မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြောက်ပိုင်းကိစ္စအပေါ် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်နှင့် EMG အင်တာဗျူး


"အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။ ABSDFမှာ ဖြစ်တဲ့ကိစ္စကို ABSDF ဗဟိုဥက္ကဋ္ဌ အနေနဲ့ ငါနဲ့မဆိုင်ဘူးလို့တော့ ဘယ်ပြောလို့ရပါ့မလဲ"

drnaingaung1
ABSDF(ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

၁၉၉၁-၁၉၉၂ခုနှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF(မြောက်ပိုင်း) တွင် တပ်ဖွဲ့ဝင်ကျောင်းသား(၁၀၇)ဦး ဖမ်းဆီးခံခဲ့ ရပါသည်။ ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများအနက် ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား(၁၅)ဦးကို သတ်ဖြတ်ခဲ့ပြီး ABSDF စစ်ကြောရေး၌  ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး သေဆုံးခဲ့ရသူ ကျောင်းသား (၁၄)ဦး၊ တစ်ဦးချင်းစီအလိုက် သတ်ဖြတ်ခံရသူ (၉) ဦး စုစုပေါင်း(၃၈) ဦး သေဆုံးခဲ့ရပါသည်။ သတ်ဖြတ်ခံရသူများမှာ ABSDF တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ထိုကျောင်းသားများသည် စစ်တပ်မှ စေလွှတ်ထားသော ထောက်လှမ်းရေးများဟု စွပ်စွဲခံခဲ့ရပြီး ABSDF(မြောက်ပိုင်း) စစ်ကြောရေး၌ လည်းကောင်း၊ အကြောင်အမျိုးမျိုးဖြင့်လည်းကောင်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံခဲ့ရပြီး မသေဘဲ ကျန်ရစ်ခဲ့ရသူများမှာ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြပါသည်။ ABSDF (မြောက်ပိုင်း)၌ ညှင်းဆဲနှိပ်စက်ခံခဲ့ပြီး လွတ်မြောက်လာခဲ့သော မြောက်ပိုင်းပြန်ကျောင်းသားများ၏ အဆိုအရ မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့မှုများသည် မတရားစွပ်စွဲခံခဲ့ရသည့် ကိစ္စရပ်ဖြစ်ပြီး ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုကြပါသည်။ ၎င်းတို့အနေဖြင့် သမိုင်းအမှန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့် မတရားစွပ်စွဲမှုများကို ချေဖျက်ရန် အသင့်ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။
မြောက်ပိုင်းကိစ္စတွင် အဓိက တာဝန်ရှိသူများမှာ ထိုအချိန်က ABSDF(မြောက်ပိုင်း) ဥက္ကဋ္ဌ ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်နေ) ၊ ဒုတိယ ဥက္ကဋ္ဌ-၁ နှင့် စစ်ရေးတာဝန်ခံ သံချောင်း (ခ) ကိုမြင့်စိုး (ခ) စပ်ခွန်ကျော် (ယခု သာယာဝတီ အကျဉ်းထောင်အတွင်း)၊ ကိုမျိုးဝင်း (ဒုတိယ စစ်ရေးတာဝန်ခံနှင့် တွဲဖက် အထွေအထွေအတွင်းရေးမှူး-၁ (ကွယ်လွန်)၊ တွဲဖက် အထွေအထွေ အတွင်းရေးမှူး-၂ ကိုလှဆိုင်း(ယခု ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး တာဝန်ခံ ကိုသန်းဇော် (ယခု မန္တလေးမြို့နေ) နှင့် ABSDF (ဗဟို)၏ ဥက္ကဋ္ဌမှာ ဒေါက်တာနိုင်အောင်တို့ ဖြစ်ကြသည်ဟု မြောက်ပိုင်းမှ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသား ရဲဘော်ဟောင်းများက ပြောဆိုထား ကြပါသည်။ ဒုတိယ ဥက္ကဋ္ဌ-၂ ကိုကျော်ကျော် (ယခု ABSDF(မြောက်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုအောင်ကြီး (ယခု SSA (တောင်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုစိန်အေး (ယခု ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး ဒုတိယ တာဝန်ခံ ကိုဇော်ဇော်မင်း (ယခု မိုးညှင်း(နမ်းမား)နေ)၊ ကျောင်းသား ထောက်လှမ်းရေး အဖွဲ့ဝင် ကိုအောင်စိုးမြင့်(ယခု မိုးညှင်းနေ) နှင့် ကျောင်းသား ထောက်လှမ်းရေးအဖွဲ့ဝင် ကိုကျော်ထင်ဦး  (ကွယ်လွန်) တို့ကိုလည်း တာဝန် ရှိသူများအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများက ပြောဆိုခဲ့သည်။
ABSDF (မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ရှင်းလင်းမှု မရှိသေးချိန်တွင် ထိုဖြစ်စဉ်၌ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများမှ သတ်မှတ်ထားသော  ABSDF (ဗဟို)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင် (ယခု အထွေထွေ အတွင်းရေးမှူး- မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ပေါင်းစု (FDB)) သည် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင်  နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးဖြင့်ဖြင့် မြန်မာနိုင်ငံသို့ တွေ့ဆုံဆွေးနွေးရေး လေ့လာရေးခရီးစဉ် လာရောက်ခဲ့ပါသည်။ ထိုကဲ့သို့ ရောက်ရှိပြီးနောက် ခေတ္တတည်းခိုရာ ရှင်စောပုဟိုတယ်၌ သီးခြားတွေ့ဆုံခဲ့ပြီး ABSDF (မြောက်ပိုင်း) ကိစ္စနှင့် ပတ်သက်သော သဘောထားများကို မေးမြန်းခဲ့ခြင်းအား ဖော်ပြလိုက်ပါသည်။
၁၉၉၁-၁၉၉၂ခုနှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF(မြောက်ပိုင်း) တွင် တပ်ဖွဲ့ဝင်ကျောင်းသား(၁၀၇)ဦး ဖမ်းဆီးခံခဲ့ ရပါသည်။ ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများအနက် ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား(၁၅)ဦးကို သတ်ဖြတ်ခဲ့ပြီး ABSDF စစ်ကြောရေး၌  ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး သေဆုံးခဲ့ရသူ ကျောင်းသား (၁၄)ဦး၊ တစ်ဦးချင်းစီအလိုက် သတ်ဖြတ်ခံရသူ (၉) ဦး စုစုပေါင်း(၃၈) ဦး သေဆုံးခဲ့ရပါသည်။ သတ်ဖြတ်ခံရသူများမှာ ABSDF တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ထိုကျောင်းသားများသည် စစ်တပ်မှ စေလွှတ်ထားသော ထောက်လှမ်းရေးများဟု စွပ်စွဲခံခဲ့ရပြီး ABSDF(မြောက်ပိုင်း) စစ်ကြောရေး၌ လည်းကောင်း၊ အကြောင်အမျိုးမျိုးဖြင့်လည်းကောင်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံခဲ့ရပြီး မသေဘဲ ကျန်ရစ်ခဲ့ရသူများမှာ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြပါသည်။ ABSDF (မြောက်ပိုင်း)၌ ညှင်းဆဲနှိပ်စက်ခံခဲ့ပြီး လွတ်မြောက်လာခဲ့သော မြောက်ပိုင်းပြန်ကျောင်းသားများ၏ အဆိုအရ မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့မှုများသည် မတရားစွပ်စွဲခံခဲ့ရသည့် ကိစ္စရပ်ဖြစ်ပြီး ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုကြပါသည်။ ၎င်းတို့အနေဖြင့် သမိုင်းအမှန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့် မတရားစွပ်စွဲမှုများကို ချေဖျက်ရန် အသင့်ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။ 
မြောက်ပိုင်းကိစ္စတွင် အဓိက တာဝန်ရှိသူများမှာ ထိုအချိန်က ABSDF(မြောက်ပိုင်း) ဥက္ကဋ္ဌ ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်နေ) ၊ ဒုတိယ ဥက္ကဋ္ဌ-၁ နှင့် စစ်ရေးတာဝန်ခံ သံချောင်း (ခ) ကိုမြင့်စိုး (ခ) စပ်ခွန်ကျော် (ယခု သာယာဝတီ အကျဉ်းထောင်အတွင်း)၊ ကိုမျိုးဝင်း (ဒုတိယ စစ်ရေးတာဝန်ခံနှင့် တွဲဖက် အထွေအထွေအတွင်းရေးမှူး-၁ (ကွယ်လွန်)၊ တွဲဖက် အထွေအထွေ အတွင်းရေးမှူး-၂ ကိုလှဆိုင်း(ယခု ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး တာဝန်ခံ ကိုသန်းဇော် (ယခု မန္တလေးမြို့နေ) နှင့် ABSDF (ဗဟို)၏ ဥက္ကဋ္ဌမှာ ဒေါက်တာနိုင်အောင်တို့ ဖြစ်ကြသည်ဟု မြောက်ပိုင်းမှ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသား ရဲဘော်ဟောင်းများက ပြောဆိုထား ကြပါသည်။ ဒုတိယ ဥက္ကဋ္ဌ-၂ ကိုကျော်ကျော် (ယခု ABSDF(မြောက်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုအောင်ကြီး (ယခု SSA (တောင်ပိုင်း)နေ)၊ ဗဟိုကော်မတီဝင် ကိုစိန်အေး (ယခု ABSDF (မြောက်ပိုင်း)နေ)၊ ကျောင်းသား ထောက်လှမ်းရေး ဒုတိယ တာဝန်ခံ ကိုဇော်ဇော်မင်း (ယခု မိုးညှင်း(နမ်းမား)နေ)၊ ကျောင်းသား ထောက်လှမ်းရေး အဖွဲ့ဝင် ကိုအောင်စိုးမြင့်(ယခု မိုးညှင်းနေ) နှင့် ကျောင်းသား ထောက်လှမ်းရေးအဖွဲ့ဝင် ကိုကျော်ထင်ဦး  (ကွယ်လွန်) တို့ကိုလည်း တာဝန် ရှိသူများအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများက ပြောဆိုခဲ့သည်။ 
ABSDF (မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ရှင်းလင်းမှု မရှိသေးချိန်တွင် ထိုဖြစ်စဉ်၌ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများမှ သတ်မှတ်ထားသော  ABSDF (ဗဟို)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင် (ယခု အထွေထွေ အတွင်းရေးမှူး- မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ပေါင်းစု (FDB)) သည် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင်  နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးဖြင့်ဖြင့် မြန်မာနိုင်ငံသို့ တွေ့ဆုံဆွေးနွေးရေး လေ့လာရေးခရီးစဉ် လာရောက်ခဲ့ပါသည်။ ထိုကဲ့သို့ ရောက်ရှိပြီးနောက် ခေတ္တတည်းခိုရာ ရှင်စောပုဟိုတယ်၌ သီးခြားတွေ့ဆုံခဲ့ပြီး ABSDF (မြောက်ပိုင်း) ကိစ္စနှင့် ပတ်သက်သော သဘောထားများကို မေးမြန်းခဲ့ခြင်းအား ဖော်ပြလိုက်ပါသည်။

"တရား ဥပဒေ စိုးမိုးမှု ပွင့်လင်းထင်သာ မြင်သာမှုဖြစ်တဲ့ အခြေအနေရောက်ရင် အဖြစ်မှန် ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်" 
ABSDF(ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် တွေ့ဆုံခြင်း 
 



မေး- မြန်မာနိုင်ငံကို ခြေချပြီးတဲ့အချိန်မှာ ABSDF(မြောက်ပိုင်း)ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက ကိုနိုင်အောင်ကို စောင့်ကြိုနေပါတယ်။ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ ဘာ ပြောချင်ပါသလဲ။
ဖြေ- ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီလိုကိစ္စမျိုးတွေကို ပွင့်လင်းမြင်သာတဲ့ တရားဥပဒေစိုးမိုးတဲ့ အချိန်ရောက်လို့ရှိရင်တော့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်လိုဟာ မျိုးဖွဲ့ပြီးတော့မှ အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ မြောက်ပိုင်းဗဟိုကော်မတီကနေ စွပ်စွဲထားတဲ့ဟာ ဟုတ်လား၊ မဟုတ်လားဆိုတဲ့ဟာကိုလည်း အားလုံး ပူးပေါင်းပါဝင်မှ သိမှာလေ။ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိလားဆိုတာ သိမှာပေါ့။ နောက်ပြီး အဲလိုမျိုးတွေ လုပ်တဲ့အခါမှာ ကျွန်တော်ကိုယ်တိုင် ပူးပေါင်းပါဝင်မယ်လို့ ခဏ ခဏ ပြောဖူးပါတယ်။ နောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုတာတွေ ကြားလာတော့ ကျွန်တော်တို့က ၀မ်းနည်းတယ်၊ စိတ်မကောင်းပါဘူး ဆိုတာလည်း ပြောပြချင်ပါတယ်။ တရားဥပဒေစိုးမိုးမှု ပွင့်လင်းထင်သာ မြင်သာမှုဖြစ်တဲ့ အခြေအနေရောက်ရင် အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး- မြောက်ပိုင်းကနေ အနှိပ်စက်ခံပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက ပြောပါတယ်။ မြောက်ပိုင်း ဖြစ်ရပ်အတွက် တာဝန်ရှိတဲ့လူတွေထဲမှာ ကိုနိုင်အောင်လည်း ပါဝင်တယ်။ တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါ။ တာဝန်ရှိ တယ်ဆိုတဲ့ အပေါ်မှာ ဘာပြောချင်ပါလဲ။
ဖြေ- အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်ကနေပြီးတော့ ရာဇ၀တ်မှု ကျူးလွန်လို့ တိုင်းပြည်ရဲ့ သမ္မတက အဖမ်းခံရမယ်ဆိုပြီး အဲလိုမျိုးပြောတာတော့ မဟုတ်ဘူး။ အဖွဲ့အစည်း တစ်ရပ်မှာ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ကတော့ တာဝန်ရှိတယ်။ ကျွန်တော် ဘယ်လောက်အထိ တာဝန်ရှိတယ်ဆိုတဲ့ ကိစ္စကိုလည်း တရားရုံးတွေ ဘာတွေက စစ်လို့ အဲတာမျိုးဆို ပတ်သက်တယ် ဆိုရင် ကျွန်တော်က၀င်ပြီး ပူးပေါင်းပါဝင်ရမှာပဲလေ။ ABSDFမှာ ဖြစ် တဲ့ကိစ္စကို ABSDFဗဟိုဥက္ကဋ္ဌ အနေနဲ့ ငါနဲ့မဆိုင်ဘူးလို့တော့ ဘယ်ပြောလို့ရပါ့မလဲ။
မေး - မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကိုနိုင်အောင် ပြောခဲ့ဖူးတာရှိပါတယ်။ အကယ်၍ မြန်မာနိုင်ငံကို ပြန်ရောက်လို့ရှိရင် မြောက်ပိုင်းကိစ္စမှာ နစ်နာခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ပြီး တောင်းပန်မယ်လို့ ပြောခဲ့ပါတယ်။ အခု မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အချိန်မှာ ဘာပြောချင်ပါလဲ။
ဖြေ- ဟုတ်တယ်။ ကျွန်တော် ပြောခဲ့ပါတယ်။ ပြောခဲ့တယ်ဆိုတော့ ကျွန်တော် ABSDFက ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်လေ။ ဒီကိစ္စကလည်း ကျွန်တော် မလွဲမသွေကြုံမှာပဲ ဆိုပြီးတော့။ ABSDF ကတော့ အခု ကျွန်တော် ပြောတဲ့ ဟာလေးပဲ ပြောပါ။ အဖွဲ့အစည်းအနေနဲ့ တာဝန် ရှိ တဲ့ အချိန်ကျရင်တော့ ပေးတွေ့မယ်။ သူတို့ပဲ စီစဉ်မယ်ပေါ့။ ဆိုတော့ သူတို့ အဖွဲ့အစည်းသဘောဖြစ်နေပြီး ကျွန်တော်က အပြင်လူ ဖြစ်နေတဲ့ သဘောမျိုး ဖြစ်နေတဲ့ အခါကျတော့ သူတို့ အဲလိုမျိုးဖြစ်စဉ်ကို သေသေချာချာ မှန်မှန်ကန်ကန် သိပြီး တောင်းပန်သင့်တာတွေ တောင်းပန်ရမယ်။ နစ်နာတာတွေကို ဖြေရှင်းသင့်သာ ဖြေရှင်းပေးရမယ်လို့ အဖွဲ့အစည်းက ပြောတာတော့ အဲဒီအတိုင်းပဲ နားလည်ထားပါတယ်။
မေး-  ကိုနိုင်အောင်တို့ မြန်မာမြေကို ခြေမချခင် နာရီပိုင်းအလိုမှာ မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန် မြို့၊ တော်ဝင်နှင်းဆီမှာ လုပ်ခဲ့ပါတယ်။ သူတို့က အမှန်တရား ပေါ်ပေါက်ရေးအတွက် လုပ်ခဲ့တာပါ။ အဲဒီပွဲမှာ ကျောင်းသားဟောင်းတစ်ဦးက ပြောခဲ့ပါတယ်။  မြောက်ပိုင်းကိစ္စဟာ သံသယတွေ၊ နိုင်ငံရေး အားပြိုင်မှုတွေ၊ ဒေသစွဲ အငြှိးအတေးတွေကြောင့် ဖြစ်ခဲ့ရတယ်လို့ ဆိုပါ တယ်။ မြောက်ပိုင်းကိစ္စ ဘာကြောင့် ဖြစ်ခဲ့တယ်လို့ ပြောချင်ပါသလဲ။
ဖြေ- ကျွန်တော်တို့ကို သူတို့ အစီရင်ခံတုန်းကတော့ ထောက်လှမ်းရေးသူလျိုတွေ ထောက်လှမ်းပြီး ၀င်ထားတယ်ဆိုတာနဲ့ သိတယ်။ ပွင့်ပွင့်လင်းလင်း တိတိကျကျ ပြောလို့ ရှိရင် သူတို့ ၁၂ ရက်နေ့ (၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့)က သတ်လိုက်တယ်ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ ကျွန်တော်တို့ သိရတာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ညီလာခံ အကွဲအပြဲနဲ့ မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်ရှုပ်နေကြတာဆိုတော့ အဲဒီ နောက်ပိုင်းသွားတဲ့ အခါမှာ အခုလွတ်လာတဲ့ သူတွေရှိတယ်။ ကျွန်တော် သူတို့ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။ နှစ်ယောက် သုံးယောက် လောက်တွေ့တယ်။ မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို တွေ့ တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူးဆိုတာကို ကျွန်တော်တို့ဘက်က စစ်ဆေးသိရှိနိုင်ဖို့ တော်တော်ခက်တယ်။ တစ်ဖက် ပြောတာပဲ ကြားတာကိုး။ ဒါပေမဲ့ ဘာပဲ ပြောပြော တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တော့တာ မဟုတ်တော့တဲ့ အတွက်ကြောင့်မို့လို့ ခင်ဗျားတို့ သူတို့ကို လွှတ်ပေးလိုက်ပါ။ မိဘတွေကို ပြန်အပ်လိုက်ပါ။ ဒါကိုပဲ အဓိက သူတို့ကို တိုက်တွန်းတာပါပဲ။
မေး-လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီ ဖြစ်တဲ့အတွက် မြောက်ပိုင်း ကျောင်းသားဟောင်းတွေရဲ့ စွပ်စွဲမှုတွေနဲ့ စပ်လျဉ်းပြီး ဘာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။
ဖြေ-အခုလာတဲ့ ခရီးစဉ်က မြောက်ပိုင်းကိစ္စကို ဖြေရှင်းဖို့ အဓိကလာတဲ့ ခရီးစဉ်တော့ မဟုတ်ဘူး။ ABSDF ကလည်း အဲဒီလိုတော့ တာဝန်မပေးလိုက်ဘူး။ သူတို့ သဘောမတူဘဲနဲ့ ကျွန်တော်တို့ ပြောလို့ မရဘူးပေါ့။  အဲလို အချိန်မျိုးဖြစ်လာလို့ရှိရင် စုံစမ်းရေး ကော်မရှင်လိုဟာမျိုး တစ်ခုဖွဲ့ပြီးတော့ အဖြစ်မှန် ဖော်ထုတ်သင့်တယ်။ ကာယကံရှင် အားလုံး ပါဝင်သင့်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို တိုက်တွန်းချင်ပါတယ်။

Eleven Media Group မှ ကူးယူဖေါ်ပြပါတယ်။

မြောက်ပိုင်းကိစ္စအပေါ်  ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ ရှင်းလင်းချက် ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

28 comments:

.
ဒေါက်တာနိုင်အောင် အင်တာဗျူး (EMG) မှ ကောက်နုတ်ချက်


"အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။

ဒါပေမဲ့ "တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်ကနေပြီးတော့ ရာဇ၀တ်မှု ကျူးလွန်လို့ အဲဒီ တိုင်းပြည်ရဲ့ သမ္မတက အဖမ်းခံရမယ်" ဆိုတဲ့ ပုံစံမျိုး ပြောတာမျိုးကတော့ မဟုတ်သေးဘူး၊ သဘာဝမကျဘူး။


ကျွန်တော်က အဖွဲ့အစည်း တစ်ရပ်မှာ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ကတော့ တာဝန်ရှိတယ်။

"ကျွန်တော် ဘယ်လောက်အထိ တာဝန်ရှိတယ်" ဆိုတဲ့ ကိစ္စကိုလည်း တရားရုံးတွေ၊ ဘာတွေက စစ်လို့ အဲဒါမျိုး "ကျွန်တော် ပတ်သက်တယ်" ဆိုရင် ကျွန်တော်က ၀င်ပြီး ပူးပေါင်း ပါဝင်ရမှာပဲလေ။


ABSDF မှာ ဖြစ်တဲ့ကိစ္စကို ABSDF ဗဟိုဥက္ကဋ္ဌ အနေနဲ့ "ငါနဲ့ မဆိုင်ဘူး" လို့တော့ ကျွန်တော် ဘယ်ပြောလို့ ရပါ့မလဲ။"


ဒေါက်တာနိုင်အောင်
(၃၁-၈-၁၂ ရက်နေ့
ရှင်စောပုဟိုတယ်၊ ရန်ကုန်)

.
ဒေါက်တာနိုင်အောင် အင်တာဗျူး (EMG) မှ ကောက်နုတ်ချက်


"ABSDF (မြောက်ပိုင်း) မှာ ထောက်လှမ်းရေး ဆိုပြီး ဖမ်းထားတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက ၁၅ ယောက်ကို မြောက်ပိုင်းခေါင်းဆောင်တွေက ၁၂ ရက်နေ့ (၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့) က သတ်လိုက်တယ် ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ ကျွန်တော်တို့ ABSDF (ဗဟို) က သိရတာ။

အဲဒီအချိန် (၁၉၉၁ ခုနှစ် နှောင်းပိုင်း) တုန်းက ကျွန်တော်တို့ ABSDF (ဗဟို) မှာက ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၂ မှ ၂၅-၁၀-၁၉၉၂ ရက်နေ့) အကွဲအပြဲ နဲ့ မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်ရှုပ်နေကြတာ။



အဲဒီ နောက်ပိုင်း ကျွန်တော် ABSDF (မြောက်ပိုင်း) (ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသ) ကို သွားတဲ့အခါမှာ အခု လွတ်လာတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက နှစ်ယောက်၊ သုံးယောက် လောက် ကျွန်တော် တွေ့တယ်။ သူတို့ ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။ ကျွန်တော် နှစ်ယောက်၊ သုံးယောက် လောက် တွေ့တယ်။

မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို ကျွန်တော် တွေ့တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူး ဆိုတာကို ကျွန်တော်တို့ဘက်က စစ်ဆေး သိရှိနိုင်ဖို့ တော်တော် ခက်တယ်။ တစ်ဖက် ပြောတာပဲ ကြားတာကိုး။"


ဒေါက်တာနိုင်အောင်
(၃၁-၈-၁၂ ရက်နေ့
ရှင်စောပုဟိုတယ်၊ ရန်ကုန်)

.
ဒေါက်တာနိုင်အောင် အင်တာဗျူး (EMG) မှ ကောက်နုတ်ချက်


"ABSDF (မြောက်ပိုင်း) မှာ ထောက်လှမ်းရေး ဆိုပြီး ဖမ်းထားတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက ၁၅ ယောက်ကို မြောက်ပိုင်းခေါင်းဆောင်တွေက ၁၂ ရက်နေ့ (၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့) က သတ်လိုက်တယ် ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ ကျွန်တော်တို့ ABSDF (ဗဟို) က သိရတာ။

အဲဒီအချိန် (၁၉၉၁ ခုနှစ် နှောင်းပိုင်း) တုန်းက ကျွန်တော်တို့ ABSDF (ဗဟို) မှာက ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၁ မှ ၂၅-၁၀-၁၉၉၁ ရက်နေ့) အကွဲအပြဲ နဲ့ မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်ရှုပ်နေကြတာ။



အဲဒီ နောက်ပိုင်း ကျွန်တော် ABSDF (မြောက်ပိုင်း) (ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသ) ကို သွားတဲ့အခါမှာ အခု လွတ်လာတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက နှစ်ယောက်၊ သုံးယောက် လောက် ကျွန်တော် တွေ့တယ်။ သူတို့ ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။ ကျွန်တော် နှစ်ယောက်၊ သုံးယောက် လောက် တွေ့တယ်။

မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို ကျွန်တော် တွေ့တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူး ဆိုတာကို ကျွန်တော်တို့ဘက်က စစ်ဆေး သိရှိနိုင်ဖို့ တော်တော် ခက်တယ်။ တစ်ဖက် ပြောတာပဲ ကြားတာကိုး။"


ဒေါက်တာနိုင်အောင်
(၃၁-၈-၁၂ ရက်နေ့
ရှင်စောပုဟိုတယ်၊ ရန်ကုန်)

သတ်ဖြတ်တာထက်ကို ဆိုးတာက မြောက်ပိုင်းမှာကော ဒေါင်းဂွင်မှာကော လူမဆန်တဲ့ရက်စက်မှုပေါင်းစုံကို ကြူးလွန်ခဲ့တာ။ အဲ့ဒါ တွေကို တာဝန်ယူပါတယ်ဆိုတဲ့သူတယောက်က အခုမှ အဖွဲ့အစည်းကလုပ်တာ ကျွန်တော်မဆိုင်ပါဘူးဆို တာမျိုးကတော့ အရှက်ကင်းမဲ့လွန်းတယ်။ ဒီလိုသတ္တဝါ မျိုးကို ကျောင်းသားတပ်မတော်ကလဲ ပြတ်ပြတ်သားသား ရှုံ့ချသင့်တယ်။ နောက်ဆုံးကျတော့ ကျောင်းသားတပ် မတော်ကို သူတို့ စားလို့ဝါးလို့ ဖျက်လို့ အားရပြီး တာတောင် ရိုးရိုးသားသားဒီမိုကရေစီအတွက် အသက်စွန့်သွားတဲ့ ရဲဘော်တွေကို မငဲ့ကွက်ပဲ စော်ကားလွန်းလှတယ်
အဆိုးရွားဆုံးက လူမဆန်တဲ့ ယုတ်မာပက်စက်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခွင့်ပြုခဲ့ တာကော ကိုယ်တိုင်ဝင်ပါခဲ့တာတွေကော အတွက် တနည်းမဟုတ် တနည်းမကြာခင်တော့ ပေးဆပ်ရတော့မှာပါ မဲဆောက်ထုံထောင်းထဲက မင်းအိမ်လဲ မလုံခြုံပါဘူး

.
(အပြာရောင် ခေါင်းစည်းစာသားကို နှိပ်ပြီး သတင်း ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)


(1) ABSDF မြောက်ပိုင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသမှာ မြောက်ပိုင်း ကျောင်းသားတပ်မတော်ထဲက ရော်နယ်အောင်နိုင် အပါအဝင် ကျောင်းသားအာဏာရှင်၊ အာဏာရူးတစုရဲ့ လူမဆန်စွာ နှိပ်စက်ခံနေရစဉ် ၁၉၉၂ ခုနှစ်၊ မေလ မှာ ထွက်ပြေး လွတ်မြောက်လာတဲ့ မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်း ၅၄ ယောက်ထဲက ၂၀ ကျော်ရဲ့ "ABSDF မြောက်ပိုင်း လူမဆန်စွာ နှိပ်စက် သတ်ဖြတ်မှု သတင်းစာရှင်းလင်းပွဲ" (တော်ဝင်နှင်းဆီ ခန်းမ၊ ရန်ကုန်၊ ၃၁-၈-၁၂ ရက်နေ့)


(2) ဒေါက်တာနိုင်အောင် (ABSDF မြောက်ပိုင်း
နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်စဉ်အချိန်က ABSDF ဗဟိုရဲ့ ဥက္ကဋ္ဌ) ရဲ့ သတင်းစာရှင်းလင်းပွဲ (ရန်ကုန်လေဆိပ်၊ ၃၁-၈-၁၂ ရက်နေ့)


(မူရင်း - ABSDF (North) Killing Case press
RFA)

(
(ခေါင်းစဉ်ကို နှိပ်ပြီး "မျက်ရည်နှင့် ပြောသော
ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု တရားဝင် တင်ပြချက် (ဗီဒီယို)" ကို ကြည့်နိုင်ပါတယ်။)


အေဘီမြောက်ပိုင်းမှာ ကိုယ်တိုင် လူမဆန်စွာ နှိပ်စက်ခံနေရာက ထွက်ပြေး လွတ်မြောက်လာသည့် မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများက ပြည်သူများကို ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှုများအကြောင်းကို တရားဝင် အသိပေး တင်ပြချက် (ဗီဒီယို)

-
ရန်ကုန်၊ ဩဂုတ် ၃၁


မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသတွင် အခြေစိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း၊ ပါဂျောင်တပ်စခန်းတွင် ၁၉၉၁ - ၁၉၉၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုများ အတွက် တရားဥပဒေအရ စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဟု ယင်းလူသတ်ပွဲများ ဖြစ်ပွားနေသည့် ပါဂျောင်တပ်စခန်း အချုပ်ထဲမှ ထွက်ပြေး လွတ်မြောက်ခဲ့သည့် ABSDF မြောက်ပိုင်း ရဲဘော်ဟောင်းများက ပြောကြားသည်။

အဆိုပါ မြောက်ပိုင်း ABSDF ရဲဘော်ဟောင်းများသည် ABSDF မြောက်ပိုင်း၊ ပါဂျောင်တပ်စခန်းတွင် ရော်နယ်အောင်နိုင် (ထိုအချိန်က ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ)၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင် (လဆိုင်း) တို့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်ကာလတွင် ကိုယ်တိုင် ညှဉ်းပန်း နှိပ်စက် ခံနေရရာမှ ၁၉၉၂ ခုနှစ်၊ မေလက ထွက်ပြေး လွတ်မြောက်ခဲ့သည့် မြောက်ပိုင်း ABSDF ရဲဘော်ဟောင်း ၅၅ ဦး ထဲတွင် ပါဝင်ခဲ့သူများ ဖြစ်ကြသည်။

-
မြောက်ပိုင်း ကျောင်းသားတပ်မတော်၊ ပါဂျောင်တပ်စခန်းတွင် ယင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်အချိန် (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ မှ ၁၉၉၂ ခုနှစ်၊ မေလ) တွင် မိဘများကိုယ်တိုင် အာမခံပြီး လာရောက် ခေါ်ယူခြင်းကြောင့် ပြန်လည် လွတ်မြောက်လာသူ ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ဦးဘိုဘိုက အောက်ပါအတိုင်း ပြောကြားသည်။

"ယင်းညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်အချိန် (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ မှ ၁၉၉၂ ခုနှစ်၊ မေလ) က အဆိုပါ ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသ၊ ပါဂျောင်တပ်စခန်းတွင် ကျောင်းသား၊ ကျောင်းသူ ရဲဘော် ၃၀ဝ ရှိသည့်အထဲတွင် ကျောင်းသားရဲဘော်၊ ကျောင်းသူရဲမေ ၁၀၇ ဦးကို "တပ်မတော်ထောက်လှမ်းရေးက ဖြစ်သည်" ဟု စွပ်စွဲ၍ ဖမ်းဆီး စစ်ဆေးနေစဉ်ကာလ (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ မှ ၁၉၉၂ ခုနှစ်၊ မေလ) အတွင်းတွင်
နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊

- ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အာဆံကုန်း (လူသတ်ကုန်း) တွင် သေဒဏ်ပေး ခေါင်းဖြတ် သတ်ခံရသူ ရဲဘော် ၁၅ ဦး၊

- စစ်ကြောရေးလုပ်စဉ် ညှဉ်းပန်း နှိပ်စက်မှုဒဏ်ကြောင့် လက်လွန် သေဆုံးသူ ၁၄ ဦး၊

- အကြောင်းအမျိုးမျိုးဖြင့် တစ်ဦးချင်း သီးခြားစီ အသတ်ခံရသူ ၉ ဦး ရှိခဲ့ကြောင်း၊

- စုစုပေါင်း အသက်ဆုံးရှုံးခဲ့သူ ၃၈ ဦး ရှိခဲ့ကြောင်း၊

- ၅၅ ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း"

ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ဦးဘိုဘိုက ပြောကြားသည်။



-
ဩဂုတ်လ ၃၁ ရက်တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ "၉၂ ပါဂျောင်ရှင်းတမ်း" သတင်းစာရှင်းလင်းပွဲတွင် ABSDF မြောက်ပိုင်းတပ်မတော်တွင် ယင်းအချိန်က နိုင်ငံရေးနှင့် စည်းရုံးရေး တာဝန်ယူခဲ့သူ ဦးကျော်နိုင်ဦးကလည်း ယခုလို အသိပေး ပြောကြားသည်။

"ကျွန်တော်တို့ လွတ်မြောက်လာသူတွေအနေနဲ့ ABSDF မြောက်ပိုင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှု ကိစ္စကို ပြောခွင့်ရဖို့ နှစ် (၂၀) စောင့်ခဲ့ရတယ်၊ ဒီနေ့ ABSDF မြောက်ပိုင်းကိစ္စ အကြောင်း အခု ပြောကြားတာတွေဟာ မြောက်ပိုင်း ကျောင်းသားတပ်မတော်မှာ နှိပ်စက် သတ်ဖြတ်မှု တွေကို ကိုယ်တိုင် ခံခဲ့ရာကနေ လွတ်မြောက်ခဲ့ပြီး ဒီနေ့အထိ အသက်ရှိနေသေးတဲ့ ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်တွေအနေနဲ့ ပထမဆုံး လူသိရှင်ကြား ပြောခြင်းပါ။ ဒီဖြစ်စဉ်တွေအတွက် ကျန်ရစ်သူ မိသားစုနဲ့အတူ ကျွန်တော်တို့အားလုံး အမှု တည်ဆောက်ပြီး ဥပဒေအရ ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ABSDF မြောက်ပိုင်းတပ်မတော်တွင် ယင်းအချိန်က နိုင်ငံရေးနှင့် စည်းရုံးရေး တာဝန်ယူခဲ့သူ ဦးကျော်နိုင်ဦးက ပြောကြားသည်။

-
ယင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်အချိန် (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ မှ ၁၉၉၂ ခုနှစ်၊ မေလ) က ABSDF မြောက်ပိုင်းတပ်မတော်တွင် ဥက္ကဋ္ဌမှာ ရော်နယ်အောင်နိုင် ဖြစ်ကြောင်း ယင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ထိုအချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) (ဗဟို) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူမှာ ဒေါက်တာနိုင်အောင် ဖြစ်ကြောင်းကိုလည်း ယင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဒေါက်တာနိုင်အောင်မှာ ဩဂုတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များနှင့် ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စရပ်များ ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူများထဲမှ တစ်ဦး ဖြစ်သည်။


ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ် အောက်ပါအတိုင်း ရှင်းပြသည်။

"ABSDF မြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ မသင်္ကာလို့ ဖမ်းပြီး စစ်ဆေးနေတဲ့ ကျောင်းသားရဲဘော်တွေထဲက ၁၅ ယောက်ကို သတ်လိုက်တဲ့ အချိန် (၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့) တုန်းက ကျွန်တော်က ABSDF တောင်ပိုင်းမှာ ရှိနေတာ။ ABSDF မြောက်ပိုင်းမှာ ဖြစ်နေတာတွေကို ကျွန်တော် မသိလိုက်ဘူး။

ဗဟိုက တောင်ပိုင်းဗဟိုနဲ့ မြောက်ပိုင်းဗဟို ဆိုပြီး နှစ်ခု ရှိတယ်။ ကျွန်တော်က သတ်ပြီးမှ သိရတာ။ သတ်ဖြတ်တာတွေကို ထပ်မလုပ်ဖို့ပဲ ABSDF မြောက်ပိုင်းဗဟိုကို ကျွန်တော် သတိပေးနိုင်တယ်" ဟု ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ရှင်းပြသည်။

ယင်း ABSDF မြောက်ပိုင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှု ကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သေဆုံးသူ မိသားစုများက တရားဥပဒေကြောင်းအရ ရင်ဆိုင်လာမည် ဆိုပါက တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ရင်ဆိုင် ဖြေရှင်းသွားမည်ဟု ABSDF မြောက်ပိုင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်အချိန် (၁၉၉၁ - ၁၉၉၂ ခုနှစ်) က ABSDF (ဗဟို) ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်က ဆက်လက် ရှင်းပြသည်။

-
ယင်း ABSDF ကျောင်းသားတပ်မတော် အဖွဲ့အစည်းကို ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး လူထုတော်လှန်ရေးအတွင်း ပါဝင် လှုပ်ရှားခဲ့သူ ကျောင်းသားလူငယ်များသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပေါ်ပေါက်စေရေးတို့အတွက် စစ်အာဏာရှင်အစိုးရကို လက်နက်စွဲကိုင် တော်လှန်ရန် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး အနယ်နယ်အရပ်ရပ်တွင် စုစည်းကာ လက်နက်ကိုင်တော်လှန်ရေးစခန်းများဆီသို့ သွားရောက် ပူးပေါင်းခဲ့ကြသည်။

ယင်းသို့ ပေါင်းစည်းကာ လက်နက်ကိုင်တော်လှန်ရေးများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေစဉ် ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ အရောက် ရှစ်လေးလုံး သုံးနှစ်ပြည့် အခမ်းအနား ကျင်းပရန် အချိန်တွင် ABSDF (ဗဟို) မှ တပ်သား စိုးမင်းအောင် ထွက်ပြေးခဲ့ရာမှ အစပြုကာ တပ်သား စိုးမင်းအောင်ကို ဖမ်းဆီး စစ်ဆေး ဖော်ထုတ်ချက်များ၏ နောက်ဆက်တွဲများကြောင့် ABSDF မြောက်ပိုင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှု ကိစ္စများ ဖြစ်ပွားခဲ့သည်။

ယင်း ကိစ္စ နှင့် ပတ်သက်၍ အဆိုပါ တပ်စခန်း အကျဉ်းထောင်တွင် တော်လှန်ရေးဟု မတရား စွပ်စွဲခံရကာ ညှဉ်းပန်း နှိပ်စက်ခံရင်း ကျဆုံးသွားသူ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ဦးစိန် ၏ သမီး ဒေါ်စမ်းစမ်းအေးက ၄င်းဖခင် ဦးစိန် သေဆုံးမှုအတွက် ယင်းအချိန် (၁၉၉၂ ခုနှစ်) က ABSDF မှ တာဝန်ရှိသူ ၇ ဦးကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က မြောက်ဥက္ကလာပ ရဲစခန်းတွင် ပ/ ၈၆၉/ ၁၂/ ၃၀၂ ဖြင့် ပထမဆုံး အမှုဖွင့် တိုင်ကြားခဲ့သည်။

(ရင်းမြစ် - The Voice Weekly ဂျာနယ် Vol .8 / No.35

September 3 - 9 , 2012

သူများစာမျက်နှာက ကူးလာတဲ့စာတွေ ကိုယ့်ဘလော့ပေါ်ရောက်မှ no copy ဆိုတာတော့ရုပ်ဆိုးလွန်းပါတယ်။

ဒီပို့စ်ကို ပြန်ကူးချင်ရင် မူရင်းကူးလာတဲ့နေရာကို ကျွန်မ ညွန်းထားပေးပြီးဖြစ်တဲ့အတွက် အဲဒီကိုသွားပြီး ပြန်ကူးနိုင်ပါတယ်။ အဲဒီ no copy က ကျွန်မ ပြန်ဖြုတ်မတတ်လို့ အခုထိ ရှိနေတာဖြစ်တယ်။ ဒါကို ကျွန်မလုပ်ထားတာမဟုတ်ဘူး။ ဟိုတုန်းက ကျွန်မဘလော့ဂ်မှာ နည်းပညာအကူအညီပေးနေတဲ့ မိတ်ဆွေတဦးက အဲဒီအချိန်က ဘလော့ဂ်မှာ အနှောင့်အယှက်များပြီး ကျွန်မစာမျက်နှာကစာတွေကို ကူးပြီး ပေါက်ကရလျှောက်လုပ်နေတဲ့ နအဖဘက်တော်သားတွေကြောင့် လုပ်ထားပေးတာ။ ပြန်ဖြုတ်ခိုင်းဖို့ကို အဲဒီတယောက်က အခု အွန်လိုင်းပေါ်မှာ မရှိတော့ဘူး။ ဖြုတ်နည်းသိရင် အကြံပြုခဲ့ပါ။

မြောက်ပိုင်းကိစ်စက တော်တော်လေးကို စိတ်ထိခိုက် ခံစားမိပါတယ်။ အဲဒီ ဘလောက်တွေ ရှာဖတ်ယင်း အလည်ရောက်ခဲ.ပါတယ်။

ကျန်းမာချမ်းသာပါစေ ညီမငယ်။

.
ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ကို The Voice Weekly က ဖုန်းဆက်မေးမြန်းချက် - ၁


02 September 2012

[ Voice ] - တလောက မောင်မောင် (ရွှေကရ၀ိက်) ရေးတဲ့ "ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်" ဆိုတဲ့ စာအုပ်မှာ "ABSDF မှာ ဒေါက်တာနိုင်အောင် ဥက္ကဋ္ဌ တာဝန်ယူချိန် ABSDF (မြောက်ပိုင်း) မှာ လူသတ်မှုတွေ ABSDF အဖွဲ့အတွင်း ဖြစ်ပေါ်ခဲ့တယ်။ ဒီ ABSDF (မြောက်ပိုင်း) လူသတ်မှုတွေ အတွက် ABSDF ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ဒေါက်တာနိုင်အောင် မှာ တာဝန်ရှိတယ်" ဆိုတာမျိုး ဝေဖန်တာတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းချင်တာမျိုး ရှိပါသလား။


[ ဒေါက်တာနိုင်အောင် ] - မေးရင်တော့ ပြောချင်ပါတယ်။ အမှန်တော့ လူနာမည် နည်းနည်း လွဲနေတာ ရှိတယ်။ အဲဒီ ABSDF (မြောက်ပိုင်း) မှာ ဖမ်းဆီး စစ်ဆေး သတ်ဖြတ်မှုတွေ ဖြစ်တဲ့အချိန် (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ မှ ၁၉၉၂ ခုနှစ်၊ မေလ) တုန်းက ABSDF (မြောက်ပိုင်း) ဥက္ကဋ္ဌ က ရော်နယ်အောင်နိုင် ဖြစ်ပါတယ်။

အဲဒီ AB (မြောက်ပိုင်း) သတ်ဖြတ်မှုတွေ ဖြစ်တဲ့အချိန်မှာ ကျွန်တော်က ABSDF (ဗဟို) ရဲ့ ဥက္ကဋ္ဌ ပါ။

အဲဒီ AB (မြောက်ပိုင်း) မှာ ကျောင်းသားရဲဘော် တချို့ကို သူလျှို ဆိုပြီး မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးမှုတွေ စတင် ဖြစ်ပွားလာတဲ့အချိန် (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ) က ကျွန်တော်တို့ ABSDF (တောင်ပိုင်း) မှာ "ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၁ မှ ၂၅-၁၀-၁၉၉၁ ရက်နေ့) လုပ်နေတဲ့ အချိန် ဖြစ်ပြီး ညီလာခံ လုပ်နေတုန်းမှာပဲ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ ABSDF ဘက်ခြမ်း နဲ့ ကျွန်တော် ဦးဆောင်တဲ့ ABSDF ဘက်ခြမ်း ဆိုပြီး ABSDF နှစ်ခြမ်း ကွဲသွားတဲ့ အကွဲအပြဲတွေ ဖြစ်နေချိန်ပေါ့။

အဲဒီ ABSDF (မြောက်ပိုင်း) မှာ သူလျှို ဆိုပြီး မသင်္ကာလို့ ဖမ်းပြီး စစ်ဆေးတာကို ခံနေရတဲ့ ကျောင်းသားရဲဘော်တွေကို သတ်လိုက်တဲ့ ကိစ္စတွေ အားလုံး ကျွန်တော်က ဖြစ်ပြီးမှ သိရတာပါ။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီက မြောက်ပိုင်းကျောင်းသားရဲဘော် ၁၅ ယောက်ကို သတ်လိုက်ပြီးမှ ကျွန်တော်က သိရတာပါ။

အဲဒီလို ABSDF မြောက်ပိုင်းမှာ ကျောင်းသားရဲဘော် ၁၅ ယောက်ကို သေဒဏ်ပေး စီရင်လိုက်တာတွေ အားလုံးက ကျွန်တော်တို့ ABSDF ဗဟို ရဲ့ အမိန့်၊ ကျွန်တော်တို့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာမျိုး လုံးဝ မဟုတ်ပါဘူး။ ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီက သတ်လိုက်တဲ့ ကိစ္စတွေအတွက် ကျွန်တော်တို့ ABSDF ဗဟို က အဖွဲ့အစည်း အနေနဲ့ တတ်နိုင်သမျှ လိုက်ပြီး တာဝန်ယူရတဲ့ အပိုင်းပါ။

အဲဒီလို ABSDF မြောက်ပိုင်းမှာ ကျောင်းသားရဲဘော်တွေကို သေဒဏ်ပေးလိုက်တာတွေက ကျွန်တော် ဥက္ကဋ္ဌ ဖြစ်နေချိန်မှာ ကျွန်တော် ကိုယ်တိုင် သိပြီးမှ သတ်လိုက်တာ၊ နောက် ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ပြီးမှ သတ်လိုက်တာ တစ်မှုမှ မရှိပါဘူး။

နောက်တစ်ခုက ABSDF မြောက်ပိုင်း ကိစ္စလို ဟာမျိုးက ညှဉ်းပန်းပြီး သတ်တယ် ဆိုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ် ဆိုတာတွေကို တရားဥပဒေ စိုးမိုးပြီး ထင်သာမြင်သာ ရှိတဲ့ အချိန်မှာ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့စည်းပြီး ပြန်လည် ဖော်ထုတ်သင့်တယ်လို့ ယူဆပါတယ်။

ABSDF မြောက်ပိုင်း ကိစ္စ ဖော်ထုတ်ရာမှာ ကျွန်တော်လည်း အတတ်နိုင်ဆုံး၊ အကောင်းဆုံး ပြည့်ပြည့်၀၀ ပူးပေါင်း ပါဝင်သွားမှာပါ။

နောက် အဲဒီတုန်းက (၁၉၉၁ - ၁၉၉၂ ခုနှစ်က) ABSDF မြောက်ပိုင်းမှာ သူလျှို ဆိုပြီး မသင်္ကာလို့ ဖမ်းပြီး စစ်ဆေးတာကို ခံနေရတဲ့ ကျောင်းသားရဲဘော်တွေအပေါ်မှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတာကို သိလိုက်ရတော့ ကျွန်တော်လည်း လုံးဝ စိတ်မကောင်းပါဘူး။ ၀မ်းနည်းပါတယ်လို့ ပြောချင်ပါတယ်။

.
ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် နှင့် The Voice Weekly ဖုန်းဆက်မေးမြန်းချက် - ၂


" `ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်´ စာအုပ်ထဲမှာ "ဒေါက်တာနိုင်အောင် က တစ်ခုခု လုပ်လိုက်တယ်" (ဥပမာ - "အဖမ်းခံ AB မြောက်ပိုင်းရဲဘော် ၁၅ ယောက်ကို သေဒဏ်ပေးဖို့ ဒေါက်တာနိုင်အောင် က အမိန့်ပေးလိုက်တယ်") လို့ စာရေးသူ ကိုမောင်မောင် (ရွှေကရ၀ိက်) က ကျွန်တော့်ကို တိုက်ရိုက် စွပ်စွဲချက်မျိုး မရှိဘူး"

[ Voice ] - အဲဒီ မောင်မောင် (ရွှေကရ၀ိက်) ရေးတဲ့ "ကျွန်တော် သိသော ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်" စာအုပ်နဲ့ ပတ်သက်ပြီး ပြောချင်တာ ရှိပါသလား။ "ဟင်္သာကိုးသောင်း" စာအုပ်ရေးသူ မောင်မောင် (ရွှေကရ၀ိက်) က ABSDF (မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာနိုင်အောင် ကို စွပ်စွဲတယ်လို့ မြင်တာ ရှိပါသလား။


[ ဒေါက်တာနိုင်အောင် ] - ကိုမောင်မောင် ရေးတဲ့ အဲဒီ "ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်" စာအုပ်မှာ ကိုမောင်မောင်က သူ ABSDF (မြောက်ပိုင်း) ကချင်ပြည်၊ ပါဂျောင် ကို သွားတဲ့ အချိန်မှာ တွေ့ခဲ့၊ မြင်ခဲ့တဲ့ မြောက်ပိုင်း ကျောင်းသားတပ်မတော်က လူတွေနဲ့ ပတ်သက်တာတွေတော့ ရေးထားတာ တွေ့တယ်။ ကျွန်တော့် နာမည်နဲ့၊ ကျွန်တော်တို့ အဖွဲ့အစည်းက ဥက္ကဋ္ဌလည်း ဖြစ်တဲ့ မဥမ္မာ နာမည်နဲ့ ရှင်းလင်းထားတာ တွေ့တယ်။

ဒါပေမဲ့ ကိုမောင်မောင် ရဲ့ စာအုပ်ထဲမှာ "ဒေါက်တာနိုင်အောင် က တစ်ခုခု လုပ်လိုက်တယ်" (ဥပမာ - "မြောက်ပိုင်းကျောင်းသားရဲဘော် ၁၅ ယောက်ကို သေဒဏ်ပေးဖို့ ဒေါက်တာနိုင်အောင် က ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီကို အမိန့်ပေးလိုက်တယ်၊ ညွှန်ကြားလိုက်တယ်"...) လို့ ကျွန်တော့်ကို တိုက်ရိုက် စွပ်စွဲချက်မျိုးကို ကိုမောင်မောင် ရေးထားတာမျိုးတော့ မရှိဘူး၊ မတွေ့ဘူး။

နောက်ပြီး အဲဒီ "ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်" စာအုပ်ထဲမှာ ကိုမောင်မောင် ရေးထားတာ တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်လာခါနီးမို့ ဒီ "ကျွန်တော် သိသော ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်" စာအုပ်ကို ထုတ်တယ်ပေါ့လေ။

တကယ်တမ်း ပြောမယ် ဆိုရင်တော့ ပွင့်လင်းပြီး ထင်သာမြင်သာ ရှိတဲ့ အခြေအနေမျိုး ရမယ်ဆိုရင် ABSDF မြောက်ပိုင်း ကိစ္စ ဖော်ထုတ်ရာမှာ ကျွန်တော်က စုံစမ်းရေး ကော်မရှင်နဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်သလို မှားတာတွေကို စွပ်စွဲတယ် ဆိုရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်လို့ပဲ ပြောချင်ပါတယ်။

.

ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် နှင့် ဖုန်းဆက်မေးမြန်းချက် - ၃


[ Voice ] - အခု ဒေါက်တာနိုင်အောင် ခရီးစဉ်က မြန်မာနိုင်ငံမှာ ဘယ်လောက်ကြာကြာ နေမယ်လို့ စီစဉ်ထားပါသလဲ။

[ ဒေါက်တာနိုင်အောင် ] - ကျွန်တော်တို့ လက်ရှိ အစိုးရ ခွင့်ပြုသလောက် နေသွားမှာပါ။



[ Voice ] : မြန်မာနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာက ဘယ်လောက် ခွင့်ပြုထားပါသလဲ။

[ ဒေါက်တာနိုင်အောင် ] - ကျွန်တော်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်မယ်လို့ လုပ်ထားပါတယ်။

(The Voice Weekly)

.


“ကျွန်တော်က တစ်ခုခု လုပ်လိုက်တယ်လို့ ကျွန်တော့်ကို တိုက်ရိုက် စွပ်စွဲချက်မျိုး မရှိဘူး”


http://www.thevoicemyanmar.com/20/index.php/interviews/item/2566-absdf-%E1%80%97%E1%80%9F%E1%80%AD%E1%80%AF-%E1%80%A5%E1%80%80%E1%81%A0%E1%82%92%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%86%E1%80%B6%E1%80%AF%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8.html

.
စာရေးဆရာ မောင်မောင် (ရွှေကရ၀ိက်) ရဲ့ 'ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်' စာအုပ်


မသိင်္ဂီ
မြန်မာတိုင်း(မ်) အတွဲ ၃၀ ၊ အမှတ် ၅၈၃
( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)


အရင်တုန်းက တစ်ခါမှ အပြည့်အစုံ မဖော်ပြခဲ့ဖူးတဲ့ အဖြစ်အပျက် တွေနဲ့ ပတ်သက်ပြီး လူထုကို စေတနာနဲ့ အသိပေးထားတဲ့ ဖြစ်ရပ်မှန် စာအုပ်တစ်အုပ် ၂၀၁၂ ခုနှစ်၊ မေလထဲမှာ ထွက်ရှိခဲ့ပြီး စာဖတ်သူ တော်တော်များများရဲ့ရင်ကို နက်နက်နဲနဲ ထိမှန် ခံစားစေခဲ့ပါတယ်။

စာရေးဆရာ မောင်မောင် (ရွှေကရ၀ိက်) ရဲ့ 'ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်' ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာကတော့ "တော်လှန်ရေးလုပ်မယ်" ဆိုပြီး တောခိုသွားတဲ့ ညီငယ် (ဆမားညီညီ) ဟာ သူလျှို ဆိုပြီး မြောက်ပိုင်း ကျောင်းသားရဲဘော် အချင်းချင်းရဲ့ ဖမ်းဆီး နှိပ်စက်တာကို ခံနေရတာကို ကယ်တင်ဖို့ အတွက် မြောက်ပိုင်း ကျောင်းသားတပ်မတော် စခန်းကို လိုက်သွားရာမှာ သူ ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့် တုန်လှုပ်ဖွယ် အဖြစ်အပျက်တွေကို အသေးစိတ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ကျောင်းသား တော်တော်များများဟာ နယ်စပ်ကို ဖြတ်ပြီး ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ် ဒီအက်ဖ်) ထဲကို ၀င်သွားကြပါတယ်။

သူ့ရဲ့အဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ အေဘီအက်စ်ဒီအက်ဖ် (အင်န်ဘီ (သို့) မြန်မာနိုင်ငံမြောက်ပိုင်း) ကတော့ တရုတ်နယ်စပ်ကနေ ကိုက် အနည်းငယ်သာ ဝေးတဲ့ မြန်မာဘက်ခြမ်းမှာ အခြေစိုက်ထားပါတယ်။

.
ရင်းနှီးသူတွေ၊ မရင်းနှီးသူတွေနဲ့ အလျင်စလို ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်နေကျ ထုံးစံကတော့ သဘောထား ကွဲလွဲတာတွေနဲ့ နေရာတစ်ခု ရဖို့အတွက် အလုအယက် ကြိုးပမ်းကြတာမျိုး တွေပါ။

ဒါပေမယ့် အေဘီအက်စ်ဒီအက်ဖ် (အင်န်ဘီ) လို့ခေါ်တဲ့ မြန်မာပြည် မြောက်ပိုင်း ကျောင်းသားတပ်မှာ ဖြစ်တာကတော့ ကျောင်းသား အဖွဲ့ဝင် ၃၀၀ ရှိတဲ့ အထဲက ၁၀၀ ကျော်လောက်ကို တပ်မတော်ထောက်လှမ်းရေးက ရာထူးအဆင့် တစ်ခုခု ရှိတဲ့သူတွေလို့ စွပ်စွဲပြီး နှိက်စက် ညှဉ်းပန်းတာပဲ ဖြစ်ပါတယ်။

"ထောက်လှမ်းရေးကပါ" လို့ ၀န်မခံမချင်း နှိပ်စက် ညှဉ်းပန်း စစ်ဆေးခံရတာကြောင့် ကျောင်းသားတချို့ဟာ နှိပ်စက်ခံရတဲ့ ဒဏ်ရာနဲ့ သေသွားကြသလို ၀န်မခံတဲ့သူတွေကတော့ အသတ်ခံကြရပါတယ်။

စစ်ဆေးမေးမြန်းမှုတွေကို လနဲ့ချီ ပြုလုပ်ခဲ့ပြီး ညှဉ်းပန်း နှိပ်စက် စစ်ဆေး မေးမြန်းရာမှာလည်း သာမန်ထက် ရက်စက်မှု လွန်ကဲလို့ ကြိုးနဲ့ ချည်နှောင်တာမျိုး မဟုတ်ဘဲ ငါးလက်မ သံချောင်းနဲ့ လက်တွေကို ဖောက်ရိုက်ပြီး ကားစင်တင်တာမျိုးကနေ လက်ကိုဖြတ်ပစ်တာမျိုး၊ ဒွါရအပေါက်တွေထဲကို တုတ်ချွန်နဲ့ ထိုးတာ၊ ရိုက်နှက်တာ၊ လျှပ်စစ်ဓာတ်နဲ့ ရှော့ခ် (shock) ရိုက်တာ၊ ထိပ်မှာ သံမဏိ စတီးလ် (steel) ကွပ်ထားတဲ့ ဖိနပ်နဲ့ ကန်ကျောက်တာမျိုး အထိ နည်းလမ်းမျိုးစုံ သုံးခဲ့ကြပါတယ်။

စွပ်စွဲတဲ့သူတွေက ခုလိုနှိပ်စက် ညှဉ်းပန်းမှုတွေ ပြုလုပ်ကြတာဟာ အာဏာလုချင်တာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူတို့ရဲ့ မနာလိုစိတ်နဲ့ သိမ်ငယ်စိတ်ကို ဖြေဖျောက် ချင်လို့ လုပ်တယ် ဆိုတာ ထင်ရှားပါတယ်။ ပိုအရေးကြီးတဲ့ အချက်က အပြည်ပြည်ဆိုင်ရာကနေ လှိမ့်ဝင်လာနေတဲ့ ထောက်ပံ့ကြေးတွေကို ရာထူး၊ အာဏာ ရှိမှ လက်လှမ်းမီ သုံးစွဲရနိုင်မှာ ကြောင့်ပဲ ဖြစ်ပါတယ်။



.
အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) ကို အရင်ဆုံး ၀င်ခဲ့ကြသူအများစုဟာ ကျေးလက်ဒေသက လူငယ်တွေပဲ ဖြစ်ပါတယ်။ သံချောင်း နဲ့ မျိုးဝင်း အပါအဝင် ကျေးလက်ဒေသက လူငယ်တွေဟာ အစပိုင်းမှာ ကျောင်းသားတပ် မြောက်ပိုင်းရဲ့ ခေါင်းဆောင်နေရာတွေကို ရရှိထားကြပါတယ်။

နောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးက တက္ကသိုလ်၊ ကောလိပ်ကျောင်းသားတွေ မြောက်ပိုင်း ကျောင်းသားတပ်ကို ရောက်လာကြပါတယ်။ အဲဒီ ရန်ကုန်၊ မန္တလေး ကျောင်းသား တော်တော်များများဟာ ၁၉၈၈ အရေးအခင်းမှာ ပါဝင်ပတ်သက်တဲ့ ကျောင်းသားအဖွဲ့အစည်းတွေကို တည်ထောင်ခဲ့သူတွေ၊ ဒါမှမဟုတ် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ အတွက် သူတို့မှာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေ ရှိကြတယ်။ ဒါကြောင့် နိုင်ငံတကာက အထောက်အပံ့တွေလည်း ရရှိလာခဲ့ပါတယ်။

စရိုက်ကြမ်းပြီး လုပ်ရည်ကိုင်ရည် သိပ်မရှိတဲ့ ခေါင်းဆောင်တွေကို လက်အောက်ငယ်သားတွေက ဝေဖန်ကြတဲ့အခါ မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ပြန် ဖွဲ့စည်းပြီး ခေါင်းဆောင်မှုပိုင်းကို ဒီမိုကရေစီနည်းနဲ့ ရွေးချယ်ခဲ့ကြပါတယ်။ မန္တလေးက ကောလိပ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ထွန်းအောင်ကျော်ကို အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) ရဲ့ ဥက္ကဋ္ဌအဖြစ် အများစုက ရွေးချယ်ခဲ့ကြပါတယ်။

သံချောင်း နဲ့ မျိုးဝင်း အပါအဝင် အရင်ခေါင်းဆောင်တွေဟာ ဘေးဖယ်ခံလိုက်ရပါတယ်။ ဒါပေမယ့် ခေါင်းဆောင်သစ် ထွန်းအောင်ကျော် က သံချောင်း နဲ့ မျိုးဝင်း အပါအဝင် အရင်ခေါင်းဆောင်တွေကို သိက္ခာဆည်ပေးတဲ့အနေနဲ့ သံချောင်း ကို စစ်ရေးတာဝန်ခံ အဖြစ် တာဝန်ပေးခဲ့တာ နဲ့ မျိုးဝင်း ကို ဒုတိယစစ်ရေးတာဝန်ခံ အဖြစ် တာဝန်ပေးခဲ့တာ အပါအ၀င် ခေါင်းဆောင်ဟောင်း တချို့ကို အဆင့်မြင့်ရာထူး တချို့မှာ တာဝန်ပေးခဲ့ပါတယ်။

.
၁၉၉၁ ခုနှစ်မှာ စခန်းက ထွက်ပြေးတဲ့ ကျောင်းသားလေး တစ်ယောက် (စိုးမင်းအောင် (မန္တလေး) ) ကို ဖမ်းမိတဲ့အခါ သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင် တို့တွေ အခွင့်အရေး ရသွားခဲ့ပါတယ်။ စိုးမင်းအောင်ကို တပ်မတော် ထောက်လှမ်းရေးကလူလို့ စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်ကြပါတော့တယ်။ သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင် တို့က သူတို့ တေးထားတဲ့သူတွေရဲ့နာမည်တွေကိုလည်း "ကြံရာပါ ထောက်လှမ်းရေးတွေပါ" လို့ မထွက်ထွက်အောင် လမ်းကြောင်း မေးမြန်းပြီး မရရအောင် နှိပ်စက်ပါတော့တယ်။

၁၉၉၁ ခုနှစ်၊ စက်တင်ဘာလမှာ အဲဒီ ကျောင်းသားလေး (စိုးမင်းအောင်) သေသွားပါတယ်။ ဒါပေမယ့် သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင် တို့ လိုချင်တဲ့ စာရင်း ရလိုက်ပြီမို့ သူတို့ စွပ်စွဲချင်နေသူတွေကို ဖမ်းဆီး နှိပ်စက်ပြီး "သန့်စင်ရေး" ကို စတင်ခဲ့ပါတယ်။ သူတို့ မျက်မုန်းကျိုး မနာလိုတဲ့သူတွေဟာ အဲဒီ အချိန်မှာ အဆိုးဝါးဆုံးတွေကို ခံစားခဲ့ကြ ရပါတယ်။

အဲဒီလို သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင် တို့က ဦးဆောင်ပြီး ကျောင်းသားရဲဘော် ၃၀ဝ ထဲက ကျောင်းသားရဲဘော် ၁၀ဝ ကျော်ကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာဟာ အမှန်တရားကို သိရဖို့အတွက် မဟုတ်ပါဘူး။ သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင် တို့ စွပ်စွဲထားတာကို ၀န်ခံဖို့အတွက်ပဲ ဖြစ်ပါတယ်။

ထောက်လှမ်းရေးလို့ စွပ်စွဲ ဖမ်းဆီး နှိပ်စက်တာတွေ စလုပ်တဲ့အချိန် (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ) မှာ စစ်အစိုးရရဲ့ သူလျှို ထောက်လှမ်းရေးလို့ အစွပ်စွဲခံရတဲ့ ကျောင်းသား တော်တော်များများနဲ့ မန္တလေးမှာကတည်းက ရင်းနှီးတဲ့ ရော်နယ်အောင်နိုင်ဟာ သံချောင်းနဲ့ မျိုးဝင်းတို့ ရဲ့ သစ္စာခံ ဖြစ်နေပါပြီ။

.
၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီလအစောပိုင်းမှာ မန္တလေးက စီးပွားရေးသမား မောင်မောင်ကို သူ့ရဲ့ ညီလေး ညီညီ ဟာ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး အဖမ်းခံထားရတယ်လို့ ကျောင်းသားတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားရဲဘော်တစ်ဦး က သတင်းပေးလာပါတယ်။

ညီဖြစ်သူ ညီညီ ကို ကယ်တင်ဖို့အတွက် မြောက်ပိုင်း ကျောင်းသားတပ်က ထွက်ပြေး လွတ်မြောက်လာသူ လမ်းညွှန်ပေးလိုက်တဲ့အတိုင်း မြောက်ပိုင်း ကျောင်းသားတပ်စခန်းကို ၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီလလယ် လောက်မှာ မောင်မောင် လိုက်သွားခဲ့ပါတယ်။

မောင်မောင် ပြောပြချက်အရ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ( ပြည်ထောင်စုနေ့ ) ဟာ အရမ်းကို ထိတ်လန့် သွေးပျက် ချောက်ချားစရာကောင်းတဲ့ နေ့တစ်နေ့ပါ။ အဲဒီနေ့မှာ မောင်မောင် ဟာ အစောင့်တချို့နဲ့အတူ တဲထဲမှာ ကျန်ခဲ့ပေမယ့် ကျန်တဲ့ သူတွေကတော့ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပဖို့ ထွက်သွားကြပါတယ်။

ညနေပိုင်းမှာ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့သားတွေ သွေးပျက်နေတဲ့ အမူအရာနဲ့ ပြန်လာကြတာကို တွေ့ရပြီး အဖွဲ့သားတစ်ဦးရဲ့ ဓားရှည်မှာ သွေးစွန်းနေတာကိုလည်း သူ တွေ့ခဲ့ရတယ်လို့ မောင်မောင် ရေးထားပါတယ်။ နောက်ပိုင်းမှာ မောင်မောင် သိလိုက်ရတာက အဲဒီနေ့မှာ ထွန်းအောင်ကျော် အပါအ၀င် စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ ကျောင်းသား ၁၅ ဦးကို ခေါင်းဖြတ် သတ်၊ ပေါက်ပြားနဲ့ ခုတ်သတ်၊ သေနတ်နဲ့ ပစ်သတ် ခဲ့ကြပါသတဲ့။

ဒီလို သတ်ဖြတ်တာတွေထက် ပို ဆိုးတာကတော့ လူမဆန်တဲ့ နည်းအမျိုးမျိုးနဲ့ ညှဉ်းပန်း နှိပ်စက်တာတွေပဲ ဖြစ်ပါတယ်။



.
'ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်' စာအုပ်မှာ ၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီလလယ်မှာ မြောက်ပိုင်း ကျောင်းသားတပ်စခန်းကို မောင်မောင် ပထမဦးဆုံးအကြိမ် သွားခဲ့တဲ့ ခရီးစဉ်နဲ့ ၁၉၉၂ ခုနှစ်၊ ဧပြီလမှာ အစွပ်စွဲခံထားရတဲ့ ကျောင်းသားခြောက်ဦးရဲ့ မိဘတွေကိုခေါ်ပြီး ဒုတိယအကြိမ် သွားခဲ့တဲ့ ခရီးစဉ်အကြောင်းကို ရှင်းရှင်းလင်းလင်းနဲ့ သွက်သွက်လက်လက် ရေးသား ဖော်ပြပေးထားပါတယ်။

ကျောင်းသားခြောက်ဦးမှာ တစ်ဦးက မိန်းကလေး ဖြစ်ပြီး လိုက်လာပေးကြတဲ့ မိဘခြောက်ဦးမှာလည်း ငါးဦးက မိခင်တွေ ဖြစ်ပြီး တစ်ဦးကတော့ ဖခင် ဖြစ်ပါတယ်။ သား၊ သမီးတွေကို ခေါ်ဖို့ လိုက်လာတဲ့ မိဘတွေဟာ သူတို့ကလေးတွေကို မြောက်ပိုင်း ကျောင်းသားစခန်းကနေ ပြန် မခေါ်ထုတ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် နောက်နှစ်လအကြာမှာ အဖမ်းခံထားရတဲ့ ကျောင်းသား ၅၅ ဦးထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်၊ ဧပြီလမှာ မောင်မောင်တို့ ကျောင်းသားစခန်းက မပြန်ခင် စခန်းတွင်းမှာ အကျဉ်းသားဖြစ်နေတဲ့ ကျောင်းသားလေးနှစ်ယောက်နဲ့ မမျှော်လင့်ဘဲ ဆုံခဲ့ပါတယ်။ ကျောင်းသားလေးတွေဟာ သူတို့ ဒီနေရာက ထွက်ပြေးလွတ်မြောက်ပြီး "မြန်မာနိုင်ငံထဲကို ပြန်ရောက်လာခဲ့ရင်လည်း အသတ်ခံရမှာပဲ" လို့ ထင်ထားရှာ ကြသူလေးတွေပါ။

"ဒီသတင်းဟာ အမှန်မဟုတ်ဘူး" လို့ မောင်မောင်က သူတို့ကို ပြောပြခဲ့ပါတယ်။ သူ ဒီစခန်းကို လာနိုင်ခဲ့တာလည်း မြောက်ပိုင်း ကျောင်းသားတပ်က လွတ်မြောက်လာတဲ့ ကျောင်းသားတစ်ဦးက အသတ်မခံရဘဲ ဆက်သွယ်ရမယ့် အချက်အလက်တွေပေးပြီး လမ်းညွှန်ပေးတာကြောင့် ရောက်လာတာလို့ သူတို့ကို ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံထဲကို ပြန်ရောက်လာရင် အသတ်မခံရဘူး ဆိုတဲ့ သတင်းကို ကြားရတဲ့အခါ ကျောင်းသားလေးတွေ တော်တော်လေး ၀မ်းသာသွားကြပါတယ်။

.
မောင်မောင်ဟာ မြောက်ပိုင်း ကျောင်းသားတပ်ကို လာရောက်လေ့လာတဲ့ ဂျပန်အလွတ် သတင်းထောက် တာကာဟိတို အူအဲဇိုနို (Takahito Uezono) နဲ့လည်း ဆုံခဲ့ပါတယ်။ သတင်းထောက် တာကာဟိတို ကို ဓာတ်ပုံ မရိုက်ဖို့ တားမြစ်ထားပေမယ့် သံခြေချင်း ခတ်ခံထားရတဲ့ အကျဉ်းသားတွေ အလုပ်လုပ်နေတဲ့ပုံကို ဓာတ်ပုံ ခိုးရိုက်နိုင်ခဲ့ပါတယ်။

သတင်းထောက် တာကာဟိတို က သူ့မှာ အန္တရာယ် ရှိနေပြီ ဆိုတာ သိတဲ့အတွက် စခန်းမှာ ဆက်မနေခဲ့တော့ဘဲ မောင်မောင်တို့ အုပ်စုကို ပြန်ပို့ပေးတဲ့ ကားပေါ် အတင်း ပြေးလိုက်ခဲ့တဲ့အတွက် တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီကို ဘေးကင်းစွာနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သတင်းထောက် တာကာဟိတို တည်းခိုတဲ့ ဟိုတယ်အခန်း ဖောက်ထွင်းခံရပြီး သူ့ရဲ့ဖလင်တွေအားလုံး ဖျက်ဆီးခံလိုက်ရတယ်လို့ ကြားသိရပါတယ်။

'ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်' စာအုပ်ကို ရေးသားခဲ့တဲ့ မောင်မောင် (ရွှေကရ၀ိက်) ဟာ စာရေးဆရာတစ်ဦး မဟုတ်ပါဘူး။ ဒါကြောင့် သူ့ရဲ့အရေးအသားနဲ့ စကားလုံးတွေက ရင်ထဲက လာတဲ့အတိုင်း ရေးထားတာ ဆိုတာ သေချာလှပါတယ်။

အင်တာနက် မှာတော့ အေဘီအက်စ်ဒီ အက်ဖ် (မြောက်ပိုင်း) စခန်းမှာ အကျဉ်းသားတစ်ဦး အဖြစ် အဖမ်းခံခဲ့ရဖူးတဲ့ ပန်းချီဆရာလည်း ဖြစ်၊ အပြောင်းအလဲ တွေအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်တဲ့ ထိန်လင်း (လက်ရှိ လန်ဒန်မှာ နေထိုင်နေသူ) နဲ့ တွေ့ဆုံ မေးမြန်းထားတာတွေ အပါအ၀င် ကျောင်းသားစခန်းမှာ အစွပ်စွဲခံရပြီး နှိပ်စက်ခံခဲ့ရတဲ့ တခြားသူတွေ ပြောပြထားတာတွေကိုလည်း မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရှာဖတ်နိုင်ပါတယ်။

.
ABSDF (မြောက်ပိုင်း) လူအစုလိုက်အပြုံလိုက် ညှဉ်းပန်း သတ်ဖြတ်မှုများကို ဦးဆောင် ကြီးကြပ်ပြီး ကျူးလွန်ခဲ့ကြသူတွေက သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း တို့ ဖြစ်ပါတယ်။

သံချောင်း ကတော့ သေဒဏ် လေးကြိမ် ချမှတ်ခံခဲ့ရပေမယ့် မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ကာလမှာ ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့တာကြောင့် သာယာဝတီအကျဉ်းထောင်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ကျခံနေရပါတယ်။ သံချောင်း ကျခံနေရတဲ့ ဒီ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ဟာ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) စခန်းကို သူ ကြီးကြပ်ကွပ်ကဲစဉ်က အစုလိုက် အပြုံလိုက် လူသတ်မှုတွေ၊ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ သက်ဆိုင်ပုံ မရပါဘူး။

ရော်နယ်အောင်နိုင် ကတော့ ချင်းမိုင်မှာ ဂျာနယ်လစ်သင်တန်း ပေးနေတဲ့ ဆရာကြီးတစ်ဦး ဖြစ်နေပါတယ်။

မျိုးဝင်း ကတော့ ၁၉၉၂ ခုနှစ် အတွင်းမှာပဲ အေဘီအက်စ်ဒီအက်ဖ် က အပေါင်းအသင်း တွေကြောင့်မဟုတ်ဘဲ ဘယ်သူ့လက်ချက်ရယ် သေသေချာချာ မသိရဘဲ အသတ်ခံခဲ့ရပါတယ်။

မသိင်္ဂီ
မြန်မာတိုင်း(မ်) အတွဲ ၃၀ ၊ အမှတ် ၅၈၃
( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

သီရိမင်းထွန်း ဘာသာပြန်သည်။

.
`သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ´ စာအုပ်ထဲက အဖြစ်အပျက်တွေထက် ပို ဆိုးရွားတာတွေကို ကိုမောင်မောင် (ရွှေကရဝိက်) က ပိုပြီး ထိထိမိမိ တင်ပြထားတဲ့
`ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်´ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြပါ


ATK
August 24, 2012


ပြီးခဲ့တဲ့အပတ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Myanmar Times မှာ အင်္ဂလိပ်လို၊ အခုတစ်ပတ် မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်း(မ်) မှာ မြန်မာလို ဘာသာပြန်ဆို ဖော်ပြထားတဲ့ ဆရာမ မသိင်္ဂီရဲ့ အညွှန်းကြောင့် `ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်´ စာအုပ်ကို ဖတ်ဖြစ်သွားခဲ့တယ်။

လက်က မချချင်အောင် ဆွဲဆောင်နိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ `သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ´ စာအုပ်ထဲက အဖြစ်အပျက်တွေထက် ဆိုးရွားတာတွေကို အဲဒီ့စာအုပ် ရေးသားပုံထက် ပိုထိမိအောင် ရေးသား တင်ပြထားတာ ဖတ်ရပါတယ်။

စာရေးသူ ကိုမောင်မောင် (ရွှေကရဝိက်) က မန္တလေး စိန်ပီတာ (အထက ၉ မန္တလေး) ကျောင်းထွက်တဲ့။ စာရေးနေကျ မဟုတ်ပေမယ့် အရေးအသား ချောမွေ့ပြေပြစ်တယ်။ ရင်ထဲမှာ နင့်နေတဲ့ သူ့ခံစားချက် [ မု(ဒ်) ] ကြောင့် လင်္ကာက ချောနေပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ အင်မတန်ကို ထူးခြားလှပါတယ်။

မဖတ်ဖြစ်သေးရင် ရအောင် ရှာဖတ်စေချင်ပါတယ်။ တွေးစရာ အစတွေလည်း အများကြီး ချန်ထားခဲ့ပါတယ်။

ATK


(
နည်းနည်း ရှည်ပါမယ်။ စိတ်ရှည်လက်ရှည် ဖတ်ပေးပါ ခင်ဗျား။

ATK)


"သူတို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်၊ ကျွန်တော့်ရဲ့ အားထုတ်မှုကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်တော်ကတော့ သူတို့အားလုံးအတွက် နှလုံးသားထဲမှာ နှစ်ပြီး ကြိုးစားခဲ့တာပါ။ မျှော်လင့်ခဲ့တာပါ။

သူတို့အထဲမှာ ညီညီက လွဲလို့ ကျွန်တော့် ဆွေမျိုးသားချင်း တစ်ယောက်မှ မပါပါဘူး။ အသိမိတ်ဆွေတို့၊ အသိမိတ်ဆွေတို့ရဲ့ သားသမီးတို့ တစ်ယောက်မှ မပါပါဘူး။

သူတို့ဟာ ဗုဒ္ဓဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ခရစ်ယာန် ဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ဟိန္ဒူဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ မူစလင် ဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ဘာလူမျိုး၊ ဘာဘာသာကို ကိုးကွယ်ကြသည်ပဲ ဖြစ်ပစေ၊ အားလုံးဟာ ကျွန်တော့်အတွက်တော့ အတူတူပါပဲ။ ကျွန်တော်တို့ အမိမြန်မာပြည်ရဲ့ အညွန့်အဖူးလေးတွေပါပဲ။

အညွန့်အဖူးလေးတွေမှာတောင် “ဇ” ရှိတဲ့သူတွေ၊ သတ္တိခဲတွေပါ။ သာမန် သူလို၊ ကိုယ်လို ကလေးတွေ မဟုတ်ကြပါဘူး။ တခြားသူတွေနဲ့တော့ နှိုင်းယှဉ်ပြီး မပြောလိုပေမယ့် ကျွန်တော့်ထက်တော့ သတ္တိရှိတဲ့ သူတွေချည်းပါပဲ။

ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့လမ်းကို မိသားစုအပါအ၀င် အရာအားလုံးကို စွန့်လွှတ်ပြီး လျှောက်ရဲတယ်ဆိုတဲ့ သတ္တိ ကျွန်တော့်မှာ မရှိပါဘူး။ သည်ကလေးတွေမှာ ရှိပါတယ်။

ကျွန်တော်အပါအ၀င် ကျွန်တော့်ပတ်ဝန်းကျင်က လူအများစုမှာ သူတို့လို သတ္တိမျိုး၊ သူတို့လို စိတ်ဓာတ်မျိုး မရှိပါဘူး။

အဲလို သတ္တိမျိုး မရှိလို့လည်း ကျွန်တော် အရေးအခင်းပြီးတော့ အိမ်မှာ ထိုင်နေခဲ့တာပေါ့။

သူတို့ဟာ အန္တရာယ်ကင်းတဲ့ နိုင်ငံခြားကို ထွက်ပြေးသွားကြပြီး `လွတ်လပ်စွာ ဟောင်ဖွာ ဟောင်ဖွာ လုပ်ခွင့်နဲ့ ဒေါ်လာစားရမယ့်လမ်း´ ကို ရွေးချယ်ခဲ့ကြတာ မဟုတ်ပါဘူး။ သည်ရောက်ပြီးတော့မှ သူတို့လေးတွေ ဒုက္ခရောက်သွားရတာကတော့ ကံဆိုးမိုးမှောင်ကျသွားကြတာ သက်သက်ပါ။ မှားတာ၊ မှန်တာကို ကျွန်တော် ပြောနေတာ မဟုတ်ဘူးနော်။ သူတို့ အရည်အချင်းနဲ့ `ဇ´ ကို ပြောတာ။ တော်ရုံတန်ရုံ သတ္တိမျိုးနဲ့ သူတို့လုပ်ခဲ့တဲ့ အလုပ်မျိုးကို မလုပ်နိုင်ကြပါဘူး။

ကျွန်တော်တို့ရဲ့ သတ္တိက လက်ဖက်ရည်ဆိုင်ထိုင်၊ ဘေးသူစိမ်း လူရှင်းမှ၊ ကိုယ့်အချင်းချင်း တွေ့မှ အစိုးရမကောင်းကြောင်း၊ ၀န်ထမ်းတွေ အကျင့်ပျက်တဲ့အကြောင်း ပြောရဲတဲ့ သတ္တိပါ။

BBC တို့၊ VOA တို့၊ DVB တို့၊ RFA တို့ကို ခပ်တိုးတိုးလေး ဖွင့်နားထောင်ပြီး ကိုယ့်လူချင်းချင်း တွေ့တဲ့အခါ မစားရ ၀ခမန်း သတင်းစားမြုံ့ပြန်တဲ့ အဆင့်လောက် ရှိတဲ့ သတ္တိပါ။"

(မှတ်ချက် - "ကျွန်တော်ရေးထားတဲ့အထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော်နဲ့ နှိုင်းပြီး ရေးထားတာပါ။ အကယ်၍ ကျွန်တော် ရေးသားထားတဲ့ အချက်အလက်တွေဟာ တစုံတယောက်ကို (တရားခံတွေမပါ) ထိခိုက်ခဲ့တယ်၊ စိတ်အနှောက်အရှက်ဖြစ်ရတယ် ဆိုရင် ကျွန်တော် လေးလေးနက်နက် တောင်းပန်ပါတယ်။")

မောင်မောင် (ရွှေကရဝိက်)



`သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ´ စာအုပ်ထဲက အဖြစ်အပျက်တွေထက် ပို ဆိုးရွားတာတွေကို ကိုမောင်မောင် (ရွှေကရဝိက်) က ပိုပြီး ထိထိမိမိ တင်ပြထားတဲ့
`ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်´ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြပါ။

ATK