မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးကလာတဲ့ အသီးအပွင့်တွေ

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ်လာပြီး ပြောတဲ့စကားတွေ အထဲမှာ ဒီတခုကိုပဲ သီးသန့် ရွေးပြီး ဘလော့ဂ်မှာ အမှတ်တရ ဖေါ်ပြဖြစ်တာက အကြောင်းနှစ်ချက် ရှိပါတယ်။ ပထမအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လျှောက်နေတဲ့လမ်းနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ရဲ့ လိုရင်းတိုရှင်း ပြောထားတာကို သိမ်းထားချင်လို့၊ ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သုံးစားမရအောင် ပုတ်ခတ်နေသူတွေကို အသိပေးခြင်း ဖြစ်တယ်။

NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သုံးစားလို့ မရအောင် ပုတ်ခတ်တဲ့သူတွေနဲ့ ကျွန်မ မကြာခဏ ငြင်းရခုန်ရတာ ရှိပါတယ်။ သဘောထား အမြင်ချင်းမတူပေမဲ့ လူလိုသူလို ဝေဖန်ပြောဆိုသူတွေက အကြောင်းမဟုတ်ပေမဲ့ အဆင့်အတန်းမရှိ ပက်ပက်စက်စက် ယုတ်ယုတ်ရိုင်းရိုင်း ခိုင်းနှိုင်းဝေဖန် ပုတ်ခတ်ကြတာကိုလည်း အကြိမ်ကြိမ် တွေ့မြင်နေရတော့ တော်တော်လေးလည်း ရုပ်ပျက်ဆင်းပျက်နိုင်လို့ စိတ်ပျက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အခုတော့ ကျွန်မ ပြောခဲ့ဖူးတဲ့ အချက်တွေအားလုံးရဲ့ ဆိုလိုရင်းကို ကိုမင်းကိုနိုင်က ဒီအင်တာဗျူးထဲမှာ လိုရင်းတိုရှင်းနဲ့ ထိထိမိမိလေး ဖြေထားပေးတာကို သဘောကျလို့ သိမ်းထားလိုက်ပါတယ်။

ဒီအချက်တွေကို ကျွန်မတို့ ပြောခဲ့တုန်းကတော့ ကျွန်မတို့ ဆွေးနွေးချက်တွေကို ဘယ်တုန်းကမှ တလေးတစား ပြန်ဆွေးနွေးခြင်း မရှိခဲ့တဲ့အပြင် ကိုယ်တချိန်က ဆန့်ကျင်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ခေါင်းသွားတိုးဝင်ကာ ၂၀၁၀ ရလဒ်ကို အသိအမှတ်ပြုပြီး ကိုယ်ထွေးတဲ့တံတွေး ကိုယ်ပြန်မြိုတဲ့ သူတွေ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်တဲ့သူတွေလို့ ပြန်စွပ်စွဲခံရတာ အဖတ်တင်ခဲ့တယ်။ သို့ပေမဲ့လည်း အခုလို ကိုမင်းကိုနိုင်ကိုယ်တိုင် အထင်ကရ ပုဂ္ဂိုလ်တဦးက အခုလုပ်ဆောင်နေတာတွေက အရင်လုပ်လာခဲ့တဲ့ န၀တ နအဖ တို့က တွေ့ဆုံဆွေးနွေးရေးကို လုံးဝလက်လျူရှုပြီး သူတို့ လုပ်ချင်သလို ထင်ရာစိုင်းပြီး လုပ်လာတဲ့ နိုင်ငံရေးအခြေအနေနဲ့ လုံးဝမတူဘူး ဆိုတာကို အဓိပ္ပာယ်သက်ရောက်စေတဲ့ "တွေ့ဆုံဆွေးနွေးရေးက လာတဲအသီးအပွင့်တွေ မို့ မြတ်မြတ်နိုးနိုး ပန်ဆင်ရမယ်" လို့ ပြောလိုက်တဲ့ အပေါ်မှာတော့ အရင်က လက်မခံသူတွေ ဒါကို အလေးအနက်ထားကာ ခေါင်းထဲထည့်လာ သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အင်တာဗျူးထဲက အောက်ပါအချက်လေးနှစ်ခုကို ကျွန်မ အဓိက ရည်ညွန်းချင်ပါတယ်။ ဖတ်ရှုသုံးသပ်ကြည့်ကြပါ။


"ကျွန်တော်တို့ဟာ တလျှောက်လုံး တောင်းဆိုလာခဲ့တာက တွေ့ဆုံဆွေးနွေးရေးပါ။ တွေ့ဆုံဆွေးနွေးရေးကို အတောင်းကောင်းလို့လည်း ကျွန်နော်တို့ကို ဆုံးမလိုက်တာလည်း တော်တော်များပါတယ်။ အဲဒီဆုံးမတဲ့ ဒါဏ်ရာဒါဏ်ချက်တွေက ကျွန်နော်တို့ ကျောမှာ အခုထိကျန်နေတုန်း။ သို့သော်လည်း နောက်ဆုံးကျတော့ တွေ့ဆုံဆွေးနွေးရေးက ဖြစ်ကိုဖြစ်လာရတာပါပဲ။ အဲဒီအပေါ်မှာ အားလုံးရဲ့ပေးဆပ်မှုတွေ အင်မတန်ရှိခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရေးက ထွက်လာတဲ့အဖြေ ရလဒ်အပြီးသတ်လို့ မပြောနိုင်သည့်တိုင်အောင် အခုလို မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကိစ္စ အားလုံးဟာ တွေ့ဆုံဆွေးနွေးရေးက အသီးအပွင့် တခုလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကို ဘ၀တွေ အသက်တွေပေးခဲ့ရတဲ့သူတွေ အားလုံးရဲ့ကိုယ်စား တွေ့ဆုံဆွေးနွေးရေးကလာတဲ့ အသီးအပွင့်တွေကိုတော့ ကျွန်နော်တို့ မြတ်မြတ်နိုးနိုးနဲ့ ပန်ရတော့မှာပါ။ အဲဒီတော့ ကျွန်နော်တို့ လိုက်ပါဆောင်ရွက်ဖို့ပဲ ရှိပါတယ်"

"ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ အဆင့်ထိကို စံချိန်မီရောက်နေပါပြီ။အဲသည့်အတွက် မည်သူတွေ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အသိအမှတ်မပြုချင်လို့မရပါဘူး။ဒါ ပကတိ တရားပါ။ နိုင်ငံတကာ အဆင့်ရောက်နေတဲ့ ခေါင်းဆောင်တယောက်ကို ကျနော်တို့ တိုင်းပြည်မှာ လက်ရှိအာဏာကို ရနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အသိအမှတ်ပြုပေးဖို့လိုပါတယ်....." တဲ့ ကိုမင်းကိုနိုင်က ပြောထားပါတယ်။

ကိုယ်ထွေးတဲ့တံတွေး ကိုယ်ပြန်မြိုတာ ဟုတ်မဟုတ် ဖတ်ရှုနားဆင်သုံးသပ် ဆင်ခြင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


22 comments:

ကိုမင်းကိုနိုင် လွတ်မြောက်မှု အမှတ်တရ သီချင်း
.
တေးသွားကို နားဆင်ရန် ခေါင်းစဉ်ကို နှိပ်ပါ။

(မူရင်း အင်္ဂလိပ်သီချင်း - " Tie a Yellow Ribbon round the old Oak Tree " )



ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ (သီချင်း)


အိမ်ပြန်လာပြီ၊ အကျဉ်းခံချိန် ဆုံးပြီ။
ပြည်သူ့ဆန္ဒ ဘယ်လိုရှိတာ သိချင်သည်။
ဒီနေ့ ကျွန်တော် လွတ်မယ် ဆိုတဲ့ သတင်းစကား ပြည်သူတွေများ ကြားမိရင်
ဘာလုပ်ရမလဲ ဆိုတာ သိမည် ... ကျွန်တော့်ကို လိုသေးရင်။
ကျွန်တော့်ကို လိုသေးရင် ...

ကဲ ... ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ။
ဒီတခါ ၄ နှစ် ကြာ၊ ကျွန်တော့်ကို လိုသေးလား။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင်
ကား ဆက်စီးသွားမယ်၊ ကျွန်တော့်ကို မေ့လိုက်၊ ဒီမိုကရေစီ မရသေးလို့ ခွင့်လွှတ်ပါ။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင် ကားပေါ်က မဆင်းတော့ပါ။

ကားဆရာ ... ကျွန်တော့်အစား လှမ်းကြည့်ပေးဗျာ၊
မြို့အဝင်မှာ ဘာမြင်ရမလဲ ဆိုတာ ကျွန်တော် မကြည့်ရဲလို့ပါ။
ထောင်ပြင် ရောက်လာပေမယ့် ကျွန်တော့်နှလုံးသားက ထောင်ကျနေဆဲ အဖြစ်မျိုးပါ။
ပြည်သူ့အပြုံး ရိုးရိုးလေးများကသာ ကျွန်တော့်ကိုတကယ် လွတ်မြောက်စေမယ့် သော့ချက်ပါ၊
ဒီသော့က ပြည်သူ့လက်ထဲမှာ။

ကဲ ... ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ။
ဒီတခါ ၄ နှစ် ကြာ၊ ကျွန်တော့်ကို လိုသေးလား။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင်
ကား ဆက်စီးသွားမယ်၊ ကျွန်တော့်ကို မေ့လိုက်၊ ဒီမိုကရေစီ မရသေးလို့ ခွင့်လွှတ်ပါ။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင် ကားပေါ်က မဆင်းတော့ပါ။

ကျွန်တော် မြင်ရတာ မယုံနိုင်ပါ၊
ဟာ ... ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံး ထောင်သောင်းချီ မြင်နေရပြီ။


ပြည်သူ့ဘက်သား
၁၃၊ ၁၊ ၂၀၁၂ ရက်နေ့

Please send it to Nga Paw @ Aung Naing Moe who is shouting from Singapore.....

စိတ်ပျက်စရာကိုပေါကို ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူးမငယ်နိုင်ရေ
ခုလဲ သူပိုစ့်အသစ်တင်တဲ့ထဲမှာ ကိုမင်းကိုနိုင်က ပြည်သူတွေကို ပြောတာချည်းပဲ ရွေးပြီး ကောက်နှုတ်ပြသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောထားတာ တခုမှ မဖော်ပြဘူး။
ဒီလူ မရိုးဘူးဗျ။

မငယ်နိုင်ရဲ့ ပို့စ်ကိုဖတ်ပြီး ကိုပေါကိုဖတ်စေချင်တယ်လို့ စဉ်းစားနေတုန်း ကွန်မန့်ကိုကြည့်လိုက်တော့ ကိုယ့်လိုပဲ သူများတွေခံစားမိတယ်လို့တွေးမိတယ်။ ကိုမင်းကိုနိုင်တို့တွေ လွတ်လာတဲ့နေ့တုန်းက ကျွန်မသူ့ဆီမှာ ကွန်မန့်သွားရေးပေမယ့် ဘယ်လိုအကြောင်းကြောင့်လဲတော့ မသိ တက်မလာဘူး။ ဘာမှရေးထားတာမဟုတ်ပါဘူး။ သူ့ဘလော့မှာ ဒေါ်စုနဲ့ သိန်းစိန်တွေ့တာ ဘယ်နှစ်ရက်ရှိပြီဆိုတာ တင်ထားပြီး ဘာတွေပဲ ဖြစ်ဖြစ် ဒေါ်စုကြောင့်ဆိုတာမျိုးချည်း အပြစ်တင်တတ်ရင် အခုလိုမျိုး ကိုမင်းကိုနိုင်တို့ လွတ်လာတာရော ဒေါ်စုကြောင့်လို့ မထင်ဘူးလားလို့ မေးထားတာပါ။ ဒေါ်စုလွတ်လာပြီးနောက်ပိုင်း ကိုယ်နဲ့အမြင်မတူတာ တခုတည်းနဲ့ အောင်ဆန်းစုကြည်တာင် အသက် (၄၀) မှ နိုင်ငံရေးစလုပ်တာလို့ သူနဲ့တန်းညှိလိုညှိ၊ ၊ ဒေါ်ခင်ကြည်နေရာကို ထက်ထက်မိုးဦးကို လုပ်ခိုင်းသင့်တယ်လို့ လှောင်လိုလှောင်၊ ဖေ့ဘွတ်မှာ လဲ အောင်ဆန်းစုကြည် ဆိုပြီး အပ်ကြောင်းထပ်အောင်ခေါ်ပြနဲ့ သူ့အဆင့်အတန်းကို စိတ်မကောင်းစွာနဲ့သိရလို့ တချိန်က ဘက်တူခဲ့တဲ့ လူတွေတောင် ဒီလိုပဲ။ စစ်ဗိုလ်တွေ ဒေါ်စုကို မုန်းတာ ဘာမှမထူးဆန်းပါလား။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ လူတွေအကြောင်းကို သူတစ်ယောက်နဲ့ပဲ ကောင်းကောင်းသိလိုက်ရတာ။ မငယ်နိုင်ရဲ့ပို့စ်ကိုဖတ်လိုက်ရတာ အခုအချိန်မှာ သူ့ကို ပြောချင်တာနဲ့ တကယ်ကိုကွက်တိဖြစ်နေလို့ ဒီမှာပဲမန့်လိုက်ပါတယ်။

မငယ်နိုင်နဲ့ အမြင်မတူတာများတော့ လာဖတ်ဖြစ်ပေမယ့် ဘာမှတ်ချက်မှ မရေးမိဘူး။အစ်မက စွာတော့ ရေးရမှာ လန့်တယ်လေ..။ အခုနောက်ပိုင်း ခေတ်ပညာသင်ထားတဲ့သူတွေက အယူအဆမတူတော့တာနဲ့ သူများကို..ရင့်ရင့်သီးသီးပြောတာတွေ တွေ့နေရတာ စိတ်မကောင်းဘူး။ အစ်မက သူတို့လို..မရိုင်းဘူး။

Anonymous (January 16, 2012 3:52 AM), မင်းစိုးခန့်၊ Khin - ဒီပို့စ်က ကိုပေါတယောက်တည်းအတွက် ရည်ရွယ်တာတော့ မဟုတ်ဘူး။ Fb မှာရော အပြင်မှာပါ ကျွန်မနဲ့ ငြင်းရခုန်ရတဲ့သူတွေ မိတ်ဆွေရင်းခေါက်ခေါက်တွေထဲမှာလည်း ရှိပါတယ်။ အားလုံးအတွက် ရည်ရွယ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအထိ နအဖက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဥပဒေတွေ လုပ်ချင်သလို လုပ်ပြီးထင်ရာ စိုင်းလို့ မ၀င်တာ အခုက တွေ့ဆုံဆွေးနွေးရာကနေ ဥပဒေတချို့ကို ပြန်ပြင်ပြီးမှ ဖြစ်လာတာ အခြေအနေနှစ်ခုက မတူဘူး။ အများလေးစားတဲ့သူကို မိမိကိုယ်တိုင် သဘောမကျရင်တောင်မှ အများကိုလေးစားတဲ့အနေနဲ့ အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်နေသူတွေကို ကျွန်မ အမြဲပဲ ဆွေးနွေးတတ်ပါတယ်။ အခုကိုမင်းကိုနိုင်ကလည်း ဒီအတိုင်းကို ပြောထားတာ သဘောထားချင်း ချွတ်စွပ်တူလို့ ၀မ်းသာပါတယ်။ ကျွန်မတို့ အားလုံးအတွက် ကိုမင်းကိုနိုင်က လိုရင်းတိုရှင်းနဲ့ ဖြေထားပေးတယ်လို့ သဘောထားပါတယ်။

Anonymous (January 17, 2012 10:02 AM) အမြင်မတူပေမဲ့ စော်ကားပုတ်ခြင်း မရှိဘဲ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးရင် အားလုံးကို ကြိုဆိုပါတယ်။ ကျွန်မ မစွာပါဘူး တခါတလေ အရင်းမရှိ အဖျားမရှိ ဘလိုင်းကြီး လာစော်ကားရင်တော့ တန်ရာတန်ရာ ဆိုပြီး အမှတ်မထင် ပြန်ပြောမိတာတွေ ရှိတတ်ပေမဲ့ များသောအားဖြင့်တော့ ကျွန်မက သဘောထားကြီးစွာနဲ့ပဲ တုန့်ပြန်တတ်ပါတယ်။ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။

http://www.facebook.com/profile.php?id=100003359972566&ref=tn_tnmn#!/notes/phoe-thit/%E1%80%B1%E1%80%99%E1%80%B7%E1%80%90%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%97%E1%80%99%E1%80%AC-%E1%80%9C%E1%80%B0%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%94%E1%80%B2%E1%82%94-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%95%E1%80%8A%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF-%E1%80%85%E1%80%94%E1%80%85%E1%80%B9%E1%80%90%E1%80%80%E1%80%BA%E1%80%96%E1%80%BA%E1%80%80%E1%80%B9%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%B2%E1%80%B7-%E1%80%9E%E1%80%B0-%E1%80%90%E1%80%AE%E1%80%97%E1%80%AE-%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC/101906219931377

“ဒီလောက် လူအများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့” ဟု
ဒေါ်စုက ရယ်ရွှန်း မှတ်ချက် ပေးသဖြင့် ပွဲကျသွားခြင်း

ဇန်နဝါရီလ ၁၇ ရက် ၂၀၁၂ ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

“ဒီလောက် လူအများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။

ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။

နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။

ကိုပေါက်
(မဇ္ဈိမ)

ထိုင်ခုံတလုံးကိုလုနေကြတာလဲဗမာလူမျိးတွေပါကျန်ါတဲ့တိုင်းရင်းသားတွေခုံမလုပါဘူး မိဘ ဘိုးဘွားအမွေတွေကိုတောင်နေကြတာပါ ဒီလောက်ဆိုရင်လူကြီးမင်းတို့နားလည်မှာပါ

I wanted to thank you for this great post!! I enjoyed every little bit of it, I have you bookmarked and waiting for all the new stuff you post.
AMC Alliance AC Compressor

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ပထမပိုင်း - ၁)

ဝါရှင်တန်ပို့စ် ရဲ့ အကြီးတန်းတွဲဖက်အယ်ဒီတာ လာလီဝီးမောက် ဟာ ၂၀၁၂ ဇန်န၀ါရီ ၁၈ မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ၀ါရှင်တန်ပို့စ် ရဲ့ ကောက်နှုတ်ဖော်ပြချက်တွေ ကို ဘာသာပြန်ဆိုဖော်ပြပါ့မယ်။

ဝါရှင်တန်ပို့စ်။ ။ အမေရိကန်က လူတွေက သမ္မတဦးသိန်းစိန် လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဟာ တကယ် စစ်မှန်ရဲ့လား လို့မေးနေကြတယ်။ အစ်မ အနေနဲ့ရော တကယ်အစစ်အမှန်လို့ ထင်ပါသလား။ ပြီးတော့ သမ္မတ နဲ့ အစ်မ တွေ့ဆုံခဲ့တာကရော ဘယ်လိုအခြေအနေရှိခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ သမ္မတနဲ့ တွေ့ဆုံခဲ့တာ အဆင်ပြေပါတယ်။ သူဟာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလား တယ်လို့ ကျမ ယုံပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲမှာ သူတစ်ယောက်တည်းမှ မဟုတ်တာ။ ကျမတို့ရဲ့ လက်ရှိ ဖွဲ့စည်းပုံဥပဒေ က စစ်တပ်ကို အာဏာသိပ်ပေးလွန်းအားကြီးပါတယ်။ သမ္မတက နိုင်ငံ့ ဦးသျှောင် ဖြစ်ပေမယ့်လို့ သူ့မှာ အမြင့်ဆုံး အာဏာရှိတယ်လို့ သေချာပေါက်ပြောလို့မရပါဘူး။ စစ်ဦးစီးချုပ်က လိုအပ် တယ်လို့ သူ ယူဆတဲ့အချိန်တိုင်းမှာ အစိုးရရဲ့အာဏာအလုံးစုံကို လွှဲပြောင်းရယူနိုင်ပါတယ်။ ဒါဟာ ကျမတို့ သမ္မတ ရင်ဆိုင်နေရတဲ့ အနေအထားပါ။ ရှင်တို့ ဒီနေရာမှာဆိုရင်လည်း အင်မတန်ခက်ခဲမှာပါပဲ။ သူ့မှာ စစ်တပ်ထဲမှာ ဘယ်လောက်ထောက်ခံမှုရှိသလဲဆိုတာတော့ ကျမ မသိပါဘူး။ သူကိုယ်၌ကလည်း စစ်သား တစ်ဦးပဲလေ။ ဒါကြောင့် စစ်တပ်အသိုင်းအ၀ိုင်းမှာ သူ့ကိုတော်တော်လေးထောက်ခံအားပေးကြမှာပဲလို့ ကျမ ယူဆပါတယ်။ ဒါပေမယ့် ဒါက ယူဆချက်သက်သက်နော်။

ကျမအထင်တော့ သမ္မတဟာ အပြောင်းအလဲလုပ်ဖို့ တကယ့်ကို လိုလားသူပါ။ အစိုးရအဖွဲ့ထဲမှာ သူ့ကို ထောက်ခံသူတွေရှိတယ်လို့ ကျမထင်ပါတယ်။ အားလုံးထောက်ခံသလားဆိုတာတော့ ကျမလည်း မဖြေနိုင်ပါဘူး။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ပထမပိုင်း - ၂)

ဝါ။ ။ အခုပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ အစ်မ စိုးရိမ်မိပါသလား။

စု။ ။ ကျမ အစိုးရိမ် မလွန်ပါဘူး။ ဒါပေမယ့် နောက်ကြောင်းပြန်လှည့်သွားနိုင်ခြေ တစ်ခုရှိတယ်လို့ ကျမ သတိထားပါတယ်။ ဒီဖြစ်နိုင်ချေကို မှိန်ဖျော့သွားရအောင် ကျမတို့ တော်တော်ကြိုးစားပမ်းစားလုပ်ရမယ် လို့ ကျမ ထင်ပါတယ်။ အခုဒီလုပ်ငန်းစဉ်ကို အမေရိကန်က အားပေးလုပ်ဆောင်နေတာကို ကျမ တကယ့်ကို လေးစားချီးကျူးမိပါတယ်။ မြန်မာနိုင်ငံအတွင်းက ကျမတို့တွေလည်း ဒီလုပ်ငန်းကြီးရဲ့ အဓိက အခန်းကဏ္ဌ ကပါဝင်မှဖြစ်မယ်လို့ ကျမထင်ပါတယ်။

ဝါ။ ။ အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူမှု ဆန်ရှင် ကိုရုတ်သိမ်းပြီး ထိတွေ့ဆက်ဆံသင့်ပါသလား။

စု။ ။ သူတို့ က ဒီလိုလုပ်ဖို့ အချိန်ကျပြီလို့ ထင်ရင် လုပ်ကြပါ။ အမေရိကန် ဟာ သူတို့ရဲ့ ဆန်ရှင် ပြန်ရုတ်သိမ်းဖို့ အတွက် ဘယ်လိုသတ်မှတ်ချက်တွေရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ချပြထားပြီးသားပါ။ တကယ်လို့ အစိုးရက ဆန်ရှင်တွေကို ပြန်ရုတ်သိမ်းဖို့ အလိုရှိတယ်ဆိုရင် အဲဒီ ကြိုတင်သတ်မှတ်ချက်တွေကို ကြိုးစား ဖြည့်ဆည်း ကြရပါလိမ့်မယ်။

ဝါ။ ။ အဲဒီသတ်မှတ်ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားပြန်လွှတ်ပေးတာပါတယ်လေ။ အခု မကြာခင်ကပဲ သမ္မတ က တော်တော်များများ လွှတ်ပေးခဲ့တာပဲ။

စု။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မလွတ်သေးပါဘူး။ အဓိကကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ တော့ ပြန်လွတ်လာပါပြီ။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ပထမပိုင်း - ၃)

ဝါ။ ။ အစ်မအနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေ အကြားမှာ ငြိမ်းချမ်းရေး နဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ကြဉ်း ပေးဖို့ ပါဝင်ဆောင်ရွက်ပေးနိုင်ပါသလား။

စု။ ။ နှစ်ဘက်စလုံးက လိုလားတယ်ဆိုမှသာ ကျမ ကဏ္ဍတစ်ရပ်က ပါဝင်ဆောင်ရွက်ပေးနိုင်တာပါ။ တစ်ဘက် ကပဲ ကျမကို ပါဝင်ပါလို့ ပြောနေတော့ ကျမ လုပ်လို့ မရနိုင်ပါဘူး။ တိုင်းရင်းသားတွေက ကျမကို ပါဝင်စေ ချင်တယ်လို့ ပြောကြပါတယ်။

ဝါ။ ။ အစ်မကို ကက်ဘိနက် ၀န်ကြီးရာထူးပေးဖို့ စဉ်းစားထားပါသလားလို့ သမ္မတကြီးကို ကျမမေးခဲ့ပါတယ်။ သူက လွှတ်တော်ရဲ့သဘောအတိုင်းပါပဲလို့ ပြောပါတယ်။

စု။ ။ သိပ်မှန်တာပေါ့။ ကျမတို့ အခုယှဉ်ပြိုင်မယ့် နေရာအားလုံးကို နိုင်ခဲ့မယ်ဆိုရင်တောင် အမတ်နေရာ ၆၀၀ ထဲက ၄၈ နေရာ ပဲရမှာပါ။ ကျမတို့ လွှတ်တော်ထဲ ရောက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က လွှတ်တော်ထဲမှာ အလုပ်တွေ အားလုံးလုပ်ရမယ်လို့ မျှော်လင့်ထားတာကြောင့်မဟုတ်ပါဘူး။ လွှတ်တော် ထဲမှာ ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို တိုးချဲ့သွားချင်တာပါ။

ဝါ။ ။ အမေရိကန်ရဲ့ တောင်းဆိုချက်တွေဆီ ပြန်သွားကြရအောင်။ တခြား ဖြည့်ဆည်းရမယ့် သတ်မှတ်ချက် တွေက ဘာတွေများလဲ။

စု။ ။ တိုင်းရင်းသားတွေရဲ့ နယ်မြေအားလုံးမှာ ရန်လိုတိုက်ခိုက်မှုတွေအားလုံး အဆုံးသတ်သွားရပါမယ်။ အခု ကေအင်န်ယူနဲ့ အပစ်အခတ် ရပ်စဲပြီးပါပြီ။ ဒါပေမယ့် ကေအိုင်အေ နဲ့ မရပ်စဲရသေးပါဘူး။ ဒါဟာ ကျမတို့ နိုင်ငံအတွက် ကြီးမားတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။

ဝါ။ ။ အမေရိကန် ထိပ်တန်းအရာရှိကြီးတွေက ဒီဆန်ရှင်တွေ ပြန်ရုတ်သိမ်းရေးနဲ့ ပတ်သတ်ရင် ညွှန်ပြပေးဖို့ အစ်မကို မျှော်နေကြပါတယ်။

စု။ ။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီး ရိုးသားတဲ့ အကဲဖြတ်ချက်တစ်ခုပေးမယ့် သူ တစ်ယောက်ယောက်ကို သူတို့ အလိုရှိတာပါ။ ကချင်ပြည်နယ်က အခြေအနေက တကယ့် ပြသနာကြီးတစ်ခုပါ။ ကျမတို့အနေနဲ့ အစစ်အမှန်ငြိမ်းချမ်းရေး တစ်ခုရဖို့ဆိုရင် ဒီလိုပြသနာတွေကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲ၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရပါလိမ့်မယ်။

ဝါ။ ။ အစိုးရက တိုင်းရင်းသားနယ်မြေတွေမှာ ကြမ်းတမ်းမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

စု။ ။ ဟုတ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဖော်ထုတ်ဖို့ အဲဒီနေရာတွေဆီ ကြားခံအဖွဲ့ ၀င်ခွင့်ရဖို့ လိုအပ်နေတာပါ။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ပထမပိုင်း - ၄)

ဝါ။ ။ အထက်လွှတ်တော်အမတ် ရစ်ချတ်လူဂါ က ပြောပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံ အကူ အညီနဲ့ နျူကလီးယားလက်နက်တစ်ခု ဖွံ့ဖြိုးထုတ်လုပ်နေပြီတဲ့။

စု။ ။ ဒါကိုတော့ ကျမ မသိပါဘူး။ သေချာတာကတော့ သူတို့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ထားပါတယ်။ ဒါကိုတော့ ငြင်းလို့မရပါဘူး။

ဝါ။ ။ အစိုးရ ဟာ ဗေဒင်ဆရာတစ်ဦးကြောင့် နေပြည်တော်ကို မြို့တော်အသစ် အဖြစ် ရွေးချယ်ခဲ့တယ်ဆိုတာ အမှန်ပဲလား။

စု။ ။ ကျမ နားလည်တာကတော့ အရင်အစိုးရကို နက္ခတ်ဗေဒင်ဆရာတွေ လမ်းညွှန်ခဲ့တယ်လို့ နားလည်ထားပါ တယ်။

ဝါ။ ။ ဦးသိန်းစိန် ဟာ ဂေါ်ဘာချော့ဗ် နောက်တစ်ယောက်လို့ ထင်ပါသလား။

စု။ ။ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂေါ်ဘာချော့ဗ် ဟာ ရာထူးအဆင့်ဆင့်ဖြတ်သန်းပြီး တဖြည်းဖြည်း ချင်း အာဏာရလာခဲ့သူပါ။ ပြီးတော့ သူဟာ အပြောင်းအလဲတွေ ဆီ ဦးမလှည့်ခင်မှာ အာဏာကို တော်တော်လေး အခိုင်အမာ စွဲကိုင်ခဲ့သူပါ။ ဦးသိန်းစိန်ကတော့ တော်တော်လေး မတူတဲ့ အနေအထား ဖြစ်ပါတယ်။ ကျမ အထင်တော့ သူ့ကို နိုင်ငံ့ ခေါင်းဆောင်ဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့သူ အတော့်ကို နည်းလိမ့်မယ်လို့ထင်ပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ အမြင့်ဆုံးရာထူးရခဲ့သူ မဟုတ်ပါဘူး။

ဝါ။ ။ စစ်တပ်က သမ္မတကို ဖြုတ်ချနိုင်တယ်ဆိုတဲ့ အချက်ကို အစ်မ ရည်ညွှန်းခဲ့တယ်နော်။ ဒီတော့ သမ္မတနဲ့ စစ်တပ် ဆက်ဆံရေးက ဘယ်လိုပါလဲ။

စု။ ။ သမ္မတ ဟာ ကျမသိသလောက်တော့ စစ်တပ်မှာ လူလေးစားခံရသူပါ။ သူဟာ အရင်အစိုးရ လက်ထက် က အဂတိကင်းရှင်း ပြီး သန့်ရှင်းတယ် လို့ ယူဆခံရတဲ့ အစိုးရအဖွဲ့ဝင်လူနည်းစုထဲက တစ်ဦးဖြစ်ပါတယ်။ သူတင်မကပါဘူး။ သူ့မိသားစုကလည်း အင်မတန်ကောင်းပါတယ်။ ဒါ ထူးခြားပါတယ်။

(ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ပထမပိုင်း)

(ကိုမိုးထက်)

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ဒုတိယပိုင်း - ၁ )

(ကိုမိုးထက်)


ဝါ။ ။ဒီအိမ်က အစ်မ အကျယ်ချုပ်နဲ့ နေခဲ့တဲ့ အိမ်နော်။ ဘယ်လောက် ကြာကြာ နေခဲ့ရလဲ။

စု။ ။အားလုံးပေါင်း ၁၅ နှစ် ပါ။

ဝါ။ ။အခက်အခဲတွေကို ဘယ်လို ဖြတ်သန်းခဲ့လဲ။

စု။ ။ဒီအိမ်ကြီး လုံးဝ ပြိုကျ မပျက်စီးသွားရအောင် ကျမ လုပ်စရာရှိတာတွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ ကျမ ရေဒီယို နားထောင်တယ်၊ စာအုပ်တွေ ဖန်တရာကျေအောင် ဖတ်ခဲ့တယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ။

ဝါ။ ။အစ်မရဲ့ မိသားစုက အင်္ဂလန်မှာလား။

စု။ ။ဟုတ်ပါတယ်။ တစ်နည်း ပြောရရင်တော့ သူတို့ အဲဒီမှာ ရှိတာ ကောင်းပါတယ်။ ကျမ သူတို့အတွက် စိတ်မပူခဲ့ရဘူးလေ။ ကျမ သိသလောက်တော့ သူတို့ ဘေးကင်း လုံခြုံခဲ့ကြပါတယ်။ ပထမဦးဆုံး ၆ နှစ်လောက်မှာ ကျမကို တကယ့်ကို တစ်ယောက်တည်း ထားခဲ့တာပါ။ နောက်ဆုံး ၆ နှစ်မှာမှ အိမ်မှာ လာနေဖို့ လူနှစ်ယောက် ရတာပါ။ ပထမ ၆ နှစ်ကတော့ ကျမကို ကောင်းကောင်း အလေ့အကျင့် ရစေခဲ့တယ်။

ဝါ။ ။တစ်နေ့နေ့မှာ သမ္မတဖြစ်ဖို့ ဆန္ဒရှိပါသလား။

စု။ ။ကျမ သမ္မတ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံရဲ့သမ္မတ ကျမ ဖြစ်ချင်သလား၊ မဖြစ်ချင်ဘူးလား ဆိုတာ ဆုံးဖြတ်ဖို့ လွတ်လပ်မှု ရှိဖို့ကိုပဲ ကျမ လိုချင်ပါတယ်။

ဝါ။ ။၂၀၁၅ မှာ (၁၉၉၀ တုန်းကလို) လွှတ်တော်နေရာ အများစုကို အစ်မတို့ အနိုင်ရမယ် ဆိုရင် သူတို့က အစ်မကို အာဏာပေးလိမ့်မယ်လို့ ထင်သလား။

စု။ ။ဒါက မေးသင့်တဲ့ မေးခွန်းတစ်ခု မဟုတ်ပါဘူး။ ၂၀၁၅ မှာ လွှတ်တော်အမတ်နေရာ အများစုကို ဘယ်ပါတီကပဲ နိုင်နိုင်၊ အဲဒီပါတီက အစိုးရအဖွဲ့ကို ဘယ်လို ဖွဲ့စည်းရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ရဖို့ပဲ ကျမတို့ သေချာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ကျမတို့ NLD ပါတီရဲ့ ရည်ရွယ်ချက်တစ်ခုက လက်ရှိ ဖွဲ့စည်းပုံကို လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဖို့လို့ ကျမတို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ဒုတိယပိုင်း - ၂ )

ဝါ။ ။စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အကြောင်းလေး။

စု။ ။ကျမတို့ဆီမှာ စစ်မှန်တဲ့ စာပေလွတ်လပ်ခွင့် မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ကျမ လွတ်လာချိန်က ကျမတို့ဆီမှာ အခုရှိနေတဲ့ ဂျာနယ်လစ်တွေ၊ စာစောင်တွေရဲ့ တစ်ဝက်လောက်တောင် မရှိခဲ့ဘူးလို့ ကျမ ထင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ စာစောင်တွေ အတော်များများ မှိုလို ပေါက်ခဲ့ပါတယ်။

ဝါ။ ။ဒါပေမယ့် သူတို့ စာပေစိစစ်ရေးကို တင်ကြရတယ်လေ။

စု။ ။ဟုတ်ပါတယ်။ ဒါပေမယ့် စာပေစိစစ်ရေး ဥပဒေတွေဟာ တော်တော်လေးတော့ ပျော့ပြောင်းသွားပါပြီ။ ကျမ လွတ်တုန်းကဆိုရင် ကျမ နာမည်နဲ့ ဘာတစ်ခုမှ ပုံနှိပ်ဖော်ပြလို့ မရခဲ့ပါဘူး။

ဝါ။ ။မြန်မာပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ တိုးတက်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ စိတ်ကူး အစ်မမှာ ရှိပါသလား။

စု။ ။ကျမတို့အနေနဲ့ ပြည်သူတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေ ရှိလာအောင် လုပ်ဖို့ လိုပါတယ်။ ပြည်သူတွေကို အာဏာရှိအောင် လုပ်ပေးဖို့ နည်းလမ်းတစ်ခုက သူတို့ကို စီးပွားရေး ပိုတောင့်လာအောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျမ မိတ်ဆွေတွေကို ဒီမှာ ကူညီစေချင်တာပါ။

ဝါ။ ။စီးပွားရေးကို ပုဂ္ဂလိကပိုင်ခွင့်ပြုတာ အစ်မ နှစ်သက်ပါသလား။

စု။ ။ဟုတ်ကဲ့။ ဒါပေမယ့် ကျမတို့မှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ ဥပဒေတွေ ရှိဖို့ လိုပါတယ်။ ခိုင်မာတဲ့ ဘဏ်ဥပဒေတွေ၊ ခိုင်မာတဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေတွေ ရှိဖို့ လိုပါတယ်။ ကျမတို့ ပြည်သူတွေထဲမှာ ဘဏ်တွေနဲ့ ဆက်သွယ် အလုပ်လုပ်ကြတာ တကယ့် လူနည်းစုလေးပါပဲ။

ဝါ။ ။ အာရပ်နွေဦးတော်လှန်ရေး အပေါ် အစ်မ ဘယ်လိုမြင်ပါသလဲ။ နေပြည်တော်အစိုးရဟာ အဲဒီတော်လှန်ရေးရဲ့ လွှမ်းမိုးမှု ခံခဲ့ရတယ်လို့ အစ်မ ထင်ပါသလား။

စု။ ။ အရှေ့အလယ်ပိုင်း အခြေအနေက တော်တော်လေး ကွဲပြားပါတယ်။ ဘယ်နေရာက ပြည်သူတွေဖြစ်ဖြစ်၊ ကျမတို့နဲ့ လုံးဝ ကွဲပြားတဲ့ ယဉ်ကျေးမှု ရှိနေပါစေဦးတော့ အခြေခံလွတ်လပ်ခွင့်တွေ လိုချင်နေကြတာကို ကျမက အားပေးပြီးသားပါ။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ဒုတိယပိုင်း - ၃ )

ဝါ။ ။ သမ္မတနဲ့ အစ်မတွေ့တော့ ဦးသိန်းစိန် က အစ်မ အဖေရဲ့ ဓါတ်ပုံကို ထင်ထင်ရှားရှား ချိတ်ဆွဲပြခဲ့တယ်နော်။

စု။ ။ စစ်အစိုးရ အာဏာ စတင်လွှဲယူချိန်က ကျမ ဖေဖေရဲ့ မျက်နှာပုံတွေ ငွေစက္ကူတွေ၊ အကြွေစေ့တွေ အပေါ်မှာ ရှိနေခဲ့တယ်။ တဖြည်းဖြည်းနဲ့ အဲဒီပုံတွေ ဖယ်ရှားခံခဲ့ရပြီး USDP ( ကြံ့ခိုင်ဖွံ့ဖြိုးရေး) ရဲ့ သင်္ကေတပုံ ကို အစားထိုးခဲ့ကြတယ်။ ကျမ ဖေဖေ ရဲ့ ပုံတွေအားလုံး ကျောင်းတွေ၊ ရုံးတွေကနေ ဖြုတ်ချခံခဲ့ရတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ မှာလည်း ဖော်ပြခွင့် မရခဲ့ဘူး။ ကျမတို့ရဲ့ တွေ့ဆုံမှုမှာ ဖေဖေ့ ပုံ မပါရင် ဘာမှ အဓိပ္ပါယ်မရှိသလို ဖြစ်နေခဲ့မှာပေါ့။

ဝါ။ ။ အစ်မ အခန်းထဲ ၀င်သွားတော့ အံ့အားသင့်သွားသေးလား။

စု။ ။ သင့်တာပေါ့။ ကျမ မျှော်မှ မမျှော်လင့်ခဲ့တာ။ ကျမအဖေရဲ့ပုံက အလယ်ခေါင် တည့်တည့်မှာလေ။

ဝါ။ ။ အစ်မတို့ အတူ လက်တွဲအလုပ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြသလား။

စု။ ။ ကျမကတော့ သူနဲ့အတူတူ အလုပ်လုပ်နိုင်တယ်လို့ ခံစားမိပါတယ်။ သူလည်း ကျမလိုပဲ ခံစားမိမှာပါလို့ ကျမမျှော်လင့်ပါတယ်။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ဒုတိယပိုင်း - ၄ )

ဝါ။ ။ မစ္စကလင်တန်က အစ်မကို ၀ါရှင်တန်ကို လာဖို့ ဖိတ်ခေါ်ခဲ့သေးလား။

စု။ ။ ဖိတ်ပါတယ်။ ကျမလည်း မြန်နိုင်သမျှ မြန်မြန် ၀ါရှင်တန်ကို သွားလိုက်ချင်ပါတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ နှစ်လေးဆယ်အတွင်း အတော်လေး ပြောင်းလဲသွားပြီလား။

ဝါ။ ။ အခုတလော အစ်မမှာ နိုင်ငံခြားဧည့်သည်တွေ အတော် များတယ်နော်၊ ပြီးခဲ့တဲ့ နှစ်အတွင်း အစ်မရဲ့ ဘ၀ သိသိသာသာ ပြောင်းလဲမသွားဘူးလား။

စု။ ။ အများကြီး ကွာသွားတဲ့ ပုံတော့ မရှိပါဘူး။ အလုပ်တွေ ပိုများလာတာက လွဲလို့ပေါလေ။ ကျမမှာ စာဖတ်ချိန် သိပ်မရှိဘူး။

ဝါ။ ။ အစ်မ ကွန်ပျူတာကို ဘယ်လို သုံးရသလဲ သိလား။

စု။ ။ သိတာပေါ့။ ကျမ အကျယ်ချုပ် မကျခင် နှစ်ပိုင်းတွေက ကွန်ပျူတာနဲ့ အလုပ် ဘယ်လိုလုပ်ရသလဲ ဆိုတာ လေ့လာခဲ့တယ်။ အကျယ်ချုပ် ကျချိန်မှာ ကံကောင်းထောက်မစွာနဲ့ ကျမ မှာ လပ်တော့ပ် နှစ်လုံး ရှိနေခဲ့တယ်။ တစ်လုံးက အက်ပဲလ်။ နောက် တစ်လုံးက မတူတဲ့ တခြား အော်ပရိတ်တင်းစစ္စတမ် နဲ့။ ကျမ က အဲဒီ စစ္စတမ် နှစ်ခုစလုံးကို ဘယ်လို သုံးရမလဲ သိနေတာ ကြောင့် တအားကို ဂုဏ်ယူမိတယ်။ ကျမ မှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် လုံးဝမရှိဘူး။ ဒါပေမယ့် မတူညီတဲ့ ပရိုဂရမ်တွေကို အသုံးပြုပုံကို ကျမ လေ့လာခဲ့တယ်။ ဘယ်လို အသုံးပြုရမလဲ ဆိုတာ လေ့လာရုံ သက်သက်ပါပဲ။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ဒုတိယပိုင်း - ၅ )

ဝါ။ ။ အစ်မ ဘာကို အစိုးရိမ်ဆုံးလဲ။

စု။ ။ ပြုပြင်ပြောင်းလဲချင်တဲ့ သူတွေတောင် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ရမယ် ဆိုတာကို မရေမရာ ဖြစ်နေတာ ကျမ အစိုးရိမ်ဆုံးပါပဲ။ ကျမတို့ လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်က ပထမဆုံးအဆင့် တစ်ခုအဖြစ်နဲ့ ကျမတို့ဆီကို လာရောက် လေ့လာ အကဲဖြတ်မှုလုပ်ဖို့ ကျမ အင်မတန် ဖြစ်စေချင်နေတာပါ။

ဝါ။ ။ တချို့က ပြောကြတယ်၊ အစိုးရက အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာက တရုတ်ရဲ့ သြဇာသက်ရောက်မှု နိုင်ငံမှာ အင်မတန် များလာနေပြီလို့ ယုံကြည်လို့၊ နောက်ပြီး အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေကို တန်ပြန်သြဇာ ထိန်းညှိတဲ့ ဟန်ချက်တစ်ခုအဖြစ် အလိုရှိလို့ လို့ ပြောကြတယ်။ အစ်မရဲ့ အမြင်ကရော။

စု။ ။ တရုတ်နဲ့ ဆက်ဆံရေးနဲ့ ဒါ ဆက်စပ်မှု မရှိပါဘူး။ ဗမာ့တပ်မတော်က အရာရှိ အမြောက်အမြားဟာ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်း ရှိဖို့ အမြဲတမ်း အလိုရှိခဲ့ကြတာပါ။ အရင်တုန်းကလည်း ကျမတို့မှာ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ တချို့ ဗိုလ်ချုပ်တွေဆို အမေရိကန်မှာ သင်တန်းတွေ တက်ခဲ့ကြတာပါ။ အလုပ်သမား ၀န်ကြီး ဆိုရင် Fort Benning မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်။

(
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး ဒုတိယပိုင်း - ၆ )

ဝါ။ ။ အလုပ်သမား ၀န်ကြီး က အစ်မနဲ့ ဆက်သွယ်ဖို့ သမ္မတ က ခန့်အပ်ထားတဲ့ ဆက်သွယ်ရေးအရာရှိ မဟုတ်လား။

စု။ ။ မှန်ပါတယ်။ သူက ကျမနဲ့အစိုးရ အဖွဲ့အကြား ၂၀၀၇ ကတည်းက ဆက်သွယ်ရေးအရာရှိ တာဝန်ယူခဲ့သူပါ။ ကျမ တို့ အစိုးရ ဧည့်ရိပ်သာ တစ်ခုမှာ တစ်နှစ်ကို အကြိမ်ရေ ခပ်ကျဲကျဲ တွေ့ခဲ့ကြတယ်။

ဝါ။ ။ သူ့ကို အစ်မ ဘယ်လိုမြင်ပါသလဲ။

စု။ ။ သူက ဥာဏ်ထက်တဲ့သူပါ။ နောက်ပြီး နှစ်လိုဖွယ် စိတ်ထားလည်း ရှိပါတယ်။ မှန်ကန်တဲ့ အပြောင်းအလဲမျိုး အလိုရှိသူ တစ်ယောက်ပါ။ ၂၀၀၄ ရှေ့ပိုင်းကတော့ ကြားခံ ဆက်သွယ်ရေးအရာရှိ တစ်ယောက် လျာထားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ ပြုတ်သွားပါတယ်။ ကျမရဲ့ ပထမဆုံး ဆက်သွယ်ရေးအရာရှိက ဗိုလ်မှူး တစ်ယောက်ပါ။ နောက်တော့ သူ အဆင့်ဆင့် ရာထူး တက်သွားပြီး နောက်ဆုံးမှာ ဗိုလ်မှူးချုပ် တစ်ယောက်ဖြစ်သွားပါတယ်။ ကျမ က စစ်တပ်အကြောင်းအရာတချို့ကို ကောင်းကောင်း သိထားပါတယ်။

ဝါ။ ။ အစ်မက စစ်တပ် အတွေးအခေါ်တွေနဲ့ တရင်းတနှီး ရှိသလား။

စု။ ။ ဒါပေါ့။ ရှိတာပေါ့။ ကျမက စစ်တပ်မိသားစုက ပေါက်ဖွားလာတယ် ဆိုတာကို မမေ့နဲ့လေ။

ဝါ။ ။ အခု လောလောဆယ် အစ်မ ဘာကို မျှော်လင့်ထားသလဲ။

စု။ ။ ကျမ ကတော့ လာမယ့် ရွေးကောက်ပွဲမှာ နေရာအားလုံး အနိုင်ရရှိဖို့ မျှော်လင့်တယ်။ သူတို့ (USDP) ကလည်း လက်လျှော့မှာ မဟုတ်ဘူး။ သူတို့ကလည်း ၀င်ပြိုင်ပြီး အရွေးခံကြမှာပဲ။

ဝါ။ ။ သမ္မတ အိုဘားမားက ကလင်တန်ကို မြန်မာနိုင်ငံ လွှတ်ဖို့ အကြောင်း အစ်မရဲ့ သဘောထားကို မေးခဲ့သေးလား။

စု။ ။ ဒီစိတ်ကူး ကောင်းရဲ့လားလို့ ကျမကို သူ မေးခဲ့ပါတယ်။ ကောင်းတာပေါ့ လို့ ကျမ ပြန်ဖြေခဲ့တယ်။

ဝါ။ ။ ကလင်တန်နဲ့ရော အဆင်ပြေရဲ့လား။

စု။ ။ ပြေပါတယ်။ သူက သိပ်တော်ပြီး ဥာဏ် သိပ်ထက်တယ်။ ကျမက ဥာဏ်ထက်တဲ့သူတွေကို သဘောကျတယ်။

ပြီးပါပြီ
ကိုမိုးထက်



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater

.

ရ၅% ဒီမိုကရေစီ ဖြစ်သယောင် လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီ ဖြစ်အောင် လုပ်ထားတာပါ။

၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


Prodemo Aung Khin
2013 December 15


လွှတ်တော်မှာ ဆွေးနွေးတင်ပြသမျှတွေကို လွှတ်တော်အမတ်တွေထဲက ၂၅% သော စစ်သားတွေအား ထောက်ခံပါ ငြင်းပယ်ပါလို့ ဗိုလ်ချုပ် မင်းအောင်လှိုင်က အမိန့်ပေးနိုင်ပါ တယ်။ စစ်သားလွှတ်တော်အမတ်တွေဟာဘာကိုမှ စဉ်းစားစရာမလိုပါ။ ဗိုလ်ချုပ် မင်းအောင် လှိုင်က ထောက်ခံလိုက်ပါလို့ အမိန်ပေးရင် ထောက်ခံမယ်။ ငြင်းပယ်ပါ ဆိုရင် ငြင်းပယ် မှာပါ။ ဘာမှစဉ်းစားစရာမလိုတဲ့အတွက်လည်း စစ်သားတွေ လွှတ်တော်ထဲမှာ အိပ်နေတာပါ။ လူဦးရေ သန် ၆၀ ရဲ့ ၂၅% ဟာ ၁၅,၀၀၀,၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ယောက်တည်းက လူ ၁၅ သန်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုင်ထားနေ ပါတယ်။

သာမန်ကြည့်လျှင် ၇၅% ဒီမိုကရေစီဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ မဟုတ်ပါ။ ဒီမိုကရေစီ မဖြစ်နိုင် အောင် တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်ကိုလည်း လွှတ်တော်မှာ ၇၅% ကျော်ထောက် ခံမဲရမှ အောင်မြင်ရမယ်လို့ သတ်မှတ်ထားလိုက်ပြန် ပါတယ်။ ၇၅%မှ ကျော်သောသူတို့သည် စစ်သားများပါ။ ထို့ကြောင့် စစ်သားများမထောက်ခံလျှင် မည်သည့် အရာမျှမအောင်မြင်အောင် လုပ်ထားတာပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့ လွှတ်တော်ထဲကစစ်သားအမတ်တွေ မထောက်ခံ ရင် ဘာမျှမအောင်မြင်နိုင်အောင်လုပ်ထားတာပါ။

ရ၅% ဒီမိုကရေစီ ဖြစ်သယောင်လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။ ၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။ တိုင်းပြည်ကြီး ထာဝရစစ်အာဏာရှင်အောက်မှာ ရောက်နေပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်တဲ့မတရားမှုကြီးပါ။


Prodemo Aung Khin


ရ၅% ဒီမိုကရေစီ ဖြစ်သယောင် လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီ ဖြစ်အောင် လုပ်ထားတာပါ

.