီမှာ http://nge-naing.blogspot.com/2010/12/blog-post_24.html - Nge Naing က လုပ်ကြံပြီး ကိုယ့်ဖါသာကိုမေး ကိုယ့်ဖါသာကိုယ် ဖြေထားတာ ဟုတ်မဟုတ် အဲဒီပို့အောက်က Comment တွေကို ဖတ်ကြည့်ရင် သိရလိမ့်မယ်။ ကိုယ့်စိတ်နဲ့ နှိုင်းပြီး အရမ်းမပြောပါနဲ့။ C-Box မှာလည်း ရေးထားတာ တွေ့တယ်။ သူများအိမ် သွားလည်ရင် သူများချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရမယ်ဆိုတာ လူလိုအသိရှိတဲ့သူတိုင်း သိရလိမ့်မယ်။ ကျွန်မဘလော့ဂ်ကို လူလို အသိရှိသူတွေကိုပဲ မှတ်ချက်ပေးခွင့် ပေးထားလို့ ယဉ်ယဉ်ကျေးကျေး ရေးမတတ်ရင် ဘာမှလာမရေးနဲ့။ နောက်ထပ် အဲလိုအသုံးနှုန်းနဲ့ အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း ရေးရင် IP ပါပိတ်ပစ်မှာ ဖြစ်ပြီး မှတ်ချက်ကိုလည်း လက်ခံမှာ မဟုတ်ဘူးဆိုတာ Anonymous (March 11, 2011 7:58 AM) ကိုပါ တခါတည်း အသိပေးလိုက်ပါတယ်။

Anonymous (March 11, 2011 11:02 AM - SML) - ကျွန်မ ကိုယ်စား ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ITC- ကိုဇော်ဝင်းနိုင်က မMMS အမျိုးသား သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့က ကိုဇော်ဝင်းနိုင်လား။ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကိုဇော်ဝင်းနိုင်ရဲ့ မှတ်ချက်က Spacer မခြားထားတဲ့အတွက် ပို့စ်တခုလုံးအောက်မှာ ရောက်နေမှ မှတ်ချက်ကို အကုန်လုံးဖတ်လို့ရတယ်။ Comment ထဲမှာပဲ နှိပ်ပြီးဖတ်ရင် Comment အကွက် အကျယ် သုံးလက်မခန့်ရှိတဲ့ အ၀န်းအ၀ိုင်းထဲမှာ ရှိတဲ့ ဘယ်ဘက်က စရိုက်တဲ့ စာတွေကိုပဲ ဖတ်လို့ရပြီး စာကြောင်းတွေရဲ့ အဆုံးညာဘက်က စာတွေကို မတွေ့ရဘူး။ ဒါကြောင့်မို့ စာရိုက်ရင် Space bar နဲ့ စကားစုလေးတွေ ခွဲပြီး ရိုက်သင့်တယ်လို့ အကြံပြုပါတယ်။

ဒီပို့စ်ကို C-Box တွေမှာ စေတနာနဲ့ လိုက်ထည့်ပေးသူက ရုရှားရောက် စစ်ဗိုလ်အတွက် အဖြေလို့ ရေးထားပေမဲ့ သူ့ကိုယ်သူ ရုရှားရောက် စစ်သားတဦးဖြစ်တယ်ဆိုတာ ကျွန်မဖြေထားပေးပြီးမှ ချာတိတ် Commnet ထဲမှာ ရေးထားလို့ သိရတာ ဖြစ်တယ်။ မဖြေခင်က မသိခဲ့ဘူး။ ရုရှားက စစ်ဗိုလ်တယောက်မှန်း သိရတော့ ဒီလို တသွေးတသံတမိန့် အောက်မှာ ၀ါဒဖြန့်ချီခြင်း အမျိုးမျိုးကို ခံထားရတာတောင် နားမယောင်ခဲ့ဘဲ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ဆန်းစစ်နိုင်တဲ့ ချာတိတ်ရဲ့ အသိတရားကို ကျွန်မ ပိုပြီးလေးစားမိပါတယ်။

ချာတိတ် လာမေးတဲ့ပို့စ်အောက်မှာ ချာတိတ်နဲ့ ငယ်နိုင် ရေးထားတဲ့ မှတ်ချက်တွေ ဖြစ်တယ်။

Anonymous said...

ပို့စ်နဲ့ မဆိုင်တာ ရေးမှာမှို့ ပထမဆုံးတောင်းပန်လိုပါတယ် ခင်ဗျာ...
ရေးတာ ရှည်မယ်ဆိုတော့ စီဘောက်စ်မှာ အဆင်မပြေဘူးထင်လို့ပါ
တောင်းဆိုချင်တာလေးပါ ခင်ဗျာ..ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြည့်ပြည့်စုံစုံလေး သိချင်လို့ပါ..
ဒီနေ့ ဒီမိုကရေစီ လိုလားသူတော်တော်များများဟာ ဒေါ်စုကို အားလုံး လိုလားထောက်ခံ
ကြပါတယ်..အဲဒါ ဘာကြောင့်လဲ ဆိုတာပါ...ဗိုလ်ချုပ်သမီး ဆိုတာကြောင့် သံယောဇဉ်နဲ့
ဒေါ်စုအပေါ် ထောက်ခံအားပေးကြတာလား...ဒါမှမဟုတ် ဒေါ်စုဟာ မြန်မာပြည်အတွက်
ဘာတွေလုပ်ပေးခဲ့လို့လဲ..မြန်မာပြည်မှာ ဦးဆောင်ဦးရွက်ပြုမယ့်လူ ဒေါ်စုတစ်ယောက်ပဲ
ရှိလို့ ဒီလိုဖြစ်ရသလား..တခြားလူမရှိတော့ဘူးလား..
မေးချင်တာက ဒီမိုကရေစီအတွက် လုပ်နေကြတဲ့ သူတွေချင်းထဲမှာ ဒေါ်စု ဘာတွေသာသလဲ
ဘယ်လိုမျိုး သူများနဲ့ မတူတာတွေ ပြုလုပ်ပေးနိုင်ခဲ့သလဲ..ဘာတွေအကျိုးပြုခဲ့သလဲ..ဒါမျိုးကိုဆိုလိုတာပါ..
နောက်ပြီး ဒေါ်စု နိုဘယ်လ်ဆုရတာ..အခုနောက်ပိုင်း ကမ္ဘာ့ထိပ်တမ်းတွေးခေါ်ပညာရှင်စာရင်းမှာပါတာ..
ဘာတွေကြောင့် ဒေါ်စု ဒါတွေရခဲ့သလဲ..ဘာအတွက် ပေးတာလဲ..ဒါမျိုးလေးတွေ သိချင်ပါတယ်...
သဘောမပေါက်ရင် တောင်းပန်ပါတယ်ခင်ဗျာ..သိပ်မရေးတတ်လို့ပါ...တကယ်လို့ အဲဒါမျိုး ရေးထားတာ
ရှိတဲ့နေရာ ဖတ်သင့်တဲ့ နေရာရှိရင်လဲ ညွှန်ပြပေးစေချင်ပါတယ်.......။
(တစ်ခုပြောချင်တာက ကျွန်တော်ဟာ ဒေါ်စုအတိုက်အခံသမားမဟုတ်ပါ..ဒေါ်စုကို လေးစားပြီးသားပါ..
နောက်ပြီး ဒီမိုကရေစီကိုလဲ အမှန်တကယ် လိုလားသူပါခင်ဗျာ)

(သိချင်သူ ချာတိတ်)
December 24, 2010 11:00 AM

Anonymous said...

dont reply... :/
ok..
December 26, 2010 11:44 AM

Nge Naing said...

မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ Anonymous မေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး Reply မလုပ်တာမဟုတ်ဘူး။ Reply လုပ်ရင်လည်း လိုအပ်တာ အနည်းငယ် ဖြည့်စွက်ပြောဆိုဖို့ လိုတယ်။ အိမ်အပြောင်းအရွှေ့ကြောင့် အင်တာနက်က ၃၀ ရက်နေ့မှ ပြန်ရမှာ ဖြစ်ပြီး အခုလို ယာယီခဏတာ သုံးတဲ့အင်တာနက်နဲ့ အဆင်မပြေလို့ Reply ပြန်မလုပ်သေးလို့ ၃၀ ရက်နေ့ နောက်ပိုင်းအထိ ခဏစောင့်ပေးပါ။

December 26, 2010 3:04 PM

Anonymous said...

ဟုတ်ကဲ့ပါ အစ်မ...စောင့်ပါ့မယ်...
အိမ်အပြောင်းအရွှေ့ အဆင်ပြေချောမွှေ့ ပြီး
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေ...
December 26, 2010 11:11 PM



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater