မျိုးရိုး ဗီဇနှင့် ဆိုင်သည့် ရောဂါများ ကို (1) ဗီဇ ချွတ်ယွင်းမှု (Single gene abnormality) (2) ခရိုမိုဇုမ်း ချွတ်ယွင်းမှု (Chromosome abnormality) နှင့် (3) ပိုမိုရှုပ်ထွေးသည့် မျိုးရိုးလိုက်ခြင်း (Complex Genetic Disease ) သို့မဟုတ် ပတ်ဝန်းကျင်နှင့် ဘ၀ လူနေမှုပုံစံ ပေါင်းစပ်မှုကြောင့် ဖြစ်သော ရောဂါများ အဖြစ် ၃ မျိုးတွေ့ နိုင်ပါသည်။ ဤပို့စ်တွင် ဗီဇတခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ အကြောင်းကို တင်ပြမည်ဖြစ်ပြီး တခြားမျိုးရိုးလိုက်ပုံကို နောက်ပိုင်းမှာ ဆက်လက် တင်ပြသွားမည်။ အကယ်၍ ဝေါဟာရ ရှုပ်ထွေးမှုကြောင့် ဖတ်ပြီး နားမလည်ပါက မျိးရိုး ဗီဇ ဝေါဟာရ များနှင့် အခြေခံ သဘောတရား များကို ဖေါ်ပြထားသည့် မျိုးရိုး ဗီဇ မိတ်ဆက် ပို့စ်ကို ဤနေရာမှာ ပြန်ကြည့်ရန် အကြံပြုပါသည်။
Single gene disorder ဗီဇ တခုခုတွင် ချွတ်ယွင်းမှု ဖြစ်ခြင်း ကြောင့် ဖြစ်သော ရောဂါ
ဗီဇ တခုစီသည် ခရိုမိုဇုမ်း ထဲတွင် တိကျသော နေရာ၊ ပုံသဏ္ဍန် (Locus) ရှိပြီး Gene တခုခု ချွတ်ယွင်းခြင်းမှာ ၎င်းတို့သည် သူ့ နေရာနှင့်သူ မဟုတ်ပဲ တစုံတရာ ချို့ယွင်းနေခြင်းကြောင့် ဖြစ်ပါသည်။ အပင်၊ တိရိစ္ဆာန်နှင့် လူသား စသည့် သက်ရှိ တိုင်းတွင် အမျိုးအစား ကွဲပြားသည့် အလျောက် ခရိုမိုဇုမ်း အရေ အတွက်နှင့် ဗီဇ အစီစဉ် (Sequence) လည်း ကွဲပြား ပါသည် ။ လူသား ဆဲလ် တခုတွင် ခရိုမိုဇုမ်း ၄၆ ခု (သို့) ၂၃ စုံ ပါရှိပြီး ထိုအထဲ၌ ၁-၂၂ စုံ မြှောက်ထိ ခရိုမိုဇုမ်း များ အားလုံးကို Autosomes (သို့) Autosomal chromosomes များ ဟု ခေါ်ပြီး နောက်ဆုံး အစုံ ဖြစ်သည့် ၂၃ စုံမြောက် ခရိုမိုဇုမ်း ကို ကျား/မ (သို့) လိင်ခရိုမိုဇုမ်း (Sex chromosome) ဟု ခေါ်ပါသည်။ မျိုးရိုး ဗီဇ လက္ခဏာ များကို ထိုခရိုမိုဇုန်းများ အပေါ် မူတည်ပြီး လက်ဆက်ကမ်းပုံ ခြားနားပါသည်။ ဗီဇ တခုခု၏ ပုံမှန် မဟုတ်သော အမွေ ဆက်ခံပုံ ကို ပုံ သဏ္ဍန် ၄ မျိုးဖြင့် တွေ့ရ ပါသည်။
(၁) မျိုးဆက်မခြားဘဲ ကူးစက်ခြင်း (Autosomal dominant disorder)
၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ ပုံမှန် မဟုတ်သော ဗီဇမှ ပုံမှန် ဖြစ်သော ဗီဇကို စိုးမိုး သောအခါ ရရှိသည်။ ရောဂါ ရသော မိဘ တဦးဦး ဆီမှ သားသမီး များသို့ တိုက်ရိုက် ကူးစက် သောကြောင့် ကူးစက် ခံရသော သားသမီး တိုင်း၏ မိဘ တဦးဦးတွင် ရောဂါ ရှိရမည်။ ရောဂါ ရသူနှင့် ရောဂါ မရှိသူ လက်ထပ် သောအခါ သား သမီး များ၏ အရေအတွက် တ၀က် ခန့်တွင် ရောဂါ ရနိုင်ခြင်း၊ ရောဂါများသည် သား သမီး များတွင် ကျားမ သီးသန့် ရွေးမဖြစ်ပဲ နှစ်မျိုး စလုံးတွင် တူညီစွာ ကူးစက် နိုင်ပါသည်။ ရောဂါသည် မျိုးဆက် မခြားပဲ မျိုးဆက် တိုင်းတွင် ဖြစ်လေ့ ရှိပါသည်။ Huntington Disease နှင့် Neurofibromatiosis သည် ထင်ရှား သည့် Autosomal Dominant Disease များ ဖြစ်ပါသည်။ ရောဂါရနိုင်မှု တွက်ချက်ပုံကို မိတ်ဆက်ပို့စ်မှာ ပြန်ကြည့်နိုင်ပါသည်။
(၂) မျိုးဆက်ခြားပြီး ကူးစက်ခြင်း (Autosomal Recessive)
၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ လက်ခံဗီဇ ခေါ် ငုတ်ဗီဇကို သယ်ဆောင်ထားသူ H(eterozygous Carriers ) များ မှ တဆင့် ကူးစက်ခြင်း ဖြစ်သည် ရောဂါရ နေသည့် မိဘဆီမှ တိုက်ရိုက် ကူးစက်ခြင်း မဟုတ်ပါ။ Systic Fibrosis သည် ထင်ရှား သော မျိုးဆက်ခြား ကူးစက်သည့် ရောဂါတခု ဖြစ်သည်။ မျိုးဆက်ခြား ကူးစက်ခြင်း (Autosomal Recessive ) ၏ လက္ခဏာများမှာ ရောဂါကို မိဘတွင် မတွေ့ရှိနိုင်ပဲ အဖိုးအဖွား တဦးဦး နှင့် မွေးချင်းများ၊ တ၀မ်းကွဲ မောင်နှမ များ တွင်သာ တွေ့နိုင်ပြီး မျိုးဆက်မခြားပဲ ကူးစက်သည့် ရောဂါ (Autosomal dominant) ကဲ့သို့ပင် ကျားမ မရွေး တူညီစွာ ဖြစ်နိုင်သော်လည်း ရောဂါသည် မျိုးဆက် တိုင်းတွင် မဖြစ်နိုင်ပဲ မျိုးဆက် ခြား၍ ဖြစ်လေ့ရှိပါသည်။ ရောဂါ ကူးစက် ခံရသော ကလေး၏ မိဘ နှစ်ပါး စလုံး သည် ရောဂါသည် များ မဟုတ်ပဲ ရောဂါ သယ်ဆောင်သူ (Carrier) များသာ ဖြစ်ပြီး ရောဂါ သယ်ဆောင်သူ နှစ်ဦး လက်ထပ်ခြင်း (Hh x Hh) ဖြင့် သားသမီး များ၏ ၂၅% ကို ရောဂါ ကူးစက် စေပါသည်။ (တွက်ချက်ပုံကို မိတ်ဆက်ပို့စ်တွင် ပြန်ကြည့်ပါ)။
မျိုးဆက်ခြား ကူးစက်သည့်ရောဂါ (သို့) ဗီဇ တခု၏ လက်ဆက်ကမ်းမှုသည် ကြား ကာလတွင် လုံးဝ လက္ခဏာ မပေါ်ပဲ မျိုးဆက် သုံးလေးခုကြာ မှပြန်ပေါ်လာသည်များလည်း ရှိနိုင်ပါသည်။ မြန်မာပြည်တွင် အင်္ဂလိပ်ဝင်စားသည်ဟု ယုံကြည်ရသည့် အသားမဖြူမညို ဗမာမိဘနှစ်ဦးမှ မွေးဖွားလောသော အသွင်သဏ္ဌန်(Phenotype) အရ ရွေဝါရောင် ဆံပင်၊ မျက်လုံး ညိုပြာ၊ အသား ဖြူစပ်စပ် ကော့ကေးရှန်း ပုံ ဗမာများ ကို တွေ့ဖူး ပါလိမ့်မည်။ ထိုသူများသည် ဘာသာရေး အရ လူဝင်စားခြင်း ဖြစ်နိုင်သော်လည်း မျိုးရိုး ဗီဇအရ တကယ် စင်စစ်တွင် ဘိုးဘွား၊ ဘီဘင် လက်ထက်က အမွေ ပေးခဲ့သည့် ထိုကလေးတွေ မွေးဖွားသူ၏ သွေးထဲတွင် ငုပ်ဗီဇ ကော့ကေးရှန်းသွေး မရှိပဲနှင့် Asian စစ်စစ် ကနေ ကော့ကေးရှန်း စစ်စစ် လူသား ကို မွေးဖို့မည်သို့မှ မဖြစ်နိုင်ကြောင်း ကို မျိုးရိုး ဗီဇ ဘာသာရပ် ကို လေ့လာခြင်း ဖြင့် သိနိုင် ပေသည်။ ထို့ကြောင့် အင်္ဂလိပ်သည် လူတိုင်းဆီမှာ ၀င်စားနိုင်သော်လည်း အင်္ဂလိပ်သွေး ရှိသည့်မိခင်မှာ ၀င်စားမှသာ အင်္ဂလိပ်ပုံ ကလေးကိုမွေးနိုင်ပါသည်။ ထိုသူများ၏ ဘိုး၊ ဘွားဘီဘင် ထဲမှ တဦးဦး သည် အင်္ဂလိပ် လက်ထက်က အင်္ဂလိပ် တစ်ဦးဦး နှင့် အကြောင်းပါ သွေးနှောဖူးပြီး ယခင် မျိုးဆက် များတွင် ကော့ကေးရှန်း ဗီဇ ငုပ်နေ ၍ မပေါ်ပဲ မျိုးဆက် သုံးလေးခု ကြာမှ စိုးမိုး ဗီဇအဖြစ် ပြန်ပေါ် လာခြင်းသာ ဖြစ်ပြီး ကော့ကေးရှန်းကလေးကို မွေးခြင်း ဖြစ်ပါသည်။
အာဖရိကန် တယောက်နှင့် အဖြူတယောက် လက်ထပ်သောအခါ အရေပြား၌ တယောက်ယောက်က အပြည့်အ၀ စိုးမိုးနေပါက ပြင်ပလက္ခဏာအရ အာဖရိကန်စစ် (သို့) အဖြူစစ်စစ် တယောက်ကို မွေးဖွားနိုင်သော်လည်း ထိုကလေး၏ သွေးထဲရှိ ရှိရင်းဗီဇတွင်မူ အဖြူနဲ့အမဲ ဗီဇမျှတူပင် ဖြစ်ပြီး ၎င်းတွင်မပေါ်သည့် ငုပ်ဗီဇသည် ၎င်း၏သားနှင့် မြေးများတွင် အပြည့်အ၀ သော်လည်းကောင်၊ အပြည့်မ၀ သော်လည်းကောင်း စိုးမိုးပြီး ပေါ်နိုင်ပါသည်။ မပြည့်မ၀ စိုးမိုးခြင်းမှာ မိဘနှစ်ဦးစလုံး၏ လက္ခဏာ (အဖြူအမဲဖြစ်က မဖြူမမဲ) တ၀က်တပြက်စီ ပေါ်ခြင်းဖြစ်သည်။ (စိုးမိုးခြင်းနှင့်ပတ်သက်ပြီး မရှင်းလင်းပါက မိတ်ဆက်ပို့စ်တွင် ပြန်ကြည့်နိုင်ပါသည်။)
(၃) လိင်ခရိုမိုဇုန်း ချွတ်ယွင်းမှု မျိုးဆက်ခြားကူးစက်ခြင်း (Sex linked recessive)
လူသား ဆဲလ်၏ နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်း သည် ကျား မ လက္ခဏာ ကို ဖေါ်ဆောင်သည့် ခရိုမိုဇုန်း ဖြစ်သည်ကို သိရှိပြီး ဖြစ်ပါသည်။ ကျား ၊မ ခရိုမိုဇုန်း တွင် အမျိုးသား များသည် X နှင့် Y ဟူ၍ အမည် ပေးထားသော လိင် ခရိုမိုဇုမ်း နှစ်မျိုး စလုံး ပိုင်ဆိုင် သော်လည်း အမျိုးသမီး များတွင် X ခရိုမိုဇုမ်း သာ ရှိပါသည်။ ထို့ကြောင့် ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာ၌ ပထမ ဦးဆုံး သက်ရှိဆဲလ် Gametocyte ကိုဖွဲ့စည်းရာမှာ အမျိုးသမီး သည် X ခရိုမိုဇုန်းကိုသာ ထုတ်ပေး နိုင်းပြီး အမျိုးသားသည် X (သို့) Y ကို ထုတ်ပေးနိုင်ပါသည်။ အမျိုးသမီးဆီမှ ရရှိသော ထို X ခရိုမိုဇုန်းနှင့် ပေါင်းရန် အမျိုးသားဆီမှ X ခရိုမိုဇုန်း နှင့် လာတွဲပါက သနွေသား၏ လိင်ခရိုမိုဇုမ်းတွင် (XX) ကို ဖြစ်စေပြီး သမီး မိန်းကလေး ကို ရရှိမည်ဖြစ်သည်။ အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက သန္ဓေသားမှာ (XY) ခရိုမိုဇုမ်းကို ဖြစ်စေပြီး သား ယောက်ျားလေး ကို ရရှိမည် ဖြစ်ပါသည်။ ( မှတ်ချက် - မိမိ၏ ဇနီးမယားများအား သားယောက်ျားလေး မမွေးပေး၍ အသုံးမကျသည့် မိန်းမအဖြစ် အပြစ်တင်လေ့ရှိသော အမျိုးသားများကို မကြာခဏ တွေ့ဖူးပါလိမ့်မည်။ ဤအချက်ရ မိန်းကလေးမွေးခြင်း ယောကျားလေး မွေးခြင်းသည် အမျိုးသားများ၏ Spam မှ ထုတ်ပေးသော လိင်ခရိုမိုဇုန်းနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်ကို အထူးအလေးပေး သတိပြု မှတ်သားသင့်ပါသည်။)
ကျား၊မဆိုင်ရာ မျိုးရိုးဗီဇ ရောဂါ (Sex linked genetic disease) သည် Y ခရိုမိုဇုန်း မှ တဆင့် ကူးစက်ခြင်းမရှိပဲ X ခရိုမိုဇုန်းမှ တဆင့် သာ ကူးစက် လေ့ ရှိပါသည်။ လိင်ခရိုမိုဇုန်း မျိုးဆက်မခြားဘဲ တိုက်ရိုက် လက်ဆက်ကမ်းမှု (Sex Linked Dominant) သည် မရှိ သလောက် ရှားပြီး မျိုးဆက်ခြား လက်ဆက်ကမ်းမှု (Sex Linked recessive) သာ ကျား၊မ မျိုးရိုး ဗီဇ၏ ပုံမှန် လက်ဆက် ကမ်းမှုဖြစ်သည်။ ထို့ကြောင့် ရောဂါရ နေသော မိဘမှ တိုက်ရိုက် ကူးစက်မှု နည်းပါးပါသည်။ ကျားမ ဗီဇ အမွေ ဆက်ခံမှုအရ အမျိုးသမီး များသည် ပုံမှန်အားဖြင့် ရောဂါသည် မဖြစ်ဘဲ ရောဂါ သယ်ဆောင်သူ များသာ ဖြစ်များဖြစ်သည်။ X နှင့် Y တွင် X ဗီဇ သည်သာ ရောဂါကို လက်ဆက် ကမ်းသယ်ဆောင်ပြီး Y ဗီဇသည် ရောဂါကို မသယ်ဆောင် နိုင်သောကြောင့် ရောဂါလက္ခဏာ သည် အမျိုးသား များတွင်သာ ပေါ်ပါသည်။ သားယောက်ျားများသည် ဖခင်ဆီမှ Y ဗီဇသာ ရရှိပြီး X ဗီဇ ရရန်အကြောင်းလုံးဝ မရှိသောကြောင့် အဖေမှ သားများ ဆီသို့ လက္ခဏာ ကူးစက်ရန် လုံးဝမ ဖြစ်နိုင်သလို သယ်ဆောင်သူများလည်း မဖြစ်နိုင်ပါ။ သို့သော်လည်း ဖခင်တိုင်းသည် သမီးတိုင်းသို့ X ဗီဇကို ထုတ်ပေးရသောကြောင့် ရောဂါရှိသော ဖခင်သည် သမီးများအားလုံးသို့ ရောဂါကို လက်ဆက်ကမ်းပေး ပါသည်။ ထို့ကြောင့် ရောဂါရှိသူဖခင်၏ သမီးများအားလုံးသည် ရောဂါသယ်ဆောင်သူများ ဖြစ်ပြီး ၎င်းတို့မွေးဖွားမည့် သားအားလုံး၏ တ၀က် (၅၀%) ကို ရောဂါလက်ဆက်ကမ်း ကူးစက်စေနိုင်ပါသည်။ အရောင်မကွဲခြင်း (Colour blindness), Duchenne muscular dystrophy, clotting factor abnormality နှင့် Haemophilia စသည် တို့သည် ထင်ရှား သော Sex Linked Disease များ ဖြစ်ပါသည်။
ရောဂါသယ်ဆောင်သော မိခင်၏ သမီးများသည် မိခင်ဆီမှ ရောဂါ ရရှိသော X ဗဇကို ရထားသော်လည်း တခြား X ဗီဇကို ကျန်းမာသေသော ဖခင်ဆီမှ ရထားသောကြောင့် ရောဂါ တယောက်မှ မရနိုင်ဘဲ သယ်ဆောင်သူများ ဖြစ်လာပြီး ၎င်းတို့ သားနှစ်ယောက် မွေးပါက တယောက်တွင် ရောဂါ ရနေသည်ကို တွေ့ရသည်။ အမျိုးသားများသည် ရောဂါသယ်ဆောင်သူ ဟူ၍မရှိဘဲ ရောဂါသည် (သို့) ရောဂါကင်းသူများ ကိုသာ တွေ့နိုင်ပါသည်။ အကြောင်းမှာ အမျိုးသားကို ဖြစ်စေသည့် လိင်သင်္ကေတ (XY) ဗီဇတွင် ၎င်းတို့သည် X ဗီဇကို မိခင်များ ဆီကသာ ရရှိပြီး ထို X ခရိုမိုဇုမ်း၌ ရောဂါပါလာပါက ၎င်းတို့သည် ရောဂါသည်များ ဖြစ်သွားပြီး သမီးများအားလုံးကို ထိုအမွေပေးသည်။ ရောဂါရှိသော အဖေသည် သားများသို့ X ဗီဇကို ပေးစရာအကြောင်း မရှိသောကြောင့် သားတယောက်မှ အဖေဆီက ရောဂါကို လက်ခံသူ၊ သယ်ဆောင်သူ နှစ်ခုစလုံး ဖြစ်စရာအကြောင်း မရှိပါ။
ဆံပင်၏ သိပ်သည်းခြင်း သည် Sex Linked လက္ခဏာ တခုဖြစ်ပြီး အကယ် ၍ အမျိုးသား တဦးသည် အသက် အသက် ၃၀ ကျော် အသက် အရွယ်၌ နှဖူး ပြောင်ပါက ထိုဗီဇ ကို ဖခင် ဆီမှ ရသည်မဟုတ်ပဲ မိခင်ဘက်မှ တော်စပ်သည့် အဖိုး ဆီမှ ရရှိခြင်း ဖြစ်ပါသည်။ ထို နဖူးပြောင်သော အမျိုးသားသည် ထိုဗီဇအား ၎င်း၏သားဆီမှ မွေးသော မြေးယောက်ျားများဆီသို့ လက်ဆက်ကမ်းရန် မရှိဘဲ သမီးမှ မွေးဖွားလာသည့် မြေးယောက်ျား တ၀က်ခန့်တွင် ထိုလက္ခကို လက်ဆက်ကမ်းနိုင်ပါသည်။ ထို့ကြောင့် နဖူးပြောင်သူ၏ သမီးမှ မွေးသော မြေးယောက်ျားသည် အရွယ်ရောက်ပါက နဖူးပြောင်နိုင်သော်လည်း သားမှမွေးသော မြေးယောက်ျားတွင် နဖူးပြောင်သည်ကို တွေ့ရမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသေည် အမျိုးသားများသည် ရောဂါကို မိခင်ဆီမှသာ လက်ခံရရှိပြီး သမီးများဆီသို့သာ လက်ဆက် ကမ်းနိုင်သောကြောင့် ဖြစ်ပါသည်။ မိမိ၏ အဖိုး၌ နဖူးပြောင်နေပါက မိမိ၌ နဖူးပြောင်နိုင်ခြေ ရှိမရှိကို ဤနည်းဖြင့် တွက်ကြည့်နိုင်ပါသည်။ Sex Linked Disease ၏ အနှစ်ချုပ်မှာ အမျိုးသမီးများသည် ရောဂါသည် မဖြစ်နိုင်ဘဲ သားများဆီသို့ ရောဂါသယ်ဆောင် ဖြန့်ဖြူးသူများသာ ဖြစ်သည် သို့သော် သမီးများသို့ လုံးဝ အမွေမပေးနိုင်ပါ။ အမျိုးသားများသည် ရောဂါသည် (သို့) ရောဂါကင်းသူနှစ်မျိုး ဖြစ်နိုင်ပြီး သယ်ဆောင်သူ မဖြစ်နိုင်ပါ။ အမျိုးသားများ၏ ရောဂါကို သားများသို့ လုံးဝ မကူးစက်နိုင်သော်လည်း သမီးများအားလုံးသို့ အမွေပေးပါသည်။
ခရိုမိုဇုန်း ပုံမှန်မဟုတ်ခြင်း (Chromosomal Abnormality) နှင့် Complex Genetic disease ကို ဆက်လက် တင်ပြပါမည်။
Public Health in Myanmar တွင် ဖေါ်ပြခဲ့ဖူးသော မူရင်းပို့စ် ကို အနည်းငယ် ပြန်လည် ပြင်ဆင်ကာ ပြန်လည်ဖေါ်ပြပါသည်။

7 comments:
တီတီ.. ဒါဆို အားရင် နေ့အိပ်မက်သိချင်တာ တစ်ခုရေးပေးပါဦး.. down syndromeလေ.. ၂၂ ခုမြောက် chromosoneက ဘာဖြစ်သွားလို့ အဲဒါဖြစ်တာလဲ ဆိုတာနားမလည်ဘူး.. နည်းနည်းရှင်းပြနော်..
လာလည်သွားတယ်... ဗဟုသုတရလို့ မှတ်သားသွားပါတယ်
Downsyndrome အပါအ၀င် တခြား ခရိုမိုဇုမ်း ပုံမှန်မဟုတ်လို့ ဖြစ်တဲ့ ရောဂါတွေ အကြောင်း ( Chromosome abnormality) က နောက်တင်မည့် အပိုင်းမှာ ပါပါလိမ့်မယ် နေ့အိပ်မက်။ စောင့်ဖတ်လိုက်ပါနော့်။ Rose ရေ စိတ်ဝင်စားလို့ ၀မ်းသာပါတယ်။
အစ်မရေ...Genetic အကြောင်းကို အသေးစိတ်ဖော်ပြပေး
တဲ့အတွက် ..ကျေးဇူးပါ...အစအဆုံး စိတ်ဝင်တစားနဲ့ဖတ်သွားပါတယ်....နောက်လည်း ဆက်လက် ဖော်ပြပေးပါဦးနော်...ခင်တဲ့း)
တကယ့်ကိုကျေးဇူးပါပဲ။ ဗဟုသုတရစေတဲ့ ပိုစ့်လေးပါ။
အရင်ကအနဲအကျဉ်းလောက်ပဲ သိထားတာ။ ခုမှ သေချာသိရတော့တယ်။
မျိုးဗီဇနဲ့ ပတ်သက်ပြီး နောက်ထပ် တင်စရာ နှစ်ခု ရှိပါသေးတယ်။ တခြားပို့စ်တွေ ကြားမှာ ညှပ်ပြီး တင်သွားမယ်။ သက်တန့်ချိုနဲ့ မမိုး စိတ်ဝင်စားလို့ ကျေးဇူးတင်ပါတယ်။ ဆေးအခေါ်အဝေါ်အတော်များများ ကျွန်မ ဗမာလို မသိလို့ သက်တန့်ချိုတို့လို ဆရာဝန်တွေ လာဖတ်ရင် ရောဂါနာမည်တွေကို ဗမာလိုသိရင်လည်း ပြောပြထားခဲ့စေချင်တယ်။
မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ တွက်ချက်ပုံနည်းလေးတွေကို ဥပမာနဲ့ ဖေါ်ပြပေးထားတာ နားလည် လွယ်သွားတယ်နော် ။ မသိသေးတဲ့ အရာတွေ တော်တော်များများ ရှိနေသေးလို့ မှတ်သားသွားပါတယ် ။ ကျေးဇူးတင်ပါတယ် မငယ်နိုင်ရေ ..
ဟုတ်ပါရဲ့နော် ။. တချို့ ဆေးပညာ ရောဂါအသုံးအနှုန်းတွေ ဟာ မြန်မာမှု ပြုခေါ်ရတာ အတော်လေး ခက်ခဲနေပါသေးတယ် ။ ခုတင်ပြတဲ့ ရောဂါတွေအထဲမှာ သေချာသိတာလေး ၁ ခု သာရှိပါတယ်။
Haemophilia ကို ဗမာလို သွေးမတိတ်နာ လို့ခေါ်ပါတယ်
ချမ်းမြေ့ ပါစေ...
Post a Comment