မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ (အပိုင်း ၂)

အရင်ပို့စ်မှ အဆက်Link

ကျွန်မက အမေ့ကို ဒီလိုပြောတော့ "သမီးကို တွေ့ချင်လို့ အခုလိုချိန် အိမ်မှာ လုပ်စရာတွေ ဒီလောက်များတာတွေတောင် ထားခဲ့ပြီး လာတွေ့တာ " လို့ အစချီပြီးတော့ ရွာမှာ ဖြစ်နေတဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြတယ်။ ပြီးခဲ့တဲ့နှစ်က စပါးခင်းတွေ ရေမြှုပ်လို့ ရွာက လယ်သမားတွေ အားလုံး ၀မ်းစာစပါးလည်း မရ ကျွဲနွားခ၊ သူရင်းငှားခနဲ့ ဒိုင် (အစိုးရ) ကိုသွင်းရတဲ့ စပါးကအစ တခြားနယ်က ပြန်ဝယ်ရတဲ့အကြောင်း၊ ဒိုင်ကို တာဝန်ကျေစပါး မသွင်းရင်လည်း လယ်အသိမ်းခံရမယ်ဆိုတော့ ဒီလိုပဲ ရှိတာကို ရောင်းချပြီး တခြားနယ်က စပါးပြန်ဝယ်သွင်းကြကြောင်း၊ အိမ်မှာလည်း အခုဆန်ဝယ်စားနေရပြီး ရွာမှာအခု လူတိုင်းပဲ တော်တော် ကြပ်တည်းကြတဲ့အကြောင်း အစ်ကိုကြီး တယောက် ရှိနေလို့သာ အိမ်မှာ အသက်ရှူ နည်းနည်းချောင်နေတာ ဖြစ်ပြီး သူသာ မရှိရင် အိမ်က ကျွန်မမောင်တွေ ညီမတွေကို ကျောင်းဆက်ထားနိုင်ဖို့ နေနေသာသာ ထမင်းတောင် နှပ်မှန်ဖို့ မလွယ်တဲ့အကြောင်း အစ်ကိုကြီးကလည်း အရင်ကလို မဟုတ်တော့ဘဲ အိမ်ရဲ့ စီးပွားရေးကို ဦးဆောင်နေတဲ့အကြောင်းတို့ကို ဆက်တိုက်ပြောပြလိုက်တော့ ကျွန်မ ဘာပြန်ပြောရမှန်း မသိဖြစ်သွားပါတယ်။

အမေ ပြောလိုက်တဲ့အထဲမှာ မောင်လေးတွေ ညီမလေးတွေ ဆိုတာနဲ့ လူမမယ်အရွယ်လေးတွေနဲ့ ကျန်ခဲ့တဲ့ ကျွန်မ မောင်လေး ညီမလေးတွေကို သတိရပြီး ကျွန်မမျက်ရည်လည်တယ်။ အခုစာရိုက်နေချိန်မှာလည်း  လူမမယ်အရွယ် မောင်လေးညီမလေးတွေအတွက် ဘာမှနွေးထွေးမှု မပေးနိုင်ဘဲ ထားခဲ့ရတာကို ခံစားရတယ်။ ကျွန်မငယ်ငယ်က အိမ်မှာ မိဘတနေကုန် မရှိရင် ဘယ်တော့ ပြန်လာမလဲဆိုတာ ဘယ်တော့မှ မမေး၊ ဘယ်တော့မှ မိဘကို မတမ်းတတတ်ပေမဲ့ အစ်ကိုတွေ အစ်မတွေ တနေကုန် မရှိရင် နေမတတ်ဘဲ ဘယ်တော့ပြန်လာမလဲလို့ မိဘကို ခဏခဏ မေးရင်း တမျှော်မျှော်နဲ့ စောင့်နေတတ်တဲ့ အဖြစ်ကို ကျွန်မ ပြန်သတိရသွားတယ်။

ပြီးတော့ ကျွန်မသူငယ်တန်း ကျောင်းမတက်ခင် အသက် နှစ်နှစ်သုံးနှစ် အရွယ်ကဆို ကျွန်မကိုကြီးက ကျွန်မအောက် ညီမကို ပုခုံးတဖက်ပေါ်မှာထမ်း ကျွန်မကိုကျတော့ တခြားလက်နဲ့ တွဲခေါ်ပြီး ကျွန်မတို့ အိမ်ရှေ့က နွားစားကျက်အဖြစ် လုပ်ထားတဲ့ ကွင်းပြင်ကြီးမှာ ညနေဆည်းဆာအချိန် ရောက်တိုင်း တွံတေးသိန်းတန်ရဲ့ "စစ်ပွဲတရာ နွှဲလိုက်ချင်ပေမဲ့ အချစ်တပွဲမှ မနွှဲချင်တော့ဘူးကွယ်" ဆိုတဲ့ သီချင်းကို ညည်းဆိုကာ ထိန်းကျောင်းရင်း ကျွန်မတို့နှစ်ယောက်ကို အိမ်မှာမွေးတားတဲ့ ကျွဲတွေနွားတွေအပေါ် တင်ပေးပြီး ကျွဲနွား ပေးစီးတတ်တဲ့ အကိုကြီး စစ်တပ်ထဲ မ၀င်ခင် ကျွန်မတို့ ငယ်ငယ်က ဘ၀လေးကို ချက်ချင်း ပြေးမြင်သွားတယ်။

ကိုကြီး စစ်တပ်ထဲမ၀င်ခင် အိမ်က ထွက်သွားတုန်းက ကိုကြီးကို လွမ်းပြီး ကိုကြီးဘယ်တော့ ပြန်လာမလဲလို့ ကျွန်မအိမ်မှာ မကြာခဏ မေးလေ့ရှိတာ၊ စစ်တပ်ထဲဝင်တော့မှ တိုင်းပြည်တာဝန်ကို သွားထမ်းနေလို လွမ်းစရာမဟုတ်ဘူး ဂုဏ်ယူရမယ်တယ်ဆိုတာ အဖေပြောပြထားတာနဲ့ ပြန်လာဖို့မလွယ်ဘူးဆိုတာ သိပြီး နောက်ထပ်မမေးတော့တာကို ကျွန်မသတိရသွားတယ်။ ကျွန်မ အိမ်ကထွက်လာပြီးနောက်ပိုင်း အငယ်ဆုံး ညီမလေးက မငယ်ဘယ်တာ့ ပြန်လာမလဲလို့ မေးတာကို လူကြုံကတဆင့် ကြားရတော့ ကျွန်မ ယူကျုံးမရအောင် ခံစားခဲ့ရတယ်။ ကျွန်မတို့ ငယ်ငယ်က သူအိမ်ကထွက်သွားတော့ သူဘယ်တော့ ပြန်လာမလဲဆိုတာ ကျွန်မတို့ တမ်းတမ်းတတ လွမ်းခဲ့ရတဲ့ ကိုကြီးက အခုတော့ ကျွန်မပြန်လာမှာကို တမ်းတမ်းတတ လွမ်းဆွတ်နေတဲ့ မောင်လေးညီမလေးတွေကို ခုလို ကျွန်မတို့ကိုယ်စား  အစားထိုး ၀င်ရောက်ပြီး အငယ်တွေအပေါ် နွေးထွေးမှုပေး တာဝန်ယူပေးနေတာကို သိရတော့ ကျွန်မ ကိုကြီးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားပါတယ်။

ပြီးတော့ ကျွန်မတို့ ဒေသမှာ မိုးတွင်းကာလအတွက် ဆန်စပါးကို မသိုထားနိုင်ရင် ဆန်ဈေးက မိုးတွင်းမှာ ပုံမှန်ဈေးထက် နှစ်ဆသုံးဆအထိ တက်ပြီး ပိုက်ဆံရှိတာတောင် ၀ယ်ဖို့ ဆန်မရှိတာနဲ့ မကြာခဏ ကြုံရတတ်တယ်။ ဒီလို မိုးတွင်းကာလမှာ ဆန်ဝယ်စားနေရတဲ့ မိသားစုတခုအတွက် ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ကျွန်မတို့ နယ်သားတွေ အသိဆုံး ဖြစ်ပါတယ်။ ကိုကြီးသာ မရှိရင် ခုလိုအချိန် အိမ်မှာ တော်တော်ကို ဒုက္ခရောက်မယ် ဆိုတာအမေပြောတာ အမှန်ပဲ ဖြစ်တယ်။ ကိုကြီးသာ ဒဏ်ရာရပြီး ပင်စင်မယူခဲ့ရင် ဒီလိုအချိန်မှာ တချိန်က ကျွန်မအထင်ကြီးတဲ့အတိုင်း စစ်တပ်ထဲမှာ အရာရှိတဦး ဖြစ်နေခဲ့ရင် အိမ်ကို အခုလို ဘာမှအကူအညီ ပေးနိုင်မှာ မဟုတ်ဘူး။ အခု ကိုကြီးဟာ မဆလ စစ်တပ်ထဲမှာ မဟုတ်တော့ဘူးဆိုတဲ့ အသိနဲ့ အငယ်တွေအတွက် ကျွန်မတို့ ဖြည့်ပေးရမည့် လိုအပ်ချက်ကို လာဖြည့်ပေးနေသူ ဆိုတဲ့အသိ၊ အိမ်မှာရှိတဲ့ အခက်အခဲအားလုံးကို တာဝန်ယူဖြေရှင်းပေးနေသူအဖြစ် ကျွန်မကိုကြီးကို ကျွန်မ တကယ် ကျေးဇူးတင်သွားပြီး အာဂါတအမုန်းတွေ တဖြေးဖြေး ပြယ်စပြုလာတယ်။

ကျွန်မ အတွေးလွန်နေတဲ့ချိန်မှာ အမေက "ဟိုမှာ နင့်ကိုကြီးလိုက်လာပြီ" ပြောလို့ လှည့်ကြည့်လိုက်တော့ ဟိုဘက်အိမ်ကနေပြီး ကျွန်မတို့ရှိတဲ့ အိမ်ဘက်ကို ရဲဘော်တယောက်နဲ့အတူ လျှောက်လာနေတဲ့ ကိုကြီးကို တွေ့လို့ ကျွန်မ လူများမှားနေသလားလို့တောင် ထင်ရတယ်။ လက်တတောင်ဆစ်ခန့် ရှည်တဲ့ ရှတ်အင်္ကျီအမဲရောင်နဲ့ ကချင်ပုဆိုး အမဲပေါ်မှာ အစိမ်းကွက်ကြားကို ဒူးခေါင်းလောက်အထိ လုံးတင်ပြီး အင်္ကျီ အပေါ်ကနေ ၀တ်ထားတော့ သူ့အရပ်က နဂိုထက် ပိုနှိမ့်နေတယ်လို့ ထင်မှတ်ရသလို လူကလည်း ပိုပိန်သွားသလို ထင်ရတယ်။ ခေါင်းပေါ်မှာ တောင်ထန်းနဲ့ ယက်လုပ်ထားတဲ့ လယ်သမားဆောင်း ခေါင်းတလုံးလုံ ခမောက်ကို ဆောင်းထားပြီး အထဲမှာ ကွမ်းတွေ ဆေးတွေထည့်ထားတဲ့ ကြိုးသိုင်းကို ခပ်တိုတိုလေး ဖြစ်အောင် ထုံးထားတဲ့ အဖြူအစင်းကြောင်းနဲ့ ကရင်လွယ်အိတ် အောက်ခံ အနီရောင် ခပ်နွမ်းနွမ်း တလုံးကိုလည်း လွယ်ထားကာ ကွမ်းတမြှုံ့မြှုံ့နဲ့ တွေ့ရတာ့ သူ့ပုံက စစ်သားတယောက် ဖြစ်ခဲ့ဖူးတယ်လို့ ပြောလို့ ဘယ်လိုမှ မယုံနိုင်စရာ။ ဒီပုံစံအတိုင်းပဲဆို လယ်တောထဲဆင်းခါနီး လယ်သမားတယောက်နဲ့ တူတယ်လို့ ပြောလို့ရနိုင်ပေမဲ့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ထီးရိုးကောက်တချောင်းကလည်း ရှိနေပြန်တော့ ဘယ်လယ်သမားကမှ လယ်ထဲသွားရင် ထီးယူသွားလေ့ မရှိတဲ့အတွက် လယ်သမားနဲ့ တူတယ်လို့လည်း ပြောလို့မရပြန်ဘူး။ ဒီတော့ သူ့ပုံကိုကြည့်ရင်း ကျွန်မ အလိုလို ရီချင်လာကာ တင်းနေခဲ့တဲ့ စိတ်တွေလည်း ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ ပြေလျှော့သွားခဲ့တယ်။

သူက မရယ်မပြုံးနဲ့ ခပ်တည်တည်ပဲ စိုက်ကြည့်ပြီး ကျွန်မနားကို လျှောက်လာနေတယ်။ အနားရောက်တော့ ကျွန်မက "ကိုကြီး" လို့ အရင်ခေါ်လိုက်ပြီး ဘာမှ ဆက်မပြောသေးဘဲ သူ့ပုံက ရီစရာ ဖြစ်နေတာနဲ့ "ဟိ-ဟိ" လို့ ရီပြီးကြည့်လိုက်တော့ သူက တည်နေရာကနေ ပြန်ပြုံးပြတယ်။ ပြီးတော့ ကျွန်မက ဘာပြောလို့ ပြောရမှန်းမသိဘဲနဲ့ "ကိုကြီးအခုထိမိန်းမ မယူသေးဘူးလား" လို့  ရယ်ပြီး ပါးစပ်ကထွက်ရာနဲ့ စနောက်ပြီး မေးလိုက်တယ်။ သူက "မိန်းမယူလို့ ဖြစ်မလား၊ ငါမိန်းမယူရင် ညည်းမောင်တွေ ညီမတွေကို ဘယ်သူလာ လုပ်ကျွေးမလဲ" လို့ ပြုံးရယ်ပြီး ပြောလိုက်တယ်။ ကျွန်မတို့ မောင်နှမ ချက်ချင်းပဲ အရင်ကလို ပြန်ရင်းနှီးသွားတယ်။ ကိုကြီး ပြောတဲ့ "ညည်း" ဆိုတဲ့ အသုံးအနှုံးက ကျွန်မတို့ဘက်မှာ မပြောဘူး။ အဲဒါ ကိုကြီး စစ်တပ်ထဲက ပြန်လာမှ ပါလာတဲ့ စကားဖြစ်တယ်။ ကျွန်မနားထဲမှာ အဲလိုပြောတာက နင်လို့ ပြောတာထက် ပိုနားထောင်လို့ ကောင်းသလို ပိုယဉ်ကျေးသလို ခံစားရတယ်။

 ကျွန်မက "ကိုကြီးပုဆိုးကို ဒီလောက်တောင် တိုတို ၀တ်မည့်အစား ခါးထောင်းကျိုက်လိုက်ပါတော့လား၊ ကိုကြီး ဒီပုံအတိုင်း ဆိုရင်တော့ မိန်းမရဖို့ မရှိဘူးထင်တယ်" လို့ ကျွန်မ စလိုက်တာကို "ညည်းရှိတဲ့နေရာကို ဒီလိုဝတ်ပြီး မလာလို့ ဘယ်လိုလာရမလဲ၊ မင်းသားလို ၀တ်ပြီး လာလို့ရတဲ့ နေရာမှမဟုတ်တာ" လို့ ပြန်ပြောရင်း ကျွန်မတို့ မောင်နှမ စရင်းနောက်ရင်းနဲ့ သူစစ်တပ်ထဲက ပြန်ရောက်ခါစကအတိုင်း မောင်နှမနှစ်ယောက် ပြန်ရင်းနှီးသွားတယ်။ ဒီစကားတွေက အကြီးအကျယ် ရန်ဖြစ်ပြီး ခွဲခွာလာတဲ့ မောင်နှမနှစ်ယောက် ပထမဦးဆုံး ပြန်တွေ့တဲ့အချိန်မှာ စတင်ပြောခဲ့တဲ့ စကားတွေအဖြစ် ကျွန်မ တသက်မမေ့ဘူး။

ကျွန်မတို့ တည်းတဲ့အိမ်က လူနာတွေနဲ့ အလုပ်များနေလို့ ဟိုဘက်အိမ်ကိုပဲ ပြန်သွားပြီး စကားပြောဖြစ်တယ်။ ကိုကြီးနဲ့ ကျွန်မ တွေ့တဲ့အချိန် ပြောဖြစ်တဲ့ စကားက အစိုးရအကြောင်းမပါ၊ တော်လှန်ရေးအကြောင်းမပါ၊ အိမ်က မောင်လေးညီမလေးတွေရဲ့ ပညာရေးအကြောင်းပဲ ဖြစ်တယ်။ မောင်တယောက်က ၁၂ နှစ်ပဲ ရှိသေးတယ် အရပ်သိပ်ကို ရှည်ကြောင်း နေမကောင်းဖြစ်လို့ ကျောင်းပျက်ရာကနေ ကျောင်းပြန်သွားချင်စိတ် မရှိတော့ဘဲ စာမလိုက်နိုင်တော့ဘူး ဆိုတာကို အကြောင်းပြကာ ကာလသားတွေနဲ့ ပေါင်းပြီး လူပျိုလုပ်နေလိုက်တာ ဘယ်လိုမှ တားလို့မရကြောင်း ပြောပြတယ်။ ကျွန်မက မောင်လေးကို ရအောင် ပြန်ဖြောင်းဖြပြီး ကျောင်းပြန်တက်ခိုင်းဖို့ ကျွန်မ ကိုကြီးကို တိုက်တွန်းခဲ့တယ်။ ကိုကြီးက ရမရ ဆိုတာ မသေချာပေမဲ့ မောင်လေးကို သူက ကျောင်းပြန်တက်ဖို့ ကြိုးစားပြီး ပြန်ဖြောင်းဖြမယ်လို့ ကျွန်မကို ကတိပေးသွားခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်မတို့ရွာ အပါအ၀င် ကျေးရွာစုတွေမှာ ပြည်သူ့စစ်သင်တန်းတွေ ပေးဖို့လုပ်နေတယ်ဆိုတာ ကြားထားတော့ မောင်နှမနှစ်ယောက် ပြန်တွေ့ရလို့ ပျော်နေတဲ့ အပျော်တွေ ပျက်သွားမှာ စိုးလို့ ကိုကြီးကို ဘာမှ မပြောခဲ့ပေမဲ့ အမေ့ကိုတော့ ကိုကြီးကို ရွာမှာ ပြည်သူ့စစ်အဖွဲ့မှာ သင်တန်းနည်းပြ လုပ်တာတို့ ပြည်သူ့စစ်ခေါင်းဆောင် လုပ်ခိုင်းဖို့အတွက် စစ်တပ်က တာဝန်ပေးတာတို့ လုပ်လာရင် လုံးဝ ၀င်မလုပ်ခိုင်းပါနဲ့လို့ မှာလိုက်ပါတယ်။ အဲဒီလို ကိုကြီးဝင်လုပ်လို့ကတော့ KNU သို့မဟုတ် ကျွန်မတို့ ABSDF တပ်တွေက ပြဿနာရှာလို့ တခုခုဖြစ်ရင် ကျွန်မ တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တယ်။ အမေကတော့ အိမ်မှာ ဒီလောက်အလုပ်များတာ ဒါတွေ ဘယ်လုပ်လို့ ဖြစ်မလဲလို့ပဲ ပြောတယ်။

ကိုကြီးတို့ ပြန်သွားပြီး နှစ်ပတ်ခန့် အကြာမှာတော့ ကိုကြီးဆီက စာတစောင် ရောက်လာပါတယ်။ ကျွန်မက မျက်နှာချင်းဆိုင် တွေ့တုန်းက ခေါ်ရမှာ အားနာလို့ ဒါမှမဟုတ်ရင်လည်း ခေါ်မရဲလို့ စာရေးပြီး ကျွန်မကို ပြန်ခေါ်တာများလားလို့ ထင်ခဲ့တယ်။ တောခိုလာတဲ့ ကျွန်မတို့ ABSDF ရဲမေတဦးကို သူ့အစ်ကို စစ်ဗိုလ်က ရေးတဲ့စာတစောင်ကို သွားပြီးသတိရတယ်။ အဲဒီစာမှာ "ရွှေသမင် အလိုက်မှားပြီး မိုက်မှားတဲ့ အဖြစ်မျိုးကို မရောက်စေနဲ့ ညီမငယ်၊ ပြန်လာပါ မိခင်(အမေကိုမဆိုလို တိုင်းပြည်ကိုဆိုလို) ရင်ခွင်က ကြိုဆိုနေပါတယ်" ဆိုတဲ့ စာသားလေးက ကျွန်မတို့ တော်လှန်ရေး ရဲမေတွေကြားမှာ "ဟာနင့်အစ်ကို မဆလက စာရေးမိုက်လှချည်လား" လို့ အဲဒီရဲမေကို လိုက်စပြီး ရေပန်းစားခဲ့ဖူးတယ်။ အခုလည်း ကိုကြီးက ကျွန်မကို အဲဒီလိုများ ရေးပြီးပြန်ခေါ်တာလားမသိဆိုတဲ့ အတွေးနဲ့ ဖတ်ကြည့်လိုက်တော့ စာက ပြန်ခေါ်တဲ့စာမဟုတ်ဘူး။

သူကျွန်မကို ဂတိပေးခဲ့တဲ့အတိုင်း မောင်လေးကို ကျောင်းပြန်တက်ဖို့ သူ ဖြောင်းဖြပေမဲ့ မောင်လေးက အရမ်းထွားပြီး အပြင်က ကာလသားတွေထက်တောင် အရပ်က ပိုမြင့်နေတော့ ကလေးတွေကြားမှာ ကျောင်းပြန်တက်ရမှာကို ရှက်ပြီးတော့ စာကိုလည်း ဘယ်လိုမှ စိတ်မ၀င်စားတော့ဘူး ပြောပြီး ဘယ်လိုမှ ဖြောင်းဖြလို့ မရတော့ကြောင်း အကြောင်းကြားတဲ့စာ ဖြစ်တယ်။ လတွေ ရက်တွေ မမှတ်မိတော့ပေမဲ့ ကျွန်မတို့ တွေ့ခဲ့တာ ၉၂ နှစ်မိုးတွင်းကာလ ဖြစ်တယ်။ ဒီနောက်ပိုင်း ကျွန်မလည်း တပ်ရင်းခဏပြန်တက်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခွင့်တောင်းပြီး တပ်ရင်း ပြန်ရောက်ခဲ့ပြီး ရှေ့တန်းကို ပြန်မရောက်တော့ဘဲ ABSDF ဗဟိုကို ရောက်သွားခဲ့ရာကနေ တပ်ရင်းရော ရှေ့တန်းပါ လုံးဝပြန်မရောက်တော့ဘဲ အိမ်နဲ့ အဆက်အသွယ်လည်း လုံးဝ ပြတ်သွားခဲ့တယ်။

အမှန်တော့ ကျွန်မတို့ မောင်နှမ သဘောထား ကွဲလွဲမှုက အရေးအခင်းမတိုင်ခင်ကတောင် စခဲ့တာပါ။ ကျွန်မကိုကြီး စစ်တပ်အထဲက အတွေ့အကြုံတွေကို ပြောပြရာမှာ စစ်ကြောင်းထွက်ဖို့ ပေါ်တာဖမ်းတာ မိန်းကလေးတွေပါ ပါတယ်ဆိုတာ သိရလို့ ကျွန်မနဲ့ စတင်ပြီး အငြင်းအပွား ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဘက်မှာ ယောက်ျားတွေကိုပဲ ပေါ်တာဖမ်းတာ တွေ့ဖူးပြီး အဲဒါကိုတောင် လူထုက စစ်တပ်ကို တော်တော်လေး စက်ဆုတ်ရွံရှာတာတွေ့တော့ ရှမ်းပြည်နယ်မှာက ဒီထက်ပိုဆိုးပြီး မိန်းကလေးပါမချန် ပေါ်တာဖမ်းတယ်တယ်ဆိုတာ သိရတော့ တကယ်ကို တအံ့တသြ ဖြစ်ပြီး ကိုကြီးနဲ့ အချေအတင်ဖြစ်ကာ ကြည့်လို့မရတဲ့အဆင့်ထိ ဖြစ်ခဲ့တယ်။ သူကတော့ ထမင်းစားရေသောက် အလုပ်လိုပဲ "စစ်ကြောင်းမှာ ပစ္စည်းသယ်ဖို့ လူလိုနေတာ ယောကျာ်းတွေမှ တယောက်မှ မတွေ့တော့ တွေ့တဲ့သူတွေကိုပဲ ခေါ်ရတာပေါ့ ဒါကိုယ့်ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ တိုင်းပြည်အကျိုးအတွက် လိုအပ်လို့ လုပ်လုပ်ရတာပဲ" တဲ့ ဒီလောက် ရက်စက်ကြမ်းကြုတ် ရွံစရာကောင်းတဲ့ အလုပ်ကို ဘာမှမထူးမဆန်းဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ် အလုပ်တခုလို ပြောတော့ အဲဒီနောက်ပိုင်း ကျွန်မကိုကြီးကိုရော တပ်မတော်ဆိုတာကိုပါ ကျွန်မ သိပ်အထင်ကြီးလို့ မရတော့တာ အရေးအခင်းဖြစ်တော့ ပိုဆိုးသွားတယ်။

အဲဒီ ပေါ်တာအကြောင်းကို အဖေကို ပြောပြပြီး အဖေတို့ တပ်မတော်ထဲမှာတုန်းကလည်း ဒီလိုပဲလားလို့ မေးကြည့်တော့ အဖေက "ဘယ်ဟုတ်မလဲသမီးရယ် အဲလိုလုပ်တော့ တပ်မတော်ကို ပြည်သူက ဘယ်လက်ခံတော့မလဲ၊ အဖေတို့တုန်းက အခုလိုလည်း လိုက်ဖမ်းစရာတောင် မလိုဘူး၊ ပြည်သူလူထုက တပ်မတော်ကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ရှိတယ်၊ လမ်းစဉ်ပါတီခေတ်မှာတော့ သွားပါပြီ ဒီအတိုင်းဆို တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ဖျက်ဆီးနေတာ သေချာပြီ" လို့ အဖေ ကောက်ချက်ချဖူးတယ်။ ကျွန်မကို ကိုကြီး လာတွေ့ပြီးနောက်ပိုင်းမှာတော့ ကိုကြီးလည်း အရပ်သားဖြစ်သွားပြီ ကျွန်မတို့ မိသားစု စားဝတ်နေရေး၊ စီးပွားရေးအတွက်လည်း ဦးဆောင် ဖြေရှင်းပေးနေသူ ဖြစ်နေပြီဆိုတော့ ဒါတွေကို ကျွန်မ မေ့ထားလိုက်ပါတယ်။

ကျွန်မကိုကြီးက ဗကပနဲ့ ရှမ်းသူပုန်တွေကို တလျှောက်လုံး တိုက်လာတာ ဘာမှမဖြစ်ဖူးဘူး ကရင်ပြည်နယ် ဒေါနတောင်တန်း စစ်ဆင်ရေးမှာ စစ်ကူလိုလို့ စစ်ကူလေး တခါသွားလိုက်မှ လက်မောင်းမှာ ဒဏ်ရာရပြီး လက်တဘက်သေသွားလို့ ဆိုပြီး သူက သူပုန်တွေထဲမှာ ကရင်သူပုန်တွေကို စိတ်အနာဆုံးပဲလို့လည်း အမြဲပြောတတ်တော့ ကရင်သူပုန်တွေ လှုပ်ရှားတဲ့ ဒေသမှာ နေပြီး ဒါကို အခုထိ ထပ်ပြောနေရင် ကရင်တွေကြားပြီး ရွာထဲဝင် ချောင်းပစ်သတ်ခံရရင် ဒုက္ခပဲလို့လည်း ကိုကြီးအတွက် ကျွန်မ အမြဲတွေးပူနေခဲ့တာတော့ အမှန်ပဲ။  ကိုကြီးနဲ့ ရှေ့တန်းမှာ တွေ့ပြီး နောက်ပိုင်းမှာတော့ သူစစ်တပ်ထဲမှာတုန်းက အတွေ့အကြုံတွေကို ပြောပြခဲ့ဖူးတဲ့အထဲက ကောင်းတာတွေကိုပဲ ကျွန်မ အမြဲပြန်သတိရနေတတ်ပါတယ်။ သူအမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ်ကို ပြန်နားထောင်လို့ ကောင်းလာတယ်။ ဒီသီချင်းကို မကြာခဏ နားထောင်ပြီး အလွမ်းဖြေတတ်လာတယ်။

ကိုကြီး စစ်တပ်ထဲမှာ ရှိနေတုန်းကတော့ ကိုကြီးကို သတိရတိုင်း ကျွန်မတို့ ငယ်ငယ်က ကျွန်မတို့ကို ချီပြီး သူဆိုခဲ့တဲ့ တွံတေးသိန်းတန် သီချင်းကို ကြားရတိုင်း ကိုကြီးကို သတိရတယ်။ သူစစ်တပ်ထဲက ပြန်ရောက်လာတော့ စိုင်းထီးဆိုင်နဲ့ ခွန်သန်းထွန်း သီချင်းတွေကိုပဲ ထပ်ခါတလဲလဲ ဆိုနေပြီး တွံတေးသိန်းတန် သီချင်းကို မဆိုတော့ဘူး တောသီချင်းကြီးတဲ့။ သူဆိုတဲ့ သီချင်းတွေအထဲက သူ့အသံက တခြားသီချင်းတွေ ဆိုတာ သံစဉ်သိပ်မမှန်လို့ နားထောင် မကောင်းပေမမဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်က အချစ်သီချင်းကတော့ သူဆိုတာ စိုင်းထီးဆိုင်အသံနဲ့ တော်တော်လေး တူတာ သတိထားမိတယ်။ ကိုကြီးနဲ့ ရန်ဖြစ်ပြီးနောက်ပိုင်း အဝေးကို ရောက်လာတဲ့အချိန် သူ့ကို ရှေ့တန်းမှာ ပြန်မတွေ့ခင်အထိ ဒီသီချင်းကို ကြားရင် သူ့ကို စိတ်နာပြီး လုံးဝမခံနိုင်လောက်အောင် ဖြစ်ပေမဲ့ သူကျွန်မကို လာတွေ့ပြီးတဲ့အချိန်ကစလို့ အခုထိ ဒီသီချင်းက ကိုကြီးကို သတိရရင် အလွမ်းဖြေစရာ သီချင်း ပြန်ဖြစ်လာပါတယ်။

ကျွန်မတို့ အိမ်က မထွက်လာခင် ကိုကြီး စစ်တပ်ထဲက ခွင့်တင်ပြီး ပြန်ရောက်လာတော့ သူဟာ စစ်သားဘ၀ကို တော်တော်လေး စိတ်ကုန်ပြီး ကုန်သည်ဘ၀ကို တော်တော်လေး အားကျနေခဲ့ပါတယ်။ သူက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ တာဝန်စကျပြီး နောက်ပိုင်းမှာတော့ မြန်မာပြည် အလယ်ပိုင်း ပုပ္ပါးကိုပြောင်းရတယ်။ မြန်မာပြည်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အားလုံးကို ရောက်ဖူးပြီး ဘယ်ဒေသမှာ ဘာပစ္စည်းဈေးက ဘယ်လိုဈေးရှိတယ် တနေရာနဲ့ တနေရာ ကွာခြားတာကို သိတဲ့အတွက် တပ်ကထွက်ရင် ပိုက်ဆံအရင်းအနှီး ရှာဖွေစုဆောင်းပြီး ကုန်သည်လုပ်စားမယ်လို့ မကြာခဏ ပြောဖူးတယ်။ ရှမ်းပြည်က ပစ္စည်းကို ဗမာပြည် (မြန်မာပြည် အလယ်ပိုင်း) သယ်၊ ဗမာပြည်ကပစ္စည်း ရှမ်းပြည်ကိုသယ်ရင် အတင်အချခ၊ ခရီးစာရိတ်၊ အလေအလွှင့်တွေနှုတ်ပြီး အကျန် တခေါက်ဆိုရင် ဘယ်လောက်မြတ်နိုင်ကြောင်း အမြဲတွက်ပြီး သွားရေယိုနေတတ်လို့ ရွာကလူတွေကတောင် စိတ်ကူးနဲ့ချမ်းသာနေတယ်လို့ သူ့ကို ပြောဖူးပါတယ်။

သူစကားပြောရင် ရှမ်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်းကို ရှမ်းပြည်နဲ့ ဗမာပြည်လို့ ပြောတာ သတိထားမိတယ်။ အဲဒါကြောင့် "ကိုကြီးကလည်း တနိုင်ငံတည်းကို ရှမ်းပြည်တွေ ဗမာပြည်တွေ ဆိုပြီး လိုက်ခေါ်နေတော့ ကိုကြီးပြောမှပဲ ရှမ်းပြည်နဲ့ ဗမာပြည်က နှစ်နိုင်ငံကျနေတာပဲ" လို့ ကျွန်မပြောတော့ အဲဒီဘက်က ဒီလိုပဲ ခေါ်တဲ့အကြောင်း သူပြောပြလို့ သိရတယ်။ ကိုကြီးက သူ ရောက်ဖူးတဲ့အထဲမှာ ရှမ်းပြည်လောက် နေချင့်စဖွယ် ကောင်းတဲ့နေရာ မြန်မာပြည်မှာ မရှိဘူးလို့ ပြောပြပြီး မိုးခေါင်ရေရှားဖြစ်တဲ့ ဗမာပြည် မှာလည်း (မြန်မာပြည်အလယ်ပိုင်းကို ဆိုလို) ပုပ္ပားလောက် သာယာ နေချင့်စဖွယ် ကောင်းပြီး ရာသီဥတုကောင်းတဲ့နေရာ မရှိဘူးလို့ သူတာဝန်ကျဖူးတဲ့ နှစ်နေရာအကြောင်းကို အမွမ်းတင်ပြီး အမြဲ ပြောပြတတ်ပါတယ်။ အဲဒီဘက်က ချက်ပြုတ် စားသောက်တဲ့နည်းအတိုင်း သူချက်ကျွေးတာကို ကျွန်မတို့ မြိန်ယှက်စွာ စားသောက်ခဲ့ဖူးတယ်။ ကျွန်မတို့ကို အဲဒီနေရာတွေက အလှအပတွေကို တွေ့ဖူးအောင် တနေ့တော့ ခေါ်သွားပြမယ်လို့ မကြာခဏ ပြောဖူးတယ်။ ဒါပေမဲ့ ကိုကြီး ကျွန်မတို့ကို အဲဒီနေရာတွေရောက်အောင် ဘယ်တော့မှ ခေါ်သွားနိုင်တော့မှာ မဟုတ်ဘူး။

ကျွန်မ ABSDF ဗဟိုရောက်ပြီး ၉၇ မှာ ဘန်ကောက်ကနေ ရွာကသတင်း အစအန ပြန်ရတော့ ကိုကြီး မရှိတော့ကြောင်း သိရတယ်။ ကျွန်မ စိုးရိမ်နေသလို ကရင်သူပုန်ကို စိတ်နာတယ် အမြဲပြောနေလို့ KNU အသတ်ခံပြီး သေရတာတော့ မဟုတ်ဘူး။ သူသေတာ စစ်ခွေးတွေ သတ်လို့ သေရတာ။ ကျွန်မအစ်ကိုဟာ ရော်ဘာတို့ ဓနိသကြားတို့ကို တင်ပြီး စက်လှေနဲ့ မိသားစုအတွက် စီးပွားထွက်ရှာရင်း စစ်ခွေးတွေနဲ့ မိပြီး ကုန်တွေလည်းသိမ်းခံရ လူကိုပါ ရဲဘက်အပို့ခံရကာ အကျဉ်းသားဘ၀နဲ့ စစ်ခွေးတွေ ညှင်းဆဲလို့သေခဲ့တယ်လို့ သိရတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မတို့ဘက်မှာ မှောင်ခိုလှေထွက်တဲ့ သူတွေ ဒီလိုဖြစ်လေ့ မရှိပါဘူး ကံမကောင်းလို့ မိရင်တောင်မှ သူ့နည်းသူ့ဟန်နဲ့ လာဘ်ပေးလာဘ်ယူနဲ့ ပြီးသွားတာပဲ အမြဲတမ်း ကြားဖူးပါတယ်။

 ကျွန်မအစ်ကိုကျမှ ဘာကြောင့် ကံဆိုးမိုးမှောင်ကျပြီး သေတဲ့အထိ ညှင်းဆဲခံရတယ်ဆိုတာကတော့ မိန်းကလေးတွေကို ပေါ်တာဆွဲတာအပါအ၀င် သူစစ်တပ်ထဲမှာတုန်းက အကျဉ်းသားတွေကို အပြစ်မရှိဘဲ ညှင်းဆဲဖူးတာလည်း ရှိချင်ရှိနိုင်ပါတယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးဆိုတာ ပြေးမလွှတ်လို့ သူပြုခဲ့တဲ့အပြစ် သူ ပြန်ခံရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ သေချာတာက တိုင်းပြည်အတွက်မို့ ဘာလုပ်လုပ် တရားတယ်ထင်ခဲ့တဲ့ ကျွန်မကိုကြီးဟာ သူ့ကို ညှင်းဆဲခံရတဲ့အချိန်မှာတော့ တိုင်းပြည်အတွက်မို့ ငါ့ကို ဒီကောင်တွေအခုလို ညှင်းဆဲတာ တရားတယ်လို့ ဘယ်လိုမှ လက်ခံနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အမှန်တရားဟာ ဒါမဟုတ်ဘူး ဆိုတာနဲ့ လူထုကို ဒုက္ခပေးတာ တိုင်းပြည်အတွက်မဟုတ် အာဏာရူး စစ်ခေါင်းဆောင်တွေအတွက်သာ ဖြစ်ပြီး ပြည်သူလူထုကို တိုင်းပြည်အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခပေးတာဟာ လုံးဝမရားဘူးဆိုတဲ့ အမှန်တရားကို မသေခင် ကိုကြီးကောင်းကောင်း အ မြင်မှန် ရသွားမယ်ဆိုတာ ကျွန်မ လုံးဝယုံကြည်ပါတယ်။ ၀မ်းနည်းတာကတော့ သူစစ်တပ်ထဲမှာ ရွာသူတွေကို ပေါ်တာဆွဲကာ ဒုက္ခပေးတုန်းက မဖြစ်ဘဲ အခုလို မိသားစုအတွက် ကောင်းကောင်းမွန်မွန် အလုပ်အကျွေး ပြုနေတဲ့အချိန်မှာမှ ပြန်ခံရတာကိုပဲ ၀မ်းနည်းမိတယ်။ တကယ်တော့ ကျွန်မအစ်ကိုကြီးက စစ်ခွေးမဟုတ်ပါဘူး ကံမကောင်းစွာနဲ့ တိုင်းပြည်မှာ စစ်ခွေးကြီးစိုးတဲ့ခေတ်မှာ တပ်မတော်သား ဖြစ်ရလို့ စစ်ခွေးတို့ရဲ့ သားကောင်တကောင်သာ ဖြစ်ခဲ့ပါတယ်။ ကျွန်မအစ်ကို စစ်ခွေးလုံးဝ မဟုတ်ပါ။

စစ်ခွေးတွေဟာ အခုလည်း ပြည်တွင်းပြည်ပ နေရာတိုင်းမှာ ဒုက္ခပေးနေဆဲ၊ တိုင်းပြည်ကို ဖျက်ဆီးနေဆဲ ဖြစ်တယ်။ ကျွန်မအစ်ကိုလို မိမိကိုယ်မိမိ ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်ဆိုတာ အမှန်အတိုင်း မြင်နိုင်လောက်အောင် အခွင့်မကြုံတဲ့ စစ်ခွေးစစ်စစ်တွရဲ့ အသုံးချခံ ပြည်တွင်းစစ်ရဲ့ သားကောင်တွေလည်း တပ်မတော်ထဲမှာ အများကြီး ရှိနေလိမ့်မယ်။

1962 ကစပြီး သွေးစွန်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင် ဘာလုပ်လုပ် တရားတယ်ဆိုပြီး လူ့အခွင့်အရေးကို တရားဝင် ချိုးဖေါက်ပြီး တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ကိုယ်ကျိုးအတွက် အသုံးချနေကြတယ်ဆိုတာ အားလုံးသိအောင် လုပ်ဖို့က ကျွန်မတို့ရဲ့ သမိုင်းပေးတာဝန် ဖြစ်တယ်။ တောစွန်အုံဖျား တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ်ဖြတ်နေတဲ့ စစ်ခွေးတွေ၊ ရန်ကုန်လို မြို့လယ်ခေါင်မှာ သံဃာတော်နဲ့ ပြည်သူတွေကို ပစ်သတ်တဲ့အထိ သောင်းကျန်းနေတဲ့ စစ်ခွေးတွေ၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိဘရင်ခွင်က ဆွဲခွါပြီး သူတို့လို စစ်ခွေးဖြေစ်အောင် အတင်းသွတ်သွင်းနေတဲ့ စစ်ခွေးတွေ၊ နိုင်ငံခြားအထိ ပြည်သူ့ဘဏ္ဍာနဲ့ ပညာလာသင်ပြီး အဲဒီရတဲ့ နည်းပညာနဲ့ အွန်လိုင်းပေါ်မှာ လူတကာကို ဒုက္ခလိုက်ပေးနေတဲ့ စစ်ခွေးတွေ၊ မြန်မာပြည်မှာ အဲဒီ (စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ ) အမြန်ဆုံ့း နိဂုံးချုပ်ပြီး ဟိုယခင်တုန်းကလို ပြည်သူချစ်တဲ့ တပ်မတော် အဖြစ် အမြန်ဆုံး ပြန်လည်အဖတ်ဆည်လို့ ရပါစေလို့ ဆုတောင်းပါတယ်။





ဒီသီချင်းက ကိုကြီး လက်မောင်းမှာ ဒါဏ်ရာရပြီးနောက် သူ့ချစ်သူက မိဘပေးစားတဲ့ အရပ်သားတယောက်နဲ့ လက်ထပ်လိုက်ပြီးနောက်ပိုင်း အမြဲဆိုဖြစ်တဲ့ သီချင်း ဖြစ်ပုံရတယ်၊ အိမ်ကိုရောက်ကတည်းက ဒီသီချင်းကိုပဲ စွဲစွဲမြဲမြဲ ဆိုနေတတ်ပါတယ်။ ရွာက ကာလသားတွေကလည်း သူ့ဆီမှာ ဒီသီချင်းကို လာသင်ကြပါတယ်။ ကိုကြီးဆီက မောင်လေးကို ကျောင်းပြန်တက်ဖို့ ဖြောင်းဖြလို့မရကြောင်း ပြန်ရေးလာတဲ့စာဟာ သူ့ဆီက ကျွန်မ နောက်ဆုံးဖတ်ရတဲ့ စာဖြစ်သလို ဒီတခါတွေ့ရတာဟာ ကျွန်မ သူ့ကို နောက်ဆုံးတွေ့ခြင်း ဖြစ်တယ်။ အာရုံနှစ်ခု တပြိုင်တည်း မရတတ်တဲ့ ကျွန်မဟာ အခုဒ်ီသီချင်းကို နားထောင်ရင်း ဒီစာကို ရိုက်နေစဉ်မှာ စာရိုက်တဲ့အာရုံနဲ့ သီချင်းနားထောင်တဲ့ အာရုံကို တခုတည်းလိုပဲ ခံစားနေရနေတယ်။ တချိန်ကတော့ အမုန်းအာဂါတကို သတိရစေတဲ့ အခုတော့ အလွမ်းတွေကို သယ်လာပေးတဲ့ ကိုကြီး အမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ် သီချင်းလေးကို နားထောင်ရင်း နောင်ဘ၀များမှာ လူပြန်ြဖစ်ရင် ကိုကြီးတယောက် စစ်ခွေးတွေရဲ့ သားကောင် ဘယ်တော့မှ မဖြစ်ပါစေနဲလို့ ဆုတောင်းရင်း

"မုတ်.. သုန်.. လေ.. လို မြောက်.. ပြန်.. လေ.. လို.. ရာသီလေမျိုး မဟုတ်ပါ၊ ကိုယ့်.. အချစ်.. က.. အမြဲတမ်း အချိန်မရွေး တိုက်ခတ်နေတဲ့ အရာ... ဟို...တောင်ပေါ် နှင်းငွေ့လည်းပါရဲ့ ဟိုး...တောင်ခြေ ဖုန်းငွေ့လည်းပါရဲ့..ဟိုး..အင်းအိုင် ပင်လယ်သမုဒ္ဒရာ ဂန္တာရမကျန်အောင် အဝေးကြီးဝေးပြီး အနီးကြီးနီးတဲ့ နှလုံးသားရဲ့ နယ်ပယ်ကလာ..( လေ..ညာအရပ်ကအချစ်...)၂ တိုက်နေခဲ့ တိုက်နေဆဲ နောင်များလည်း တိုက်နေအုန်းမှာပဲ.."

ဆိုပြီး လေညာအရပ်က သီချင်းကို စဆိုရာမှာ တလုံးစီကို တခွန်းချင်း နှေးနှေးနဲ့ ပီပီသသ စတင်သီဆိုတတ်တဲ့ ကိုကြီးရဲ့ အသံကို ကြားယောင်နေမိတယ်။ အခုတော့ ဒီသီချင်းနဲ့ပဲ အလွမ်းဖြေဦးမယ်။ တနေ့တချိန်မှာ အခြေအနေပေးရင်တော့ ကိုကြီး စစ်တပ်ထဲမှာတုန်းက ကျင်လည် ကျက်စားခဲ့တဲ့ သိပ်ကို သာယာလှပပါတယ်ဆိုတဲ့ သူကိုယ်တိုင် လိုက်ပြချင်ပြီး လိုက်မပြလိုက်ရတဲ့ ရှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်း၊ တောင်ကြီးနဲ့ မြန်မာပြည် အလယ်ပိုင်းက ပုပ္ပားနဲ့ ကျောက်ပန်းတောင်းမြို့တွေကို သွားပြီး အဲဒီမြို့တွေက အလှတွေကို ကိုယ့်ဖါသာကိုယ် သွားကြည့်ပြီး ကိုကြီးကို အလွမ်းဖြေချင်ပါသေးတယ်။

ကိုကြီး ကောင်းရာသုဂတိလားပါစေ။ မြန်မာပြည်မှာ စစ်ခွေးစနစ် ကျဆုံးပါစေ။


(လေညာအရပ်က အချစ်သီချင်းကို Download လုပ်တဲ့နေရာ ပို့ပေးတဲ့ ပြီးခဲ့တဲ့လက ဖင်လန်နိုင်ငံရောက် နိုင်ငံခြားသားတွေ အထဲမှ အကောင်းဆုံး လူမှုထူးချွန်ဆုကို ဆွတ်ခူးရရှိသွားတဲ့ ဇနီးမောင်နှံဖြစ်တဲ့ ကိုသားဆွေနဲ့ မျိုးမျိုး တို့ကို အထူးကျေးဇူးတင်ပါတယ်။)

23 comments:

ဖတ်ရတာစိတ်မကောင်းလိုက်တာ..မငယ်ရာ..

အန်ကယ်နိုင်ရေ စိတ်မကောင်းဖြစ်ရင်တော့ လေညာအရပ်က အချစ်နဲ့ ဖြေလိုက်ပါ။ ဒီသီချင်းက ဟိုတုန်းက တနိုင်ငံလုံးက အသက်အရွယ်မရွေး အကုန်လုံးကြိုက်ကြတယ်ဆိုတော့ အန်ကယ်နိုင်လည်း ကြိုက်မှာ သေချာတယ်။

အောင်ခြင်းရှစ်ပါး သီချင်းက ပိုကောင်းပါတယ်ဗျာ။ ဒီလိုပိုစ့်တွေ မရေးခင်၊ မတင်ခင်မှာ စီဘောက်စ်ရဲ့အပေါ်အောက်က ဗုဒ္ဓသီချင်းလေးတွေ အရင်နားထောင်ပြီး ဒေါသမောဟ တွေဖြေဖျောက်သင့်ပါတယ်။ အကုသိုလ်တော်တော်များနေတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သတိပြုပြီး အချိန်မလင့်ခင် ဘာသာရေးအထူးလိုက်စားလိုက်ပါ

မဟုတ်တာကို မဟုတ်ဘူး၊ ဟုတ်တာကို ဟုတ်တယ်လို့ အမှန်အတိုင်း ပြောတာ သစ္စာဖြစ်တယ်။ ရေးထားတဲ့ အကြောင်းအရာထဲမှာ မဟုတ်တာ တခုမှမပါဘူး။ စိတ်ကူးယဉ်ဇာတ်လမ်း ထွင်ပြီး ၀တ္တုရေးထားတာလည်း တခုမှ မပါဘူး။ တကယ်ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံသက်သက်ကို ပြန်ရေးထားတယ်။ ဒါကြောင့် အမှန်တရားတွေကို လူသိအောင် လုပ်တာ ကုသိုလ်ရပါတယ်။ အမှန်တရားတွေကို လူမသိအောင် ဖုံးကွယ်ပြီး ကိုယ်ကျိုးအဖြစ် အသုံးချမှသာ အကုသိုလ် ဖြစ်တယ်။ ဒါကြောင့် အမှန်ကို ပြောဆိုဖို့ နောက်မတွန့်အောင် ဘုရားတောင်မှ အကောင်းလုပ်တာကို အဖျက်ဝင်သေးရင် လူဆိုရင် ပိုဆိုးတယ် အဲဒီအတွက် နောက်တွန့်နေလို့ မရဘူးဆိုတာ သိအောင် အောင်ခြင်းရှစ်ပါးရဲ့ ပထမအောင်ခြင်းကို လူဗြိန်းနားလည်အောင် သီချင်းရော စကားပြောပါ ပါတဲ့အပိုဒ်ကို ထည့်ထားပေးတာဖြစ်တယ်။ မကောင်းဘဲ ရှိပါ့မလား။

အစ်မ တစ်ခုတော့ ပြောချင်ပါတယ် စစ်ခွေးတွေက အောင်ခြင်းရှစ်ပါး ကိုဘယ်လိုလုပ်သိမှာတုန်း ဘာသာတရားမှမရှိတာ။ ကျွန်တော်ကအရက်သမား ဆိုပေမယ့်  အဲဒီကောင်တွေရဲ့  ရိုင်းစိုင်း မှုကိုတော့  အရှုံးပေးပါတယ်။ တန်ပြန်မဆဲနိုင်ပါဘူး။ ရဟန်းတွေက်ုပြန်သတ်တဲ့  သူတွေရဲ့ တပည့်တွေပဲ အဲဒီလောက်တော့ ရှိမှာပေါ့ ။နားလည်ပေးလိုက်ပါဗျာ။

ဖတ်ရတာ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။
မသိတာတွေလည်း သိရလို့ ကျေးဇူးတင်ပါတယ်။

မေနန်းဦး

ဟုတ်တာကို ဟုတ်တယ်ဆိုပြီး အရှိတိုင်းရေးတာကို အပြစ်ပြောတာမဟုတ်ပါဘူး..။ ရေးထားတာတွေကိုဖတ်ကြည့်တဲ့လူအားလုံးက အန်တီကြီးငယ်နိုင်ရဲ့ ကိလေသာတွေ၊ ဒေါသမောဟ တွေနဲ့ တရားမေ့တာတွေကိုသိပါတယ်။ အဲ့လိုပူလောင်နေလို့လည်း ဘယ်သူကမှ ဘာမှတ်ချက်မှမရေးချင်၊ ဘလော့ကိုမလာချင်၊ စီဘောက်မှာ မရေးချင်တွေ ဖြစ်ရတာပါ။ ကျည်ပွေ့မှာ အတက်ပေါက်ချင်ပေါက်မယ် အန်တီကြီးငယ်နိုင်တော့ အသက်ဘယ်လောက်ကြီးကြီး အသိတရားရမလာဘူး လို့ပဲ မှတ်ချက်ချပြောနေကြတာပဲ။

ဒါနဲ့ အရက်သမား က ကိုယ်တိုင်သာ ဘုရားတရား မသိတာ သူများကိုတော့ ပြောတတ်သားပဲ။

ဒေါ်လာစားပြောတာတစ်ခုကို သတိရသေးတယ် ဒီမိုဘလော့တွေ သွားလိုက်ရင် အသိပညာတွေ၊ တတတ်ပညာတွေတော့တစ်ခုမှမရဘူး တရားတော့ သေချာပေါက်ရတယ်ဆိုသလိုပဲ။ ကျုပ်လည်း ဒီနှစ်ယောက်ကိုကြည့်ပြီး တရားတော့ရမိသား။

ငမူးရေ အဲဒါကြောင့်ပဲ စိုးစန္ဒာထွန်းဆိုထားတဲ့ သီချင်းသက်သက်ဆို လူဗြိန်းတွေ နားမလည်မှာ စိုးလို့ တင်တင်မြရဲ့ စကားပြောပါပါတဲ့ ပထမအောင်ခြင်းကို တမင်ထည့်ထားပေးတာ ဖြစ်တယ်။ မာန်နတ် အဖျက်ဝင်တဲ့ အခန်းနဲ့ မလုံလောက်ရင် ဒေ၀ဒတ် အဖျက်ဝင်တဲ့ အခန်းကိုပါ ထပ်ထည့်ဖို့ ရှိပါတယ်။

Mg ပြောသလိုများ ကျွန်မ ရေးထားတဲ့ပို့စ်မှာ ဘာများ ကိလေသာတွေ ဒေါသမောဟတွေ ဒီလောက်များနေလဲဆိုတာ သိချင်လို့ တခေါက်ပြန်ဖတ်ကြည့်ပြီး စစ်ကြည့်တာ အဲဒါတွေ ဘာမှ မတွေ့ရဘဲ စာလုံးပေါင်းမှားတာတွေနဲ့ စာလုံးထောက်နေတဲ့ ၀ါကျတချို့ကိုပဲ တွေ့ရပြီး ပြန်ပြင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ တရားမရှိတဲ့သူတွေ တရားရစေချင်လို့ပဲ တရားသီချင်းတွေ ထည့်ထားပေးတာဖြစ်တဲ့အတွက် တရားရကြတယ်ဆိုရင် ၀မ်းသာပါတယ်။

mg စစ်ခွေးစာရင်းထဲမှာခင်ဗျား လိုလူမျိုး မပါပါဘူး။ ကြိုက်သလိုဝေဖန်နိုင်ပါတယ်။ ကျုပ်ပြောချင်တာက ၀င်ဆဲတဲ့ ကောင် တွေရိုင်းလွန်းလို့ ပါ။ ကျုပ်ပြောနေကျ စကားတခွန်းရှိပါတယ် စစ်သားတိုင်းကို ကျုပ်မမုန်းပါဘူး။

မငယ်နိုင်လို မိမိဘဝနဲ့၊ မိသားစုအသက်နဲ့ ရင်းပြီးရလာတဲ့ စစ်ခွေးယန္တရားအပေါ် ခံယူချက်သဘောထားကို နားလည်လေးစားပါတယ်။ မငယ်နိုင်နည်းတူ ထုတ်ဖော်ရင်ဖွင့်ခွင့်မရဘဲ၊ ဒီစစ်ခွေးစနစ်အောက်မှာ မတရားဖိနှိပ်မှုကို ခံစားနေရသူတွေ တတိုင်းပြည်လုံးရှိနေကြပါတယ်။ စစ်ခွေးစနစ် စစ်ခွေးယန္တရား မုချကျဆုံးရပါမယ်။ မငယ်နိုင်ကိုလည်း ကိုယ်ချင်းစာ နားလည်အားပေးလျှက်ပါ။

သူငယ်ချင်းမငယ်

မငယ်အစ်ကိုကြီးလည်း ဒီလောက်တောင် ဖြစ်ခဲ့ရတာလား...။ လွမ်းစရာတွေနဲ့မို့ ပုထုဇဉ်ဆိုတော့ ဝမ်းနည်းမိတာပေါ့..။

လူဖြစ်ရတဲ့ ခဏတာလေးမှာ ရက်စက်တက်တဲ့ အတ္တကြီးတဲ့ အထူးသဖြင့် မတရားတဲ့နည်းနဲ့ အာဏာရယူပြီး အာဏာမက်မောတဲ့ သူတွေ အမြန်ဆုံး ကျဆုံးပါစေလို့ ဆုတောင်းတယ်...ကျဆုံးအောင်လည်း တက်နိုင်တာတွေနဲ့ လုပ်ကြတာပေါ့..။

စိန်ဗေဒါ

ဟိုး တောင်ပေါ် နှင်းငွေ့လည်းပါရဲ့ ဟိုး တောင်ခြေ ခိုးငွေ့လည်းပါရဲ့ ဟိုး အင်းအိုင် ပင်လယ်သမုဒ္ဒရာ ဂန္ဒာရမကျန်အောင် အဝေးကြီးဝေးပြီ အနီးကြီးနီးတဲ့ နလုံးသားရဲ့နယ်ပယ်ကလာ လေညာအရပ်ကအချစ် အဲဒီအပိုဒ်ကိုပဲ ကိုကြီးအသံကိုကြားယောင်တယ် ဆိုင်းဆိုင်မောရဲ့ သီချင်းတချို့ကိုလည်း ကိုကြီးဆိုပြမှကြားဖူးခဲ့တာလေ နင့်စာကတော့ဖတ်လို့ကောင်းပါတယ် ခေါင်းစဉ်ကနည်းနည်း ကြမ်းသလားလို့

ကျွန်မရဲ့ တကယ့် ဘ၀ဖြတ်သန်းမှုတွေကို ရင်ထဲက ခံစားမှုတွေ ပေါင်းပြီးပွင့်အန်ကျလာတဲ့ စာတွေကို ဖတ်ပြီး အားပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ကတော့ ကျွန်မဘ၀မှာ ဒီစစ်ခွေးကြီးစိုးတဲ့ စနစ်ကြောင့် မိဘ၊ ညီအစ်မကို မောင်နှမတွေနဲ့ သေကွဲကွဲရတာနဲ့ ရှင်ကွဲကွဲရတာနဲ့ ခံစားရတဲ့ ဝေဒနာက ရင်နဲ့ မဆံ့လောက်အောင်ကို ကြီးမားတဲ့အကြောင်းကို ရေးဖွဲ့ထားတာသာ ဖြစ်ပါတယ်။ ဒါကို မျှဝေခံစား အားပေးကြတဲ့ မနန်းဦး၊ ကိုပြည်သူ၊ သူငယ်ချင်း မဗေဒါတို့ကို ကျေးဇူးတင်ပါတယ်။

ငမူး - မိမိက ဘယ်သူရယ်လို့ မရည်ရွယ်ပေမဲ့ ကာရကံရှင်တွေက သူတို့ပါတာ သူတို့သိပါတယ်။

Htay Thanthwekyu -သီချင်း ပထမပိုဒ် တပိုဒ်လုံး ဖြည့်လိုက်မယ်။ ဟိုး .. တောင်ခြေ ခိုးငွေ့လည်းပါရဲ့ မဟုတ်ဘူး ဖုန်းငွေ့လည်း ပါရဲ့ပါ ဒါကိုဆိုတဲ့ ကိုကြီးအသံကို နားထဲမှာ အတိုင်းသားကို ကြားယောင်နေတယ်။ ဖုန်းဆိုးမြေရဲ့ အငွေ့အသက်တွေကို ဆိုလိုတာ ဖြစ်မယ်။ အဲဒီသီချင်း အပါအ၀င် စိုင်းထီးဆိုင် သီချင်းတွေကတော့ ၈၈ က ပေါ်နေပြီ။ တို့ရွာမှာပဲ သိပ်မဆိုကြသေးတာပါ။ ခွန်သန်းထွန်း သီချင်းတွေပဲ ကိုကြီးဆိုမှ ကြားဖူးတယ်။ ဗုံ..မောင်းတီးလို့ သီချင်းဆိုကြ ဒို့များရိုရာ ဒို့ရိုးရာ ဆိုတာ ပါတဲ့ သီချင်း တပုဒ်ကျန်သေးတယ် ကိုကြီးဆိုမှ ကြားဖူးတာ။ ခေါင်းစဉ်ကလား မကြမ်းဘူး လိုတောင်လိုနေသေးတယ်။ မိသားစုပေါင်း များစွာကို သေကွဲရှင်ကွဲ တစစီ ဖြစ်စေတဲ့ စနစ်၊ မောင်နှမအချင်းချင်း ရန်သူဖြစ်စေတဲ့ စနစ်ကို ရည်ညွန်းဖို့ ဒီထက်ကြမ်းတဲ့ စကားလုံး ရရင် သုံးချင်သေးတယ်။

အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ စနစ်ဆိုးကြီးရှိနေသရွေ့ တော့ တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ကွဲနေ၊ ခွဲနေကြရအုံးမှာပါ။ တော်တော်စိတ်မကောင်းဖြစ်ရပါတယ် အမရယ်။ အခုလည်း ရွှေပြည်တော် မျှော်တိုင်းဝေးလေ ပါဘဲ။

ညို

မငယ်နိုင်ကို ထပ်တလဲလဲ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုစော်ကားနေသော ရုရှားက ပညာတော်သင် စစ်ဗိုလ် တုတ်ကြီး ဆဲသမျှ ပြန်၍ မခံရပါစေနှင့်။ တုတ်ကြီး ဆဲသမျှ တုတ်ကြီး၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမများကို ပြန်၍ ဝဋ်မလည်ပါစေနှင့်။ တုတ်ကြီးသည်လည်း အန္တရာယ်ကင်း ဘေးရှင်းပါစေ။ ကားမတိုက်ပါစေနှင့်။ မြွေမကိုက်ပါစေနှင့်။

အုတ်ကြားမြက်ပေါက် ကလေကချေများ၏ စကား အသုံးအနှုန်းကို သုံးကာ စဉ်ဆက်မပြတ် ဆဲဆိုနေသော ရုရှားက ပညာတော်သင် စစ်ဗိုလ် တုတ်ကြီး ဆဲသမျှ ပြန်၍ မခံရပါစေနှင့်။ စစ်ဗိုလ် တုတ်ကြီး၏ ဆဲဆိုသော စကားလုံးများသည် တုတ်ကြီး၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမများကို ပြန်၍ ဝဋ်မလည်ပါစေနှင့်။

ရုရှားက ပညာတော်သင် စစ်ဗိုလ် တုတ်ကြီး ဆဲဆိုစေရန် စေခိုင်းသော အာဏာရှင်ဘက်သားများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အားပေးသော ရုရှားက စစ်ဗိုလ်များ၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမများကို ပြန်၍ ဝဋ်မလည်ပါစေနှင့်။

စစ်ဗိုလ် တုတ်ကြီးက ရက်ရှည်လများ နှမချင်း မစာမနာ ဆဲဆိုလာသည်ကို "မည်သူမျှ အကျိုးမရှိသော ဆဲဆိုခြင်းကို မလုပ်သင့်ကြောင်း" တတန်းတည်းသား စစ်ဗိုလ်သူငယ်ချင်း အချင်းချင်း ကျိုးကြောင်းပြ ဖြောင်းဖြကာ တားဆီးနိုင်ပါလျက် မတားဆီးပဲ ကြိတ်ပြီး ဝမ်းသာနေသော ရုရှားက စစ်ဗိုလ်များ၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမများကို ပြန်ဝဋ်မလည်ပါစေနှင့်။

စစ်ဗိုလ် တုတ်ကြီးက စဉ်ဆက်မပြတ် မောင်နှင့်နှမ၊ သားနှင့်အမိ မကြားဝံ့ မနာသာ ဆဲဆိုလာသည်ကို တုတ်ကြီးထက် တဆင့်မြင့်နှင့် အထက် စစ်ဗိုလ်များက တပ်တွင်း ထက်အောက် အမိန့်နာခံမှု အရ လွယ်လင့်တကူ ဟန့်တားနိုင်ပါလျက် မဟန့်တားပဲ မသိချင်ယောင်ဆောင်ကာ သွယ်ဝိုက်ပြီး အားပေးနေသော ရုရှားကစစ်ဗိုလ်များနှင့် ပြောင်ပြောင်တင်းတင်း မြှောက်ပေးနေသော ရုရှားကစစ်ဗိုလ်များ၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမများကို ပြန်ဝဋ်မလည်ပါစေနှင့်။

မိသားစုဝင်တစ်ဦး၏ အသက်နှင့် ရင်းပြီး သိလာရသော အာဏာရှင်ဘက်သားများ၏ ရက်စက်ဆိုးယုတ်မှု၊ မတရား အနိုင်ကျင့်မှု၊ ဥပဒေမဲ့ နှိပ်စက်သတ်ဖြတ်မှု နှင့် အဖိနှိပ်ခံ ပြည်သူ့ ဘဝမှန်များကို အမှန်အတိုင်း တင်ပြနေသော မငယ်နိုင်ကို ခွေးနှင့် ရှုးတိုက်သလို စစ်ဗိုလ် တုတ်ကြီးကို ငွေနှင့် အခွင့်အရေး ပေးပြီး ဆဲခိုင်းသော အထက်လူကြီးများ၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမ၊ သမီး၊ တူမ၊ မြေးမများကို ပြန်၍ ဝဋ်မလည်ပါစေနှင့်။

ပြည်သူ့ ဘက်သားများက အာဏာရှင်၏ မတရားမှုများကို အရှိကို အရှိအတိုင်း ပြောဆိုဆွေးနွေးချက်များကို ဆတ်ဆတ်ထိမခံ ဆရာကြီးလေသံဖြင့် လူတတ်ကြီး လုပ်ကာ တက်တက်စင် လွဲမှားနေသော နိုင်ငံရေးအသိအမြင်၊ နည်းနည်းလေးမှ သုံးမရသော အတွေးအခေါ် နှင့် လုံးဝ သဘာဝမကျသော အူကြောင်ကြောင် ငြင်းချက်များဖြင့် အာဏာရှင်ဖက်မှ မိုးကြိုးပစ်ရာ ထန်းလက်နှင့်ကာသည့်နှယ် လိမ်ညာ ကာကွယ်ပေးသော်လည်း စစ်ဗိုလ် တုတ်ကြီးက မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာ၍ အရပ်ရပ်နေပြည်တော် ကြားလို့မှ မတော် ဖြစ်နေသည်ကို တခွန်းတပါဒမျှ မပြောဆို မကန့်ကွက်ပဲ ရေငုံ နှုတ်ပိတ်ခြင်းဖြင့် သွယ်ဝိုက် ထောက်ခံနေသော စစ်ဗိုလ် Slip ၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမများကို ဝဋ်မလည်ပါစေနှင့်။

ရုရှားက ပညာတော်သင် စစ်ဗိုလ် တုတ်ကြီး၏ ဆဲဆိုသော စကားလုံးများသည် ပြည်သူ့ ဘက်သားများကို ရန်သူသဖွယ် သဘောထားကာ နည်းအမျိုးမျိုးဖြင့် နှောင့်ယှက် တိုက်ခိုက်နေသော အာဏာရှင်ဘက်သားများ၏ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမများကို ဝဋ်မလည်ပါစေနှင့်။

မောင်မေတ္တာ

ဆုတံဆိပ်ရသော သြစတြေးလျ ကြည်းတပ်ဖွဲ့ဝင် ခွေး
Tuesday, 19 April 2011 19:00 | Print E-mail

တော်ဝင်တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေးအဖွဲ့၏ ခရမ်းရောင် ကြက်ခြေခတ် တံဆိပ် ချီးမြှင့်ခြင်း ခံရသော ခွေးမလေး စာဘီ (ညာ အောက်ဘက် ထောင့်မှ တံဆိပ်နှစ်ခုမှာ စစ်ဆင်ရေးတွင် ပါဝင်သဖြင့်ရသော ဆုတံဆိပ်နှစ်ခု ဖြစ်သည်။)

သြစတြေးလျကြည်းတပ်တွင် အမှုထမ်းနေသော ပေါက်ကွဲစေသော ပစ္စည်းများအား အနံ့ခံသော ခွေးကလေး စာဘီ (Sarbi) သည် အာဖဂန်နစ္စတန် စစ်မြေပြင်မှ တစ်နှစ်ကျော် ပျောက်ဆုံးသွားရာမှ ပြန်လည်ရောက်ရှိပြီး တော်ဝင်တိရစ္ဆာန်ညှဉ်းပန်းမှု ကာကွယ်ရေး အဖွဲ့ကြီး (Royal Society for the Prevention of Cruelty to Animals (RSPCA)) ၏ အမြင့်ဆုံးရဲစွမ်းသတ္တိရှိသော တိရစ္ဆာန် ခရမ်းရောင်ကြက်ခြေခတ် တံဆိပ်(Purple Cross) ချီးမြှင့်ခြင်းခံရသည်။

သြစတြေးလျနိုင်ငံ ကင်ဘာရာ (Canberra) မြို့ရှိ သြစတြေးလျစစ် အထိမ်းအမှတ် ဗိမာန် (Australian War Memorial) တွင် ကျင်းပသော အခမ်းအနားအတွင်း ၁၀ နှစ်အရွယ်ရှိ Labrador ခွေးမျိုးနှင့် Newfounland ခွေးမျိုးစပ်ထားသော ခွေးမလေး စာဘီ (Sarbi) အား ခရမ်းရောင်ကြက်ခြေခတ် တံဆိပ် (Purple Cross) ချီးမြှင့်လိုက်သည်။

သူမသည် လူသားများအကျိုးအား ပြောင်မြောက်စွာသယ်ပိုးသော တိရစ္ဆာန် အဖြစ် ခရမ်းရောင် ကြက်ခြေခတ် တံဆိပ် (Pupple Cross) ချီးမြှင့်ခြင်း ခံရသော ကိုးကောင်မြောက် တိရစ္ဆာန်ဖြစ်သည်။ စစ်အတွင်း စွမ်းဆောင်ချက်အနေနှင့်မူ သူမသည် ဒုတိယမြောက် ဖြစ်သည်။ ပထမ ကမ္ဘာစစ်တွင် ရဲစွမ်းသတ္တိနှင့် စွမ်းဆောင်နိုင်ခဲ့သောကြောင့် မာဖီ (Murphy) အမည်ရှိ လားတစ်ကောင်သည်လည်း ၎င်းဆုတံဆိပ် ချီးမြှင့်ခံရသည်။

စာဘီ (Sarbi) သည် ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်း သြစတြေးလျနှင့် အာဖဂန် စစ်သားများ ပါဝင်သော တပ်ဖွဲ့ အိုရုစဂန် (Oruzgan) စီရင်စုနယ်တွင် ကင်းလှည့်စဉ် ပါဝင်ခဲ့သည်။ သူမတို့အဖွဲ့အား အာဖဂန်သူပုန်များက တိုက်ခိုက်သောအခါတွင် သြစ တြေးလျ တပ်ဖွဲ့ဝင် ကိုးယောက်ဒဏ်ရာရ၍ ခွေးမလေး စာဘီ (Sarbi) မှာလည်း ပျောက် ဆုံး သွားခဲ့သည်။ သူမအား တပ်ဖွဲ့ဝင်များက ရှာဖွေသော်လည်း မတွေ့ရတော့ သောအခါ “တိုက်ပွဲတွင် ပျောက်ဆုံးနေကြောင်း” (Missing in Action – MIA) သတ်မှတ်လိုက် ရသည်။

သူမပျောက်ဆုံးပြီး ၁၃ လ အကြာတွင် အိုရုစဂန် (Oruzgan) စီရင်စုနယ်၏ ခေါင်သော အပိုင်း တွင် အမေရိကန်ကြည်းတပ်၏ အထူးတပ်မှ စစ်သားတစ်ယောက်သည် ဒေသခံ လူများနှင့် အတူ Labrador ခွေးအမဲတစ်ကောင်အား တွေ့လိုက်ရာ လွန်ခဲ့သော တစ်နှစ် အကြာတွင် သြစတြေးလျမှ အနံ့ခံခွေးတစ်ကောင် ပျောက်ဆုံးကြောင်း ပြန်၍သတိရတော့ သည်။ အမေရိကန်တို့သည် စာဘီ (Sarbi)အား တာရင်း ကောက် (Tarin Kowt) ရှိ သြစတြေးလျ စခန်းသို့ ပြန်ပို့ပေးလိုက်သည်။

သူမ၏ မိုက်ကရိုချစ် (Microchip) အား စစ်ဆေးရာ (Scan) တွင် စာဘီ (Sarbi) ဖြစ် ကြောင်း သေချာသွားသည်။ တပ်ကြပ်ကြီး “ဒီ” (Sergeant D)ဟုသာ သိရသော သူမ ၏ သခင်သည်လည်း ၎င်းသတင်းအား သိရသောအခါ ဝမ်းသာသွားသည်။ သူမအား ဒူဘိုင်း (Dubai) တွင် လအတန်ကြာ သီးခြားထား (Quarantine) ပြီးနောက် ရောဂါမရှိသဖြင့် သြစတြေးလျသို့ ပြန်ပြီး တပ်ကြပ်ကြီး “ဒီ” (Sergeant D) နှင့် ပြန်လည်တွေ့ဆုံ ကြရသည်။

ခွေးမလေး စာဘီအား လည်တွင် ခရမ်းရောင်ကြက်ခြေခတ် ဆုတံဆိပ် ဆွဲလျက်တွေ့ရပုံ

သြစတြေးလျနိုင်ငံ၏ ကြည်းတပ်စစ်ဦးစီးမှူး (Chief of The Army) ဒုတိယ ဗိုလ်ချုပ်ကြီး ကဲန် ဂေးလက်စပီ (Lieutenant General Ken Gillespie) တက်ရောက်သော အခမ်းအနား တွင် သြစတြေးလျနိုင်ငံဆိုင်ရာ RSPCA အမျိုးသမီး ဥက္ကဋ္ဌ လင်း ဘရက်ရှော (Lynne Bradshaw) က ခွေးမလေး စာဘီ (Sarbi) အား ခရမ်းရောင်ကြက်ခြေခတ် တံဆိပ် (Purple Cross) ကို ချီးမြှင့်ပေးသည်။

ခွေးမလေး စာဘီအား တပ်ကြပ် အက်ဒမ် အိတ်စဲလ်ဘီ (Corporal Adam Exelby) နှင့်အတူတွေ့ရစဉ်။

၎င်းဆုတံဆိပ်နှင့် အမည်တူယိုးမှား ခရမ်းရောင်နှလုံးသား ဆုတံဆိပ် (Purple Heart) မှာ ရန်သူလက်ချက်ဖြင့် ဒဏ်ရာရသူနှင့် ကျဆုံးသူတပ်ဖွဲ့ဝင်များအား ချီးမြှင့်သော အမေရိကန် ပြည်ထောင်စု၏ ဆုတံဆိပ်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ခရမ်းရောင်နှလုံးသား ဆုတံဆိပ် (Purple Heart)

တော်ဝင်တိရစ္ဆာန်ညှဉ်းပန်းမှု ကာကွယ်ရေးအဖွဲ့ကြီး၏ ရဲစွမ်းသတ္တိရှိသော တိရစ္ဆာန် ခရမ်းရောင်ကြက်ခြေ တံဆိပ်(Purple Cross)

Ref: Internet

Bomb-sniffing dog's award a cross to bear (The Sydney Morning Tribune)
Brave army dog Sarbi wins Purple Cross (Yahoo, The West Austalia)
Australian sniffer dog given Purple Cross bravery award (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)

ဘာတွေများဗဟုသုတရမလဲဝင်ဖတ်တာဗျာ ...ဘာမှလဲဗဟုသုတမရဘူး....ဗဟုသုတရမဲ့ဟာလေးရေးပါဗျို့ 
ပုံ /အတိုက်အခံတို့ ရဲ့ ဘိုးတော် ဖိုးကျော်

ပြည်သူ့ရန်သူ ရုရှရောက်စစ်ဗိုလ်များ


မင်းကိုနိုင်တို့ အင်တာနက်သုံးတာတွေ ထိုးဖေါက် ခိုးယူပြီး ထောင်ဒဏ် ၆၅-နှစ်ချခံရတာ ရုရှားပြန်တွေရဲ့ လက်ချက်ပါ။ အခုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း အီးမေးလ်ကို ဖောက်ပြီး သိက္ခာချတာ အောက်တန်းကျတဲ့လုပ်ရပ်ပါ။

မင်းတို့က ပညာရှင်တွေပါမောင်။ ကွန်ပျူတာပညာရှင်တွေပါ။ ခက်တော့အခက်သား မင်းတို့က သူများကွန်ပျူတာကို ခိုးဝင်ပြီး အဖျက်လုပ်ဖို့ အဓိကထား သင်ကြားထားရတဲ့ ပညာ။

မင်းတို့ ရုရှရောက်စစ်ဗိုလ်တွေက လောကကြိး အကျိုးပြုဖို့ သင်ထားရတာ မဟုတ်တော့လည်း ပြောရတာ ဂွကျပါတယ်မောင်။

မင်းတို့ အဲဒီလို အဖျက် လုပ်ငန်းတွေ (အကုသိုလ်အလုပ်တွေ) သွားသင်တဲ့ အစီအစဉ်က ယုတ်မာအောက်တန်းကျတဲ့ အလုပ်အတွက်။

ရုရှရောက်စစ်ဗိုလ်တွေဟာ သူတပါးကို ဒုက္ခကြိးငယ်ရောက်အောင် လုပ်ရမှ သူတို့ ဘ၀တိုးတက်မှာ ရာထူးတက်မှာဆိုတော့ ဘယ်သူသေသေ ထောင်ကျကျ အသတ်ခံရခံရ အညှင်းဆဲ ခံရခံရ သူတို့ တိုးတက်ရေး တဘို့ထဲကြည့်တဲ့ လူစားတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက သူတပါးကို ချနင်းပြီးမှ စားနေတာပါ။ စစ်ဗိုလ်တွေဟာ "သူတို့ ကို သန်းရွှေက ခန့်ထားလို့ ကျေးဇူးရှင်က သန်းရွှေ။ ပြည်သူလူထု မဟုတ်ဘူး" လို့ခံယူတော့ သူတို့ဟာ တိုင်းပြည်ကို ကြည့်သူတွေမဟုတ်ဘူး။

ရုရှရောက်စစ်ဗိုလ်တွေဟာ တိုင်းပြည်နဲ့ သန်းရွှေ ယှဉ်လာရင် သန်းရွှေ အတွက် လူဘယ်လောက်သတ်ရသတ်ဆိုတဲ့လူတွေပါ။ သူခိုးသန်းရွှေကို သစ္စာထား ပြီး တိုင်းပြည်အရေးကို မျက်စေ့ဖွင့်ကြည့်သူတွေကို ရန်သူလို့ သတ်မှတ်သူတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက ကျနော်တို့လို ပြည်သူတွေကို ရန်သူလို့ သတ်မှတ်လို့ ကျနော်ကလည်း ရုရှကစစ်ဗိုလ်တွေကို ပြည်သူ့ရန်သူလို့ဘဲမြင်တာ ကျနော့်အလွန်မဟုတ်ပါဘူး။


ဒေါက်တာလှိုင်မြင့်


http://www.demowaiyan.co.cc/2011/05/blog-post_9999.html



ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်အမည်ခံ စစ်ခွေးကြီးတွေနဲ့ စစ်ခွေးကြီးတွေရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်


ဟောကိန်း
============

Zaw Myint Aye
၂၀၁၅၊ ဩဂုတ် ၃၁


မာမီဂျိမ်း လဲ.. စထွက်လာတုန်းကတော့..
တကဲ့ကို ခံယူချက်ရှိတဲ့...
တိုင်းပြည်ချစ်တဲ့သူလိုလို...
လူမျိုးခြား လွှမ်းမိုးတာ မခံချင်သူလိုလို...
ဘာလိုလိုပေါ့...


ဝီ၀ီ လဲ စထွက်လာတုန်းကတော့..
ဘာသာတရားရဲ့..
သူရဲကောင်းတစ်ယောက်လိုပါပဲ.....


နေမျိုးဝေ လဲ စထွက်လာတုန်းကတော့..
နင်းပြားတွေအတွက်.. သူရဲကောင်းတစ်ယောက်လိုပေါ့..
လယ်သမားတွေ... သူ့ကို အရမ်းချစ်ခဲ့တာပေါ့.....


ရဲမိုး လဲ စထွက်လာတုန်းကတော့..
စစ်သားစစ်စစ်တွေဘက်က လိုက်သလိုလို ဘာလိုလိုနဲ့....
ကကကြည်းကိုတောင် ပြန်ပြီး သမလိုက်သေးတယ်.....


ရဲထွဋ် လဲ.. စထွက်လာတုန်းကတော့..
တကယ်ကို ရိုးစင်းတဲ့ဘ၀ကို လိုလားသလိုလို.. အထာနဲ့..
လမ်းဘေးဝက်သားတုတ်ထိုးတောင်.. ထိုင်စားပြလိုက်သေးတယ်.....


အမြင့်ဆုံးကိုပြရင်..
ဦးသိန်းစိန် ကိုယ်တိုင်ကိုက.. စထွက်လာတုန်းကတော့..
တကဲ့ ဒီမိုကရေစီဖခင် ဖြစ်မလိုလို..
ပြုပြင်ပြောင်းလည်းရေးသမားလိုလို..
နိုဘယ်လ်ဆုပဲ ရမလိုလိုနဲ့..
သူရဲကောင်း တစ်ယောက်လိုပဲလေ.....

---------------

အဲဒီလိုပါပဲ...

စထွက်လာတဲ့အချိန်မှာ..

ဆင်းရဲပြီး ပညာရေးအားနည်းလို့
ဆင်ခြင်ဥာဏ်တွေ နိမ့်ပါးတဲ့..
ပြည်သူတွေအကြိုက်ကို လိုက်ပြီး
လုပ်ပြကိုင်ပြ... အမှတ်တွေယူပြီး..

နောက်ဆုံးမှာ...
ပင်ကိုယ်စိတ်ရင်း ရိုးသားမှု မရှိတာကြောင့်..
မျက်နှာဖုံးတွေ ကွာကျသွားပြီး..
အစွယ်တငေါငေါနဲ့ တွေ့လာရတဲ့
သူတွေရဲ့.. အနေအထားတွေဟာ....

ဒီ ငါးနှစ်အတွင်းမှာ...
ကျွန်တော်တို့ ရခဲ့တဲ့..
အကောင်းဆုံး..
အတွေ့အကြုံတစ်ခုပါ..

အခုလဲ....

ဒီလိုမျိုးတွေ ထပ်တွေ့လာဖို့..
အရိပ်အယောင်တွေ..
တွေ့လာရပါတယ်..

ထပ်ပြီး ဖြစ်လာဦးမယ်လို့..
ဟောကိန်းထုတ်လိုက်ပါတယ်...၊

အားလုံး လိမ္မာပါးနပ်ပြီး..
ကိုယ့်ဘက်က လူကျွံဘော...
မပေးမိကြဖို့ပါပဲ...


( Pa Yit )


ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်အမည်ခံ စစ်ခွေးကြီးတွေနဲ့ စစ်ခွေးကြီးတွေရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်



စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။


U Tin Maung Tun
၂၀၁၅၊ ဩဂုတ် ၂၉


ပြည်သူတွေ ဆင်းရဲတာ၊ ဒုက္ခရောက်တာ၊ အခွင့်အရေးမရတာ၊ လူ့အခွင့်အရေးဆုံးရှုံးနေတာတွေကို စစ်ဗိုလ်တွေက သိတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာတဲ့စိတ်ကို စစ်ဗိုလ်တွေက ပြည်သူတွေအပေါ် ဘယ်လိုမှ မွေးလို့မရလို့ပါ။

စစ်ထဲရောက်ကတည်းက စ သိလိုက်တာက တဆင့်မြင့်တဲ့သူက သူ့ရဲ့သခင်ဖြစ်လို့ သူက တဆင့်မြင့်တဲ့သူ ခိုင်းတာကို အကုန်လုပ်ပေးရတဲ့ ကျွန် ဆိုပြီးပဲ သိတယ်။

တဆင့်နိမ့်တဲ့သူ ဆိုရင်တော့ သူ့ရဲ့ကျွန်အဖြစ် မြင်တတ်ပြီး တဆင့်နိမ့်တဲ့သူက သူခိုင်းတာကို ဘာမှဆင်ခြေမပေးဘဲ အကုန်လုပ်ရမယ်၊ သူ့ကို ကျွန်ခံရမယ် ဆိုတဲ့ အသိပဲ ရှိကြတယ်။

ဒီတော့ စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားပြီး ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။

အဲဒီလို စစ်ဗိုလ်တွေက ပြည်သူတွေရဲ့ သခင်တွေ ဖြစ်နေတာဟာ စစ်တပ်ရဲ့ မူလရပိုင်ခွင့် ဂုဏ်လို့ပဲ စစ်ဗိုလ်တွေက ခံယူထားကြတယ်။


ဦးတင်မောင်ထွန်း


စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စစ်ဗိုလ်တွေရဲ့ စိတ်ထဲမှာ ဘာမှ မခံစားရဘူး



Thorn Nay Soe
၈-၉-၁၅


စစ်တပ်ကို ကြောက်တယ်။
အခု ဒီဖေ့ဘုတ်ပေါ်က
စစ်ဗိုလ်အများစုကို ကြည့်တာနဲ့ကို
ကြောက်စရာ တော်တော်ကောင်းနေပြီ။

စစ်ဗိုလ်အများစုဟာ
ဗလောင်းဗလဲ ပြောတယ်၊
အောက်တန်းကျကျ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်၊
မဟုတ်မတရား အပုပ်ချတတ်ကြတယ်။

ဒီလောက်
စိတ်ဓာတ် အောက်တန်းကျသူတွေ
အနာဂတ်မှာ အာဏာရသွားလို့တော့
မဖြစ်ဘူး။


ဒီတော့
စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကြံ့ဖွတ်ပါတီကိုတော့
ဝေရာမဏိ
ဝေးစွာ ရှောင်ကြဉ်ပါ၏။


သွန်းနေစိုး

စစ်ဗိုလ်အများစုဟာ စိတ်ဓာတ် တော်တော် အောက်တန်းကျလို့ အနာဂတ်မှာ အာဏာရသွားလို့ မဖြစ်ဘူး