မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား (ဆစ်ဒနီ)

ဒီနေ့ 6/8/11 ရက်မှာ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အမှတ်တရအခမ်းအနားကို ဆစ်ဒနီမှာ နှစ်နေရာမှာ ကျင်းပခဲ့ပါတယ်။ ရှစ်လေးလုံးမှာ အသက်ပေးသွားသူများအတွက် ဆွမ်းကြွေးတရားနာ အစီစဉ်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိတဲ့ ကိုမြတ်သူ မမြင့်မြင့်မိုးတို့ မိသားစုက ဆစ်ဒနီမြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ မနက်ပိုင်းမှာ ပြုလုပ်ပြီး ညနေဘက်မှာတော့ ABSDF Australia Branch နှင့် မြန်မာ Activists များ ဦးဆောင် ကျင်းပတဲ့ အခမ်းအနားကို Lidcome ရှိ Ukrainian Hall မှာ ကျင်းပခဲ့ပါတယ်။ ကိုမြတ်သူက ABSDF တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး ရှစ်လေးလုံးနှင့် ဒီမိုကရေစီတော်လှန်ရေးမှာ ကျဆုံးသွားသူများကို အလေးပြု ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ရှစ်လေးလုံး နှစ်ပတ်လည်ကျရောက်တိုင်း ရှစ်လေးလုံးနဲ့ ပတ်သက်သူအားလုံးကို ဖိတ်ပြီး ဆွမ်းကျွေးတရားနာ အစီစဉ်ကို သြစကြေးလျား ရောက်ပြီးကတည်းက တသီးပုဂ္ဂလအနေနဲ့ ကျင်းပပြုလုပ်လာခဲ့တာ အခုဆိုရင် ၁၀ နှစ် ခန့်ရှိပြီလို့ ပြောပါတယ်။ အောက်က ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

အခမဲ့ ကြော်ငြာပေးခြင်း - လာမည့် ၈ ရက်နေ့ တနင်္လာနေ့မှာ ဆစ်ဒနီကနေ ကမ်ဘာရာကို ဆန္ဒပြလိုက်မည့်သူများအတွက် Lodcome မှာ အခု အခမ်းအနား ကျင်းပတဲ့ Hall ရှိရာလမ်း Joseph street လမ်းဆုံမှာ ဘတ်စ်ကားကို ၈ ရက်နေ့ မနက်မှာ စီစဉ်ထားပါတယ်။ မနက် ၇ နာရီမှာ စထွက်မှာမို့ ဆန္ဒပြလိုက်မည့်သူများ အချိန်အမီ လာကြဖို့ အခမ်းအနားမှာ ကြော်ငြာတာကို အခမ်းအနားမလာနိုင်ပေမဲ့ ကမ်ဘာရာမှာ ဆန္ဒပြလိုက်ချင်သူတွေ အတွက် ပြန်အကြောင်းကြားပေးပါတယ်။

(ဒီနှစ်အတွက် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားအကြောင်းကတော့ ပို့စ်ရှည်ရှည် ရေးအချိန်မရလို့ ဒီလောက်ပါပဲ)။

ဒေါက်တာမြင့်ချို စကားပြောစဉ်

ရှစ်လေးလုံး Slide Show ပြစဉ်


အောက်ကပုံတွေကတော့ ဖျောဖြေရေး အစီစဉ်ပုံတွေဖြစ်ပါတယ်။







အောက်က နှစ်ပုံက မနက်ပိုင်း ကိုမြတ်သူ မမြင့်မြင့်မိုးတို့ ကျင်းပတဲ့ အခမ်းအနားက ပုံတွေဖြစ်တယ်။




>ဒေါင်းတမန် သီချင်းကို သီဆိုသူ ကိုလှမိုး




သွေးမုန်တိုင်းသီချင်း သီဆိုသူ ကိုကျော်ဆန်း



ငြိမ်းချမ်းရေးတိုက်ပွဲ သီဆိုသူ ကိုလှမိုး




အရေးကြီးပြီ အုပ်စုသီချင်း



ဒီအခမ်းအနားကမဟုတ်ပါ။ ပို့လာပေးတဲ့ ခင်မမမျိုးကို ကျေးဇူးတင်ပါတယ်

24 comments:

ပြောစမ်းပေါက်ကရ

ဖင်လှည်.ခေါင်းလှည်.နဲ. ဘာမှသာ ဖြစ်မလာတာ ၂၃ နှစ်တောင်ကြာပြီပဲ

ဘလော့ရှင်သို့

စစ်အစိုးရရဲ့ ဥပဒေမဲ့ လူမဆန်စွာ သတ်ဖြတ်တာကို ခံခဲ့ရလို့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူ ၃ဝဝဝ ကျော် ကျဆုံးခဲ့ရတဲ့ ၈၈၈၈ ပြည်သူ့အရေးတော်ပုံ အမှတ်တရပွဲ ပို့စ်ကို ဖတ်ရင်း အာဇာနည်တွေကို အလေးပြုသွားပါတယ်..

ဒီလို ပို့စ်မှာ ၈၈၈၈ မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ ဝိဥာဉ်ကို လေးစားတဲ့ အနေနဲ့ အသားလွတ် စော်ကားတိုက်ခိုက်ထားတဲ့ ရုရှားက စစ်ကျွန် မောင် ရဲ့ အရေမရ အဖတ်မရ မှတ်ချက် ၂ ခုလုံးကို (ဆဲတဲ့စကားလုံး မပါပေမယ့်) ဖျက်ပေးဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်..

မောင်ကျောင်းသား မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ အထက်ကပုဂ္ဂိုလ် ပြောထားတာ ဒီထက်မက ဆိုးတဲ့ မှတ်ချက်တွေလည်း အများကြီး ရှိပါတယ်။ အမှန်က ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်အောင် တမင် လာလုပ်နေတာတာပါ။ သူတို့ဘယ်လိုဒုက္ခမျိးကိုပဲပေးပေး ကျွန်မ လက်မခံရင် ကျွန်မမှာ ဘာမှမထိခိုက်ပါဘူး။ ကျွန်မလုပ်နေတာတွေလည်း သူတို့ကြောင့်တော့ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ သူပြောထားတာကို သဘောမတူရင် ပြန်ပြောလို့တော့ ရပါတယ်။ ဒါပေမဲ့ သူ့မှတ်ချက်တွေကို ကျွန်မ အကြောင်းပြန်တိုင်း တခြားစာဖတ်သူတွေအတွက်ပါ အကျိုးရှိမှသာ အကြောင်းပြန်လေ့ရှိပါတယ်။ ပြောနေလို့လည်း ဘယ်သူ့အတွက်မှ ဘာမှအကျိုးမရှိဘူး ထင်ရင်တော့ သူ့ကို Attention လုံးဝပြန်မပေးဘဲ အခုလို လစ်လျှူရှုထားလိုက်ပါတယ်။ သူ့မှတ်ချက်ကို မဖျက်တာကတော့ ဆဲဆိုထားတာမဟုတ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထာ မဟုတ် အမြင်ကို ပြောတာဖြစ်တဲ့အတွက် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို ခွင့်ပြုတဲ့အနေနဲ့ မဖျက်ဘဲထားတာပါ။

ရှစ်လေးလုံးနှစ်ပတ်လည်နေ့ မှာအာဗာနည်တွေကိုလာ
ရောက်အလေးပြုပါတယ်အစ်မ....။

မငယ်နိုင်ခများလည်း ဝဋ်ကြီးလိုက်တာ
ဒီဝဋ်ကြွေးက ခုထိမကုန်သေးပါလား

မောင် said...
August 7, 2011 12:12 AM

ပြောစမ်းပေါက်ကရ


ဟေ့
၇ု၇ှားက မောင် ဆိုတဲ့ အယုတ်တမာကောင်


ပြည်သူ့ဘလော့ဂါတွေက ၁၉၈၈ ပို့စ် တင်တာ၊ ပြည်သူ့ဘက်သားတွေက ၁၉၈၈ အကြောင်း ဆွေးနွေးတာဟာ ပေါက်ကရ ပြောနေတာ မဟုတ်ဘူးကွ..

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံမှာ လက်လွတ်စပယ် အသတ်ခံခဲ့ရတဲ့ လက်နက်မဲ့ပြည်သူ ၃ဝဝဝ ကျော်ကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်တာဟာ ပေါက်ကရ လုပ်နေတာ မဟုတ်ဘူးကွ..

စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက်သတ်မှုတွေ၊ ၇ာဇဝတ်မှုတွေကို ဖော်ထုတ်နေတာကွ..

စစ်ဘီလူးတွေက လက်နက်မဲ့ပြည်သူ ၃ဝဝဝ ကျော်ကို မြို့လယ်ခေါင်တွေမှာ လူစိတ်ကင်းမဲ့စွာ ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ လူသတ်မှုတွေကို ပြောနေတာကွ..

သမိုင်းမှန်ကို ဖော်ထုတ်နေတာကွ..

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး


၁၉၈၈ ခုနှစ်၊ မတ်လ ၁၃-၁၈ ရက်
ဖုန်းမော်အရေးအခင်း

ကျောင်းသားနှင့် အရပ်သား မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုအပေါ် စစ်အစိုးရက ကျောင်းဝင်းထဲရှိ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများကို တဖက်သတ် ပစ်ခတ်မှုကြောင့် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။



၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်
တံတားနီအရေးအခင်း

ကိုဖုန်းမော် အရေးအခင်းကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်ကို ပိတ်ပစ်လိုက်ပြီးနောက် မတ်လ (၁၆) ရက်တွင် ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသား ထောင်ပေါင်းများစွာက နေ၀င်းအစိုးရ ဖြုတ်ချရေး၊ ဒီမိုကရေစီရရှိရေး ကြွေးကြော်သံများနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကျောင်းဝင်းအတွင်းမှ ထွက်ကာ လမ်းပေါ်တက် ဆန္ဒပြချီတက်ရာ အင်းလျားကန်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူ မြောင်းကူးတံတားအလွန် အင်းလျားကန်ဘောင် တံတားဖြူမှတ်တိုင်တွင် အာဏာပိုင်များက ကျောင်းသားများကို လုံထိန်းကားဖြင့် တိုက်သတ်၊ နံပါတ်တုတ်ဖြင့် ရိုက်နှက်သဖြင့် ကျောင်းသားများ ရာနှင့်ချီ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသည်။ ထိုနေရာတွင် ကျောင်းသားများ သွေးစွန်းခဲ့ရသည့်အတွက် တံတားနီ မှတ်တိုင်ဟု ခေါ်ခဲ့ကြသည်။



၁၉၈၈ ခုနှစ်၊ ဇွန်လ ၁၄-၂၀ ရက်
ဖုန်းမော် ၃ လ ပြည့်ဆန္ဒပြပွဲ

မတ်လ ဖုန်းမော်အရေးအခင်းတွင် သေဆုံးကျောင်းသားများ၊ ဖမ်းဆီးခံကျောင်းသားများ၊ ကျောင်းထုတ်ခံ ကျောင်းသားများ အတွက် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများ ပါဝင်သော ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်သည့် ဆန္ဒပြပွဲဖြစ်သည်။



၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်
မြေနီကုန်းအရေးအခင်း

ဖုန်းမော် ၃ လပြည့်ဆန္ဒပြပွဲကိုနှိမ်နင်းရန်အတွက် စစ်အစိုးရက ကျောင်းဝင်းတံခါးများကို ဝင်ခွင့်မပေးဘဲ ပိတ်ပစ်လိုက်သောကြောင့် ကျောင်းသားများက ပြည်လမ်းတလျှောက် ချီတက်လာရာ မြေနီကုန်းတွင် ကျောင်းသား၊ အရပ်သား ပူးပေါင်းဆန္ဒပြမှုကို စစ်အစိုးရက ရက်စက်စွာနှိမ်နင်းခဲ့သည့် အရေးအခင်း ဖြစ်သည်။ မြေနီကုန်း အရေးအခင်းမှာ လူထုကိုယ်တိုင် ခံစားချက် ပေါက်ကွဲ ထွက်ပေါ်လာပြီး ကျောင်းသားများ၏ တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်လာခြင်း ဖြစ်သည်။



၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်
၁၃၅၀ပြည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး

ဖုန်းမော် ကျောင်းသားအရေးအခင်းမှ စတင်ခဲ့သည့် မီးပွားသည် ဆိုရှယ်လစ်အမည်ခံ စစ်အစိုးရ၏ ၂၆ နှစ်လုံးလုံး မတရား ဖိနှပ်မှုကို ခံလာရသော ပြည်သူတို့၏ ပြည်သူလူထုကြီးတရပ်လုံး၏ အထွေထွေမကျေနပ်မှုနှင့် ပေါင်းစပ်ကာ စစ်အာဏာရှင်စနစ်ကို အပြတ်သားဆုံး ဆန့်ကျင်ခဲ့သည့် အထွေထွေ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်သည်။ စစ်အုပ်စု၏ အသုံးချခံ စစ်တပ်၏ စည်းမဲ့ကမ်းမဲ့ ပစ်သတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၃ဝဝဝ ကျော် အသက်ဆုံးခဲ့ရသည်။

ကမ္ဘာမကြေဘူး

(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံ သီချင်း)


(ကမ္ဘာမကြေဘူး... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
ဩော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့ တိုင်းပြည်)၂
ရဲရဲတောက် တို့ပြည်သူတွေ...

(ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း... နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
ဩော်... လုပ်ရက်ကြပေ... ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ)၂
အတုံးအရုံး လဲပြိုကာနေ...

(ညီအစ်ကိုတို့... ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့... ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာ ကျဆုံးသော
ဩော်... သူရဲကောင်းတို့လို ခိုင်မာပီပြင် တော်လှန်ပစ်မလေ)၂
မျိုးချစ်တဲ့ တို့ဇာနည်တွေ... ကမ္ဘာမကြေဘူး



(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ချီတက်ဆန္ဒပြတဲ့ ပြည်သူတွေ သီဆိုခဲ့တဲ့ သီချင်း)



http://www.youtube.com/watch?v=ntxRso06bhc&feature=related

"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

ဓါး ဓါးချင်း၊ လှံ လှံချင်း

ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ

(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားတဲ့ မိန့်ခွန်း)



ကျနော် တိုင်းပြည် တာဝန်ယူတဲ့ အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါတယ်။
အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။
ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။
ဓါးကို ဓါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတယ်။


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"


(မြန်မာ့သတ်မတော်ရဲ့ ဒုတိယ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ လူသတ်သြဝါဒ)


"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

(= ကိုယ်ဝန်ဆောင်တောင် မချန်နဲ့၊ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နှုတ်မိန့်
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)


("အစိတ်သား" ဆိုသော တပ်တွင်းသုံးစကား၏ အဓိပ္ပာယ်ကို ဗိုလ်မှူးအောင်လင်းထွဋ် ၏ ရှင်းပြချက်
"အစိတ်သား တောင် မချန်နဲ့" ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။
ကိုယ်ဝန်ကို တပ်ထဲမှာ "အစိတ်သား" လို့ ကျနော်တို့ ခေါ်တာကိုး။
"ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်" ဆိုပြီးတော့ တရားဝင်အမိန့် ပါ။
တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။
စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ နှုတ်မိန့်နဲ့ ပြောလိုက်တဲ့စကားပါ။)


http://www.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html

"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"


("ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ" ဆင်နွှဲ အပြီးတွင် ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး နှင့် တပ်သား မောင်ထွန်း တို့၏ တပ်မှ တပ်သားတဦးက ပဲခူးမြို့၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်နေ ပြည်သူများကို လမ်းဘေးစရိုက်ဖြင့် မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားသော စကား)



စစ်တပ်ကို စမ်းချင်တဲ့ကောင် စမ်း၊ သေချင်းဆိုးနဲ့ သေသွားမယ်။


"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
ဆင်နွှဲခဲ့သော ခလရ-၅၉ ပဲခူးတပ်မှ
ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
၎ - ၉ - ၂ဝ၁ဝ ရက်ည


http://www.irrawaddymedia.com/bur/index.php/multimedia/1-news/3988-2010-09-21-09-46-21

"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

(ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)



"စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။"

(ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့)



"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး) )



"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"

( ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
၎ - ၉ - ၂ဝ၁ဝ ရက်ည )



ပြည်သူတွေ သိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ခလရ-၅၉ ပဲခူးတပ်က ဗိုလ်ကြီးသိဒ္ဓိစိုး ရဲ့ ရဲဘော် တပ်သားတယောက် ပြောခဲ့တဲ့ အဲဒီစကားတွေဟာ မြန်မာစစ်တပ်ရဲ့ လူသတ်ဝါဒကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပြသနေပါတယ်။

စစ်အာဏာရှင် အဆက်ဆက်ရဲ့ အလွဲသုံးတာကို နှစ်ရှည်လများ ခံလာရတဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဗိုလ်ကျစိုးမိုးလိုတဲ့ သဘောထားဟာ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ မပြောင်းလဲသေးတာ ထင်ရှားနေပါတယ်။

"ငါတို့စစ်တပ်ကို အံတုရင် အသေ ပစ်သတ်မယ်" ဆိုတဲ့ လူမိုက်လမ်းစဉ် အမြစ်မပြုတ်သေးသရွေ့ စစ်အာဏာရှင်ရဲ့ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခံနေရတဲ့ နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ သူခိုး ဓါးပြ မုဒိမ်းတပ် အဆင့်အထိ နိမ့်ကျသွားပြီ ဖြစ်တဲ့ မြန်မာစစ်တပ်က စစ်ဗိုလ်၊ စစ်သားတွေရဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ လက်ရဲဇက်ရဲ အနိုင်ကျင့် ပစ်သတ်နေတာကို ပြည်သူတွေဟာ ဆက်ခံနေရဦးမှာပါ။

အရိုးရှင်းဆုံး ပြောရရင် စစ်တပ်က ပြည်သူအားလုံး အပေါ်မှာ လူမိုက်ဝါဒနဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ အကြွင်းမဲ့ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ။

ပြည်သူကို သတ်စို့
(လက်ရှိ တပ်မတော်၏ အခြေအနေမှန်နှင့် ကိုက်ညီသည့် စစ်ချီသီချင်းသစ်)


("တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်" စာသားဖြင့် အစချီသော "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန် )



ပြည်သူကို သတ်စို့


ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်လမ်းစဉ် ငါတို့ဆက်ကျင့်မယ်။
"စစ်တပ်ဟာ ပစ်ပြီဆိုရင် မှန်အောင် ပစ်ပါတယ်။"
လမ်းမှာ ဆန္ဒပြရင် အသေပင် ပစ်သတ်မယ်။

ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ ရွာသားသတ်ဖို့ သတ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမကျန်အောင် ငါတို့ ပစ်သတ်မယ်။

မြို့လယ်မှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့်၊ ငါတို့ စစ်သားရယ်။

ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ အသေဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်


(တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာပြီး တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ " ပြည်သူကို သတ်စို့" (ယနေ့ တပ်မတော်၏ အခြေအနေမှန်ပြ စစ်ချီသီချင်းသစ်) ကို တပ်မတော်သားများ အမြင်မှန် ရစေရန် ရည်ရွယ်ချက်ဖြင့် ရေးစပ်ပါသည်။

တပ်မတော်သားများ အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။)

တူယှဉ်ကာ တိုက်စို့

(မူရင်း စစ်ချီသီချင်း)


တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။

မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။

စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့်၊ ငါတို့စစ်သားရယ်။

ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။

စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံနေရသော တပ်မတော်သားများ အနေဖြင့် အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

၈ လေးလုံး နေ့၊ ၂ဝ၁၁

လက်နက်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ကို မြို့လယ်ခေါင်တွေမှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ်လူသတ်ပွဲကြီး



ဒေါမာန်ဟုန်
(ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ)



http://www.scribd.com/doc/7181732/-Bertil-Lintner-Outrage-Burma

လက်နက်မဲ့ အ၇ပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ခ၇စ်စတီကျွန်း လူသတ်ပွဲ


၁၉၉၈ ခုနှစ်၊ မေလက တနင်္သာရီတိုင်း၊ ခရစ္စတီးကျွန်းပေါ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော လက်နက်မဲ့ အရပ်သား ၈၁ ယောက်ကို သန်းရွှေ၏ အမိန့်အရ မြန်မာစစ်တပ်က ဥပဒေမဲ့ သွေးအေးအေးနှင့် ပစ်သတ်ခဲ့ပုံ


http://www1.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html


http://www.yeyintnge.com/2010/08/blog-post_494.html


http://www.timesonline.co.uk/tol/news/world/asia/article4083370.ece

လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို မင်းမဲ့စ၇ိုက်နဲ့ အသေ၇ိုက်သတ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်း လူသတ်ပွဲ



ဒီပဲယင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်

http://www.rfa.org/burmese/news/depayin-massacre-main-perpetrator-05302011132922.html




ဒီပဲယင်း လုပ်ကြံမှု အစီရင်ခံစာ

http://www.yeyintnge.com/2009/04/blog-post_1269.html




“ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု ထပ်မံ စုံစမ်းတွေ့ရှိချက်များ”

Fresh Report on Black Friday.pdf

http://www.mediafire.com/?oqn24nywivd




ဒီပဲယင်းလုပ်ကြံမှု အရေးယူ ဆောင်ရွက်ရေး ကော်မရှင် ဒုတိယအကြိမ် ပဏမ အစီရင်ခံစာ

The Ad Hoc Commission on Depayin Massacre.pdf

http://www.mediafire.com/?dzwzzc4atd2

ငါတို့ကမြန်မာနိုင်ငံသားတွေမဟုတ်ကြတော့ဘူးဆိုတော့လည်း
၈၈၈၈လည်းရှိပါစေတော့၊ကျေးဇူးတော့တင်ပါတယ်၊
ဘာလို့ဆိုကျွန်တော်တို့ပိုက်ဆံလည်းရ၊နိုင်ငံသားခံယူခွင့်လည်းရလို့ပါဘဲ၊
ကူညီလက်စနဲ့နိုင်ငံသားမဟုတ်တော့တဲ့ကျွန်တော်တို့ကို၊မြန်မာနိုင်ငံသားဖြစ်တဲ့
အကိုတို့ကဆူပူမှု့နဲ့ဆက်လက်ကူညီပေးပါခင်ဗျာ၊ကျွန်တော်တို့ငွေနဲနဲသုံးစရာလိုလို့ပါနော်၊
ကျေးဇုးတင်စွာဖြင့်၊
၈၈၈၈မျိုးဆက်ဟောင်းများ

အင်း ...
စစ်ကျွန်တယောက်က "၈၈၈၈မျိုးဆက်ဟောင်းများ" နာမည်ကို အလွဲသုံးစား လုပ်ပြီး ကလိမ်ကကျစ် ရေးထားတာကို ဖတ်ရတော့ အဖြစ်မှန်တွေကို ပိုပြီး မြင်လာရတယ်။

၈၈၈၈ မှာတုန်းက စစ်ခေါင်းဆောင်တွေရဲ့ ခါးပိုက်ဆောင်တပ်အဖြစ် အလွဲသုံးခံနေရတဲ့ စစ်ခွေးတပ်က ဥပဒေမဲ့ ပစ်သတ်လို့ လမ်းပေါ်မှာ ပစ်သတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ထဲမှာ ကျောင်းသားတွေကလည်း မနည်းဘူး။ ထောင်တွေထဲမှာ၊ စစ်ကြောရေးစခန်းတွေထဲမှာ၊ ရဲဘက်စခန်းတွေထဲမှာ စစ်အုပ်စုလက်ပါးစေတွေရဲ့ နှိပ်စက်လို့၊ ဝက်စာသာသာ ထမင်းကို မဝရေစာ ကျွေးလို့၊ ဆေးကုခွင့်မပေးလို့ သေသွားတာလဲ မနည်းတော့ဘူး။ ထောင်ထဲမှာ မသေဘဲ ကျန်နေတဲ့ ၈၈၈၈ မျိုးဆက်ဟောင်း တွေကလည်း နှစ်ရှည်ထောင်ဒဏ်တွေ ခံပြီး စိတ်ရောကိုယ်ပါ နှိပ်စက်မှုပေါင်းစုံကို ဆက်လက် ခံစားနေရတယ်။

၈၈၈၈ မှာတုန်းက လမ်းပေါ်မှာ ပစ်သတ်မခံခဲ့ရတဲ့၊ ထောင်ကျမနေတဲ့ ၈၈၈၈ မျိုးဆက်ဟောင်း တွေက အမိမြန်မာပြည်မှာ ဆက်နေရင် ဖမ်းဆီးနှိပ်စက်ခံရမှာမို့လို့ နေရာအနှံ့ ရောက်ကုန်ကြပြီ။ ၈၈၈၈ မျိုးဆက်ဟောင်း တွေက ကိုယ်ချစ်တဲ့ အမိမြေမှာ မနေရဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ ဆူရှီလိပ်တာလို မလုပ်ချင်တဲ့အလုပ်တွေ လုပ်နေရတယ်။



၈၈၈၈ မျိုးဆက်ဟောင်း တွေက

ဟန်ပြ အရပ်သားအစိုးရ အမည်ခံ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေလို ပြည်သူ့ဘဏ္ဍာကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး အခိုး မပြိုင်နိုင်ဘူး။

ခိုးထားတဲ့ ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီတဲ့ ဘဏ်စာရင်းလဲ မပြိုင်နိုင်ဘူး။

ခိုးထားတဲ့ ငွေနဲ့ ဝယ်ထားတဲ့ ရွှေတွေ၊ စိန်တွေလဲ မပြိုင်နိုင်ဘူး။

နန်းတော်လို အိမ်ကြီး၊ ခြံကြီးတွေလဲ မပြိုင်နိုင်ဘူး။

ရှစ်လေးလုံး အောက်မေ့ဘွယ် ကာလမှာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို နောက်ခံထားပြီး ရိုက်ထားတဲ့ ရုပ်ရှင် "Beyond Rangoon" ကို ကြည့်နိုင်အောင် လင့်တွေကို အောက်မှာ ရေးပေးလိုက်ပါတယ်။

အဲဒီ "Beyond Rangoon" ရုပ်ရှင်ဇာတ်လမ်းက စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ပေမယ့် ၁၉၈၈ မှာ အာဏာရှင်ရဲ့ လက်ကိုင်တုတ် စစ်တပ်က လက်နက်မဲ့ ပြည်သူတွေကို လမ်းတွေပေါ်မှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တာတွေကို ရိုက်ပြထားတာ အရမ်း ပီပြင်ပါတယ်။

"အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်နေတာတွေကို ရပ်ပါတော့" လို့ ရန်ကုန်ဆေးရုံကြီးဝင်းထဲမှာ အာဏာရှင်ကို မေတ္တာရပ်ခံနေတဲ့ သူနာ ပြုဆရာမတွေကို စစ်တပ်က သေနတ်နဲ့ ပစ်တာဟာ သမိုင်းမှန်ပါ။



"Beyond Rangoon"
Episode (1) to Episode (14)


http://www.youtube.com/watch?v=-cDIdK8D9B4&feature=related

http://www.youtube.com/watch?v=5SL-MW0ogiM&feature=related

http://www.youtube.com/watch?v=jnmqMJK74U4&feature=related

http://www.youtube.com/watch?v=RJ4W4yn9cD0&feature=related

http://www.youtube.com/watch?v=A_iFBLRHkSQ&feature=related

http://www.youtube.com/watch?v=RqydGVER6E8&feature=related

http://www.youtube.com/watch?v=zqt_AYQAQ9g&feature=related

http://www.youtube.com/watch?v=UvnTL3fjju0&feature=related

http://www.youtube.com/watch?v=RMES9kQBeQk&feature=related

http://www.youtube.com/watch?v=akz5QmP5stU&feature=related

http://www.youtube.com/watch?v=geimPo61xJs&feature=related

http://www.youtube.com/watch?v=jo5G8UTzNR4&feature=related

http://www.youtube.com/watch?v=971zq5whjww&feature=related

http://www.youtube.com/watch?v=5qLfF5yGugI&feature=related

လူတိုင်းမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိပါတယ်။ သဘောထား ကွဲလွဲသည်ဖြစ်စေ၊ တိုက်ဆိုင်သည်ဖြစ်စေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မပါဘဲ ပို့စ်ပါ အကြောင်းအရာကိုသာ ဦးတည်ပြီး ယဉ်ကျေးစွာ ရေးသားကြပါရန် မေတ္တာ ရပ်ခံပါတယ်။

သီအိုရီအရ (၈၈၈၈)ရှစ်လေးလုံုးံကို ကျောင်းသားအင်အားစုက စတယ် မှန်ပါတယ်၊ ကျောင်းသားဆိုတဲ့ သဘာဝအတိုင်း တက်ကြွတဲ့လူငယ်လူရွယ်တွေ မတရားတာမကြိုက်အမှန်တရားမြတ်နိုးတဲ့အရွယ် လူစုလူဝေးနဲ့ ရှိနေချိန်(လူစုလူဝေးရဲ့သဘောအရ လူများရင် စိတ်ကြွတဲ့ သဘောရှိ) ဒီလို လူငယ်တွေက ပြည်သူ့အုံကြွမှုကို ရုပ်ပိုင်းဆိုင်ရာအရ စတင်ကြတာ သီအိုရီအရ အမှန်ပါ၊ (မှတ်ချက်။ ။ လူ့သဘောအရ အသက်အရွယ်လိုက် အပြောင်းအလဲရှိသည်)။ ဒီရုပ်ပိုင်းဆိုင်ရာတွေကို စတင်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာက စတင်ရတာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို ဘယ်သူတွေလုပ်ဆောင်ကြသလဲဆိုရင် မှန်မှန်ကန်ကန်ဝံခံရဲကြရင် (ဗကပ)တွေ မြုတ်နှံထားတဲ့ (ယူဂျီ)တွေက ဖေါ်ဆောင်တယ်ဆိုတာ ၀န်ခံရပါလိမ့်မယ်။
http://hittai.net/?show=rm&fileid=87&t=home4&id=4
http://hittai.net/?show=rm&fileid=88&t=home4&id=4
ကိုထွန်းဝေ ကတရုတ်ဗမာကပြာွးပါ။ ကိုထွန်းဝေ က အဖေတရုတ်၊ အမေ ဗမာပါ။ အဖေက စစ်မှုထမ်းချေဆိုတော့က ဗမာပြည်ကနေ တရုတ်ပြည်ကို လွှတ်ပြီး စစ်မှုထမ်းခိုင်းတာပါ။ သူ့ကိုမွေးတုန်းက ရှန်ဟိုင်းမှာ.စစ်မှုထမ်း တာကတော့ အဖေက အရွယ် ရောက်ရင် စစ်မှုထမ်းရမယ်ဆိုပြီးခိုင်းလို့တဲ့ မော်စီတုန်း တို့ရဲ့ ပြည်သူ့ တပ်မတော် မှာ စစ်မှုထမ်းတာပါ။ဇင်မင်းပို” ခေါ် တရုတ်သတင်းစာရဲ့ သတင်းထောက်အဖြစ်နဲ့ မန္တလေးမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ ဦးထွန်းဝေက “တရုတ်နီ” ကလာတာဆိုတော့ လက်ဝဲ၀ါဒတွေရဲ့ ဗီဇပါလာပုံရပါတယ်။ ဦးထွန်းဝေက နိုင်ငံရေးကို မျက်ခြေမပြတ်သူပါ။ တရုတ်ဘာသာနဲ့ နိုင်ငံရေးစာအုပ်တွေနဲ့ သမိုင်းစာအုပ်တွေ ကိုလဲ ဖတ်ပါတယ်။ သူ့မွေးနေ့မှာတော့ ဒေါ်အောင်ဆန်း စုကြည်က တဦးတည်းသွား ကန်တော့ခဲ့ပါ တယ်။ဦးထွန်းဝေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ တရုတ်ပြည်ကမ္ဘာ့ငြိမ်း ချမ်းရေးညီလာခံကို စကားပြန်အဖြစ်နဲ့လဲ လိုက်ပါဖူး ပါတယ် (၁၉၅၂ ခု)(From Moemaka copy)
Comments?