ဒီနှစ် ကျရောက်တဲ့ မွေးနေ့အတွက် လာရောက် ဆုတောင်းပေးသူ အားလုံးကို ကျေးဇူးအထူးတင်ရှိစွာဖြင့် ဘလော့ဂ်မှာ မှတ်တမ်းလေးအဖြစ် အမှတ်တရ သိမ်းထားပါရစေ။ သီတာဂူဆရာတော် အရှင်ဥာဏိဿရ အင်းစိန်ထောင်တွင်းမှာ ဟောတော်မူတဲ့ တရားထဲက အချက်တချက်ကို သတိရလို့ ပြန်ကောက်နှုတ်ပြီး လာဆုတောင်းပေးသူများကို စကားလက်ဆောင်လေးတခု ပြန်ပေးချင်ပါတယ်။ လူ့သက်တမ်းမှာ မွေးခါစကနေ ဆယ်နှစ်အတွင်း အသက်အရွယ်ကို အကျိုးအကြောင်း၊ အကောင်းအဆိုး ဘာမှမသိနားမလည်သေးတဲ့အရွယ်၊ ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ်အထိကို ပျော်ရွှင်မြူးတူးခြင်းနှင့် မုသားဝါဒအများဆုံးအရွယ်၊ နှစ်ဆယ်ကနေ သုံးဆယ်အထိကို ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်ဆုံးအရွယ်၊ သုံးဆယ်ကနေ လေးဆယ်အထိကို ကိုယ်ကာယဗလ ခွန်အားနှင့် အပြည့်စုံဆုံးအရွယ်၊ အသက်လေးဆယ်ကနေ ငါးဆယ်အထိ အသက်အရွယ်တွေကို လူ့ဘ၀မှာ ပညဥာဏ်ရည် ဖွံဖြိုးတိုးတက်မှု အကောင်းဆုံးအရွယ်၊ ၅၀ ကျော်မှာ မတက်တော့ဘဲ ၆၀ အထိ ဒီအတိုင်းပဲ သွားနေပြီး ၆၀ ကျော်လာရင်တော့ ရုပ်အဆင်း၊ ခွန်အား၊ ဥာဏ်ရည်အကုန်လုံး ပြန်ကျတဲ့အရွယ်လို့ ဟောခဲ့တာကို မှတ်သားခဲ့ရပါတယ်။
Human lifespan (လူ့သက်တမ်း) ကို လေ့လာတဲ့အခါမှာလည်း ဒီအသက်အရွယ်ကို Middle adulthood (လူလတ်ပိုင်း) လို့ခေါ်ပြီး လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေကို ဦးဆောင်မှု ပြုရတဲ့ အသက်အရွယ် ဖြစ်တယ်။ လက်တွေ့အခြေအနေတွေကို ပြန်ကြည့်လိုက်ရင်လည်း ဒီအသက်အရွယ်တွေဟာ လူ့သက်တမ်းတလျှောက်လုံးမှာ ဥာဏ်ရည်အဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်သလို လူငယ်တွေလို စိတ်ကူးယဉ်မှုပိုများပြီး လက်တွေ့ဘ၀ဖြတ်သန်းမှု အားနည်းသေးတဲ့အရွယ်ကို ကျော်လွန်သွားပြီ၊ လူကြီးတွေလိုလည်း ဘာလုပ်လုပ် ကိုယ်လက် ညေင်းညာ၊ ကိုက်ခဲနာကျင်ပြီး စိတ်သွားတိုင်းကိုယ်မပါနိုင် မဖြစ်သေးတဲ့အရွယ်၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မကျဆင်းမှုကြောင့် ရောဂါအမျိုးမျိုး မ၀င်ရောက်လာနိုင်သေးတဲ့အရွယ် ဖြစ်တာကို တွေ့ရပါတယ်။
၄၀ ကျော် အသက်အရွယ်က လောကကြီးကို အခုမှအကျိုးပြုဖို့ အကောင်းဆုံး အရွယ်ဖြစ်နေတော့ လူ့ဘ၀ရဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကို အများဆုံး ဆုံးဖြတ်ချက်ချပြီး လုပ်ရတဲ့ အသက်အရွယ်မို့ အသက်လေးဆယ်မှ လူ့ဘ၀စတယ်ဆိုတဲ့ ဒီအသက်အရွယ်ကို တင်စားတဲ့ စကားပုံ ပေါ်လာတာလို့ ကျွန်မနားလည်လိုက်ပါတယ်။ အထူးသမြင့် အမျိုးသမီးတွေအဖို့ ဒီအသက်အရွယ်ဟာ အီစရိုဂျင်ခေါ် အမျိုးသမီးဟော်မုန်း ကျဆင်းတဲ့အရွယ်ဖြစ်သည့်အပေါ် များသောအားဖြင့် မိခင်နို့ချိုတိုက်ရတဲ့ အရွယ် ကလေးမရှိတော့ဘဲ ကလေးတွေကြီးလာလို့ သက်တောင့်သက်သာ ဖြစ်ခါစ အသက်အရွယ်လည်း ဖြစ်ပြီး ကျားသတ္တ၀ါတွေရဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရမှု (သို့) ဖြားယောင်းသွေးဆောင်ခံရမှု အန္တရယ် ကလည်း စတင်လျှော့ပါးလာတဲ့ အသက်အရွယ် ဖြစ်တယ်။ ပြီးတော့ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ဒီအသက်အရွယ်ကို ရောက်လာသူတွေဟာ မိသားစု ၀န်ထုပ်ဝန်ပိုးက အတိုင်းအတာတခုထိ လျှော့ပါးလာတဲ့အရွယ်မို့ မိမိဝါသနာပါရာ အလုပ်တွေမှာ အချိန်ပေးဖို့ ပိုရလာတဲ့အသက်ရွယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါကြောင့် ဒီအသက်အရွယ်ဟာ ဘ၀ကျချိန်မဟုတ် ဘ၀စချိန်ဆိုတာ ဒီအသက်အရွယ်ကြောင့် ကျချိန်ဆိုပြီး စိတ်ဓါတ်ကျချင်နေသူ အားလုံးကို စိတ်ဓါတ်မကျဖို့ သတိပေးချင်ပါတယ်။
ဒီနေ့အတွက် ကျွန်မဆုတောင်းကတော့ ဘာလုပ်လုပ် မိမိလုပ်ချင်တဲ့အလုပ်တခုကို အာရုံစူးစိုက်စွာနဲ့ ပန်းတိုင်ရောက်တဲ့အထိ လုပ်ဆောင်နိုင်ပါစေ၊ လာဆုတောင်းပေးသူတွေရဲ့ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ပဲ လောလောဆယ် ဆုတောင်းလိုက်ပါတယ်။ ကျွန်မ ဒီပို့စ်တင်ပြီးရင် ဘုရားရှိခိုး ပန်းဆီမီး ရေချမ်းကပ်ပြီး ဓမ္မစင်္ကြာနဲ့ ပဌါန်းကို ရွတ်ဖတ်ပြီး အားလုံးအတွက် ဆက်လက် ဆုတောင်းပေးပါ့မယ်။
မွေးနေ့ ဆုတောင်းပေးသူများနှင့် ဆုတောင်းများ
(1)
(2)
(3)
(4)
(5)
(6)
(10)
17 Jun 11, 01:11 AM
kiki: မွေးနေ့ မင်္ဂလာရက်မြတ်မှာ အေးချမ်းပျော်ရွှင်ပါစေ လို့ ထပ်မံဆုတောင်းသွားပါတယ် မငယ်နိုင်ရေ..စီဗုံးမှာ ပေါက်တတ်ကရ ရေးသွားသူများ အစားလည်း ရှက်မိတယ်..(13)
(16)
(18)
(35)
(38)
(43)
(48)
(49)
(51)
(53)
(55)
(59)
(64)
(65)
(66)
(67) Mie Nge ညီမရေ မအားတာနဲ့ ဆုတောင်းနောက်ကျနေပြီ ခုမှ အပြေးအလွှား အလုပ်မသွားခင်လေး... ချစ်သောမိသားစုနဲ့အတူ လိုအင်များအားလုံး ပြည့်စုံပါစေ ... ယုတ်ညံ့သော အတိုက်အခိုက်များ အားလုံးလည်း ဒီထက်မက ကြံ့ကြံ့ခံနိုင်ပါစေ ....
(68)
(70)
- Happy Birthday A Ma !
Wishing you a very happy birthday and many happy returns of the day.
I regularly visit your blog from Myanmar mostly everyday by using various proxy and I support you on sharing of your experiences and thoughts. Believe, people from all works of life herein Myanmar know how bad dictatorship is leading our country down and there is a day for revolution soon which will be worsen than 1988 since people are struggling for living and not even think for others i.e. entertaining, children education, etc...
I have also a sister and she is also living in Australia. She is almost 40 years old same as you and i wish to see you all in Australia one day.
Patrick (nickname)
ပြည်သူ့ဘက်သား said...
- အစ်မငယ်နိုင်ရဲ့ မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ။
အမှန်တရားဘက်က၊ ပြည်သူတွေဘက်က အမြဲ ရပ်တည်တဲ့ ပြည်သူ့ဘလော့ဂါ အဖြစ် ပြည်သူ့ရန်သူ စစ်အာဏာရှင်ရဲ့ လက်ပါးစေ ရုရှားက စစ်ခွေးတွေရဲ့ နှောင့်ယှက်မှုကို ကြံ့ကြံ့ခံနိုင်ပါစေ။
ပြည်သူ့ဘက်သား
- (72)
- ညိမ်းနိုင် said...
- မွေးနေ့မှာပျော်ရွင်ချမ်းမြေ့ပါစေ...အစ်မရေ....။
- သျှင်နေမင်း said...
- မငယ်နိင် မွေးနေ့ မှာမိသာစု
နဲ့ အတူထာဝရပျော်ရွှင်ပါစေ..
- (74)
- ကိုဇော် said...
- HappY BirthdaY ပါ အစ်မရေ . . .
မွေးနေ့မှ နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ။
အတော် မအားလို့ အခုမှပဲ ဒီကို ရောက်တော့တယ်။
(76)
(77)
(83) ဂရမ်မာကြာရွက် said...
- မငယ်နိုင်ရေ .....
အခုလို ပျော်စရာ ကိုယ်ပိုင်မွေးနေ့ လေးတွေ နောက်ထပ် ၆ဝ လောက် ကြုံရပါစေဗျာ။
ဂရမ်မာကြာရွက်
- Happy birthday to you,
Happy birthday to you,
Happy birthday, dear Ma Nge Naing,
Happy birthday to you !
- အစ်မငယ်နိုင် အတွက် မွေးနေ့ဆုတောင်းလေးပါ။
အသက် ၄ဝ မှ ဘဝ စတာပါ။
အသက် ၄ဝ ကျော်မှ ပညာရော၊ ဗဟုသုတရော၊ အတွေ့အကြုံပါ ပြည့်စုံပြီး ရင့်ကျက်လာတာပါ။
အစ်မငယ်နိုင်လည်း အခုလို ပညာရော၊ ဗဟုသုတရော၊ အတွေ့အကြုံပါ ပြည့်စုံပြီး ရင့်ကျက်လာတဲ့ အသက် ၄ဝ ကျော်အရွယ်ကနေ အမေမာလို အသက် ၉ဝ ကျော်အရွယ်အထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး စာကောင်းပေကောင်းတွေ ဆက်ရေးနိုင်ဖို့ အခုလို အစ်မရဲ့ ပျော်စရာ မွေးနေ့ အခါသမယမှာ အမှတ်တရ ဆုမွန်ကောင်း တောင်းပေးပါတယ်။
တာရာ
- ထာဝရပိုင်ဆိုင် နိုင်ပါစေ ။
ယ္ခု ပိုင်ဆိုင်ထားသော
မိသားစု ဘ၀လေးကို
နောက်ဆုံးထွက်သက်ထိ
ချမ်းမြေ့ ကြည်နှူးစွာဖြင့်
ဖြတ်သန်းကုန်ဆုံးနိုင်ပါစေ ဗျာ►►►
(87) ကောင်းစေလိုသူ said...
- မငယ်နိုင်
တိုးတက် အောင်မြင်ပါစေဗျာ။
- မငယ်နိုင် အနေနဲ့ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ပြည်သူတွေကို သုတ၊ ရသ အစုံပေးနိုင်တဲ့ ပြည်သူ့အကျိုးပြုစာပေတွေ ဆထက်ထမ်းပိုး ရေးနိုင်ပါစေ လို့ .......
- Ma Nge Naing,
Many happy returns of the day !
- ငယ်နိုင်.ယောက်ျား = တုတ်ကြီး = mg = zaw = hanzaw = ဦးသူတော် တို.၏ ရန်မှ ကင်းဝေးပါစေ မငယ်နိုင်
- ကိုကျော်နိုင် နဲ့ မငယ်နိုင်တို့ တည်ငြိမ်သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကို ရာသက်ပန် ပိုင်ဆိုင်နိုင်ပါစေ
မငယ်နိုင် အမှန်ကိုအမှန်အတိုင်း မြင်တတ်လာတဲ့ ဆယ်ကျော်သက်အရွယ်ကတဲက တစိုက်မတ်မတ် စိုက်ပျိုးလာခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အပင်က စစ်အာဏာရှင်ကျဆုံးခြင်း အသီး သီးတာကို ပျော်ရွှင်စွာ ခူးဆွတ်စားသုံး ခံစားရတဲ့ ပီတိကို မဝေးတော့တဲ့ တနေ့မှာ ရနိုင်ပါစေ
Today marks the day a righteous person was born, with a strong heart, wise brains, a decisive mind, an unyielding spirit and dauntless actions.
Yes, today is your birthday!
May you reach your goal soon!
Down with the dictatorship!
(93)
Happy Birthday ပါအစ်မ။ ပျော်ရွှင် ချမ်းမြေ့တဲ့  ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ။
လေးနက်စွာဖြင့် 
ငမူး
(95)
(97) ပဲခူးသား said...
- အစ်မ
ကိုယ်ေ၇ာစိတ်ပါ ကျန်းမာပျော်၇ွှင်ပြီး ဘေး၇န်ခပ်သိမ်း ကင်းငြိမ်းပါစေကြောင်း ဆ န္ဒ ပြု လိုက်ပါတယ်။
ပြည်သူ့ဘလော့ဂါ မငယ်နိုင် စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာတွေ ပြည့်ဝပါစေ။
ပညာမဲ့ ကိုယ်ကျိုးရှာ လူယုတ်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုရဲ့ အကြောက်တရားနဲ့ သွေးခွဲ အုပ်ချုပ်ခံနေရတဲ့ တသွေးတသံတမိန့် စစ်ဖိနပ်အောက်က လွတ်မြောက်တဲ့ နေ့ကို မကြာခင် ဆင်နွှဲနိုင်ပါစေ။
နှစ် ၅ဝ လုံးလုံး စစ်ခေါင်းဆောင်တွေနဲ့ လက်ပါးစေတွေက ခိုးချင်တိုင်း ခိုး၊ လုပ်ချင်သလို လုပ်လာလို့ ကမောက်ကမ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အမိမြန်မာပြည်၊ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် နယ်ပယ်ပေါင်းစုံမှာ ဓါးမနောက်ပိတ်ခွေး ဖြစ်နေရတဲ့ အမိမြန်မာပြည်ကို
အမှန်တရား၊ တရားမျှတမှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး ..... တွေ ထွန်းကားတဲ့၊ တကယ် တိုးတက်ခေတ်မီ အေးချမ်းတဲ့၊ စစ်မှန်တဲ့ ပြည်ထောင်စုသစ်ကို ပျော်ပျော်ကြီး တည်ဆောက်ခွင့် ရပါစေ။
(99) ရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ (video) said...
- ဆရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ
ဗေဒါလမ်း
ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)
ဆရာကြီး ဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ ကို စန္ဒရားချစ်ဆွေ သံစဉ်သီကုံး၍ ရုပ်ရှင်မင်းသမီးကြီး (ဒေါ်)ကြည်ကြည်ဌေး သီဆိုပြီး ရုပ်ရှင်မင်းသမီး အကယ်ဒမီ မေသန်းနု က သော video
http://www.youtube.com/watch?v=LG0MHiakXzM
(100) ပန်းပန်လျက်ဘဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာ said...
- မငယ်နိုင် အတွက် မွေးနေ့လက်ဆောင် ကဗျာ
"ပန်းပန်လျက်ဘဲ"
သို့မဟုတ်
"ငယ်နိုင်လမ်း" ကဗျာ
ငယ်နိုင်လမ်း
အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။
ဘလော့ရေးလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ။
"အိုပါး" နဲ့ "hanzaw" လဲပါ၊ ငယ်နိုင်မ ရန်ဘေး။
"တုတ်ကြီး" ခေါ် အဆဲတိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။
ဘန်းရလဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ၊ "zaw" ၊ "သူတော်" comment မှာ၊ ငယ်နိုင်ကို ဝိုင်းသမ
ကိုယ်ခွဲကာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။
comment ပိတ်လဲ မသက်သာ
C-Box ဝယ် Moscow နယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာနှစ်ရာ၊ ငယ်နိုင်က တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
မငယ်နိုင် အံကိုခဲ၊ ပန်းပန်လျက်ဘဲ။
စစ်နိုင်
(၁၇-၆-၂ဝ၁၁)
(101) ပြည်သူ said...
- မွေးနေ့ဆုမွန် တောင်းပေးလိုက်ပါတယ်။ ကိုယ်စိတ်ကျန်းမာ ဆန္ဒပြည့်ဝပါစေ။
(102) ရဲဘော်ဘခက် said...
- ဒီမိုကေ၇စီတိုက်ပွဲဝင် ၇ဲဘော်မငယ်နိုင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ဒီမိုကေ၇စီတိုက်ပွဲကို အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်နိုင်ပါစေလို့ ၇ဲဘော်မငယ်နိုင်၇ဲ့ မွေးနေ့မှာ ဆုတောင်းပေးပါတယ်..
၇ဲဘော်မငယ်နိုင်ကို ဆုမွန်ကောင်း တောင်းပေးကြတဲ့ ဒီမိုကေ၇စီတိုက်ပွဲဝင် ၇ဲဘော်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..
၇ဲဘော်စစ်နိုင်က ၇ဲဘော်မငယ်နိုင်ကို မွေးနေ့လက်ဆောင် အမှတ်တ၇ အဖြစ် "ပန်းပန်လျက်ဘဲ"
သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာ စပ်ဆိုပြီး ၇ဲဘော်မငယ်နိုင်ကို ဂုဏ်ပြုပေးတာလဲ နှစ်ထောင်းအား၇ ဖြစ်မိပါတယ်.. ၇ဲဘော်မငယ်နိုင်
လို ချီးကျူးထိုက်၊ ဂုဏ်ပြုထိုက်တဲ့ လူကို ချီးကျူး ဂုဏ်ပြုတာ မင်္ဂလာတပါးပေပဲ..
- Ma Nge Naing
You are a true democracy activist.
We support you.
We wish you a long, healthy and happy life!
May your democracy dreams come true!
- မန်းကိုကို said...မင်္ဂလာမွေးနေ့ပါ မငယ်နိုင် ။
- (105) ဆက်သစ်လူငယ် said...အစ်မငယ်နိုင်ရေ..
- စစ်အုပ်စုရဲ့ ယုတ်မာရက်စက်စွာ ဥပဒေမဲ့ လူသတ်မှုတွေ၊ ပြည်သူ့ငွေကို ဒေါ်လာသန်းထောင်နဲ့ ချီဲပြီး ခိုးနေမှုတွေ၊ အုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံက ဘက်ပေါင်းစုံမှာ နိမ့်ကျပြီး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတာတွေကို သတင်းဘလော့တွေက စဉ်ဆက်မပြတ် ဖော်ထုတ်ပေးနေတာကို အစ်မငယ်နိုင်တို့လို ကိုယ်ပိုင် ဘဝမှတ်တမ်း ဘလော့တွေကပါ အားဖြည့်ပေးနေတာ အင်မတန် လျော်ကန်ပါတယ်..
- လူငယ်တွေအနေနဲ့ အစ်မငယ်နိုင်တို့လို အတွေ့အကြုံရှိတဲ့ ရှေ့မီနောက်မီ ဘလော့ဂါတွေက ရေးမှ ဖတ်ဖူးပြီး သိမှတ်ရတာတွေက အများကြီးပါ..
- ဒါကြောင့် ကျနော်တို့ ဆင်နွှဲလာတဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ပါဝင်လာတဲ့ အစ်မငယ်နိုင်လို ပြည်သူ့ဘလော့ဂါ တယောက်ရဲ့ မွေးနေ့မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူစစ်စစ်တွေက မွေးနေ့ဆုတောင်းပေးတာတွေက သဘာဝကျတဲ့ မြင်ကွင်းပါ..
- ဒီအထဲမှာ ဆွမ်းဆန်ထဲ ကြွက်ချေးတွေ ရောပါနေတာကိုတော့ စာဖတ်သူတွေက ကျော်ပြီး ဖတ်ရတာပေါ့..
- အစ်မငယ်နိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အရာခပ်သိမ်း အဆင်ပြေပါစေ လို့ အခုလို အစ်မငယ်နိုင် ရဲ့ ပျော်စရာ မွေးနေ့သမယမှာ လေးလေးနက်နက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျား..
မျိုးဆက်သစ်လူငယ်
(106) Jimmy said...
- Ma Nge Naing,
May Buddha bless you always!
We all wish you a very very happy birthday!
(107) အာယု said...
မငယ်နိုင်
မင်္ဂလာ မွေးနေ့ ရက်သတ္တပတ်လေး ဖြစ်ပါစေဗျာ။
မငယ်နိုင် အိမ်မှာရော၊ ဆေးရုံမှာပါ အဆင်ပြေပါစေဗျာ။
စစ်အာဏာရှင်ရဲ့ လက်ပါးစေတွေက မငယ်နိုင်အတွက် တောင်းပေးသွားတဲ့ ဆုတွေ မပြည့်ပါစေနဲ့။
မငယ်နိုင်ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ စာဖတ်ပရိသတ်တွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရဲဘော်တွေက မငယ်နိုင်အတွက် တောင်းပေးသွားတဲ့ ဆုတွေ ပြည့်ဝပါစေဗျာ။
အာယု
(108) Mahn Ba Khaing said...
- Ma Nge Naing
It's a nice feeling to know that there are also Bamar who care Karens' plight.
Thanks God for having brought you to this world.
May God bless you!
I wish you health, happiness, prosperity and success in your life.
မငယ်နိုင်ရေ..
နှစ် ၄ဝ မှသည် နှစ် ၁ဝဝ တိုင်
ပျော်စရာ မွေးနေ့လေးတွေ ဆက်လက် ဆင်နွှဲနိုင်ပါစေ။
(110) ဖိုးခွား said...
- အန်တီငယ်နိုင်
အန်တီရဲ့ ၄၁ နှစ် မြောက် မွေးနေ့ချိန်ခါမှာ ပျော်ရွှင် ချမ်းမြေ့ပါစေ။
အန်တီတို့ မိသားစုလည်း သာယာတဲ့ မိသားစုဘဝလေးကို တသက်တာလုံး ပိုင်ဆိုင်နိုင်ပါစေ။
(111) Anonymous said...
- အရောက်နောက်ကျသွားပေမဲ့ အမရဲ့ မွေးနေ့ မှာ ပျော်ရွှင်ပါစေ။ သာယာပြီးပြည့်စုံတဲ့ မိသားစုလေးအဖြစ်နဲ့  နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြီး အတူတကွ ချမ်းမြေ့ခိုင်မာစွာ တည်ရှိနိုင်ပါစေ။ အစစအရာရာ အောင်မြင်စွာ နဲ့ အလွယ်တကူ အခက်အခဲမရှိဘဲ ကျော်ဖြတ်နိုင်ပါစေ လို့ ဆုတွေအများကြီး တောင်းပေး သွားပါတယ်ရှင်။
(112) Anonymous said...
- Dear Ma Ma,
Wish you a very happy birthday
May life lead you to great happiness success and hope that
all your wishes comes true!
enjoy your day.
I am very happy to read that all of birthday wishes and comments that I know, many peopel are loving and supporting you including me unless some of comments from Russia.
Sorry for my lately wish and long time no see because I had an exam until yesterday. Now we are school holidays I can read every new posts.
WE LOVE AND SUPPORT YOU ALWAYS.
(KAUNG)
အန်တီငယ်
ပန်းပမာ လန်းဖြာ ကျန်းမာ ချမ်းသာစေကြောင်း
မွေးနေ့ဆုမွန်ကောင်း တောင်းပေးပါတယ်
(114) Chum said...
- Don't be impressed by senseless words of slaves of junta - "An old dame in her forties falling out with young chaps."
41 is not an old age. Life begins at 40. You're far from being over-the-hill. You've just reached an age of maturity through experience, and have been sharing your knowledge and experience to your readers.
May your 41st birthday bring you more adventures, more satisfaction and more success!
- Ma Nge,
Hope you had a great time with your loved ones on your birthday!
Wishing you a belated birthday!
မငယ်နိုင်
မငယ်နိုင်ကို ခင်မင်တဲ့ မိတ်ဆွေတွေ၊ မငယ်နိုင်ကို လေးစားတဲ့ စာဖတ်သူတွေ တောင်းပေးသွားတဲ့ မွေးနေ့ဆုမွန်တွေ အားလုံး ပြည့်ဝပါစေ ..... လို့
(117) စစ်ခွေးမုန်းသူ said...
မငယ်နိုင်ေ၇
ဟက်ပီး ဟက်ပီး ဘာ့သ်ဒေး ပါဗျာ
ကိုကျော်နိုင်နဲ့မငယ်နိုင်တို့မိသားစုလေး ပျော်၇ွှင်အေးချမ်းတည်ငြိမ်ပီး မတောင့်မတမကြောင့်မကြ၇ှိတဲ့ မိသားစုဘဝကို ၇ာသက်ပန်ခံစားနိုင်ပါစေဗျာ
(ခုနက မငယ်နိုင်ကို ဟက်ပီးဘာ့သ်ဒေး လုပ်မလို့ ကွန်မန့်ကိုေ၇ာက်လာတာ အကုသိုလ်ကောင် စစ်ခွေး mg အေ၇မ၇အဖတ်မ၇ အလေဏတောေ၇းထားတာတွေကိုပြန်ပြောနေ၇င်းနဲ့ မငယ်နိုင်ကိုမွေးနေ့ဆုတောင်းပေးမလို့မေ့သွားလို့ အခုမှပြန်လာပီးဆုတောင်းပေးတာပါ)
June 19, 2011 9:16 PM
(118) လောကပါလ said...
အစ်မငယ်နိုင်
ဒီနှစ် ကျရောက်တဲ့ အစ်မငယ်နိုင်ရဲ့ ပျော်စရာ မွေးနေ့လေးလို နောက်ထပ် အကြိမ်ပေါင်း များစွာ ထပ်ပြီး ကြုံနိုင်ပါစေ။
အစ်မငယ်နိုင် အနေနဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်ပြီး လိုရာဆန္ဒတွေ ပြည့်ဝပါစေ။
အခု အစ်မငယ်နိုင်ရဲ့ ဘလော့သက်တမ်း တနှစ်ကျော်မှာ ပြည်သူတွေကို ဒီမိုကရေစီမျက်စေ့ ဖွင့်ပေးသလို အစ်မငယ်နိုင်ရဲ့ ရှေ့ဆက်လျှောက်ရမယ့် ဘဝကို အခုလိုပဲ တန်ဖိုးရှိရှိ အဓိပ္ပာယ်ရှိရှိ ဆက်လက် ဖြတ်သန်းနိုင်ပါစေ။
အစ်မငယ်နိုင် ယုံကြည်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမှန်တရားနဲ့ တရားမျှတမှု အပြည့်အဝ ရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းသစ် ပေါ်ထွန်းရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး တွေကို ထင်ဟပ်တဲ့ ဆောင်းပါးတွေ ဆက်ရေးနိုင်ပါစေ။
(119) Advisor said...
Ma Nge Naing,
I'm sorry I'm late. But my good wishes are always with you.
Belated Happy Birthday, anyway!
I wish you a healthy, happy and successful life.
(120) အမှန်မြင်သူ said...
- မငယ်နိုင်
မငယ်နိုင်ရဲ့ ဘဝမှာ ပျော်ရွှင်မှု နဲ့အောင်မြင်မှုတွေ အမြဲ ရပါစေ၊ ပျော်စရာ ၄၁ နှစ်မွေးနေ့လိုပဲ ၁ဝဝ ပြည့်နှစ် မွေးနေ့တိုင် မင်္ဂလာမွေးနေ့တွေ နှစ်စဉ် ဆင်နွှဲနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။
မငယ်နိုင်က စစ်အုပ်စုရဲ့ ညံ့ဖျင်းမှု၊ မတရားဖိနှိပ်မှု၊ ရက်စက်ယုတ်မာမှု၊ ပြည်သူ့ငွေကို ဒေါ်လာသန်းထောင်နဲ့ချီဲပြီး ခိုးနေလို့ ပြည်သူ့ကျန်းမာရး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း ... ဘက်ပေါင်းစုံမှာ နိမ့်ကျနေရမှုတွေကို အရှိကိုအရှိအတိုင်း ရေးသားတင်ပြနေတော့ အမှန်တရားကို ကြောက်တဲ့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် ရုရှက စစ်ခွေးတွေက မငယ်နိုင်ဘလော့ကို စာဖတ်သူတွေ လာဖတ်မှာကို စိုးရိမ်လို့ မငယ်နိုင်နဲ့ ပတ်သက်ပြီး အရည်မရအဖတ်မရ မဟုတ်တရုတ်တွေ ရေးလိုက်၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ သုံးပြီး ပျစ်ပျစ်နှစ်နှစ် ဆဲလိုက် လုပ်ပီး မငယ်နိုင်ဘလော့ကို စာဖတ်သူတွေ မလာချင်အောင် ဘလော့ဖျက်ရေးစီမံကိန်း ချပြီး လုပ်နေတာပါ။
(121) ဒေါင်းသွေး said...
- မငယ်နိုင်
မငယ်နိုင် မွေးနေ့ကို မမီလိုက်ပေမယ့် မင်္ဂလာမွေးနေ့လေး ဖြစ်မယ် ဆိုတာကို ယုံကြည်ပါတယ်..
မငယ်နိုင် တို့ မိသားစု အစစအရာရာ အဆင်ပြေပါစေ..
စစ်အာဏာရှင်စနစ်ကို ဆန်ကျင်တိုက်ပွဲဝင်ရာမှာ စစ်အာဏာရှင်စနစ် ဘုံးဘုံးလဲသည်အထိ မငယ်နိုင် ဆက်လက် ပါဝင်နိုင်ပါစေ..
စစ်အာဏာရှင်စနစ်ကို ဆန်ကျင်တိုက်ပွဲဝင်ရာ လမ်းခုလတ်မှာ အာဏာရှင်ရဲ့ လက်ပါးစေ အလိုတော်ရိ SLIP ရဲ့ စကားကို နားယောင်သွားပြီး SLIP ရဲ့ မာယာထောင်ချောက် ညွတ်ကွင်းထဲကို သက်ဆင်းသွားတဲ့ SV
လို အဖြစ်ဆိုးမျိုး မဖြစ်ပါစေနဲ့..
လို့ ဆုတောင်းပေးပါတယ်..
(မငယ်နိုင်က ရင့်ကျက်တဲ့၊ ပြည့်ဝတဲ့၊ ယုံကြည်ချက် ခိုင်မာတဲ့ လူစားမျိုး ဆိုတာကို သိပြီးသားပါ.. မငယ်နိုင်က SV လို အပြောင်းအလဲများတဲ့ လူစားမျိုး မဟုတ်ဘူး၊ အပြောတမျိုး အလုပ်တမျိုး လူစားမျိုး မဟုတ်ဘူး ဆိုတာကို သိပြီးသားပါ.. ဆုတောင်းရာမှာ ပြည့်စုံအောင်သာ တပါတည်း ထည့်ပြီး ဆုတောင်းပေးလိုက်တာပါ..)
(122) Tommy Thet Naing said...
- အစ်မငယ်နိုင်ရေ
အစ်မငယ်နိုင် အခုလို ပျော်စရာမွေးနေ့တွေ အများကြီး အများကြီး ထပ် ကြုံရပါစေခင်ဗျာ။
အစ်ကိုကျော်နိုင် နဲ့ အစ်မငယ်နိုင် တို့ လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပြီး သာယာအေးငြိမ်းပျော်ရွှင်တဲ့ မိသားစုလေးကို သေတပန်သက်တဆုံး ထိန်းသိမ်းနိုင်ပါစေ။
အင်တာနက် မရလို့ အစ်မငယ်နိုင် ရဲ့ မွေးနေ့ဆုတောင်းများအတွက် ကျေးဇူးတင်လွှာ ပို့စ်ကို အခုမှ ဖတ်ရလို့ အခုမှ မွေးနေ့အတွက် ဆုတောင်းရတာပါ။
နောက်ကျသွားတာ ဆောရီးပါနော်။
(123) မောင်လူအေး said...
- အန်တီငယ်နိုင် မွေးနေ့ (ဇွန်လ ၁၆ ရက်) နဲ့ အမေစု မွေးနေ့ (ဇွန်လ ၁၉ ရက်) က တထပ်ထဲနီးပါး တိုက်ဆိုင်နေတယ်.. စစ်အုပ်စုရဲ့ မတရားမှုတွေကို ဆန့်ကျင်တဲ့ အန်တီငယ်နိုင်ရဲ့ စိတ်ဓါတ်ကလဲ အမေစု စိတ်ဓါတ်လိုပဲ ပြတ်သားပါတယ်.. စစ်အုပ်စုရဲ့ ညစ်ပတ်ယုတ်မာမှုတွေကို ပိုင်းခြား ဝေဖန် သုံးသပ်ပြရာမှာလဲ အန်တီငယ်နိုင်က အမေစုလို ရှင်းလင်း ထိရောက် စေ့စပ်ပါတယ်.. အန်တီငယ်နိုင်လဲ (တခေတ်မှာ တယောက်ထွန်းတဲ့) အမေစုလို မဟုတ်ရင်တောင် အောင်မြင်သူတဦး ဖြစ်ပါစေဗျာ..
- မိုးယံ said...
- ပျော်ရွှင်ဖွယ် မွေးနေ့မှသည်။ နောင် နှစ်များစွာတိုင် ငြိမ်းချမ်းသာယာသော မိသားစုနှင့်အတူ ဘ၀ကို အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ။
ယုံကြည်ရာကို ရဲဝံ့စွာ စွမ်းဆောင်အောင်မြင်နိုင်ပါစေ။
- Shoomayn said...
- မငယ်နိုင်ခင်ဗျား
ကျုပ် ဖူ့တာမိက်ပါ ဖူ့ဆိုတာက ကရင်လိုခေါ်တာပါ
ဗမာလိုကတော့ အဘိုးပေါ့နော်။
အပြည့်အစုံဆိုလျင်တော့ ဘိုးတာမိုက်ပါ။
လင့်ပေးထားတာတွေ့ပြီး လာလည်ရာကနေ
မငယ်နိုင်ရဲ့ မွေးနေ့ဆိုလို့ လာပြီးဆုတောင်းပေးသွားပါတယ်။
ကျန်းမာပါစေ။ ချမ်းသာပါစေ။ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ပါစေ။
ဘေးဘယာဝေးကွာပါစေ။
(1) ကိုသိန်းလွင်၊ (2) အန်ကယ် နယ်လဆင်ထွန်း၊ (3) Sau Gerald, (4) ကိုကောင်းမြတ်၊ (5) ကိုအောင် ၊ (6) ကိုသောင်းဟိန်း၊ (7) ကိုမျိုးချစ်မြန်မာ၊ (8) Austin Thet Win, (9) မခင်မင်းဇော်၊ (10) ကိုဗမာ့သွေး (11) Oungknai, (12) Kiki,(13) ကောင်းကင်ကို၊ (14) Mandalay Voice, (15) ကိုမင်းထဋ် (16) မသီတာ (17) ကိုအောင်ထွန်း၊ (18) ကိုနိုင်အောင်၊ (19) Noypi Yonip, (20) U Min Min, (21) မချစ်ကြည်အေး (22) အန်ကယ်ကြီး ဒန်နီဘွင့် (23) မသက်ဝေ (24) ကိုဇော်လင်း (25) ကိုလူသစ် (26) ညီမငယ်လေး လင်းလက်ကြယ်စင် (27) ညီမလေး Cherry Khin KHin (28) ညီမလေး Pan Chu Chu (29) Anelyn De Luna (30) ဥက္ကဌလေး Ronald Aung Naing, (31) မောင်လေး Henry Chen, (32) ကိုစိုးထက် (33) ကိုစိုးအောင် (34) အိအိချော၊ (35) ကို Thaw Zin, (36) ကိုမြတ်သူ၊ (37) ညီမလေး မသန္တာ၊ (38) Ko Wild, (39) ညီမလေး ဇင်ဇင်ဝင်းကို (40) ညီမ ခွန်မြလှိုင် (41) ကိုတေဇသူရ (42) မောင်လေး Thomas Latt (43) ညီမလေး ရွှန်းမီ (44) ညီမလေး Yadana Lai (45) မောင်လေး သက်တန့်ချို (46) ကိုထက်အောင်ကျော် (47) Sandar Suzan (48) ကိုအောင်မျိုးမင်း (49) ကို Yoe Chittaya (50) Turn on Ideas (51) ညီကျော် (52) ကိုသန်းကျော်ဌေး၊ (53) ရီတိုး၊ (54) ကိုမောင်မောင်သန်း၊ (55) Rose, (56) မျိုးမျိုး၊ (57) ကိုရန်နိုင်သိန်းဖေ၊ (58) Nan Moe Hnin Oo, (59) ဆရာဝင်းနိုင်ဦး၊ (60) ကိုမျိုးသန့်ဦး၊ (61) ကိုအေးလွင်၊ (62) ညီမမွန်ထက်၊ (63) မြစ်ကျိုးအင်း၊ (64) Dream Lover, (65) ကိုဇော်မျိုးလွင်၊ (66) သားငယ်၊ (67) မမီးငယ်၊ (68) Debbie, (69) ဆရာမ မေငြိမ်း၊ (70) Patrick, (71) ပြည်သူ့ဘက်သား၊ (72) ငြိမ်းနိုင်၊ (73) သျှင်နေမင်း၊ (74) ကိုဇော် (75) ကိုကျော်သူရ၊ (76) နန္ဒာအေး၊ (77) PeTi, (78) Min Min, (79) April Love, (80) Cho Aung (81) သမီးလေး ဝေနှင်းဦး၊ (82) ချောစု၊ (83) ဂရမ်မာ ကြာရွက်၊ (84) Ovserver, (85) တာရာ၊ (86) Anonymous (June 17, 2011 4:46 AM)၊ (87) ကောင်းစေလိုသူ၊ (88) မာဃ၊ (89) Min , (9၀) Anonymous (June 17, 2011 7:32 AM), (91) စစ်မုန်း၊ (92) Rose, (93) ကိုညီလွင် (94) ငမူး၊ (95) Su Su, (96) ကိုချိုတူး (97) ပဲခူးသား၊ (98) Activist, (99) ဇော်ဂျီ၏ ဗေဒါလမ်းကဗျာ (100) စစ်နိုင်၊ (101) ကိုပြည်သူ၊ (102) ရဲဘော်ဘခက်၊ (103) Blogger Support Group (104) ကိုမန်းကိုကို၊ (105) မျိုးဆက်သစ်လူငယ်၊ (106) Jimmy, (10) ကိုအာယု၊ (108) Mahn Ba Khaing (109) တိုက်မောင်း၊ (110) ဖိုးခွား၊ (111) Anonymous (June 18, 2011 6:54 PM), (112) KAUNG, (113) သားထူး၊ (114) Chum, (115) ကိုသန်းနိုင် (101) (or) သန်းနိုင် (208)၊ (116) သမိုင်းလေ့လာသူ၊ (117) စစ်ခွေးမုန်းသူ၊ (118) လောကပါလ၊ (119) Advisor (120) အမှန်မြင်သူ၊ (121) ဒေါင်းသွေး၊ (122) Tommy Thet Naing, (123) မောင်လူအေး၊ (124) သမီးဒီဇင်ဘာ၊ (125) မိုးယံ၊ (126) ဖူ့တာမိတ် တို့အားလုံးရဲ့ မွေးနေ့ဆုတောင်းများအတွက် အထူး ကျေးဇူးတင်ကြောင်း ဒီပို့စ်မှာ မှတ်တမ်းတင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
"ပန်းပန်လျက်ဘဲ"
သို့မဟုတ်
"ငယ်နိုင်လမ်း" ကဗျာ
ငယ်နိုင်လမ်း
အော်စီကမ္ဘာ ဆစ်ဒနီမြို့တွင်း
မငယ်နိုင် ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။
ဘလော့ရေးလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ။
"အိုပါး" နဲ့ "hanzaw" လဲပါ၊ ငယ်နိုင်မ ရန်ဘေး။
"တုတ်ကြီး" ခေါ် အဆဲတိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။
ဘန်းရလဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ၊ "zaw" ၊ "သူတော်" comment မှာ၊ ငယ်နိုင်ကို ဝိုင်းသမ
ကိုယ်ခွဲကာ ရိုင်းသဗျ၊ ပိတ်လိုက်ပြန်ရ။
comment ပိတ်လဲ မသက်သာ
C-Box ဝယ် Moscow နယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာနှစ်ရာ၊ ငယ်နိုင်က တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
မငယ်နိုင် အံကိုခဲ၊ ပန်းပန်လျက်ဘဲ။
စစ်နိုင်
(၁၇-၆-၂ဝ၁၁)