မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပန်းပန်လျှက်ပဲ

ဒီနေ့ မမျှော်လင့်ဘဲ Hit conuter 200, 000 ပြည့်တဲ့နေ့မှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲနဲ့ အမှတ်တရပို့စ်လေးတခုကို တင်ဖို့ ရုတ်တရက် အကြံရလိုက်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ ကျွန်မ ဒီပို့စ်ကို တင်တဲ့အချိန်တုန်းက Hit Counter ၁၄၀,၀၀၀ ကျော်ပဲ ရှိသေးတယ်။ အခု ဧပြီလ ၅ ရက်နေ့မှာ ၂၁ ရက်အတွင်း Hit Counter 60, 000 ခန့် တရှိန်ထိုး တက်လာပါတယ်။ ဘလော့ဂ် တနှစ်ပြည့်အမှတ်တရ ပို့စ်ရေးတဲ့အချိန် ပြီးခဲ့တဲ့ July 12 ရက်တုန်းက အားလုံးမှ Hit Counter ရှစ်သောင်းပဲ ရှိခဲ့ပြီး အဲဒီနေ့ကနေပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့အထိ ခြောက်သောင်း စုစုပေါင်း တသိန်း လေးသောင်း ရှိရာကနေ ရုတ်တရက်ကြီး ၂၁ ရက် ကာလအတွင်း နောက်ထပ် ခြောက်သောင်း တရှိန်ထိုး တက်လာပြီး Hit Counter နှစ်သိန်း ပြည့်သွားတာဟာ တကယ်ကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် ဘလော့ဂ် သက်တမ်း ကာလတလျှောက်လုံးမှာ ဒီသုံးပတ်အတွင်း လူလာလည်မှု အထွတ်အထိပ်ကို အရောက်ဆုံး ဖြစ်တာကို တွေ့ရပါတယ်။ ကျွန်မဘလော့ဂ်ဟာ သတင်းဘလော့ဂ်မဟုတ် ၀ါဒဖြန့်ချီရေး ဘလော့ဂ် မဟုတ်ဘဲနဲ့ မိမိဘ၀ဖြတ်သန်းမှုနဲ့ မိသားစုအကြောင်း၊ လေ့လာမှတ်သားဖူးတဲ့ ဗဟုသုတလေးတွေကို မှတ်တမ်းထားတဲ့ နေရာသာဖြစ်ပေမဲ့ ၂၁ ရက်အတွင်း လူခြောက်သောင်း ၀င်တာဟာ တကယ်ကို ထူးခြားမှုတခုအဖြစ် မှတ်တမ်းတင်အပ်ပါတယ်။

တချိန်တည်းမှာပဲ ဒီသုံးပတ်အတွင်းမှာ ကျွန်မဟာ အတိုက်အခိုက်ခံရဆုံး အချိန် ဖြစ်နေတာလည်း အမှန်ပါပဲ။ ဒီတော့ ဗေဒင်လက္ခာတွေ သိပ်စိတ်မ၀င်စားတော့လို့ အခုကြီးလာတဲ့အချိန်မှာ သိပ်မကြည့်ဖြစ်ပေမဲ့ ဆယ်ကျော်သက်ကာလက ဗေဒင်လက္ခဏာ မကြာခဏ ကြည့်ဖြစ်တဲ့အချိန်တုန်းက အတိုက်အခံ သိပ်များမယ် အတိုက်အခံ မရှိဘဲနဲ့လည်း ကျွန်မဟာ တိုးတက်မှု သိပ်မရှိနိုင်ဘူး၊ အတိုက်အခံ များမှလည်း တိုးတက်မယ်ဆိုပြီး မကြာခဏ အဟောခံရတုန်းက အေးအေးဆေးဆေး နေတတ်တဲ့ ကျွန်မအနေနဲ့ စိတ်မ၀င်စားခဲ့ ယုံလည်း မယုံခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟောတာ အခုတော့ မှန်နေသလိုဖြစ်နေတယ်။ ဒီပို့စ်နဲ့အတူ အခုဒီ ၂၁ ရက်ကာလအတွင်းမှာရော အရင်ကပါ ဘလော့ဂ်ကို လာလည် အားပေးသူအပေါင်းကို အထူးပဲ ကျေးဇူး ဥပကာရတင်ကြောင်း ပြောပါရစေ။

ကျွန်မတို့ ဒီမိုကရေစီတိုက်ပွဲဝင်သူတွေကို ကိုယ်စားပြုနေတဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစုက ပန်းပန်လျှက်ပဲ ကဗျာ၊ ဒါကို သီချင်းပြန်လုပ်ပြီး ဆိုထားတဲ့ မူလအဆိုတော် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေးနဲ့ နောက်ထပ်ပြန်ဆိုသူ နီနီဝင်းရွှေရဲ့ အသံနဲ့ မျိုးသန္တာထွန်းတို့ရဲ့ အကကို ဆက်လက် ဖတ်ရှု၊ နားဆင် ကြည့်ရှုနိုင်ပါတယ်။ ကျွန်မ သိပ်ကို နှစ်ခြိုက်သဘောကျတဲ့ ကဗျာနဲ့ သီချင်းဖြစ်သလို ဆိုသူတွေရဲ့ အသံနဲ့ မြန်မာသံစဉ်အားလုံးကိုလည်း ကျွန်မ သိပ်ပြီးကြိုက်ပါတယ်။ ဒါဟာ ကျွန်မရဲ့ Hit Counter နှစ်သိန်းပြည့် အမှတ်တရပို့စ် ဖြစ်ပါတယ်။


ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာ ဆင်း။

ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊
ဘဲ ထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊
Link
ဗေဒါက တပင်ထဲ(တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။
(ဇော်ဂျီ-တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊၁၉၆၀)


ကဗျာကို ဒီနေရာက ကူးယူပါတယ်။


အဆို = ကြည်ကြည်ဌေး




အဆို=နီနီဝင်းရွှေ၊ အက= မျိုးသန္တာထွန်း(မြို့မစိန်ရတုပွဲ)


နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။

25 comments:

ဒီအသက်ဒီအရွယ် နဲ့ Hit တက်တာ ကို ကျေနပ် ပြီး ပိုစ့်တင်တဲ့လူကရှိသေးတယ်နော် ဒုက္ခ ဒုက္ခ

Human lifespan & Human psychology အရ အသက် ၁၈-၆၄နှစ် ကို လူကြီးလို့ခေါ်ပြီး လူကြီးအားလုံးမှာ Psycho-social, Cognitive function တွေ အတူတူပဲ။

သူငယ်ချင်းမငယ်ရေ..

မနေ့က ရောက်ခဲ့သေးတယ်.. ဟိုဟိုဒီဒီ လျောက်ဖတ်နေမိသေး..။

အခုလို အများကြီးတိုးလာအောင် လုပ်ဆောင်ပေးတဲ့ လူ ( )တွေကို ကျေးဇူးတင်သင့်သား... အဲလိုပဲဖြစ်တက်တယ် သူငယ်ချင်းရေ... ခုတ်ရာတခြား ရှရာတခြား..။

အော် မငယ်ရေ..စာရေးဆရာ တယောက်ပြောသလိုပဲ တီကောင်ကို ပျားအုံဖွဲ့ခိုင်းလို့မရဘူးတဲ့.. ကြက်ချည်တဲ့ကြိုးကို ဆင်ကိုသွားချည်လို့ ဘယ်ရမလဲ..။ ... အင်း တဆက်တည်းပြောချင်သေးတယ်.. သိက္ခာရှိတဲ့သူတယောက်အတွက် အောင်မြင်မူဆိုတာ အလိုလို ဖြစ်တည်ပြီးသား...။ ဘယ်လိုလူတွေကပဲ နှောင့်ယှက်ပစေ... နှောင့်ယှက်သူက အဲဒီအကုသိုလ်ကို အလိုလိုပြန်ရပြီးသား...ဒီလောက်ပါပဲနော်..။

အကြိုက်ချင်းလည်းတူသား.. ပန်းပန်လျှက်ပဲ ...။

ပန်းဗေဒါ

hit တွေ ၂၀၀၀၀၀ ထိတောင် တက်လာတာ ဂုဏ်ယူပါတယ် မငယ်နိုင်ရေ... ဘလော.ရေးတာကို အလုပ်ကြီးအကိုင်ကြီးတစ်ခုလို လုပ်နေသူတွေ၊ နေ.စဉ်လူဘယ်နှယောက်လာသွားလဲဆိုတာ စစ်နေသူတွေနဲ့ ဘယ်သူက ဘယ်နိုင်ငံကလာသွားတယ်ဆိုတာ လိုက်ကြည့်နေတတ်တဲ.လူတွေအတွက် ဒါမျိုးက အလွန်ကြည်နူးဖို.ကောင်းတဲ. ရလဒ်ပါ။

ပိုပြီးပြည်.စုံသွားအောင် တစ်ခြားရလဒ်တွေကိုလည်း ထည်.ရေးသင်.ပါတယ်။
တန်းပလိတ် ချိန်းလိုက်ရတဲ့အကြောင်းတို.၊
စီဘောက်စ်ကို မကြာခဏ လော.ချလိုက်ရတဲ.အကြောင်းတို.၊
ကွန်းမန်.ကို moderation လုပ်လိုက်ရတဲ့အကြောင်းတို.၊
စီဘောက်စ်ကို လူမြင်ကွင်းမှာ မထုတ်ရဲလို. တစ်ဆင်.ခံလိုက်ရတဲ.အကြောင်းတို.၊
စီဘောက်နဲ. ကွန်းမန်.တွေမှာ အကျိုးသင်.အကြောင်းသင်. ပိုစ်.တွေနဲ.ပတ်သက်ပြီးလာဆွေးနွေးသူတွေ မရှိတော.တဲ.အကြောင်းတို.၊
လာလည်နုတ်ဆက်သူတွေ မရှိသဘောက်နည်းသွားတဲ.အကြောင်းတို.၊
နာမည်မျိုးစုံကို စိတ်ထဲရှိသလိုရေးပြီး ပြောချင်ရာပြောထားတဲ.လူတွေနဲ.ပဲ စီဘောက်စ်က ပြည်.နေတဲ.အကြောင်းလေးတွေအပြင်
တခြား ဘယ်စီဘောက်စ်မှာမှ မငယ်နိုင်ကို မတွေ.ရတော.တဲ. အကြောင်းလေးတွေပါ ထည်.ရေးရင်တော. အပြည်.စုံဆုံးပါပဲ

ဒါနဲ. ပိုစ်.ဖတ်ပြီး ကွန်းမန့်ပေးတာဆိုလို. လူရင်းတွေထဲမှာ မဗေဒါ သူစိမ်းတွေထဲမှာ ကျွန်နော်တစ်ယောက်ပဲရှိတော့တယ်နော်... ကျွန်တော်တို့နှစ်ယောက်ကိုတော့ ဂုဏ်ပြုသင့်တယ်...ဟဲဟဲ

ဟုတ်ပါတယ် တနှစ်လုံးလုံးမှ ရှစ်သောင်းပဲ လာတဲ့ ကိုယ့်ဘ၀ဖြတ်သန်းမှု အကြောင်းရေးတဲ့ ပါစင်နယ်လ် ဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်လိုလို သိပ်ကိုအရေးပါအရာရောက်တဲ့ ဘလော့ဂ်လိုလို လုပ်ပေးလိုက်တော့ ၂၁ ရက်အတွင်း ခြောက်သောင်းတောင် လာသွားအောင် လုပ်ပေးသူတွေကို ကျေးဇူးတင်သင့်ပါတယ်။ ရေးတာကတော့ ကိုယ့်ဘ၀ဖြတ်သန်းမှုလေးကို တနေ့တချိန် သားလေး ပြန်ဖတ်လို့ရအောင်ဆိုပြီး ရည်ရွယ် ရေးထားပေမဲ့ ကိုယ့်ဘလော့ဂ်က ဒီလောက်အရေးပါအရာရောက်နေမှန်း သူတို့လုပ်လိုက်မှပဲ သိတော့တယ်။ လူတွေလာဖတ်ပြီး အဖြစ်မှန်ကို သိဖို့ကအဓိကဖြစ်ပါတယ်။ ပဋိသန္ဓာရစကားတွေကတော့ အရေးမကြီးဘူး။ ကိုယ်တိုင်လည်း သူများဆီသွားလည်ဖို့ အချိန်မရ တခါတလေ သွားလည်ဖြစ်တော့လည်း အချိန်မရတာနဲ့ တိတ်တိတ်လေး နှုတ်မဆက်ဘဲ ပြန်လာရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီဘလော့ဂ်မှာ ခွေးထက်ယုတ်တဲ့ သတ္တ၀ါတွေ ၀င်သောင်းကျန်းနေမှတော့ သူတို့လည်း အယုတ္တအနတ္တကျည်ဆံတွေ သူတို့ဆီ မရောက်အောင် ကျည်ကွယ်မျက်ကွယ် ရှောင်ကြတာ မဆန်းပါဘူး။ ဒါမေပဲ့ အဓိက လူများများ လာဖတ်ဖို့ပဲ အရေးကြီးပါတယ်။ ဖတ်သွားတယ်ဆိုကတည်းက တချို့တွေ အသိစိတ်က လက်မခံရင်တောင်မှ မသိစိတ်ထဲမှာ ပေးတဲ့ Message တွေ ကိန်းအောင်းပြီးဖြစ်တဲ့အတွက် လာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

အောင်ခြင်း ၈ ပါး ကြောင့်ဖြစ်မယ်နော်...ပို့စ် အသစ်တင်တိုင်းဖတ်ဖြစ်ပါတယ်....အားပေးလျက်

hit တွေတက်တယ်ဆိုတာ အရင်ကထက်စာရင် နည်းပါသေးတယ်။ အမှန်ဆိုရင် ၃ ဆ တက်ရမှာ.. ဘာကြောင့်လဲဆိုတော. hit counter တွေက ငယ်နိုင် ဘလော. ၃ ခု လုံးမှာ ဒါတွေပဲတင်ထားတာလေ.. ဒီဘလော.ကို ၀င်နေတာတွေချည်းပဲလို. ပြောလို.မရဘူး။ ဟိုဘလော.နှစ်ခုကို ၀င်သမျှလည်း ဒီ counter တွေ မှာ တက်တာပဲ။ စွတ်ပြီးကျေနပ်မနေနဲ.အုံး..။

ပိုစ်.ဖတ်ပြီး သိသွားရအောင် ဒီရက်ပိုင်းတင်တဲ့ပိုစ့်တွေက သိပ်ကောင်းပြီး လူတိုင်းအတွက် မှတ်လောက်သားလောက်တွေ ဖြစ်နေတာကိုး... သေချာလည်း စဉ်းစားပါအုံး.. ဘာလို့အမှန်တရားကို လက်မခံနိုင်ရတာလဲ ဘွားတော်ရယ်.. လူထင်ကြီးအောင် ဘုရားသီချင်းတွေ တင်ထားပေမယ်. တရားမရှိသေးပါလား..။ တကယ်ကောင်းတဲ.ပိုစ်. ဆိုရင် ဘယ်သူမဆို တစ်ခုခုတော. ရေးချင်မှာပဲလေ..။

ပြီးတော. နောက်တစ်ခုက hit တွေ တက်လို. သူများလာတယ် မထင်နဲ.အုံး ကိုယ်တိုင် ၀င်တဲ.အကြိမ်အရေအတွက်က လည်း ဒီရက်ပိုင်း နည်းတာမှမဟုတ်တာ..။ ၀င်လိုက်ဖျက်လိုက်နဲ....။ ကွန်းမန်.တွေနဲ. စီဘောက်စ်က စာတွေ ကြည်.ရုံနဲ. သိနိုင်တာကတော. ဒီဘလော.ကို ဆဲ ချင်တဲ.လူတွေနဲ. အရေမရ အဖက်မရ ပြောချင်တဲ.သူတွေနဲ. မငယ်နိုင်ပဲ အကြိမ်ကြိမ်ဝင်နေတာပါ..။

အားပေးလျက်ပါပဲ အစ်မရေ. . .
ကိုယ့်အမြင် ကိုယ့်အတွေးတွေကို ဆက်လက် ဖြန့်ဝေ နိုင်ပါစေ။

အပေါ်မှာ တစ်ယောက် ကွန်မန့်ပေးထားတာ ဖတ်ပြီး ပုံပြင်လေးတခု သွားသတိရလို့ ပြုံးမိတယ်

တခါက အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်တွေ အခိုးခံရလို့ ခြံပိုင်ရှင်က သူကြီးကို တိုင်သတဲ့။

အဲဒါကိုကြားတဲ့ သူကြီးသားက သူ့အဖေသူကြီးကို ပြောတယ် အဖေရာ သူခိုး ခိုးသွားတာက ကြက်နှစ်ကောင်ထဲပါ ကာလသားဟင်းချက်ဖို့။ အခုသူပျောက်တာက ဘဲတွေရော၊ နွားတွေရော။ ကျန်တဲ့အကောင်တွေက သူခိုး ခိုးတာတော့ မဟုတ်ပါဘူး သူ့ဟာသူပျောက်တာနေမှာပါတဲ့ ..။

Anonymous နဲ့ ကိုဇော်တို့မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးဦးကို တရားဟောနေတဲ့ ပုံက ပို့စ်ထဲမှာလို အညွန်းထည့်ဖို့ နေရာမရှိတာနဲ့ မထည့်ဖြစ်ပေမဲ့ အဲဒီပုံကို ကိုဇော်ဘလော့ဂ်မှာ တွေ့လို့ အစ်မဘလော့ဂ်မှာ အရင်ထည့်ထားတဲ့ပုံနဲ့စာရင် ရှုခင်းလည်း ရှိတယ် နတ်တွေ တရားလာနာနေတဲ့ပုံလည်း ရှိတော့ ကိုဇော်ဘလော့ဂ်က ကူးလာပြီး အစားထိုးထားတဲ့ပုံ ဖြစ်တယ်။ ကျေးဇူးတင်ပါတယ်။
- Hanzaw မင်းတို့ ငါ့ဘလော့ဂ်ကို လိုက်တုပြီးနောက်ပိုင်း ငါ့ဘလော့ဂ်ကို လာလာများတယ်ဆိုတာ လက်ခံတယ်။ ဒါပေမဲ့ ဒါက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပြီး ဖြစ်လာတာ မဟုတ်တဲ့အတွက်ရော ဒီလို ယုတ်ညံ့တဲ့ အလုပ်အတွက် အားပေးအားမြှောက်ပြုပြီး ကျေးဇူးတော့ မတင်ပါရစေနဲ့။

အဖက်လုပ်ပြီး ပြန်ပြောချင်လို့တော့ မဟုတ်ဘူး မသိရင် လူတွေက မင်းပြောတာ အဟုတ်ထင်နေမှာစိုးလို့ ပြောပြမယ်။ မင်းတို့တုထားတဲ့ ဘလော့ကို ဘယ်သူလာလို့လဲလို့ ဘလော့ဂ်ဖွင့်ခါစက ငါသွားကြည့်တာ မင်းတို့ရုရှားကတွေချည်းပဲ ပြည့်နေတယ်။ ပြီးတော့ ဘယ် Link ကမှ တဆင့်လာတာ မရှိဘူး တိုက်ရိုက်လာတာပဲ များတယ်။ ငါက မင်းတို့ တုထားတဲ့ ဘလော့ဂ်တွေက live traffic ကို Bookmark ထဲမှာ ထည့်ထားပြီး အခု မင်းမှတ်ချက်ကို ဖတ်ရတဲ့အချိန်မှာ Live traffic သုံးခုကို ယှဉ်ကြည့်တာ မင်းတို့အတုတွေကို ၀င်ထားတာ တရက်ကြာမှတယောကြ် ၀င်တာနဲ့ လေးငါးနာရီကြာမှ တခါဝင်တာပဲ တွေ့ပြီး 4 days, 9 days နဲ့ စနေတယ်။ ၀င်တဲ့သူတွေကလည်း Direct တွေချည်းပဲ။ ငါ့ဘလော့ဂ်မှာ Direct ၀င်တာ သိပ်နည်းတယ်။ Link ထားတဲ့ Link တွေကနေပြီးပဲ ၀င်တာ မိနှစ်တွေပဲ ခြားပါတယ်။ နာရီနဲ့ချီပြီး ခြားတာ မရှိဘူး။ Direct တကူးတက၀င်တာလည်း မင်းတို့ ရုရှားကတွေပဲ များပါတယ်။ မင်းတို့က ငါ့ကောင်တာကို ယူထားလို့ ငါ့ဆီဝင်တဲ့သူပဲ မင်းတို့ဆီက ကောင်တာမှာ သွားပေါ်ပါတယ်။ မင်းတို့ Traffic live ကိုဝင်တာ ငါ့ကောင်တာမှာ ပေါ်စရာအကြောင်း မရှိဘူး။

ငါ့ဘလော့ဂ်မှာ အရင်က ၈ လကြာမှ လူ ခြောက်သောင်း ၀င်နေရာကနေ အခုတော့ သုံးပတ်တည်းနဲ့ လူခြောက်သောင်း ၀င်တာ တွေ့လို့ ဒီလောက်လည်း မနာလိုဖြစ်စရာမလိုပါဘူး။ မင်းပြောတဲ့အတိုင်း မင်းတို့ဆီဝင်တဲ့လူတွေပါ ပါတယ်ထင်ရင် မင်းတို့တုထားတာတွေကို ဖျက်လိုက်ပါ။ စိတ်သက်သာရာ ရသွားလိမ့်မယ်။ မှတ်ချက်ကတော့ သူရေးချင်တဲ့သူမှ ရေးမှာပေါ့။ မှတ်ချက်ရေးဖို့ထက် စာလာဖတ်ပြီး ငါပေးတဲ့ Message ကို စာဖတ်သူရသွားဖို့က ပိုအရေးကြီးတယ်။ မင်းတို့လိုက်နှောင့်ယှက်နေတာလည်း ဒီအတွက်ပဲ မဟုတ်လား။ အားလုံးထဲမှာ လူအလာများဆုံးပို့စ်ဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် စကားပြောတဲ့ပို့စ်ကိုကြည့်ပါ။ မှတ်ချက် ဘယ်နှစ်ခုရှိလို့လဲ။ အဲဒါ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဘ၀နှစ်ခုကို နှိုင်းယှဉ်ပြသထားတဲ့ ငါ့ Message ကို တကယ်တိုင်းပြည်ကို ချစ်တဲ့တပ်မတော်သားတွေမှာ ကောင်းကောင်း သံဝေဂရသွားမှာ ဖြစ်တဲ့အတွက် မှတ်ချက်တခုမှ မရေးလည်း အကြောင်းမဟုတ်ဘူး။

This comment has been removed by a blog administrator.

ဒီမိုဘက်တော်သား ဘလော့၈ါကြီးကတော့လုပ်ပြီ မဖြေရှင်းနိုင်တာနဲ့ ဒလိတော့တာပဲ ဆဲတာလဲ မဟုတ်၊ ထိခိုက်တာလဲမဟုတ်ပဲ ဘာလို့ ကျွန်တော့ကွန်းမန့်ကို ဖျက်ရတာလဲ

မင်းမှတ်ချက်မှာ ဆဲထားတဲ့အသုံးအနှုန်း၊ Sexual conductive words တွေ မပါပေမဲ့ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားထားလို့ ခေါင်းထဲမှာ မထည့်ချင်လို့ ဖျက်လိုက်ပါတယ်။ ငါ့ဆီမှာ မှတ်ချက်ရေးရင် ဘယ်လိုပုံစံရေးရမယ်ဆိုတာ အပေါ်မှာ အသေချာ ပြန်ဖတ်ကြည့်ပါ။ မင်းတို့ဖါသာမင်းတို့ စည်းမရှိကမ်းမရှိ ပြောချင်ရာပြော လာစွပ်စွဲချင်ရာ စွပ်စွဲနေတာကို ငါက တလေးတစားနဲ့ အလုပ်တခုလို အဖက်လုပ်ပြီး ပြန် ဖြေရှင်းပေးနေဖို့ ငါ့မှာအချိန်မရှိပါဘူး။ သူများအိမ်ကို လာရင်သူများစည်းကမ်းကို လိုက်နာရတယ်ဆိုတဲ့ အသိလောက်တော့ စာမတတ်သူတောင် သိကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုရင် ပေးသူပေးတာကို အပေးခံရသူ လက်မခံရင် ပေးသူဆီ ပြန်ရောက်တယ်လို့ ဘုရားဟောထားတဲ့ အချက်ကို ကောင်းကောင်း လက်ခံနိုင်ရလိမ့်မယ်။ အခုမင်းစော်ကားမော်ကား လာပေးတဲ့ မှတ်ချက်ကို ငါကလက်မခံလို့ ဖျက်လိုက်တယ်ဆိုတော့ မင်းဆီပြန်ရောက်သွားပြီလို့ သဘောထားပါ။

ပြည်သူ့ရန်သူ ရုရှရောက်စစ်ဗိုလ်များ


မင်းကိုနိုင်တို့ အင်တာနက်သုံးတာတွေ ထိုးဖေါက် ခိုးယူပြီး ထောင်ဒဏ် ၆၅-နှစ်ချခံရတာ ရုရှားပြန်တွေရဲ့ လက်ချက်ပါ။ အခုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း အီးမေးလ်ကို ဖောက်ပြီး သိက္ခာချတာ အောက်တန်းကျတဲ့လုပ်ရပ်ပါ။

မင်းတို့က ပညာရှင်တွေပါမောင်။ ကွန်ပျူတာပညာရှင်တွေပါ။ ခက်တော့အခက်သား မင်းတို့က သူများကွန်ပျူတာကို ခိုးဝင်ပြီး အဖျက်လုပ်ဖို့ အဓိကထား သင်ကြားထားရတဲ့ ပညာ။

မင်းတို့ ရုရှရောက်စစ်ဗိုလ်တွေက လောကကြိး အကျိုးပြုဖို့ သင်ထားရတာ မဟုတ်တော့လည်း ပြောရတာ ဂွကျပါတယ်မောင်။

မင်းတို့ အဲဒီလို အဖျက် လုပ်ငန်းတွေ (အကုသိုလ်အလုပ်တွေ) သွားသင်တဲ့ အစီအစဉ်က ယုတ်မာအောက်တန်းကျတဲ့ အလုပ်အတွက်။

ရုရှရောက်စစ်ဗိုလ်တွေဟာ သူတပါးကို ဒုက္ခကြိးငယ်ရောက်အောင် လုပ်ရမှ သူတို့ ဘ၀တိုးတက်မှာ ရာထူးတက်မှာဆိုတော့ ဘယ်သူသေသေ ထောင်ကျကျ အသတ်ခံရခံရ အညှင်းဆဲ ခံရခံရ သူတို့ တိုးတက်ရေး တဘို့ထဲကြည့်တဲ့ လူစားတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက သူတပါးကို ချနင်းပြီးမှ စားနေတာပါ။ စစ်ဗိုလ်တွေဟာ "သူတို့ ကို သန်းရွှေက ခန့်ထားလို့ ကျေးဇူးရှင်က သန်းရွှေ။ ပြည်သူလူထု မဟုတ်ဘူး" လို့ခံယူတော့ သူတို့ဟာ တိုင်းပြည်ကို ကြည့်သူတွေမဟုတ်ဘူး။

ရုရှရောက်စစ်ဗိုလ်တွေဟာ တိုင်းပြည်နဲ့ သန်းရွှေ ယှဉ်လာရင် သန်းရွှေ အတွက် လူဘယ်လောက်သတ်ရသတ်ဆိုတဲ့လူတွေပါ။ သူခိုးသန်းရွှေကို သစ္စာထား ပြီး တိုင်းပြည်အရေးကို မျက်စေ့ဖွင့်ကြည့်သူတွေကို ရန်သူလို့ သတ်မှတ်သူတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက ကျနော်တို့လို ပြည်သူတွေကို ရန်သူလို့ သတ်မှတ်လို့ ကျနော်ကလည်း ရုရှကစစ်ဗိုလ်တွေကို ပြည်သူ့ရန်သူလို့ဘဲမြင်တာ ကျနော့်အလွန်မဟုတ်ပါဘူး။


ဒေါက်တာလှိုင်မြင့်


http://www.demowaiyan.co.cc/2011/05/blog-post_9999.html

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၁)


ရုရှပြန် စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက် ဘလော့(ဂ်) များတွင် ပုဂ္ဂိုလ်ရေးအရ မကပဲ အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသားဖေါ်ပြလာတာ တွေ့ရပါတယ်။ ဒီဘလော့(ဂ်)တွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။

၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။

ခိုးယူသွားတဲ့အကောင့်ကို ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၂)


အင်တာနက်ရာဇ၀တ်မှု (cyber crime)ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကျမရဲ့ ယုံကြည်ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမအပေါ် တိုက်ခိုက် ရေးသားချက်တွေကို ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်းဖြန့်ဝေ ရေးသားတာ တွေ့မြင်ရပါတယ်။

ကျမနဲ့ ခင်ပွန်းဖြစ်သူ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုထဲ ဖြတ်သန်းခဲ့ကတည်းက မမှန်မကန်စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသားဖြစ်နေပါပြီ။ အိမ်ထောင်ရေးဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။

ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့ လုပ်ရပ် အပေါ် တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၃)


အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက် သက်သက်နဲ့ နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့ ရုရှပြန်စစ်ဗိုလ်အုပ်စု လုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား၊ အစိုးရသစ်ရဲ့ မူဝါဒလား ဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်။

နိုင်ငံပိုင်ငွေနဲ့ ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစားလုပ်ကာ အရပ်သား လူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ရုရှပြန်စစ်ဗိုလ်တွေ လုပ်ရပ်တွေဟာ အနာဂတ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ ရင်လေးစရာပါ။

နောက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံလို့မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်း ထိခိုက်နစ်နာစေတဲ့လုပ်ရပ်တွေ ရုရှပြန်စစ်ဗိုလ်တွေ ကျူးလွန်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့ လိုအပ်ပါတယ်။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၄)


အခုကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်စစ်ဗိုလ်တွေကို ဖော်ထုတ် အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။

လျှို့ဝှက်လုပ်တဲ့ အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူ လုပ်မှာပါ။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၅)


တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။

ကိုယ်ပိုင် အီးမေလ်းအကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရသူအားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြပါလို့ မေတ္တာရပ်ခံပါတယ်။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၆)


ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။
၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
၂. ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်
၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ
၆. ပြည်တွင်း ပြည်ပသတင်းဌာနများ

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၇)


အင်ကြင်းနိုင်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု


အင်ကြင်းနိုင်
ဖုန်း : +1 202 731 1791
Ingjinnaing@gmail.com

ဆရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ


ဗေဒါလမ်း


ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။


ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)




ဆရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ ကို စန္ဒရားချစ်ဆွေ သံစဉ်သီကုံး၍ ရုပ်ရှင်မင်းသမီးကြီး (ဒေါ်)ကြည်ကြည်ဌေး သီဆိုပြီး ရုပ်ရှင်မင်းသမီး အကယ်ဒမီ မေသန်းနု က သော video


http://www.youtube.com/watch?v=LG0MHiakXzM

မငယ်နိုင် အတွက် မွေးနေ့လက်ဆောင် ကဗျာ


"ပန်းပန်လျက်ဘဲ"
သို့မဟုတ်
"ငယ်နိုင်လမ်း" ကဗျာ



ငယ်နိုင်လမ်း


အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ဘလော့ရေးလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" လဲပါ၊ ငယ်နိုင်မ ရန်ဘေး။
"တုတ်ကြီး" ခေါ် အဆဲတိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းရလဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ၊ "zaw" ၊ "သူတော်" Comment မှာ၊ ငယ်နိုင်ကို ဝိုင်းသမ
ကိုယ်ခွဲကာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။

Comment ပိတ်လဲ မသက်သာ
C-Box ဝယ် Moscow နယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာနှစ်ရာ၊ ငယ်နိုင်က တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
မငယ်နိုင် အံကိုခဲ၊ ပန်းပန်လျက်ဘဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)

Nge Naing said...
"ကိုစစ်နိုင်ရဲ့ ကျွန်မအတွက် စပ်ထားတဲ့ ကဗျာလေးကို တကယ်ပဲ သဘောကျပါတယ်။
ဘလော့ဂ်မှာ ကဗျာနည်းနေတာ၊ ကဗျာစပ်မတတ်တာနဲ့ အတော်ပဲ။
ဒီကဗျာလေးကို သီးသန့်ပို့စ်တခုအဖြစ် ပြန်တင်မယ်။
တကယ် ကျေးဇူးတင်ပါတယ်။"



ဟုတ်ကဲ့ ... မငယ်နိုင်။
မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် ကျွန်တော် စပ်လိုက်တဲ့ "ကဗျာလေးကို တကယ်ပဲ သဘောကျပါတယ်" ဆိုလို့ ဝမ်းသာပါတယ်။
"ဒီကဗျာလေးကို သီးသန့်ပို့စ်တခုအဖြစ် ပြန်တင်မယ်" ဆိုရင် ကျွန်တော် စပ်ပြီးပြီးချင်း တင်လိုက်တဲ့ comment က ကဗျာစာသားကို ကော်ပီ မလုပ်ပဲ အခု comment က ကဗျာစာသားကို ကော်ပီ လုပ်စေလိုပါတယ်။

စစ်နိုင်



မငယ်နိုင် အတွက် မွေးနေ့လက်ဆောင် ကဗျာ


"ပန်းပန်လျက်ပဲ"
သို့မဟုတ်
"ငယ်နိုင်လမ်း" ကဗျာ



ငယ်နိုင်လမ်း


အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းသမ
Comment မှာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။

ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)



(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။

ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တွေက ဘလော့ရှင် မငယ်နိုင်ကို ပက်ပက်စက်စက် အောက်တန်းကျကျ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်စော်ကားတာ၊ မမှန်သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဘလော့ရှင်ကို နာမည်ဖျက်တာ၊ အရည်မရအဖတ်မရ စကားတွေ ရေးသားပြီး နှောင့်ယှက်တာ၊ ဘလော့အတု လုပ်ပြီး ညစ်ညမ်းပုံနဲ့ ညစ်ညမ်းစာသားတွေ တင်ပြီး ဘလော့ရှင်ကို သိက္ခာချတာ၊ ဘလော့နဲ့ အီးမေးလ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို ခိုးယူပြီး ဖွင့်ချမယ် လို့ ခြိမ်းခြောက်တာတွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ ကြားက ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ဆက်လက် ရေးသားတင်ပြနေတဲ့ ဘလော့ရှင် မငယ်နိုင် ရဲ့ အဖြစ်ဟာ ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာထဲက အနှောင့်အယှက်၊ ဘေးရန် အဖုံဖုံကို ကြံ့ကြံ့ခံ အံတုရင်း ခရီးဆက်နေတဲ့ ဗေဒါပန်း ရဲ့ အဖြစ်နဲ့ တူနေတာကို သတိထားမိလို့ မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် စပ်ဖြစ်သွားတာပါ။

စစ်နိုင်)

Nge Naing said...
"ကိုစစ်နိုင်ရဲ့ ကျွန်မအတွက် စပ်ထားတဲ့ ကဗျာလေးကို တကယ်ပဲ သဘောကျပါတယ်။
ဘလော့ဂ်မှာ ကဗျာနည်းနေတာ၊ ကဗျာစပ်မတတ်တာနဲ့ အတော်ပဲ။
ဒီကဗျာလေးကို သီးသန့်ပို့စ်တခုအဖြစ် ပြန်တင်မယ်။
တကယ် ကျေးဇူးတင်ပါတယ်။"



ဟုတ်ကဲ့ ... မငယ်နိုင်။
မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် ကျွန်တော် စပ်လိုက်တဲ့ "ကဗျာလေးကို တကယ်ပဲ သဘောကျပါတယ်" ဆိုလို့ ဝမ်းသာပါတယ်။
"ဒီကဗျာလေးကို သီးသန့်ပို့စ်တခုအဖြစ် ပြန်တင်မယ်" ဆိုရင် ကျွန်တော် စပ်ပြီးပြီးချင်း တင်လိုက်တဲ့ comment က ကဗျာစာသားကို ကော်ပီ မလုပ်ပဲ အခု comment က ကဗျာစာသားကို ကော်ပီ လုပ်စေလိုပါတယ်။

စစ်နိုင်



မငယ်နိုင် အတွက် မွေးနေ့လက်ဆောင် ကဗျာ


"ပန်းပန်လျက်ပဲ"
သို့မဟုတ်
"ငယ်နိုင်လမ်း" ကဗျာ



ငယ်နိုင်လမ်း


အော်စီမှာ အခြေချလာရင်း
မငယ်ဟာ ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းကာသမ
Comment မှာ ရိုင်းလာကြ၊ ပိတ်လိုက်ပြန်ရ။

ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)


(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။

ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တွေက ဘလော့ရှင် မငယ်နိုင်ကို ပက်ပက်စက်စက် အောက်တန်းကျကျ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်စော်ကားတာ၊ မမှန်သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဘလော့ရှင်ကို နာမည်ဖျက်တာ၊ အရည်မရအဖတ်မရ စကားတွေ ရေးသားပြီး နှောင့်ယှက်တာ၊ ဘလော့အတု လုပ်ပြီး ညစ်ညမ်းပုံနဲ့ ညစ်ညမ်းစာသားတွေ တင်ပြီး ဘလော့ရှင်ကို သိက္ခာချတာ၊ ဘလော့နဲ့ အီးမေးလ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို ခိုးယူပြီး ဖွင့်ချမယ် လို့ ခြိမ်းခြောက်တာတွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ ကြားက ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ဆက်လက် ရေးသားတင်ပြနေတဲ့ ဘလော့ရှင် မငယ်နိုင် ရဲ့ အဖြစ်ဟာ ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာထဲက အနှောင့်အယှက်၊ ဘေးရန် အဖုံဖုံကို ကြံ့ကြံ့ခံ အံတုရင်း ခရီးဆက်နေတဲ့ ဗေဒါပန်း ရဲ့ အဖြစ်နဲ့ တူနေတာကို သတိထားမိလို့ မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် စပ်ဖြစ်သွားတာပါ။

စစ်နိုင်)