မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံ



ဇွန်လ (၁၉) ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆိုတာ အားလုံးလိုလို သိကြပေမဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သိသူတွေ အင်မတန် နည်းနေသေးတာကို တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၂ နှစ်နှစ်မြောက် မွေးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် မြန်မာ့အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် မြန်မာအမျိုးသမီးများ ပူးပေါင်းပြီး မြန်မာ အမျိုးမီးများနေ့အဖြစ် စတင် ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းက NLD အဖွဲ့ချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း ပြည်ပတွေမှာ ဆက်လက်ကျင်းပလာခဲ့ပါတယ်။ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ ၁၆ ကြိမ်မြောက် ရှိပါပြီ။ ဒီနှစ်ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ Alternative Asean Network on Burma မှ ထုတ်ဝေတဲ့ ၅၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ "မြန်မာနိုင်ငံမှ အမျိုးသမီးများ၏အသံ" စာအုပ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပေးပို့သည့် အမှာစကားကို ကူးယူဖေါ်ပြပြီး ၁၆ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ၆၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။ အပေါ်ကပုံက ပထမကြိမ် အမျိုးသမီးများနေ့ကို ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျင်းပစဉ်က မြန်မာ့အမျိုးသမီး သမဂ္ဂမှ တက်ရောက်သည့် ကိုယ်စားလှယ် နှစ်ဦး ဖြစ်ပါတယ်။
 
၎ ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အတွက် ထုတ်ဝေတဲ့ စာအုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော အမှာစကား

အခု ကျမရဲ့မွေးနေ့ချိန်ခါမှာ ဒီလိုကျမတို့ မြန်မာအမျိုးသမီးများနဲ့ ပြောနိုင်အောင် လုပ်ပေးတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်အခါကို ကျမတို့အခွင့်ကောင်းယူပြီး ပြောစရာရှိတာ ပြောရမှာပါ။ မြန်မာနိုင်ငံတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်နဲ့ ဆွေးနွေးပိုင်ခွင့်မရှိတဲ့အခါကျတော့ ကျမတို့မြန်မာ အမျိုးသမီးများနဲ့ ဆက်သွယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အာဏာရှင်စနစ်အောက်မှာဆိုလို့ရှိရင် ဒီလိုပါပဲ။ လွတ်လွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါတ်ေလွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမဲ့လဲ ကျမတို့ဟာ ဒီလိုလွတ်လပ်မှုတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးဟာ နိုင်ငံရေးသက်သက် မဟုတ်ဘူး။ လူထုအရေးဖြစ်တယ်ဆိုတာကို အထူးသဖြင့် ကျမတို့ရဲ့ အမျိုးသမီးတွေကို နားလည်စေချင်ပါတယ်။ ဒီလိုပြောခြင်းဟာ အမျိုးသားတွေက နားလည်ပြီးသားထင်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးသားတွေဟာ နားလည်ဖို့ မလိုဘူးလို့ ထင်လို့လဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုကျမရဲ့ မွေးနေ့အချိန်ခါမှာ အမျိုးသမီးတွေကို ကျမအာရုံပြုချင်လို့ ဖြစ်ပါတယ်။ ကျမတို့အခု မြန်မာနိုင်ငံမှာဆိုရင် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာဟာ ဆယ်နှစ်ကျော်သွားပါပြီ။ အဲဒီ ဆယ်နှစ်ကျော်အတွင်း ရုန်းကန်မှုထဲမှာဆိုရင် အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ ဘယ်လောက်အထိ အဓိကကျတယ်ဆိုတာ ကျမတွေ့မြင်ခဲ့ရပါတယ်။ အမျိုးသမီးတွေ စိတ်ခိုင်မာမှသာလျှင် မိမိတို့နဲ့ သက်ဆိုင်တဲ့အမျိုးသားများက နိုင်ငံရေးသော်လည်းကောင်း၊ လူမှုရေးသော်လည်းကောင်း တက်တက်ကြွကြွ ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာ မြင်ရပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ အမျိုးသမီးတွေဟာ အများကြီးပဲ အနစ်နာခံပါတယ်။

မကြာခင်ကဆိုရင် သူ့ရဲ့သားအဖမ်းခံသွားခဲ့ရတဲ့ အမျိုးသမီးကြီးတယောက်နဲ့လဲ ကျမတွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီး နှစ်ယောက်ဟာ စိတ်ချင်းသဘောချင်း အတူတူပါပဲ။ မိမိတို့ ကလေးတွေ လုပ်နေတာမှန်တယ်၊ အများရဲ့ကောင်းကျိုးအတွက် လုပ်နေတဲ့ကိစ္စမို့လို့ ဘာပဲဖြစ်ဖြစ် လက်ခံမယ်၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိပါတယ်။ မိန်းကလေးရဲ့ အမေဟာဆိုရင် သူ့သမီးလေး မသွားခင်မှာလိုက်တယ်၊ အမေ့ကြောင့်မို့လို့တော့ အဖွဲ့ချုပ်က လက်မှတ်ထိုးပြီး ထွက်တဲ့အဖြစ် အဖြစ်ပါစေနဲ့လို့ မှာလိုက်ပါတယ်။ ဆိုလိုတာကတော့ အမေ့ကိုငှဲ့ပြီး ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို မလုပ်ပဲ မနေပါနဲ့လို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓါတ်ခိုင်မာတဲ့ အမျိုးသမီးတွေကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုဟာ အဖိနှိပ်အချုပ်အချယ်ပေါင်း များစွာကြားထဲက အရှိန်အဟုန် မလျှော့သွားပဲနဲ့။

ဒီနိုင်ငံမှာတင်မက ဒီကမ္ဘာကြီမှာ ငြိမ်းချမ်းမှုရဖို့၊ အေးချမ်းမှုရဖို့ဆိုတာ အမျိုးသမီးတွေက အများကြီး လုပ်ပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်းမှုမရှိဘူး၊ လုံခြုံမှုမရှိဘူး၊ စီးပွားရေးတိုးတက်မှု မရှိဘူး၊ ကျန်းမာရေး၊ ပညာရေးတိုးတက်မှုမရှိဘူးဆိုရင် အဓိကခံရတာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အမျိုးသမီးများဟာ မိမိတို့ရဲ့ မိသားစုအရေးနဲ့ နိုင်ငံ့အရေးကို ခွဲခြားလို့ မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ အဲဒီ နားလည်မှုရှိတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ဆိုတာ တော်တော်များများ ကျမတို့တွေ့မြင်ခဲ့ရလို့ အင်မတန်မှ အားတက်ခဲ့ရပါတယ်။

နောက် ကျမတို့နိုင်အတွင်းမှာ ငြိမ်းချမ်းမှု ရှိဖို့၊ စည်းလုံးညီညွတ်မှု ရှိဖို့ဆိုတာလဲ အမျိုးသမီးများကနေ ဦးဆောင်ပြီး လုပ်ပေးဖို့ လိုပါတယ်။ ကျမတို့ နိုင်ငံအတွင်းမှာဆိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများစွာ နေကြပါတယ်။ ဒီတော့ ဒီလိုတိုင်းရင်းသားများ အချင်းချင်း နားလည်မှုရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးပေါ်တဦး ခင်ခင်မင်မင် မေတ္တာ စေတနာထားနိုင်ဖို့အတွက် အမျိုးသမီးတွေက အများကြီးလုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးအချင်းချင်းဆိုရင် နားလည်မှုအများကြီး ရှိပါတယ်။ ကလေးများအတွက် ပူတာ မွန်မိခင်တယောက်ဖြစ်စေ၊ ကရင်မိခင်တယောက်ဖြစ်စေ၊ ဗမာမိခင်တယောက် ဖြစ်စေ၊ ချင်းမိခင်တယောက် ဖြစ်စေ၊ မိခင်များက ကလေးများအတွက် စိုးရိမ်တာ ပူပန်တာတွေဟာ တယောက်နဲ့တယောက် နားလည်မှု ရှိကြပါတယ်။ အခြေခံ နားလည်မှုတွေအပေါ်မှာ ကျမတို့ကနေပြီး နိုင်ငံအတွက် ညီညွတ်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျမတို့ အမျိုးသမီးတွေကို နိုးကြားတက်ကြွစေချင်ပါတယ်။ စိတ်ဓါတ်ခိုင်မာစေချင်ပါတယ်။ ခိုင်မာပြီးသား စိတ်ဓါတ်တွေကို ပိုပြီးခိုင်မာအောင်လို့ ပြုစုပျိုးထောင်စေချင်ပါတယ်။ ကျမတို့ရဲ့ လူမှုရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးများ မပါဝင်လို့ မဖြစ်ဖူးဆိုတဲ့ အသိကိုလဲ စွဲစွဲမြဲမြဲ နှလုံးသွင်းထားစေချင်ပါတယ်။ ဒီနိုင်ငံမှာ အားလုံးဟာ နည်းနည်းလေးတော့ လုပ်ပေးနိုင်တာ ရှိတာပါပဲ။ ဒီမိုကရေစီ ရရှိရေးအတွက် လူတိုင်းဟာ နည်းနည်းလေး၊ နည်းနည်းလေး တယောက်စီ လုပ်ပေးမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။ ကျမတို့လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာ ပြည်သူအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုပေးမဲ့ ပန်းတိုင်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီပန်းတိုင်ရောက်ဖို့အတွက်ကို ကျမတို့ မြန်မာနိုင်ငံက အမျိုးသမီးများ အားလုံးကနေပြီးတော့ ၀ိုင်းဝန်းကူညီကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အောင်ဆန်းစုကြည်


သက္ကရာဇ် ၂၀၀၀၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် (၅၅) နှစ်မြှောက်မွေးနေ့ နဲ့ (၄) ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်ထုတ် မြန်မာ အမျိုးသမီးများအသံ စာအုပ်အတွက်  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသား ပေးပို့သည့် အမှာစကားဖြစ်ပါတယ်။


မိမိပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်ခွာပြီး အမိမြန်မာပြည်အတွက် လာရာက် စွန့်လွှတ်အနစ်နာခံပြီး ခက်ထန်မာကျော ရက်စက်ကြမ်းကြုတ်သူတွေ စိုးမိုးတဲ့ အာဏာရှင်စနစ်ကို ဒီမိုကရေစီစနစ်ဖြစ်လာအောင် ဦးဆောင်မှုပေးနေတဲ့ မြန်မာရော ကမ္ဘာပါလေးစားယုံကြည်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် သက်တော် ရာကျော်ရှည်ပါစေ။ ပျော်ရွှင်စရာ မွေးနေ့အချိန်အခါဖြစ်ပါစေ။
အတိတ်က ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ အနိဋ္ဌာရုံ အတွေ့အကြုံ အားလုံးမှ လုံးဝကင်းစင် လွတ်မြောက်ပြီး ဒီနေ့ အသက် ၆၇ နှစ်မွေးနေ့မှသည် မိမိကိုယ်တိုင်၊ မိမိမိသားစု၊ မိမိတိုင်းပြည်အတွက် လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်ဝနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 

(အမျိုးသမီးနေ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတချို့ကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။)


၁၉၉၈ ခုနှစ်၊ ဂျီနီဗာရှိ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့နိုင်ငံ အမျိုးသမီးအခွင့်အရေး ချိုးဖေါက်ခံရမှု တင်သွင်းသည့် အဖွဲ့



၁၉၉၉ခု၊ ဇွန်လ (၁၉) ရက်နေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနား ပြီးစဉ် အမျိုးသမီးများနှင့် ကလေးများ အမှတ်တရ၊ Christian Youth Centre, Bangkok


သက္ကရာဇ် ၂၀၀၀၊ အမျိုးသမီးများနေ့၊ အမျိုးသမီးများနေ့ ဖြစ်မြောက်ရေး ကော်မရှင်အဖွဲ့ဝင်များ အမှတ်တရ၊ မြန်မာကျောင်းသားများစခန်း၊ မနီလွိုင်ရွာ၊ ရတ်ခ်ျပူရီ၊



ရွှင်လန်းချမ်းမြေ့ကြပါစေ

5 comments:

-
Written by မင်းသွီး


08 July 2012


ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမစုကြည်အလိုမရှိဟုဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသား အင်အားစုမှဖြစ်ကြောင်း သတင်းရရှိသည်။

ထိုရခိုင်ပြည်အမျိုးသားအင်အားစုမှာ ပြည်ခိုင်ဖြိုးကြံဖွံ့ပါတီမှ လက်သတ်ငွေစားထားသော ပါတီတစ်ခုဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အခြေစိုက်ကြောင်း သိရှိရသည်။

“ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန်ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလိုမဟုတ်မက၊ လုပ်ကြံဆန္ဒပြဖို့အတွက် အဓိကလုပ်ကြံခိုင်းသူကတော့ ကြံဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက အဲဒီမြန်မာနိုင်ငံ ရခိုင်အမျိုးသားအင်အားစုကို ငွေပေးပြီး အသုံးချလိုက်ခြင်းဖြစ်တယ် ” ဟု ရခိုင်အမျိုးသားအင်အားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြခဲ့ခြင်းမှာ ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားတွင် သဘောထားနားလည်မှုများလွဲမှားအောင် ကြံဖွံ့ပါတီအနေနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သော တစ်ခြားတိုင်းရင်းသားပြည်သူများရှေ့မှောက်တွင် ရခိုင်တိုင်းရင်းသားများကို သိက္ခာချခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ချို့က ပြောဆိုနေကြသည်။
ယင်းရှစ်မိုင်လမ်းဆုံတွင် ဆန္ဒပြခဲ့သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးယူထားသော NLD အဖွဲ့ဝင်များတို့ ထိုးကြိတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အင်တာနက် သတင်း Website စာမျက်နှာတစ်ချို့တွင် NLD အား ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့သည်။

(Credit - Arakan Times)

-

ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြား နားလည်မှုလွဲအောင် ကြံဖွံ့ပါတီ လုပ်ကြံ

Written by မင်းသွီး


08 July 2012


ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို "ကုလားမ စုကြည် အလိုမရှိ" ဟု ဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသားအင်အားစု မှ ဖြစ်ကြောင်း သတင်းရရှိသည်။

ထို ရခိုင်ပြည်အမျိုးသားအင်အားစု မှာ ပြည်ခိုင်ဖြိုးကြံဖွံ့ပါတီမှ လာဘ်ငွေ စားထားသော ပါတီတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် အခြေစိုက်ကြောင်း သိရှိရသည်။

“ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန် ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလို မဟုတ်က ဟုတ်က၊ မမှန်မကန် လုပ်ကြံ ဆန္ဒပြဖို့အတွက် အဓိက လုပ်ကြံခိုင်းသူကတော့ ကြံဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက အဲဒီ မြန်မာနိုင်ငံ ရခိုင်အမျိုးသားအင်အားစု ကို ငွေပေးပြီး အသုံးချလိုက်ခြင်း ဖြစ်တယ် ” ဟု ရခိုင်အမျိုးသားအင်အားစု နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

-

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြခဲ့ခြင်းမှာ ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည် ကြားတွင် သဘောထား နားလည်မှုများ လွဲမှားအောင် ကြံဖွံ့ပါတီအနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သော တခြား တိုင်းရင်းသားပြည်သူများ ရှေ့မှောက်တွင် ရခိုင်တိုင်းရင်းသားများကို သိက္ခာချခြင်း ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူ တချို့က ပြောဆိုနေကြသည်။

ယင်း ရှစ်မိုင်လမ်းဆုံတွင် ဆန္ဒပြခဲ့သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ယူထားသော NLD အဖွဲ့ဝင်များတို့ ထိုးကြိတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အင်တာနက် သတင်း Website စာမျက်နှာတချို့တွင် NLD အား ဝေဖန်မှုတချို့လည်း ထွက်ပေါ်ခဲ့သည်။

(Credit - Arakan Times)



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater

"ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို ကြုံကြိုက်လို့ လမ်းကြုံ လုပ်ကိုင်သူ မဟုတ်ဘဲ “ရည်ရွယ်ချက်ရှိရှိ“ နဲ့ နိုင်ငံရေးကို ဦးတည်လုပ်ကိုင်သူ ဖြစ်တယ်"


Thant Htike (Ko Htike)


.. တခြားတော့ အများကြီး မပြောလိုပါဘူး။ ဘုန်းတော်ဘွဲ့ ရွတ်နေတယ် ထင်ကြလိမ့်မယ်။ ဒါပေမယ့် “အချက်အလက်အရ“ အမှန်အတိုင်း သိအောင် ပြောတာပါ။ (အချက်အလက်ဟာ အချက်အလက်ပါ။)

စကားလုံး တစ်ခု တွေ့လိုက်တယ်။ “နိုင်ငံရေး ငယ်ဖြူ“ ဆိုတဲ့ အသုံးအနှုံးပါ။ “ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ငယ်ဖြူ မဟုတ်ဘူး“ လို့ ဆိုလိုတဲ့ သဘောပါ။

သူ့ဖြတ်သန်းမှုကို ပြန်ကြည့်ရင် ... ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံကို မိခင်နဲ့ အတူ ရောက်သွားတော့ အဲဒီက Lady Shri Ram College ကနေ “နိုင်ငံရေးဘာသာ“ နဲ့ ကျောင်းပြီးခဲ့သူ ဖြစ်ပါတယ်။ သင်ယူစရာ ဘာသာရပ်တွေ၊ ရွေးချယ်စရာ ဘာသာရပ်တွေ အများအပြား ရှိနေပေမယ့် နိုင်ငံရေးကို ရည်ရွယ်ချက်ရှိရှိ ရွေးခဲ့တယ် ဆိုတာ သိသာပါတယ်။

အဲဒီနေ ယူကေ ရောက်တော့လည်း ရွေးချယ်စရာတွေ အများအပြားရှိနေသေးတဲ့အထဲက St Hugh's College, Oxford ကနေပြီးတော့ PPE လို့ အများခေါ်ကြပြီး ယူကေမှာ နိုင်ငံရေးသမား လုပ်မယ်လို့ ဦးတည်ရည်ရွယ်တဲ့ လူငယ်တိုင်းလိုလို သင်ယူကြတဲ့ Philosophy, Politics နဲ့ Economics ဘာသာတွေကို သူ့အသက် .နှစ်ဆယ်ကျော်မှာ ရယူခဲ့သူဖြစ်ပါတယ်။

(လက်ရှိ ယူကေ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းဟာ အောက်စဖို့ကနေပဲ PPE နဲ့ ကျောင်းပြီးခဲ့သူပါ။)

ယူကေမှာ နေတဲ့ အခြေအနေအရ ယူကေနိုင်ငံသား ခံယူဖို့ မခဲယဉ်းတဲ့ အခြေအနေ ရှိပေမယ့် မြန်မာနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ခဲ့ပါဘူး။ Dual Citizenship ကို မြန်မာ့ဥပဒေအရ ခွင့်မပြုတာကြောင့် ယူကေနိုင်ငံသား ခံယူလိုက်တာနဲ့ မြန်မာနိုင်ငံသား ဖြစ်မှုကနေ အလိုလို ပျက်ပြယ်သွားနိုင်တာကြောင့် ယူကေ နိုင်ငံသား မခံယူတာ ဖြစ်နိုင်ပါတယ်။

ယူကေ ပတ်စပို့စ် နဲ့ မြန်မာပတ်စပို့စ် ခရီးသွားရာမှာ ရောက်လေရာ နိုင်ငံတွေက ဆက်ဆံပုံတွေ ဘယ်လောက် ကွာခြားသလဲဆိုတာ ယူကေ ပတ်စပို့စ် ကိုင်နေသူတွေ ကောင်းကောင်း သိကြသလို ... မြန်မာပတ်စပို့စ်နဲ့ ခရီးသွားရင် ဘယ်လောက် မျက်နှာငယ်သလဲ ဆိုတာကို မြန်မာတွေ ကောင်းကောင်း သိကြပါတယ်။ အခြားသော အခွင့်အရေးတွေလည်း အများကြီး ကွာခြားပါတယ်။ ဒီအခွင့်အရေးကို လှစ်လျူရှုပြီး မြန်မာနိုင်ငံသားကို ဆက်ကိုင်ထားတယ် ဆိုတာမှာ အခြားရည်ရွယ်ချက်တွေလည်း ရှိနိုင်သလို နိုင်ငံရေး ရည်ရွယ်ချက်လည်း ပါနိုင်တယ်ဆိုတာက သေချာသလောက်ပါပဲ။

ဒီတော့ ... နိုင်ငံရေး ငယ်ဖြူ ဆိုတာ ဘာကို ခေါ်တာလဲ ဆိုတဲ့ အဓိပ္ပါယ်ကို နည်းနည်း စဉ်းစားကြည့်မိတယ်။ မြန်မာပြည်မှာ ၈၈ မတိုင်ခင်ကာလမှာ ဆန္ဒမပြခဲ့လို့လား။ လှုပ်ရှားမှုတွေထဲ မပါခဲ့လို့ ဒီလို မှတ်ယူတာလားပေါ့။

ဒါပေမယ့် သေချာတာကတော့ ... ဆယ်ကျော်သက် အရွယ်ကနေ လူငယ်ဘဝ ဖြတ်သန်းရာ လမ်းတလျောက်မှာ နိုင်ငံရေး ဆိုတာနဲ့ တည့်တည့်တိုးလို့ ရှောင်လွှဲမရဘဲ ကြုံကြိုက်လို့ လမ်းကြုံ လုပ်ကိုင်ခဲ့သူ မဟုတ်ဘဲ ... “ရည်ရွယ်ချက်ရှိရှိ“ နဲ့ နိုင်ငံရေး ဆိုတာကို ဦးတည်လုပ်ကိုင်နေခဲ့သူ တစ်ယောက်ဖြစ်တယ် ဆိုတာကတော့ “အချက်အလက်“ တွေအရ ငြင်းလို့ မရပါဘူးဆိုတာကို ... သတိထားမိနိုင်စေဖို့ ... ။

အချက်အလက်ကို “စိတ်ခံစားမှု“ ကနေ ကျော်မကြည့်စေဖို့ရယ်ပါ။

ကိုထိုက်


"ဒေါ်စုက နိုင်ငံရေးကို လမ်းကြုံ လုပ်သူ မဟုတ်ဘဲ “ရည်ရွယ်ချက်ရှိရှိ“ နိုင်ငံရေး လုပ်သူ ဖြစ်တယ်"