မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

လူ့အခွင့်အရေးနှင့် မြန်မာနိုင်ငံ




အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို စတင်ထုတ်ပြန်ခဲ့တဲ့ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့ကို အပြည်ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။  ယနေ့ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှု အများဆုံး နိုင်ငံတွေက အောင်မြင်စွာ ကျင့်သုံးနေတဲ့ လူ့အခွင့်အရေးဆိုတာကို စတင်မွေးဖွားပေးတဲ့ ဒီမိုကရေစီ နိုင်ငံကြီးတနိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့တယ်လို့ ပြောရင် တပါတီ အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲရတဲ့ ကျွန်မတို့ မျိုးဆက် အတော်များများအတွက် ယုံတမ်းစကား ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ဒါဟာ အမှန်ပဲဖြစ်ပါတယ်။
ဖဆပလခေတ် ဒီမိုကရေစီ စနစ်ကိုကျင့်သုံးခဲ့တဲ့ လွတ်လပ်ခါစ မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး နိုင်ငံတခုထဲမှာ ပါဝင်ခဲ့ပြီး ကမ္ဘာမှာ လူ့အခွင့်အရေးကို ကျင့်သုံးဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြောစာတမ်းကြီးကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက မဲခွဲအတည်ပြု ဆုံးဖြတ်ရာမှာ မြန်မာနိုင်ငံဟာ အဲဒီအချိန်တကည်းကပင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခု ဖြစ်ပြီး ကြေညာစာတမ်းကြီးကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲပေးတဲ့ နိုင်ငံထဲမှာ ပါဝင်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို စတင်မွေးဖွားရာမှာ ပါခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ယနေ့ အခြေအနေက စတင်မွေးဖွားပေးခဲ့တုန်းက ပါဝင်ခဲ့တယ်လို့ ပြောလို့ဘယ်လိုမှ ယုံလို့ မရလောက်အောင်ပင် လူ့အခွင့်အရေး ချိုးဖေါက်မှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး အကျည်းတန်ကာ ဒေသတွင်းက ပတ်ဝန်းကျင် နိုင်ငံများနှင့်ပင် နှိုင်းယှဉ်လို့မရလောက်အောင် အဘက်ဘက်မှ ယိုယွင်းဆုတ်ယုတ် ပျက်စီးနေသည်မှာ တကယ်ပဲ ရှက်စရာကောင်းလှပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂကို ဒုတိယကမ္ဘာစစ် အပြီးမှာ စစ်နိုင်တဲ့ နိုင်ငံတွေဦးဆောင် ဖွဲ့စည်းခဲ့ပြီး စစ်အတွင်း လူသားတွေကို လူမဆန်စွာ ပြုမူဆက်ဆံ သတ်ဖြတ်ခြင်း၊ ရှောင်တခင် ၀င်ရောက်ဖမ်းဆီး နှိပ်စက်ခြင်း စတဲ့လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ အတွေ့အအကြုံပေါင်း များစွာကို သင်ခန်းစာယူပြီး နောင်ဘယ်သောအခါမှ စစ်ရဲ့အနိဋ္ဌာရုံတွေ ကမ္ဘာမှာ မရှိရလေအောင် စစ်ကိုတားဆီးရန် ရည်ရွယ်ဖွဲ့ခဲ့ပါတယ်။ သို့သော်လည်း စစ်ပွဲတွေမှာသာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့တာမဟုတ်ပဲ လူ့မှုပတ်ဝန်းကျင်တွေမှာလည်း အခြား အကြောင်းမျိုးမျိုးကြောင့် လူ့အခွင့်အရေး ချိုးဖေါက်နေတာကို တွေ့ရလို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အားလုံးကို လွမ်းခြုံအကာအကွယ် ပြုနိုင်တဲ့ တကမ္ဘာလုံး အတိုင်းအတာနှင့် ကျင့်သုံးနိုင်သော ဥပဒေတခုကို ကမ္ဘာ့ကုလ သမဂ္ဂက ပြုစုခဲ့ရာမှ လူ့အခွင့်အရေးဆိုတဲ့ အချက်တွေ ပေါ်လာခဲ့ပါတယ်။ ဒါကတော့ ၁၉၄၈ ခု ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး ဆိုတာ သဘာဝ အလျောက်လူတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ ဖြစ်ပြီး အကယ်၍ ဒီအခွင့်အရေးတွေ လူတယောက်မှာဖြစ်စေ၊ တအုပ်စုမှာ ဖြစ်စေ၊ အများမှာ ဖြစ်စေ မရှိပါက ဒီအခွင့်အရေးတွေ ရှိလာအောင် လုပ်ဆောင်ဖို့ လူ့အဖွဲ့အစည်း တခုလုံးမှာ တာဝန်ရှိတယ်လို့ အတိအလင်း ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ အရှေ့နှင့်အနောက်ကမ္ဘာက နိုင်ငံတွေ ပါဝင်ပြီး လူ့အခွင့်အရေးကို စတင်စဉ်းစားခဲ့ရာမှာ အရှေ့အုပ်စုနှင့် အနောက်အုပ်စု အနည်းငယ် ကွဲလွဲမှု ရှိနေခဲ့ပါတယ်။ အနောက်အုပ်စုဖြစ်တဲ့ နိုင်ငံတွေက လူတဦးချင်းတယောက်ချင်းစီရဲ့ အခွင့်အေရးကို အဓိကထားပြီး အရှေ့အုပ်စု နိုင်ငံတွေက လူအစုအဖွဲ့အခွင့်အရေးကို အဓိကထားဆွေးနွေးကြတယ်လို့ လေ့လာသိရှိဖူးပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပါဝင်တဲ့ အချက် (၃၀) ဟာ လူတဦးချင်းစီရဲ့ အခွင့်အရေးကို အဓိကထားတဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး (Civil and Political Rights) နှင့် လူအများစု အုပ်စုလိုက်အခွင့်အရေးကို ဦးစားပေးတဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး (Economic, Social and Culture Rights) ဆိုပြီး နှစ်မျိုးကွဲနေပြီး ဒီနှစ်မျိုးကို ပေါင်းစပ်ထားပြီး ကမ္ဘာသူကမ္ဘသား အားလုံး လက်ခံကျင့်သုံးရန် ကြေညာစာတမ်းအဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ လူသားအားလုံးတို့သည် တူညီသော လူ့အခွင့်အရေးရှိကြပြီး လွတ်လပ်စွာ အသက်ရှင်ရပ်တည်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အနှစ်သာရနဲ့ အခြေခံလူ့အခွင့်အရေးကို ဖေါ်ညွန်းတဲ့ အပိုဒ် (၁) ကစပြီး ဒီကြေညာစာတမ်းပါ အခွင့်အရေးတွေကို လူတိုင်းထိန်းသိမ်းရမယ် ဆိုတာကို ဖေါ်ညွှန်းတဲ့ အပိုဒ် (၃၀) နဲ့ အဆုံးသတ်ထားပါတယ်။ (လူ့အခွင့်အရေး အချက် ၃၀ ကို အတိုချုပ် လုပ်ထားတာကို ဤနေရာမှာ ဖတ်နိုင်ပါတယ်)။

လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက မူအားဖြင့် လက်ခံထားကြသော်လည်း နိုင်ငံအားလုံးက အချက် (၃၀) လုံးကို အပြည့်အ၀၊ လက်ခံကျင့်သုံးခြင်း၊ ကာကွယ်နိုင်ခြင်း မရှိပါဘူး။ လူ့အခွင့်အရေး သိပ်ပြီး ရှိလှပါတယ်လို့ အထင်ခံရတဲ့ အမေရိကန်နိုင်ငံမှာ လူတဦးချင်း တယောက်ချင်းစီရဲ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး ( Civil and Political Rights) တွေကို အပြည့်အ၀ ပေးထားပေမဲ့လည်း အစုအဖွဲ့ကို ကိုယ်စားပြုတဲ့ အခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး (Economic Social and Culture Rights) တွေကိုမူ ကလေးအခွင့်အရေး စာချုပ်ကိုတောင် အမေရိကန်က လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘူး။ လူသားတဦးချင်းစီရဲ့ မိမိကံကြမ္မာကို မိမိ ဖန်တီးနိုင်မှုနဲ့သာ ဆိုင်တယ်လို့ အယူအဆရှိပြီး အမေရိကဟာ ဒီလို အစုအဖွဲ့နဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို အပြည့်အ၀ လက်မခံသေးလို့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးမှာ ဘယ်လောက်ပဲ ပြည့်ဝပေမဲ့ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေး ပညာရေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှု လစ်ဟင်းတဲ့စနစ်ကို အခုထိ ကျင့်သုံးနေတာကို တွေ့ရပါတယ်။ ထူနည်းအတူပဲ ကွန်မြူနစ်အတွေးအခေါ်ဘက် ယိမ်းတဲ့ အရှေ့အုပ်စု နိုင်ငံတွေမှာတော့ ဘုံစနစ်ကို သဘောကျပြီး လူတန်းစား မျှတအောင် ကျန်းမာရေး၊ ပညာရေးတွေစတဲ့ လူမှုရေးဆိုင်ရာ အခွင့်အခွင့်ရေးတွေကို အစိုးရက တာဝန်ယူဖြေရှင်းပေးတာ ရှိပေမဲ့ လည်း လူတဦးချင်းတယောက်ချင်းစီရဲ့ အခွင့်အရေးကို ကိုယ်စားပြုတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး မှာ လွတ်လပ်ခွင့် မပေးထားတော့ ဒီအခွင့်အရေးတွေကို အသုံးချသူတွေအပေါ် ဖမ်းဆီး၊ အကျဉ်းချ၊ ညှင်းဆဲခြင်း ခုခေတ်မှာ အင်တာနက် ကန့်သတ်ပိတ်ပင်ခြင်း စတာတွေကို တွေ့နေရပါတယ်။

အမှန်က လူ့အခွင့်အရေးကို လိုက်နာတယ်ဆိုတာ အဲဒီ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေ အားလုံးကို လိုက်နာတဲ့ နိုင်ငံတွေကိုသာ လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်လို့ရနိုင်ပါလိမ့်မယ်။ နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အရေး ဘယ်လောက် ရှိတယ်မရှိဘူးဆိုတာကိုလည်း ဒီကြေညာစာတမ်းပါ အချက်တွေကို ဘယ်အတိုင်းအတာအထိ လိုက်နာတယ်၊ ချိုးဖေါက်တယ် ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြတာ ဖြစ်တယ်။ သို့သော်လည်း အရှေ့အုပ်စုနဲ့ အနောက်အုပ်စုနိုင်ငံတွေ ဖြစ်တဲ့ သူများနိုင်ငံတွေမှာ သူတို့ လက်ခံထားတဲ့ အခွင့်အရေးတွေကိုပဲ သူတို့လုပ်ပေးပြီး လက်မခံနိုင်လို့ လက်မှတ်မထိုးထားတဲ့ အခွင့်အရေးတွေကို မလုပ်ပေးနိုင်တာ သဘာဝကျပါတယ်။ အားလုံးကို မလိုက်နာနိုင်သည့်တိုင် သူတို့လက်ခံထားတာကို သူတို့ပြည်သူအတွက် လုပ်ပေးနေလို့ သူတို့ရပ်တည်ချက် မှန်တယ်လို့ ပြေလို့ရနိုင်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ကြည့်ရင်တော့ ခုနကပြောခဲ့တဲ့ အနောက်အုပ်စုရော အရှေ့အုပ်စုကပါ လက်ခံထားတဲ့ လူ့အခွင့်အရေးဆိုတာကို မူအားဖြင့် တခုကျန် အကုန်လုံးကို လက်ခံထားတဲ့အပြင် အဲဒါတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ Protocol တွေဖြစ်တဲ့ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေး စတဲ့အားလုံးကိုပါ လက်မှတ်ထိုးထားပြီးတော့ တိုင်းသူပြည်သားတွေအတွက် အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာအခွင့်အရေးမှ ပေးထားတာ မတွေ့ရဘဲ ကမ္ဘာ့လူ့အခွင့်အရေး ချိုးဖေါက်ဆုံး နိုင်ငံစာရင်းထဲဝင်နေတာကို ကြည့်ခြင်းအားဖြင့် ဂတိမတည်၊ ရပ်တည်ချက် လုံးဝ မမှန်ပဲ ပြည်သူလူထုနဲ့ ကမ္ဘာကို မျက်လှည့်ပြနေတဲ့ လူလိမ်တွေလို့ ပြောလို့ရနိုင်ပါတယ်။ လူ့အခွင့်အရေးမှာတင် ကမ္ဘာနှင့် ပြည်သူကို လိမ်နေတာ မဟုတ်ပဲ ဒီမိုကရေစီမှာလည်း ပြည်သူလူထုကို ကိုယ်စားမပြုပဲ ကိုယ့်ဖါသာကိုယ် စိတ်ကြိုက်ဆွဲထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြုပြီး လိမ်ဖို့ ကြိုးစားနေပြန်ပြီ။ ဒီမိုကရေစီကို မကြိုက်ရင်လည်း မကြိုက်ဘူးဆိုတာ ရဲရဲ ပြောမရဲပဲ ပြည်သူလူထုနဲ့ ကမ္ဘာကို လိမ်ပြီး မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ ဆိုတာလုပ်ပြီး ဒီမိုကရေစီကို ပျက်စီးအောင် ဖျက်ဆီးဖို့ ကြိုးစားနေတာ တွေ့ရတယ်။ နအဖဟာ ရပ်တည်ချက်လုံးဝ မမှန်ပဲ တကယ်လို့ မြန်မာပြည်ဟာ စစ်အာဏာရှင်နဲ့သာ ထိုက်တန်တယ်လို့ ၎င်းတို့ တကယ်ယုံကြည်ရင် ယုံကြည်တဲ့အတိုင်း ရဲရဲတင်းတင်းပြောတာ မဟုတ်ပဲ လိမ်ညာပြီး အုပ်ချုပ်နေတဲ့အတွက် သူတို့လက်ခံထားတဲ့ အယူအဆကို သူတို့ကိုယ်တိုင် ဗြောင်လက်ခံ ဖေါ်ထုတ်လို့မရဲတာ တိုင်းပြည်ကောင်းကျိုးအတွက် မဟုတ်ပဲ ကိုယ်ကျိုးအတွက် လုပ်နေတယ်ဆိုတာ ၀န်ခံရာ ရောက်နေပါတယ်။

အနှစ် (၆၀) ကျော် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကတော့ အာဏာရှင် အဆက်ဆက်ရဲ့ ဖျက်ဆီးမှုကြောင့် ပတ်ဝန်းကျင် နိုင်ငံတွေထက် အဆပေါင်း မရေတွက်နိုင်အောင် နောက်ကျကျန်ခဲ့ပါပြီ။ လွတ်လပ်ခါစက အမေရိကန် (၁) ဒေါ်လာဟာ မြန်မာကျပ်ငွေ (၆) ကျပ်၊ အခုတော့ ကျပ်တထောင်ကျော်တောင် ဖြစ်နေပြီဆိုတော့ စီးပွားရေးမှာ ဖဆပလ ခေတ်ကထက် အဆ ၂၀၀ ခန့်တောင် ကျဆင်းသွားပြီ။ တကယ်ဆို ပုံမှန်အတိုင်း သွားခဲ့ရင် အခုချိန် မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာမှာ တိုးတက်နေပြီး ပတ်ဝန်းကျင် အိမ်နီးနားချင်း နိုင်ငံတွေကြားမှာသာမက ကမ္ဘာမှာပါ အဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးထဲ ပါဝင်နေရမှာ ဖြစ်ပြီး အရှေ့အုပ်စုနဲ့ အနောက်အုပ်စု နိုင်ငံတွေကို ဦးဆောင်လမ်းညွှန်မှု ပေးနေတဲ့ နိုင်ငံတခုတောင် ဖြစ်လောက်နေပြီး ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ တမင်းအိုး၊ ပညာသင်ရာ စီးပွားရှာရာ သုတေသန ပြုရာ နိုင်ငံသဖွယ် အားထားရတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတောင့်တင်းနေလောက်တဲ့ နိုင်ငံဖြစ်နေလောက်ပါတယ်။ လူ့အခွင့်အရေးကို စတင်မွေးဖွားပေးခဲ့တဲ့ မြန်မာနိုင်ငံဟာ  ၆၂ ခုနှစ်ကစပြီး အာဏာရှင်အဆက်ဆက်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရလို့ လူ့အခွင့်အရေးမရှိတော့ဘဲ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ သက်ဦးဆံပိုင် ဘုရင်ခေတ်ကထက်ပင် ခေတ်နောက်ပြန်ဆွဲနေပြီး လူ့အခွင့်အရေးတွေ ချိုးဖေါက်ခံရကာ တိုင်းသူပြည်သားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အကျင့်စာရိတ္တစသည့် အရာအားလုံးမှာလည်း နှိမ့်ကျပြီး ပတ်ဝန်းကျင်နိုင်ငံတွေထက် နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပါပြီ။

အချုပ်အားဖြင့်ဆိုရသော်  ခုခေတ်လူငယ်တွေနဲ့ ကျွန်မတို့အသက်အရွယ် တချို့ထင်နသလို လူ့အခွင့်အရေးဆိုတာ မြန်မာနိုင်ငံမှာ အခုမှ ပေါ်လာတဲ့ အသစ်အဆန်း ဝေါဟာရတခု မဟုတ်သလို အခုမှစတင်ကျင့်သုံးမည့် အရာလည်းမဟုတ်ပါ။ လွတ်လပ်ရေးရခါစကာလ ကမ္ဘာာမှာ မထမဦးဆုံး လူ့အခွင့်အရေး ဆိုတာဖြစ်ပေါ်စေတဲ့ ကြေညာစာတမ်းကြီးကို မွေးဖွားပေးလိုက်ပြီး ကမ္ဘာာမှာ လူ့အခွင့်အရေးကို ပထမဦးဆုံး ဦးဆောင်ကျင့်သုံးခဲ့တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။
အခုတော့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို စတင်မွေးဖွားပေးလိုက်တဲ့ နိုင်ငံမှာ အဲဒီအခွင့်အရေးတွေ အကြောင်း ပြောတဲ့လုပ်တဲ့သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ညှင်းဆဲ၊ အကြပ်ကိုင်တဲ့အပြင် နေအိမ်တွေ အကျဉ်းထောင်တွေမှာ ထောင် (၁၀) စုနှစ်များစွာ ချီပြီး အကျဉ်းချတာတွေ လုပ်နေတာဟာ ရှက်စရာ ရင်နာစရာကောင်းလှပါတယ်။

(၆၁ ကြိမ်မြှောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပို့စ် ဖြစ်ပါတယ်။ )
ဓါတ်ပုံကို မောင်လေး ဖြိုးဝေ ဘလော့ဂ် မှာတွေ့ပြီး ဤနေရာမှ ကုတ်ကို ယူပြီး ကူးယူဖေါ်ပြ ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာလို အပြည့်အစုံ ကို ဤနေရာမှာ ဖတ်ရှုနိုင်ပါတယ်)

လူ့အခွင့်အရေး အပြည်အ၀ ရှိသောနိုင်ငံသို့ အရောက် ချီတက်ကြပါစို့။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


( 2009 ခုနှစ်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့မှာ တင်ခဲ့တဲ့ ပို့စ်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး သမိုင်းနဲ့ ပတ်သက်ပြီး ပြန်လည် အမှတ်ရစေရန်လည်းကောင်း၊ ဒီနှစ် ကျရောက်မည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အကြိုမိတ်ဆက်အဖြစ်လည်းကောင်း အပေါ်ကို ပြန်ဆွဲတင်ထားခြင်း ဖြစ်ပါတယ်။ ။)

10/12/09 10:40 က တင်တဲ့ပို့စ် ဖြစ်ပါတယ်။

38 comments:

တိုပေမယ့် ကျစ်လျစ်ပြီး အချက်အလက်စုံ တင်ပြပုံကောင်း တဲ့ ဆောင်းပါး တစ်ပုဒ် ဟုဆိုပါရစေ။

ရောက်တယ်ညီမလေး - ပြည်သူတွေ လူ့ အခွင့်အရေးရှိဖို့  အမ တို့  တက်အားသလောက် နဲ့ 
အစွမ်းကုန် ၀ိုင်းဝန်းကြတာပေါ့ --

မြန်မာနိုင်ငံအကြောင်းတွေးကြည့်ရင် ရင်လေးစရာပါဗျာ အမပြောတဲ့အတိုင်း ဒီအုပ်ချုပ်သူတွေဟာ ဒီမိုကရေစီကို မကြိုက်ပဲနဲ့ ကမ္ဘာကြီးကိုလိမ်ကာ မြန်မာပြည်ကို အုပ်ချုပ်နေတယ် ..

လူဖြစ်လာရပြီး လူဖြစ်ခွင့်မရတာလောက် လူ့အောက်ကျတာရှိအုံးမလား မငယ်နိုင်ရေ...

လူသားတိုင်း လူ့အခွင့်အရေးကို အကြွင်းမဲ့ပိုင်ဆိုင်နိုင်ကြပါစေ...

ဖဆပလခေတ် ဒီမိုကရေစီ စနစ်အကြောင်းနဲ့ လူ့အခွင့်အရေးကြောင်း မသိသေးတာများကို သိခွင့်ရလို့ ကျေးဇူးတင်ရှိပါသည် ခင်ဗျာ ....
မြန်မာပြည် ဒီမိုကရေစီရသည့်တိုင် လူအခွင့်အရေး အပြည့်အဝရရှိရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားကြမယ်

အမရေ.. တွေးမိတိုင်း ယူကြုံးမရဖြစ်ရပါတယ်.. ကွာခြားလာတဲ့ နိုင်ငံကြီး.. ဆုတ်ယုတ်လာတဲ့ လူသားအရင်းအမြစ်.. အခုလက်ရှိ လူသားအရင်းအမြစ်တွေဟာ နောင် အနှစ် ၃၀ လောက်ထိ တိုးတက်ဖွံ့ဖြိုးအောင် လုပ်နိုင်မယ်မထင်ဘူးဗျာ... ပိရိသေသပ်တဲ့ စနစ်တစ်ခုအောက်မှာ ငြိမ်းချမ်းစွာပဲ အားလုံး ကျရှုံးနေခဲ့ရပြီ...

တိုင်းပြည်တိုးတက်စေချင်ရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရှိသော နိုင်ငံထူထောင်ဖို့ လိုအပ်တဲ့အတွက် ကျွန်မဒီပို့စ်ကို ဒီမိုကရေစီစနစ်ကို မမီလိုက်တဲ့ ကျွန်မတို့ မျိုးဆက်တွေအတွက် ကျွန်မ လေ့လာဖတ်မှတ်ဖူးတာကို ပြန်လည် မျှဝေတဲ့ နေနဲ့ တင်ဖြစ်ပါတယ်။

ဒီပို့စ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူ့အခွင့်အရေး ဆိုတာကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖတ်ဖြစ်သူအားလုံးမှာ တိုင်းပြည်အတွက် တစုံတရာ တွေးစရာ Message တခုခု ရသွားလိမ့်မယ် ဆိုတာ ယုံကြည်လို့ လာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

http://nge-naing.blogspot.com
အစ်မ သင်၏ နိုင်ငံ တစ်ကာ နှင့် ယှဉ်သော အသိ ပညာမှာ တန်ဖိုးရှိပါသည်။ သင်၏ အစိုးရ အပေါ် ဝေဖန်ချက်များ မှာ တိကျမှု မရှိ။ တဖက်သတ်သော သင်၏ အတွေး အခေါ်များမှာ သင်ဘ0 တွင် နိုင်ငံတော် အတွက် တန်ဖိုး ပေးစပ်နေသည်လား ။ တိုးတက်သော နိုင်ငံတော် အတွက် သင်လို မီဒီယာအောက်တွင် နစ်မနြ်းနေသူ ကား လမ်းပျောက်တော့မည် ။ တိုးတက်သောလမ်းစကို သာ ရှာပါ ။

မောင်လေး ကိုသာထက်ဇော် စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစိုးရအပေါ် ဝေဖန်ရာမှာ ဘယ်အချက်က တိကျမှုမရှိဆိုတာကို တိတိကျကျ ထောက်ပြပေးစေလိုပါတယ်။ မီဒီယာအောက်နစ်မြှုပ်နေခြင်းမဟုတ် ဘ၀တခုလုံးရင်းပြီး ကိုယ်တိုင် ကြုံတွေ့ရတဲ့ အသိတရားတွေက ပိုများပါတယ်။

11 Dec 09, 18:48
thzaw: အစ်မ သင်၏ နိုင်ငံတော် အား ဝေဖန်ချက်တွေ မှာ ရေရာမှု မရှိ။ ရန်သူတို့၏် မီဒီယာအောက်တွင် နစ်မြှပ် နေသူ နေမွှန်းနေသူ တစ်ယောက် အသွင်သာ ရှိနေသည်။ တိုးတက်သောမြန်မာနိုင်ငံ အတွက် အုပ်တချပ် သံတပွင့် ပါဝင်နိုင်ရန်
11 Dec 09, 18:53
thzaw: http://thesametarhtetzaw7.blogspot.com အစ်မ၏် မြန်မာနိုင်ငံအပေါ် လူ့အခွင့် အရးသည် တ၀တ်နီးပါသာမှန်ပါသည်။ တိုသို့သော အယူအဆများနှင့် နောင်တချိန်တွင် လူငယ်တို့ သွေးသစ်လောင်းသော မြန်မာနိုင်ငံ တော်ကြီး
11 Dec 09, 18:59
thzaw: နိုင်ငံကောင်းကျိုးကို တစုံတရာ သယ်ဖိုးထမ်းဆောင်ခြင်း မရှိသူ ဟုထင်မြင်ပါတယ် ။ သင်သိသော လူ့ အခွင့် အရေး နှင့် မြန်မာနိုင်ငံကို နိုင်းယှဉ်လိုက်သည့် သင်သည် မြန်မာနိုင်ငံ အား မည်သို့သော အကျိုးကို ဆောင်ရွ
11 Dec 09, 19:01
thzaw: သင့် လို နိုင်ငံခြား မီ
11 Dec 09, 19:29
thzaw: အစ်မ အသေးစိတ်ဝင်ရောက်ဆွေးနွေးခွင့်ရသည့် အတွက် ရင်ထဲမှကျေးဇူးတင်မိပါတယ်

(ဒီပို့စ်နဲ့ ဆိုင်လို့ C-Box ထဲက ကော်ပီကူးလာတာ ဖြစ်တယ်။)

Profile ကို လိုက်ကြည့်တော့ ရန်ကုန်ဆိုတော့ မြန်မာပြည်က လူငယ်တယောက်ထင်လို့ ပြန်ဆွေးနွေးပေးမလို့ပါပဲ ဒါပေမဲ့ IP ကို စစ်လိုက်တော့ မော်စကိုဆိုတာ တွေ့ရလို့ ကိုယ်ကိုယ်တိုင် မှိုင်းတိုက်ခံထားရလို့ လက်ထပ်သင်ပေးထားတာကို နှုတ်တိုက်အာဂုံဆော်ထားတဲ့အတိုင်း လာပြောတယ် ဆိုတာ သဘောပေါက်သွားပါတယ်။ ဆွေးနွေးတယ်ဆိုတာ ဘယ်အချက်မှာ ဘာကြောင့် ဘယ်လို ဆိုတဲ့ အချက်အလက် အတိအကျ ပါရပါတယ်။ အခု thzaw ရေးထားတဲ့အထဲမှာ ဒီအချက်တွေ ဘာမှမတွေ့တော့ ဆွေးနွေးတာ မဟုတ်ပဲ စွပ်စွဲချက်တွေသာ ဖြစ်နေတယ်။ ပြန်ဆွေးနွေးစရာ မရှိ၊ ဆွေးနွေးလို့လည်း အကျိုးရှိမှာ မဟုတ်တဲ့အတွက် မဆွေးနွေးတော့ဘူး။

ဒါပေမဲ့ thzaw အခုယုံကြည်နေတဲ့အတိုင်း ငယ်စဉ်က ကိုယ်တိုင်လည်း ယုံကြည်ဖူးလို့ ကိုယ်ချင်းစာပြီး အကြံတခုတော့ ပေးလိုက်မယ်။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် ရှိလို့ အခုလက်ရှိ ယုံကြည်ထားတဲ့အတိုင်း တကယ်ယုံကြည်တယ်ဆိုရင် ယုံကြည်ပါ။ ဒါပေမဲ့ အခြေအနေတခုကို မိမိကိုယ်ပိုင်ဦးနှောက်နဲ့ အမှန်တိုင်း ဆင်ခြင်သုံးသပ်နိုင်လို့ မိမိယုံနေတာတခုဟာ လုံးဝ မှားနေတယ်ဆိုတာ သိသွားတဲ့နေ့မှာ အမှန်ကို အမှန်ကို သတ္တိရှိရှိရင်ဆိုင်ဖို့ အကြံပြုပါတယ်။

ကျမတို့ အားလုံးရဲ့ ရင်ထဲမှာ တူညီတဲ့ ခံစားချက်တွေ ရှိနေကြပါတယ် ။ လည်ပတ်စီးဆင်းနေတဲ့ သွေးတွေကလဲ အရောင်တူပါပဲ...။ အရေးကြီးရင် သွေးစည်းကြလိမ့်မယ်လို့ ကျမ ယုံကြည်တယ် ။

အဓိက အကြံပေးချင်တာကတော့ မတူညီတဲ့ လူနှစ်ယောက်ရဲ့အမြင်တွေကို ဆွဲညှိနေရင်တော့ တူညီလာမှာမဟုတ်ပဲ ပြတ်တောက်ဖို့ပဲများပါတယ်...ဒီတော့ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်သမိုင်းကိုယ်ရေး ကိုယ့်လမ်းကို ဆက်လျှောက်နေယုံမှတစ်ပါး အခြားမရှိပါဘူး...ယနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင်နေနိုင်နေတာဟာ ခံယူချက်ချင်းတွေတူလို့ နေနိုင်နေတာမဟုတ်ပါဘူး...မတူညီတဲ့အမြင် လူတွေကြားမှာ "နားလည်မှု" ဆိုတဲ့ ဘုံရပ်တည်ချက် တစ်ယောက်အပေါ်တစ်ယောက်ထားရှိမှုတွေနဲ့ ရပ်တည်နေကြလို့ပါပဲ။



ကို

-
အဖါးတကာ့ အဖါးဆုံးထဲမှာ စစ်ခွေး ဒေါ်လာစား နဲ့ အပေါင်းပါတွေက အဖါးဆုံးပဲ..

ဂျာနယ်လစ်ကျင့်ဝတ်ကို အချိုးဖေါက်တကာ့ အချိုးဖေါက်ဆုံး ဘလော့တွေထဲမှာ Myanmar Express ဘလော့က အချိုးဖေါက်ဆုံးပဲ..

-
"ဘယ်သူ မွဲမွဲ၊ ကိုယ်က အရိုးပဲ ကိုက်ရကိုက်ရ" သဘောထားပြီး ပြည်ဖျက် စစ်ခေါင်းဆောင်တွေကို ဖါးပြီး ရေးနေတဲ့ အဖါးတကာ့ အဖါးဆုံး ကြေးစား စစ်ခွေးတွေထဲမှာ Myanmar Express ဘလော့က အဆိပ်ပင်ရေလောင်း၊ လူမိုက်အားပေး၊ ကြေးစား စစ်ခွေး ဒေါ်လာစား နဲ့ အပေါင်းပါတွေက အဖါးဆုံးပဲ..

အန်တီစု အပါအဝင် ဒီမိုကရေစီလိုလားသူတွေကို အောက်တန်းကျကျ စော်ကားပုတ်ခတ်ပြီး အရေးဆုံး ကြေးစား စစ်ခွေးတွေထဲမှာ ဒေါ်လာစား က အောက်တန်းကျကျ အစော်ကားဆုံးပဲ..

မငယ်နိုင် အပါအဝင် ပြည်သူ့ဘက်သား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေကို နာမည် အမျိုးမျိုး သုံးပြီး လိမ်ရေးတဲ့ အောက်တန်းအကျတကာ့ အကျဆုံး စစ်ခွေးတွေထဲမှာ ဒေါ်လာစား နဲ့ အပေါင်းပါဖြစ်တဲ့ ရုရှားက စစ်ခွေး mg (ခေါ်) မောင် (ခေါ်) zaw (ခေါ်) hanzaw (ခေါ်) ဦးသူတော် (ခေါ်) မှော်ဆရာ (ခေါ်) အိုပါး (ခေတ္တကိုရီးယား) (ခေါ်) တုတ်ကြီး (ခေါ်) တုတ်ကြီး (နော်ဝေ) (ခေါ်) ....... က အောက်တန်း အကျဆုံးပဲ..

မငယ်နိုင် အပါအဝင် ပြည်သူ့ဘက်သား အမျိုးသမီးတွေကို ပက်ပက်စက်စက် အဆဲဆုံး စစ်ခွေးတွေထဲမှာ ရုရှားက စစ်ခွေး တုတ်ကြီးက ပက်ပက်စက်စက် အဆဲဆုံးပဲ..

(ဒီနေရာမှာ "ပက်ပက်စက်စက် အဆဲဆုံး တုတ်ကြီး" ဆိုတာ "မူလလက်ဟောင်း တုတ်ကြီး အစစ်" ကို ဆိုလိုပါတယ်.. ရုရှားက စစ်ခွေး mg (မောင်) နဲ့ တခြား ရုရှားက စစ်ခွေးတွေကလဲ "တုတ်ကြီး" နာမည်ကို သုံးပြီး ဆဲတတ်ပါတယ်..)

-
ဂျာနယ်လစ်ကျင့်ဝတ်၊ ဘလော့ဂါကျင့်ဝတ်ကို အချိုးဖေါက်တကာ့ အချိုးဖေါက်ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အချိုးဖေါက်ဆုံးပဲ..

ဖြစ်စဉ်တခုကို လိုချင်သလို မဆီမဆိုင် အတင်းဆွဲပြီး ငါ့စကားနွားရ ရေးတဲ့၊ ဦးနှောက်မဲ့ စစ်ခွေး ပရိသတ်အကြိုက် ရေးတဲ့၊ အသိမဲ့၊ ခံယူချက်မဲ့ လူပိန်းပရိသတ်အကြိုက် ရေးတဲ့၊ ကလေးတွေး တွေးပြီး၊ လူပိန်းတွေး တွေးပြီး လမ်းဘေးက အုတ်ကြားမြက်ပေါက် အပြောအဆိုမျိုးနဲ့ မူ၊ ဘောင်၊ အထိန်းအကွပ် မရှိဘဲ ပရမ်းပတာ ရေးချင်ရာ ရေးတဲ့ အဆင့်အတန်း အနိမ့်တကာ့ အနိမ့်ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အဆင့်အတန်း အနိမ့်ဆုံးပဲ..

ပျစ်ပျစ်နှစ်နှစ် ဆဲဆိုထားတဲ့ ကွန်မင့်တွေ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်ထားတဲ့ ကွန်မင့်တွေကို မဖျက်တဲ့ ကျက်သရေ အတုံးတကာ့ အတုံးဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အယုတ္တအနတ္တ ကွန်မင့် အများဆုံး၊ ကျက်သရေ အတုံးဆုံးပဲ..

အယုတ္တအနတ္တ ကွန်မင့်တွေကို မဖျက်ပေမယ့် စစ်ခေါင်းဆောင်တွေကို အထိနာစေတဲ့ ပြည်သူ့ဘက်သားတွေရဲ့ အမှန်တရား ကွန်မင့်တွေ၊ စစ်ခွေးဘလော့က ဆောင်းပါးရှင်တွေက လိမ်ရေးထားတာတွေကို ပြည်သူ့ဘက်သားတွေက အချက်ကျကျ ထောက်ပြထားတဲ့ ကွန်မင့်တွေ ဆိုရင် ဖျက်လေ့ရှိတဲ့၊ "ကွန်မင့်တွေကို မဖျက်ဘူး" ဆိုပြီး အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေတဲ့၊ အလိမ်ပေါ်သွားပေမယ့် မျက်နှာပြောင်တိုက်ပြီး ဆက်လိမ်နေတဲ့၊ အမှား အဖမ်းခံရပေမယ့် အရှက်မရှိဘဲ ဆက်ညာနေတဲ့၊ ပြည့်တန်ဆာမလောက်တောင် တည်ကြည်မှု မရှိတဲ့ သိက္ခာမဲ့ တကာ့ အမဲ့ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က သိက္ခာအမဲ့ဆုံးပဲ..

-
ရုရှားက စစ်ခွေးတွေက ဘယ်လို မိုက်ရိုင်း ယုတ်မာ အောက်တန်းကျသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဘယ်လို မဆီမဆိုင်၊ လက်ပံသား ဓားနဲ့ ချိုင်ထားသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဒီ အစိုးရခေါင်းဆောင်တွေက ဘယ်လို ထုံသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဒီ အစိုးရ အမည်ခံ ငတုံးကြီးတွေက ဘယ်လို ညံ့သလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဒီ ဘုရင်ရူး မိသားစုက ဘိုးတော်ရူး ခိုင်းတဲ့အတိုင်း ဘယ်လို ရူးပြီး လိုက်လုပ်သလဲ၊ လူသတ်မှု အပါအဝင် ရာဇဝတ်မှုတွေ ဘယ်လို ကျူးလွန်ခွင့် ပေးထားသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဒီဖွတ်မင်းက ဘယ်လို ဖျင်းသလဲ၊ ရူးကြောင်ကြောင် အတွေးအခေါ်၊ ဦးနှောက်မဲ့ အယူအဆတွေနဲ့ ဘယ်လို ထင်ရာစိုင်းလို့ အသိဥာဏ်ထက်မြက်သူတွေ အများအပြားရှိတဲ့၊ သယံဇာတတွေ ပေါများတဲ့ တိုင်းပြည်က ဖွတ်ပြည် ဖြစ်သွားသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဒီ သူခိုးတိုင်းပြည်က ကမ္ဘာ့အဆိုးဆုံး (ကမ္ဘာ့ သူခိုးအများဆုံး) အဆင့်မှာ ရောက်နေတာကို ကိန်းဂဏန်း အတိအကျနဲ့ သိချင်ရင် ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဒီ လိုင်စင်ရ "စစ်ရာဇဝတ်ကောင်နှင့် သူခိုးများဂိုဏ်း" ရဲ့ ဦးသျှောင် ဂိုဏ်းချုပ်ကြီးက ဘယ်လို ခိုးသလဲ၊ ဘယ်လောက် ခိုးသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တွေထဲက တခု ဖြစ်တဲ့ ဒီ ဆင်းရဲတဲ့တိုင်းပြည်မှာ ကမ္ဘာ့ အကုန်အကျ အများဆုံး မင်္ဂလာပွဲတွေထဲက တခု ဖြစ်တဲ့၊ ၄ လဗိုက်ကြီးတကားကား ဖြစ်နေလို့ ငစနူ လဒူ တကောင်ကို လှည်းကျိုးထမ်း လင်ကောင်ဖေါ်ခိုင်းတဲ့၊ "လက်ဖွဲ့" အမည်ခံပြီး အေးဓါးပြတိုက်ဖို့ အကြံနဲ့ ခိုးထားတဲ့ ပိုက်ဆံတွေနဲ့ အရင်းအနှီး လုပ်ပြီး ကျင်းပတဲ့၊ "လက်ဖွဲ့" ဒေါ်လာ သန်း ၅ဝ လောက် အေးဓါးပြတိုက်ပြီး ယူလိုက်တဲ့ ဒီ လှည်းကျိုးထမ်းတဲ့လင်နဲ့ လင်ကောင်ဖေါ်မင်္ဂလာပွဲကို ဘယ်လို အရှက်မရှိ ကျင်းပသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး video clips တွေကို ကြည့်နိုင်ပါတယ်..

အဲဒီ Myanmar Express က အောင်သောင်းသားတွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေလိုမျိုးတွေကို ခုကတည်းက စတင်ပြီး Record ယူထားသင့်တယ်လို့ မြင်ပါတယ်။

သူတို့ တစ်ဖတ်သက် ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မြောင်းထဲရောက်သွားအောင် အဲဒီလိုမျိုး Bad Records တွေနဲ့ သူတို့ရဲ့ နောက်လိုက်ခွေး ("မြန်မာ" ဆိုပြီး မြန်မာပြည်သူတွေဖက်က မရပ်တည်ခဲ့ကြသော) လွှတ်တော်အမတ်များကို အဲဒါတွေနဲ့ မောင်းထုတ်ပြစ်ကြပါစို့။

သမိုင်းဆိုတာ လူတစ်ဦး၊ တစ်ဖွဲ့ထဲ ရေးလို့ ရနိုင်တာမှ မဟုတ်တာ။
လူအများစု ရေးခဲ့တာကမှ သမိုင်းဖြစ်ပါလိမ့်မည်။

Myanmar Express က အရူး (သန်းရွှေ၊ အောင်သောင်းတို့ရဲ့ မျိုးဆက်) တွေကို ဘုံမြှောက်ပေးကြပါစို့။

.
Myanmar Express ၀က်ဆိုက်ဒ်ပိုင်ရှင် စိုင်းအောင်ထိုက်စံ က လက်ရှိ ရှရှားပြည်မှာ ရောက်နေတဲ့ မြန်မာစစ်ဗိုလ်တဦးပါ။ စိုင်းအောင်ထိုက်စံ ဟာ သူ့ရဲ့ Myanmar Express ၀က်ဆိုက်ဒ်မှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဖက်တော်သားတွေကို အမြဲတမ်း စော်ကားနေတယ် ဆိုတာလည်း သူ့ဝက်ဆိုက်က ဓါတ်ပုံတွေ၊ တင်ထားတဲ့ ပို့စ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

Myanmar Express က စိုင်းအောင်ထိုက်စံ က ဘာကြောင့် သွေးရူးသွေးတမ်းနဲ့ ကျနော့်ဂုဏ်သိက္ခာကို စော်ကားမော်ကား ပြုလုပ်ရသလဲ ဆိုတဲ့အချက်ကို ကျနော် စပြောပါတော့မယ်။

စိုင်းအောင်ထိုက်စံ ရဲ့ မယားငယ်လား၊ ဘာလား မသိတဲ့ ကောင်မလေးတယောက် ရှိပါတယ်။ ဒီကောင်မလေးနာမည်က နန်းအေး ပါ။ စင်္ကာပူမှာနေပြီး လူနာစောင့်အလုပ်ကိုလုပ်ပါတယ်။ ဒီကောင်မလေးက စိုင်းအောင်ထိုက်စံ ဆိုတဲ့ သူ ကွယ်ရာရောက်တာနဲ့ လူတကာနဲ့ ချက်တင် တက်ပါတယ်။ သူ့အကောင့်က 123may123may@gmail.com ဖြစ်ပါတယ်။ ကျနော့်သူငယ်ချင်းတွေ တော်တော်များများနဲ့လည်း ချက်ဖူးပါတယ်၊

>>> (အပိုင်း ၃) တွင် ဆက်ဖတ်ပါ။

.
Myanmar Express ၀က်ဆိုက်က စိုင်းအောင်ထိုက်စံ ကွယ်ရာရောက်တာနဲ့ သူ့မယားငယ် နန်းအေး က အဲဒီလို ကျနော့်သူငယ်ချင်းတွေ တော်တော်များများနဲ့ ချက်တာတွေကို ဒီ စိုင်းအောင်ထိုက်စံ ဆိုသူက သွေး၇ူးသွေးတန်းဖြစ်ပြီး သူ့မိန်းကလေးကို သူ မပြောပဲ ဘာလို့ ကျနော့်ကို တည်ကြက်ထားလိုက်သလဲ ဆိုတာ အားလုံး ၀ိုင်းစဉ်းစားကြပါ။

ဟိုကောင်မလေးကလည်း မဟုတ်တာကို လွှတ်ထားတယ်ဆိုတော့ စိုင်းအောင်ထိုက်စံက ဘာတွေများ ချုပ်ကိုင်ထားလို့လဲ ဆိုတာ စဉ်းစားစရာပါ။

>>> (အပိုင်း ၄) တွင် ဆက်ဖတ်ပါ။

.
နောက်တချက် ပြောချင်တာက စကိုင်းပီ (Skype) မှာ ဗီဒီယိုရက်ကော့ လုပ်လို့ရတယ် ဆိုတာ လူတိုင်းအသိပါ။ သူ ဘာလို့ ရီကော့ မလုပ်ထားတာလဲ။ ရီကော့ ရှိရင် တင်ပေးလေ။ ကိုယ်ထင်ထားတာတွေ လျောက်ရေးနေတာက သူများကို အသားလွတ် စော်ကားသလိုဖြစ်နေပါတယ်။

နောက်တချက်က ဒီကောင်မလေးက သူ့ကို (Myanmar Express က စိုင်းအောင်ထိုက်စံကို) တကယ်ချစ်တယ် ဆိုရင် တွေ့တဲ့ ယောက်ကျားတကာကို သူ့စကိုင်းပီ (Skype) ပေးပြီး ချက်တင် ၀င်မလား ဆိုတဲ့ အချက်ကိုလဲ ၀ိုင်း စဉ်းစားပေးစေလိုပါတယ်။

>>> (အပိုင်း ၅) တွင် ဆက်ဖတ်ပါ။

.

မှတ်ချက် ။ Myanmar Express ၏ ကျနော့်အပေါ် စွပ်စွဲချက်အမှားများ

၁။ ကျနော်က DVB နဲ့ ဆက်စပ်နေတဲ့ ၈၈ မျိုးဆက် မဟုတ်ပါ။ DVB အတွက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သတင်းထောက်ပါ။

၂။ ဓါတ်ပုံထဲက ကိုလွမ်းဏီတို့နဲ့ တွဲရိုက်ထားတဲ့လူ ("ထက်ရာဇာ" လို့ စာတန်းထိုးထားသူ) က ကျနော် မဟုတ်ပါ။ ဦးအောင်စောဦး ဖြစ်ပါတယ်။

၃။ ကျနော် အေဘီအက်စ်ဒီအက်ဖ် နဲ့ ဘယ်လိုမှ ပါတ်သက်ထားခြင်း၊ ပါတ်သက်ခဲ့ဖူးခြင်း မရှိပါ။ လူပုဂ္ဂိုလ်အရ ခင်မင်မှုများသာ ရှိပါတယ်။
ကျနော်က အေဘီ နာမည်ခံပြီး နိုင်ငံရေးခိုလှုံခွင့် ယူတယ် ဆိုတဲ့ စွပ်စွဲချက်က တော်တော် ဟာသမြောက်တဲ့ စွပ်စွဲချက်ပါ။

လေးစားစွာဖြင့်
ထက်ရာဇာ
( DVB သတင်းထောက်ဟောင်း )

[ Credit - ကိုမိုးသီးဇွန် ]



(ဦး) သိန်းစိန် အစိုးရက ကောင်းတယ် .... အခြားပါတီတွေထက် သာတယ် ဆိုတာမျိုး ပြောနေကြတာ ဘာကိုများ ကြည့်ပြောကြတာလဲ စဉ်းစား မရဘူး။


Ko Htike
2013 December 26


အနှစ် ၂၀ ကျော် ဒီလူတွေပဲ လူစုပြီး ဖျက်ဆီးခဲ့ကြတာမှာ ....

တိုင်းပြည်က ဖါ နိုင်ငံ ဖြစ်ခဲ့တယ်။

တောင်တွေ ဂတုံး ဖြစ်ကုန်တယ်။

ဧရာဝတီကို ရောင်းစားခဲ့ကြတယ်။

သဘာဝဓါတ်ငွေ့ ရောင်းရငွေတွေ ပျောက်ကုန်တယ်။

နာဂစ်မှာ လူတွေ သေတာ လက်ပိုက်ကြည့်နေခဲ့တယ်။

သံဃာတွေကို သတ်ခဲ့တယ်။

ဒေသတွင်း ချမ်းသာတဲ့ နိုင်ငံကနေ အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့တယ်။

မန္တလေးမြို့က တရုတ်ပိုင် နယ်မြေတစ်ခုအဖြစ် သေနတ် မဖေါက်လိုက်ရပဲ ကျခဲ့ရတယ်။

ဘိန်းအထွက် အများဆုံး ဒုတိယ တိုင်းပြည် ဖြစ်နေဆဲ။

သူများနိုင်ငံအတွက် မြန်မာ အမျိုးသမီးတွေကို အိမ်ဖေါ်အဖြစ် ဂုဏ်ယူစွာ တင်ပို့ခွင့် ရတဲ့ နိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။

ပညာရေးမှာ နိမ့်ကျအောင် လုပ်ခဲ့တယ်။

ကျန်းမာရေး စောင့်ရှောက်မှု ချာတူးလန် တိုင်းပြည် ဖြစ်ခဲ့တယ်။

ဘင်္ဂလားဒေ့ရှ်ကို ရေပိုင်နက် ပေးလိုက်ရတယ်။



ဒီလူတွေ လုပ်ခဲ့လို့ တိုင်းပြည် တိုးတက် ကောင်းမွန်မှု အဖြစ်
ဘယ်နားများ ချီးမွမ်းစရာ ကောင်းကွက် ရှိသလဲ
..... ပြောပြပေးပါဦးလား ..... ဗျာ။


(ကိုထိုက်)


"သိန်းစိန် အစိုးရက ကောင်းတယ်" လို့ ပြောနေကြသူတွေ ဘာကိုများ ကြည့်ပြောကြတာလဲ

.



Ko Htike
2013 December 29


"ကျွန်တော် မလုပ်တာတွေ"
(ကိုထိုက် ၏ ထိမိလှသည့် သရော်စာ)


သမ္မတနဲ့ လက်ရှိ အစိုးရကို ဝေဖန်ရအောင် မင်းကရော ဘာလုပ်ပေးနေလို့လဲ ... တဲ့။


ဟုတ်ကဲ့ ... ကျွန်တော်က ဘာမှ လုပ်ပေး မနေပါဘူး။

ကျွန်တော် မလုပ်တာတွေကိုလည်း ဆက်ပြောပါ့မယ်။


- "၁၉၉၀ မှာ စစ်တန်းလျား ပြန်မယ်" ဆိုပြီး ကတိမတည်တဲ့ လူတန်းစားနဲ့ ယူနီဖေါင်း အတူတူ မဝတ်ခဲ့ဘူး။

- အပြစ်မဲ့ ပြည်သူတွေကို ထောင်သွင်း အကျဉ်း မချခဲ့ဘူး။

- သံဃာတွေကို ထောင်သွင်း အကျဉ်းမချခဲ့ဘူး။

- သံဃာတွေ နဲ့ ပြည်သူတွေကို မသတ်ခဲ့ဘူး။

- ဧရာဝတီ၊ လက်ပံတောင်း တွေကို မရောင်းစားခဲ့ဘူး။

- ပြည်သူ့ဘဏ္ဍာ မခိုးခဲ့ဘူး။

- တရုတ်ကို ဆရာ မခေါ်ခဲ့ဘူး။

- အာဇာနည်ကုန်းကို ဗုံးဖေါက်တဲ့ လူတွေနဲ့ မပက်သက်ခဲ့ဘူး။

- မြို့လယ်ခေါင်က စာသင်ကျောင်းတွေကို ပိတ်ပြီး မြို့ပြင် တောထဲမှာ စာသင်ကျောင်းတွေ ဖွင့်တာ မလုပ်ခဲ့ဘူး။

- နာဂစ်မှာ ပြည်သူတွေ သေကြေနေတာကို လက်ပိုက်ကြည့်မနေခဲ့ဘူး။

- နာဂစ် ဒုက္ခတွေကြား မဲ မခိုးခဲ့ဘူး။

- တောင်သူလယ်သမား၊ မရှိဆင်းရဲသားတွေဆီက မြေယာတွေ မသိမ်းခဲ့ဘူး။

- ဒီပဲယင်း လူသတ်ပွဲ မကျူးလွန်ခဲ့ဘူး။

- "ဒေါသထွက်နေတဲ့ လူအုပ်ကြီး" ကို မဖန်တီးခဲ့ဘူး။

- ကားဈေးတွေ အဆမတန် ကြီးမားအောင် ... လူတန်းစား တစ်ခု ကောင်းစားအောင် ပါမစ်တွေကို လိုသလို မကစားခဲ့ဘူး။

- သံဃာတွေရဲ့ သပိတ်မှောက်တာကို ၂ ကြိမ်တိတိတောင် မဟုတ် တကြိမ်မှ မခံဖူးဘူး။

- ဘိန်းဘုရင်တွေကို အကာအကွယ် မပေးခဲ့ဘူးဘူး။

- တိုင်းရင်းသားတွေကို မသတ်ဖူးဘူး၊ အနိုင်မကျင့်ခဲ့ဘူး။

- အပစ်ရပ်ရေး စာချုပ် ချုပ်ပြီး ကတိဖျက် စစ်မတိုက်ခဲ့ဘူး။

- အမျိုးသား နိုင်ငံရေးလို့ တဖွဖွ ပြောပြီး အာဏာလုယူသူတွေရဲ့ အမိန့် မနာခံခဲ့ဘူး။

- မဟာမုနိ ရုပ်ပွားတော်ကို ဗိုက် မဖေါက်ခဲ့ဘူး။


... စတာလေးတွေ (လုံးဝ) မလုပ်ခဲ့ဘူး ... ဆိုတာပါ။


(ကိုထိုက်)


" `ပြည်သူတွေအတွက် မင်းက ဘာလုပ်ပေးနေလို့လဲ´ ဟု အစိုးရဘက်သားများက ကျွန်တော့်ကို ဝေဖန်သလို ကျွန်တော် ဒါတွေတော့ မလုပ်ပါ"

(ကိုထိုက် ၏ ထိမိလှသည့် သရော်စာ)


.

.
သားရွှေအိုးထမ်းမယ့် နိုင်ငံရေးလမ်းကို ဖောက်ထွက်ကြပါစို့


ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)
December 31, 2013


၂၀၁၄ ကြိုတွေးပြီး ရင်လေးနေမိတယ်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကနေ ဖောက်ထွက်ဖို့ လိုနေပြီ။

ဒီလိုပုံနဲ့ မိုးကြီးချုပ်ရင်.. သွားပါပြီ။

ဖောက်ထွက်ချင်တယ်။



ကျနော် ကွန်မြူနစ် တယောက်တော့ မဟုတ်ဘူး။

ဒါပေမဲ့ ကွန်မြူနစ်တွေရဲ့ လူတန်းစားတိုက်ပွဲ

နည်းနာကိုတော့ သိပ်ကြိုက်တယ်။



ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတာကိုက လူတန်းစားအလိုက်

တအုပ်စုကို တအုပ်စုက အနိုင်ကြည့်သလို ဖြစ်နေပြီ။



တအုပ်စုက ချမ်းလဲ ချမ်းသာတယ်၊ အာဏာပါဝါလည်း ရှိတယ်။

နောက်တအုပ်စုက ဆင်းလဲ ဆင်းရဲတယ်၊ အာဏာ လုံးဝမရှိ၊

လူများစု ဖြစ်တယ်၊ ပြည်သူ ဖြစ်တယ်၊ အဖိနှိပ်ခံ ဖြစ်တယ်၊

နင်းပြား ဖြစ်တယ်၊ ထောင်ခဏခဏကျသူတွေ ဖြစ်တယ်။



ဒီနေ့ နိုင်ငံရေးအခင်းအကျင်းက လုံးဝ အခြေအနေ မကောင်းဘူး။

အတိုက်အခံတွေ ယိုင်နဲ့နဲ့၊

ချော်လဲရောထိုင် အချောင်သမားတွေက ခပ်များများ၊

ကိုယ့်လူသူ့ဘက်သားတွေ နေ့တိုင်း တိုးပွားနေတယ်။



ဒါကြောင့် လူတန်းစားကို အခြေမခံဘဲ

ယိုင်နဲ့နဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ရှေ့ဆက် အလုပ်မဖြစ်တော့ဘူး။

သူတို့ ခေါင်းငုံ့ပြီး သွားတော့မယ်ဆိုတာ

လူတိုင်း မြင်နေရတယ်။



ဆင်းရဲ ချမ်းသာမှု ကွာဟလာတာနဲ့အမျှ

လူတန်းစားဟာ ပိုပြီး အလှမ်းကွာလာတယ်။

ငတ်ပြီးနေရသူတွေက တိုက်ပွဲသစ်ကို မျှော်မှန်းတယ်။

အတိုက်အခံတွေက တိုက်ပွဲကို မလိုချင်တော့ဘူး။

စစ်သူကြီးကိုယ်တိုင် အလံဖြူထောင်ထားပြီး ဆိုရင်

အဲဒီ လမ်းကြောင်းနောက် ဘယ်တော့မှ မလိုက်မိစေနဲ့။



ဒီနေ့ အရင်တုန်းက မရှိခဲ့ဘူးတဲ့ အဆမတန် ချမ်းသာတဲ့

ခရိုနီလူတန်းစား တရပ် ပေါ်လာပြီ။

အလယ်အလတ်ခရိုနီတွေကလည်း တဖြည်းဖြည်း များလာပြီ။

ကပ်ပါးရပ်ပါး မြှောက်စားပင့်စား လူတန်းစားတွေက

တဖြည်းဖြည်း လူပါးဝလာပြီ။



ဒါကြောင့် အစိုးရလူ (သို့) အာဏာပိုင်များနဲ့ ပေါင်းမစားရင်

ငတ်သေရမယ့် ခေတ်ကို ရောက်နေမှတော့

လူတန်းစားတိုက်ပွဲကို မလုပ်ရင်

ဘာတိုက်ပွဲကို သွားလုပ်မှာလဲ။



ခရုနီနှင့် အလယ်အလတ်ခရီုနီတွေ၊ အချောင်သမားတွေ

အကြောက်ဆုံးကတော့ လူတန်းစားကို အခြေခံတဲ့ လူထုတိုက်ပွဲပဲ။



ဒီမိုကရေစီ ဆိုပြီးတော့ ရရစားစား လူမှုအဖွဲ့အစည်းလောက်နဲ့တော့

တိုက်ပွဲဝင်ရင်တော့ အောင်ပွဲခံနိုင်လိမ့်မယ် မထင်ဘူး။

တကယ်ကို အောင်ပွဲခံချင်ရင်တော့ အခုကတည်းက စပြီး

လူတန်းစားအတွေးအခေါ်တွေကို ခေါင်းထဲသွင်းကြ။

အချောင်သမားနဲ့ အတွေးကြောင်သူတွေကို

အရင် တိုက်ကြမှ ဖြစ်တော့မယ်။



ရှင်းရှင်းပြောရရင် အနီးကပ်ဆုံးရန်သူကို အရင်တိုက်ကြရမယ်။

ကျနော်တို့ ခေါင်းထဲမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို

အကုန်အစင် ပြောင်းလဲမှ ရမယ်။

တိုက်ပွဲနည်းနာတွေကိုတော့ နည်းမျိုးစုံ သုံးရလိမ့်မယ်။



အလုပ်သမား၊ လယ်သမားများ ကုပ်သွေးစုတ်ခံရခြင်းမှ

ကင်းလွတ်ရေး၊ ဘ၀တိုးတက်ရေး၊ လူတန်းစေ့နေနိုင်ရေးဟာ

ဒီမိုအတိုက်အခံတွေ အာဏာရရှိရေးထက် ပိုအရေးကြီးတယ်။



အလုပ်သမား၊ လယ်သမား လွတ်မြောက်ရေးသည် ပထမ၊

ဆင်းရဲသားများ လွတ်မြောက်ရေးသည် ပထမ ဖြစ်ရမယ်။



အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားများ လွတ်မြောက်လျှင်

ဒီမိုကရေစီခရီး နီးသလားလို့ မေးလို့ရပြီ။



ဆရာဦးဝင်းတင် ပြောသလို

"ထွက်ပေါက် မရှာနဲ့၊ ဖောက်ထွက်ရမယ်"

ဆိုတာ လုံးဝမှန်တယ်။

သားရွှေအိုးထမ်းမယ့် နိုင်ငံရေးလမ်းကို ဖောက်ထွက်ကြပါစို့။


ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)


( မှတ်ချက် ။ ။ ကိုကိုဦး (ခေါ်) ဆလိုင်းကိုကိုဦး ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )


Ko Oo


သားရွှေအိုးထမ်းမယ့် နိုင်ငံရေးလမ်းကို ဖောက်ထွက်ကြပါစို့
.

.

ဒိုင်း ခင်ခင်
2014 January 1


မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပြီး သာယာဝပြောသော နိုင်ငံသစ်ဆီသို့ အတူတကွ ချီတက်နိုင်ကြပါစေလို့ ပထမဦးစွာ တောင်းဆုချွေပါတယ်။



အရပ်သားအယောင်ဆောင် စစ်အုပ်စုက ဆင်ထားတဲ့ နိုင်ငံရေးထောင်ချောက်တွေ၊ လှည့်ကွက်တွေထဲ မဝင်မိကြဖို့ သတိထားကြပါ

၂၀၁၄ ခုနစ်ကို မရေရာသော လိုက်လျောမှုတွေ၊ နိုင်ငံရေးမျက်လှည့်ပြပွဲတွေ နဲ့အတူ ချင်းနင်း ဝင်ရောက်ခဲ့ပါပြီ။ ဒီလိုအချိန်မှာ ခင်လေးတို့တတွေ သတိထားရမှာက အရပ်သားအယောင်ဆောင် စစ်အုပ်စုက ဆင်ထားတဲ့ နိုင်ငံရေးထောင်ချောက်တွေ၊ လှည့်ကွက်တွေထဲ မဝင်မိကြဖို့ အရမ်း အရေးကြီးပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရဲ့ အနီးကပ်ဆုံးနှစ် ဖြစ်သလို ပါတီစည်းရုံးရေးတွေ အပြိုင်အဆိုင် ပြုလုပ်ကြမှာဖြစ်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ကလိမ်ကကျစ်ကျစွာ ချောက်တွန်းမှုတွေကို သတိထားရမယ့် ကာလ ဖြစ်ပါတယ်။



ကြံ့ဖွံ့ပါတီ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ စည်းရုံးရေးဆင်းနေပါပြီ

ယခု လက်ရှိအာဏာရ ကြံ့ဖွံ့ပါတီရဲ့ စည်းရုံးရေးဆင်း မဲဆွယ်ပုံလေး အနည်းငယ် တင်ပြလိုပါတယ်။

မြို့ကြီးပြကြီးတွေမှာ လောလောဆယ် လှုပ်ရှားမှု မရှိသေးပေမဲ့ အတန်ငယ် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ စည်းရုံးရေးဆင်း လှုပ်ရှားမှု စတင်နေပါပြီ။



၉၆၉ နဲ့ ကြံ့ဖွံ့ နဲ့ ဆက်စပ်မှု

အဲ့ဒီမှာ ထူးခြားတာ တခုက ပါတီအနေနဲ့ တန်းပြီး မဝင်ဘဲ ၉၆၉ တရားပွဲတွေ အရင် လုပ်ပြီးပြီ ဆိုမှ ဝင်ရောက် စည်းရုံးနေတာ တွေ့ရပါတယ်။

မေးချင်တာ တခုက ၉၆၉ တရားပွဲပြီးတိုင်း ကြံ့ဖွံ့ အနေနဲ့ တိုက်ဆိုင်စွာ တနေရာထဲ တချိန်ထဲကို ဘာလို့ ရောက်ရှိလာပါသလဲ ဆိုတာကိုပါ။ ၉၆၉ နဲ့ ကြံ့ဖွံ့ နဲ့ ဆက်စပ်မှုက ဘယ်လို ရှိနေပါသလဲ။

အရမ်း စိတ်ဝင်စားစရာကောင်းပြီး မသင်္ကာစရာအကောင်းဆုံး တိုက်ဆိုင်မှုတွေပါ။



ကြံ့ဖွံ့ အနေနဲ့ ဘယ်နေရာက ဝင်ငွေတွေ ရရှိနေပါသလဲ

နောက်ပြီး ကြံ့ဖွံ့ ပါတီက နယ်တနယ်ကို အနေအထားအလိုက် စည်းရုံးရေးဆင်းဖို့ ဘတ်ဂျက် သိန်း ၅၀၊ သိန်း ၁၀၀ ချပေးနေတာလည်း တွေ့ရပါတယ်။ ဒီပိုက်ဆံတွေကကော ကြံ့ဖွံ့ အနေနဲ့ ဘယ်နေရာ အနေအထားမျိုးက ဝင်ငွေတွေ ရရှိနေပါသလဲ သိချင်ပါတယ်။
လမ်းခင်းပေးတယ်၊ တံတားဆောက်ပေးတယ် ဆိုတာ ကုသိုလ်ကောင်းမှု ရပေမယ့် အတင်းအကြပ် ဖိအားပေးပြီး ပါတီထဲ ဇွတ်သွင်းတဲ့ အနေအထားမျိုးကတော့ အာဏာရှင် ဆန်တုန်းပဲ ဆိုတဲ့ အပြုအမူမျိုးပါ။

NLD စည်းရုံးရေး မဆင်းနိုင်သေးတဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေအထိတောင် ကြံ့ဖွံ့တွေ စတင်ပြီး မဲဆွယ်နေပါပြီ။ ယခုဆိုရင် ကျေးရွာတိုင်းနီးပါး ကြံ့ဖွံ့ ဆိုင်းဘုတ်တွေ သစ်လွင်စွာနဲ့ မှိုလိုပေါက်အောင် တွေ့နေရပါတယ်။

ဒါဟာ ကြံ့ဖွံ့ ရဲ့ ကနဦး လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။



ကြံ့ဖွံ့ အနေနဲ့ ပြည်သူတွေ ရင်ထဲမှာရှိတဲ့ ယုံကြည်မှု အားကိုးမှု တွေကိုတော့ ဝယ်ယူလို့ မရနိုင်ပါ

ရိုးသားစွာ မဲဆွယ် စည်းရုံးတာတွေကို အပြစ် မပြောလိုပါဘူး။ NLD ဆိုင်းဘုတ် တင်ထားတဲ့ နေရာဘေးမှာ အတင်းအကြပ် ဖိအားပေးပြီး ကြံ့ဖွံ့ ဆိုင်းဘုတ်ကို လာထောင်ပြီး ခြေရာလာတိုင်းတဲ့ အပြုအမူမျိုးကတော့ ကလေးဆန်လွန်းတယ်လို့ မြင်မိပါတယ်။

ဘယ်လောက်ဘဲ ရံပုံငွေတွေ သုံးပြီး စည်းရုံးကြပါစေ၊ ပြည်သူတွေ ရင်ထဲမှာရှိတဲ့ ယုံကြည်မှု အားကိုးမှု တွေကိုတော့ ဝယ်ယူလို့ မရနိုင်ဘူး ဆိုတာ သက်ဆိုင်သူတွေကို သိစေချင်ပါတယ်။

အာဏာရှင် သက်တမ်း ငါးနှစ်စာ တိုးဖို့ နှမ်းဖြူးနေတယ် ဆိုတာကိုလည်း ပြည်သူတွေက နှစ်သုံးဆယ်နီးပါး ခံလာရပြီး ဖြစ်တဲ့အတွက် ကောင်းကောင်း နားလည် သဘောပေါက်နေကြပါပြီ။



အသည်းကြားက မဲတပြားကို သေချာ စဉ်းစားပြီး ရွေးချယ်ကြပါ

အချုပ်အားဖြင့် ဆိုရသော် ခင်လေးတို့အနေနဲ့ အသည်းကြားက မဲတပြားကို ---
- နှမ်းဖြူးကာ ခဏတာ ပျော်ရွှင်မှု ပေးမယ့် ကြံ့ဖွံ့ ပါတီကို ရွေးချယ်ရမလား၊
- နိုင်ငံအပေါ်မှာ သစ္စာရှိစွာဖြင့် အနစ်နာခံ လုပ်ဆောင်ကာ ပြည်သူ သန်း ၆၀ အပေါ် အလင်းရောင်ပေးနိုင်မယ့် NLD ပါတီကို ရွေးချယ်သင့်သလား .....
..... ဆိုတာကိုတော့
နှလုံးသားနဲ့ရော ဦးနှောက်နှင့်ပါ သေချာ စဉ်းစားပြီး ရွေးချယ်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ---- ။ ။


လေးစားစွာဖြင့် -

ခင်လေး


အရပ်သားအယောင်ဆောင် စစ်အုပ်စုက ဆင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲ မဝင်မိကြဘဲ ပြည်သူ သန်း ၆၀ အပေါ် အလင်းရောင်ပေးနိုင်မယ့် NLD ပါတီကို ရွေးချယ်ကြပါ
.

.

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ရုပ်သေးသမ္မတ သိန်းစိန် ရဲ့ ဝေ့လည်ကြောင်ပတ် ပြောကြားချက်


နေပြည်တော်
၂ ဇန်နဝါရီ ၂၀၁၄


တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသား တဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အချာအာဏာ တည်တံ့ ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်။


လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေး အကျပ်အတည်း တခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။


(ရုပ်သေးသမ္မတ သိန်းစိန် ရဲ့ ၂၀၁၄ နှစ်သစ်ကူး ရေဒီယိုမိန့်ခွန်း)
.

.

(ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO) -

"သမ္မတ ဦးသိန်းစိန် က ဟိုလိုလို၊ ဒီလိုလို ပြောတာကို အမေက လုံးဝ မကြိုက်ဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံလား၊ မထောက်ခံလား ရှင်းရှင်း ပြောလိုက်ပါ။ ဒါပဲ။"


"... ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သမ္မတ ဦးသိန်းစိန် က ထောက်ခံတာလား၊ မထောက်ခံတာလား ဆိုတာ ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်..."


ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂-၁-၂၀၁၄ ရက်
.

.

RFA Myanmar
2 Jan 2014



ဒေါ်အောင်ဆန်းစုကြည် - သမ္မတမိန့်ခွန်းမှာ ဘာပါလဲ ပြောစမ်းပါဦး။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - သမ္မတ ပြောတာက ---
"လူတိုင်းကိုတော့ သမ္မတ ဖြစ်ခွင့် ပေးသင့်တယ် ပေါ့နော်... မြန်မာနိုင်ငံသားထဲကဆိုရင်... တိုင်းရင်းသားထဲကဆိုရင်... ။
ဒါပေမယ့်လည်း အချုပ်အချာ အာဏာ တို့၊ ဘာတို့လည်း တဘက်က ထည့်တွက်ရဦးမယ်" လို့ ဆိုပါတယ်။



ဒေါ်အောင်ဆန်းစုကြည် - ဘယ့်နှယ် ... ပြန်ပြောပါဦး။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - အချုပ်အချာ အာဏာ တို့၊ တိုင်းပြည်ရဲ့ အချုပ်အချာ အာဏာ တို့ မထိပါးဖို့ အတွက် .....



ဒေါ်အောင်ဆန်းစုကြည် - အဲဒီလို သမ္မတ ဦးသိန်းစိန် က ဟိုလိုလို၊ ဒီလိုလို ပြောတာကို အမေက လုံးဝ မကြိုက်ဘူး။ ခပ်ရှင်းရှင်းလင်းလင်းပဲ ပြောတာ ကြိုက်တယ်။

အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကို ထောက်ခံတာလား၊ မထောက်ခံတာလား။ အဲဒီအဖြေကို ပေးလိုက်ပါ။ ဒါပဲ။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - အန်တီ၊ မြစ်ဆုံကို လုပ်စေချင်လား၊ မလုပ်စေချင်လား တခုလေး ဖြေပေးပါ ခင်ဗျား။



ဒေါ်အောင်ဆန်းစုကြည် - အန်တီ ဆိုလို့ ရှိရင် စာချုပ်ထဲမှာ ဘာပါလဲ ပထမ ကြည့်မယ်။ ကြည့်ပြီးမှ အဖြေပေးမယ်။ စာချုပ်ထဲမှာ ဘာပါမှန်းလည်း မသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်း မြင်သာမှု ဆိုတာ ဒါပဲ။

အဲဒီတော့ ဘာတွေ ကတိကဝတ်တွေ ခံထားလဲ။ နောက်ဆုံးကျတော့ ဒီကတိကဝတ်တွေကို ခံရမှာက ဒီနိုင်ငံကပဲ ခံရမှာနော်။ ပြည်သူကပဲ ခံရမှာ။

အဲဒီဟာတွေလည်း မသိဘူး။ ဘာကို သဘောတူညီထားမှန်းလည်း မသိဘူး။

အဲဒီတော့ ဘာပဲပြောပြောပေါ့နော်။ ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့ လူတွေက တာဝန်ယူစိတ်တော့ ရှိရမယ်။ မသိချင်ယောင်ဆောင်နေလို့ မရဘူး၊ မသိကျိုးကျွံ ပြုနေလို့ မရဘူး။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - တရုတ်ကတော့ "နိုင်ငံရေးအတွက် အသုံးချနေတယ်" လို့ သူတို့ကတော့ ပြောပါတယ်။



ဒေါ်အောင်ဆန်းစုကြည် - ဘယ်သူ့ကိုလဲ။ ဘာကိုလဲ။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - တရုတ်နိုင်ငံဘက်က ထင်တာကတော့ "မြစ်ဆုံ ကိစ္စကို ဒီလိုမျိုး ရပ်ထားလိုက်၊ ဒီလိုမျိုး ကစားနေတာဟာ နိုင်ငံရေးအတွက် အသုံးချနေတယ်" လို့ ယူဆမှု ရှိပါတယ်။

အန်တီကော ဘယ်လို မြင်ပါသလဲ။



ဒေါ်အောင်ဆန်းစုကြည် - အဲဒါကတော့ ပြောတဲ့လူကို သွားမေးရမှာပေါ့။ ဒါ ဟုတ်လား၊ မဟုတ်လား ဆိုတာ။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - အန်တီကော အဲလို ခံစားရသလား။



ဒေါ်အောင်ဆန်းစုကြည် - အန်တီကတော့ ခုနက ပြောတဲ့ အတိုင်းပဲလေ။ အသေးစိတ် အချက်အလက်တွေကို မသိဘဲနဲ့ မှတ်ချက် မချချင်ဘူး။

ဒါပေမယ့်လည်း ဒီ သဘောတူညီချက်တွေကို လက်မှတ်ထိုးထားတဲ့ လူတွေက တာဝန်ယူချင်တဲ့ စိတ်တော့ ရှိရမယ်၊ တာဝန်ယူစိတ် ရှိရမယ်၊ တာဝန်ယူရမယ်။




(ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO) - "သမ္မတ ဦးသိန်းစိန် က ဟိုလိုလို၊ ဒီလိုလို ပြောတာကို အမေက လုံးဝ မကြိုက်ဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံလား၊ မထောက်ခံလား ရှင်းရှင်း ပြောလိုက်ပါ။ ဒါပဲ။"


(ဧရာဝတီ မြစ်ဆုံ စီမံကိန်း နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO) - "ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့ လူတွေက တာဝန်ယူစိတ် ရှိရမယ်၊ တာဝန်ယူရမယ်။ မသိချင်ယောင်ဆောင်နေလို့ မရဘူး"



ဖွဲ့စည်းပုံ ပြင်ဆင်ရေး + မြစ်ဆုံ စီမံကိန်း နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO ကို ဒီမှာ နှိပ်ပြီး ကြည့်နိုင်ပါတယ်။
.

.
"ဒီမှာ ကိုသိန်းစိန်-- အချုပ်အချာ အာဏာ အကြောင်း ပြောမနေနဲ့။ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာက ဆုံးရှုံးနေပြီးသား။"


ကိုသိန်းစိန် အပါအဝင် အရပ်သားအစိုးရအမည်ခံ ထုံပေ ၊ လုံပေတွေက သူတို့ကို စစ်ရေးနဲ့ တိုက်ပြီး အနိုင်ယူသူ မပေါ်မချင်း ဘယ်လိုပြောပြောကို မဆင်းဘူး ဆိုတဲ့ အချိုး ချိုးနေတာ။


မခင်ဦး
2014 January 2


ဒီမှာ ကိုသိန်းစိန်--

အချုပ်အချာ အာဏာ အကြောင်း ပြောမနေနဲ့။ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာက ဆုံးရှုံးနေပြီးသား။"

ဘယ်နိုင်ငံက လာလာ -- မျက်နှာချိုသွေး လိုက်လျောနေရတာဟာ အချုပ်အချာ အာဏာ ဆုံးရှုံးမှုပဲ။


လက်ပံတောင်းက တောင် (၃၃) လုံး၊
မြစ်ဆုံ အထက်က ရေကာတာတွေကနေ အခု မြစ်ဆုံကို ရောက်လာပြီ။


တိုင်းပြည်က သစ်တောကို ခုတ်ပြီး တရုတ်ကို တနှစ်ကို သစ်တန်ချိန် ငါးသိန်း ပို့ပေးနေရတယ်။
ကုလားဘင်္ဂါလီ ၈ သိန်း ရောက်နေတယ်။
တိုင်းသူပြည်သား ဆယ်သန်း နိုင်ငံခြားမှာ ကျွန် ဖြစ်နေတယ်။
ကိုယ့်နိုင်ငံက သမီးပျိုလေးတွေ တရုတ်မယားအဖြစ် အ၀ယ်ခံနေရတယ်။
သံလွင်မြစ်က ထုတ်တဲ့ လျှပ်စစ်ကို ထိုင်းကို ပို့ရတယ်။
ထွက်သမျှ ဓာတ်ငွေ့ တိုင်းသူပြည်သားက ဘယ်နှ ရာခိုင်နှုန်း သုံးရသလဲ။


ဒီခေတ်မှာ ယူအင် က ထိန်းထားလို့ စစ်ရေးအရ ကျူးကျော်လို့ မရလို့သာ မြန်မာပြည်ကို မကျူးကျော်ကြတာ။
ကျန်တဲ့ လုပ်နိုင်ခွင့်မှာ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာ ဘယ်နေရာမှာ ရှိသေးသလဲ။
ပြောပြစမ်းပါ။


ီစီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်ပိုင်ငွေကြေး ထုတ်ပြီး ရင်းနှီး မြှုပ်နှံ နိုင်သလား။
ဘယ်မှာလဲ အချုပ်အချာအာဏာ။


ဖွဲ့စည်းပုံက မပြင်လို့ မဖြစ်ဘူး။
ဒီဖွဲ့စည်းပုံဟာ တိုင်းသူပြည်သားအတွက်တော့ အချုပ်အချာ အာဏာ လုံးဝ ဆုံးရှုံးနေတယ်။


ခင်ဗျားတို့က UN လို အဖွဲ့အစည်းမျိုးကို အရမ်း အမြင်ကပ်တယ်။ တကယ်တော့ ယူအင်ကို ခင်ဗျားတို့ ကျေးဇူးတင်သင့်တယ် ။
၁၈၈၅ ခု လောက်ကသာ ဆို -- ဟင်း-- ပွဲကတော့ ကြည့်ကောင်းမယ်။
ဒေါ်ကြိုင်ကြိုင် တို့၊ ဒေါ်ခင်ဝင်း တို့ လက်ဆွဲပြီး သင်္ဘောပေါ် တက်နေရတာကြာပြီ။


အခု --
ဖွဲ့စည်းပုံ ပြင်ဆင်တာကို ကိုသိန်းစိန်က သဘောတူတာလား၊ မတူတာလား။
ဒေါ်စုက ခင်ဗျားကို မေးနေတယ်။

ခင်ဗျားတို့ တပ်မတော်ကို ထူထောင်သူ ဖခင် ဗိုလ်ချုပ် သမီး မေးနေတယ်။


ရှင်းရှင်း ပြောပါလား။ ကိုသိန်းစိန်... ရှင်းရှင်း ပြောပါလား။ ခပ်ရှင်းရှင်း ပြော။
စိတ်လေတယ်။
တဖွဲ့လုံး ကို။
ဘာလုပ်နေကြမှန်းကို မသိတာ။


ခင်ဗျားတို့ ကနော်။
ခင်ဗျားတို့ကို စစ်ရေးနဲ့ တိုက်ပြီး အနိုင်ယူသူ မပေါ်မချင်း ဘယ်လိုပြောပြော မဆင်းဘူး ဆိုတဲ့ အချိုး ချိုးနေတာ။


လူဆိုတာ မိမိကို မကြည်ဖြူမှန်း သိရင် ---
လျှော့ရတယ်၊ နောက်ဆုတ်ရတယ်၊ ရှောင်ကြဉ်ရတယ်။


တော်ပြီ။ ဘယ်လိုပြောပြော ဒုံးခံ နေဦးမှာပါဘဲ။
တော်တော်လေး -- တော်တော်လေး ------။
ထုံပေ ၊ လုံပေတွေပါ--------------------


Makhin Oo


"ဒီမှာ ကိုသိန်းစိန်-- အချုပ်အချာ အာဏာ အကြောင်း ပြောမနေနဲ့။ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာက ဆုံးရှုံးနေပြီးသား။"


ကိုသိန်းစိန် အပါအဝင် အရပ်သားအစိုးရအမည်ခံ ထုံပေ ၊ လုံပေတွေက သူတို့ကို စစ်ရေးနဲ့ တိုက်ပြီး အနိုင်ယူသူ မပေါ်မချင်း ဘယ်လိုပြောပြော မဆင်းဘူး ဆိုတဲ့ အချိုး ချိုးနေတာ။

.