မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မှတ်ချက်တချို့အား အကြောင်းပြန်ခြင်း

ပထဦးစွာ ကျွန်မ မအားတဲ့အချိန်မှာ ဘလော့ဂ်မှာ အိမ်ရှင်မရှိပေမဲ့လည်း တကူးတက ရောက်လာကြသူတွေ၊ နှုတ်ဆက် ဆုတောင်းပေးသွားသူတွေ၊ စာလာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီပို့စ်က Evolution and Revolution ပို့စ်မှာ နောက်ဆက်တွဲ မှတ်ချက် လာရေးထားသူများထဲမှ တချို့မှတ်ချက်တွေကို အကြောင်းပြန်ထားတဲ့ ပို့စ်ဖြစ်ပါတယ်။ တချို့သူတွေရဲ့ ဆွေးနွေးချက်တွေက လိုရင်းတိုရှင်း အကြောင်းပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ အကြောင်းပြန်ချက်တွေက သိပ်ရှည်နေလို့ ပို့စ်တခုအနေနဲ့ပဲ တင်ပေးလိုက်ပါတယ်။ လိုရင်းတိုရှင်း အကြောင်းပြန်လို့ရတဲ့ မှတ်ချက်တွေကိုတော့ ပို့စ်အောက်က မှတ်ချက်နေရာမှာ အကြောင်းပြန်ထားပါတယ်။ ဒီပို့စ်မှာ Anonymous များ၊ Under Wager World နဲ့ MG တို့ မိမိ မှတ်ချက်ကို မိမိ ပြန်ရှာပြီး အကြောင်းပြန်ချက်ကို ရှာဖတ်နိုင်ပါတယ်။


Anonymous said... (June 14, 2010 10:07 PM)

ဟုတ်။ ကွန်မန့်တွေက မတ်လတုန်းကဆိုတာ သတိမထားမိလို့ပါ။ မိတ်ဆွေတွေဖြစ်သွားကြတယ်ဆိုတာ ရန်သူဖြစ်တာနဲ့စာရင် အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အရမ်းခင်တဲ့ မိတ်ဆွေတွေဖြစ်သွားတာနဲ့ မေးခွန်းတွေမဖြေတော့တာ ဘယ်လိုပါတ်သက်ပါသလဲ သိချင်ပါတယ်။ သူများအပူကို ကိုယ့်အပူလုပ်တာမဟုတ်ပါ။ သူတို့တွေ မေးတဲ့မေးခွန်းတွေရဲ့ အဖြေကို သိချင်လို့ပါ။ကျန်တဲ့သိချင်တာတွေကိုတော့ (၁၈)ရက်နောက်ပိုင်းမှမေးပါ့မယ်။ ကျေးဇူး။

ပြန်ကြားချက်

Anonymous (June 14, 2010 10:07 PM) - မိတ်ဆွေ ဖြစ်သွားလို့ မေးခွန်းတွေ မဖြေတော့ဘူးလို့ ကျွန်မမပြောခဲ့ဘူး။ မေးခွန်းတွေ ဖြေပြီး ရှင်းလင်းသွားပြီးမှ မိတ်ဆွေဖြစ်သွားတယ်လို့ ပြောပါတယ်။ စာကိုသေသေချာချာ မဖတ်ဘဲနဲ့ တိုက်ခိုက်ဖို့ပဲ ဦးတည်ပြီး ပြောလာတာမျိုးကို ကျွန်မ နောက်ထပ် အကြောင်းပြန်ဖို့ မရှိဘူးလို့ အသိပေးပါရစေ။ ဒီတော့ သိချင်သူအတွက် ၀င်နာပေးနေဖို့၊ စိတ်ပူနေဖို့ မလိုတော့ပါဘူး။ မိမိ သိချင်တာရှိတာကိုပဲ မေးပါ။ ကျွန်မတင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်ရင်ကျွန်မ ဖြေမယ်။ မဆိုင်တာလမ်းကြောင်းလွဲအောင် လုပ်တာဆိုရင် လက်မခံဘူးလို့ပဲ အကြောင်းပြန်လိုပါတယ်။

Anonymous said...( June 15, 2010 9:15 AM)

အင်းရီတါနဲ့ အမည်မဖော်သူတွေရေးထါးတါအတော်ရှင်း နေပါတယ်။ ရီတါပြောတါကိုနားလည်တဲ့သူတွေနားလည် ကြပါလိမ့်မယ်။နားမလည်သူတွေလဲရှိမှာပေါ့ါ။
အခုတလေါတော်လှန်ရေးအော်ကြတဲ့အင်တါနက်တွေအ တော်များပါတယ် ရီတါပြောတါကိုယ်တွေ့နဲ့ယှဉ်ပြီးသ ဘေါပေါက်တယ်။ ကိုယ့်ပါတ်သက်တဲ့ချာတိတ်တွေလဲ ဒီအကြောင်းဘဲရှင်းပြတယ်။၈၈ဆိုတါဘါကြောင့်လဲ(ကိုယ်တွေ့)စစ်တန်းလဲထုတ်ပြတယ်။
အမည်မဖော်သူရေးတဲ့မှတ်ချက်ကိုတေါ့ သဘေါကျလို့ပြုံးမိပါတယ်။(ကိုယ်တွေ့ပါဘဲ)။ ငါ့အယူအဆနဲ့မတူရင် အတွေ့အကြုံလိုသေးလို့ မလေ့လါလို့ ဝေဖန်လို့ချက်ကေါင်းထိရင်ရိုင်းလို့ဖြုတ်ပြစ်တယ်တို့ လါရေးလို့အစိုးရလုပ်ရပ်ကိုစိစစ်ထေါက်ပြပြီးလက်ခံထေါက်ခံတဲ့အသံလေးများထွက်လါရင် ကပ်စါးယပ်စါး (ဘယ်သူလါရေးတယ်ဆိုတါမသိဘဲနဲ့နော်)ပုဂ်ဂိုလ်ရေး ထိခိုက်ရေးတါတွေကြတေါ့ အမှန်တရားတဲ့။ အဲတေါ့ တော်လှန်ရေးအော်တဲ့ အော်ခိုင်းတဲ့မြှောက်ပေး တဲ့သူတွေဆို ကိုယ်တိုင်ဘဲမြန်မါပြည်ပြန်လုပ်ကြပါလို့ ရှေ့ကဦးဆောင်အလံထေါင်တက်ကြပါ ဒို့ကနောက်ကလိုက်ပါ့မယ်လို့သါပါဘဲပြောချင်ပါတယ်။
နောက်တခုကဒို့မြန်မါတွေပြောတဲ့မြှောက်ပေးရင်ေ-းတက်အေါင်ကတဲ့သူတွေလဲရှိကြမှာပါ။

ပြန်ကြားချက်။

Anonymous ရေ- အဲဒီလို အပြောမခံချင် အလုပ်မခံချင်ရင် ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ဘဲ၊ မထေ့ဘဲ မငေါ့ဘဲ သိက္ခာရှိရှိ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးတတ်အောင် ကြိုးစားပါ။ ပြီးတော့မှ ကျွန်မဘလော့ဂ်မှာ မှတ်ချက်ဝင်ရေးပါလို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပါတယ်။ ဒီအတွက်ကြောင့် အဲဒီရဲ့ သဘောသဘာဝအတိုင်းပဲ ကျွန်မဘလော့ဂ်က ဆွေးနွေးတာကို စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရအတိုင်း အပြန်အလှန်လေးစားပြီး ယဉ်ယဉ်ကျေးကျေးကျေး ဆွေးနွေးတဲ့ နေရာအဖြစ်ပဲ သဘောထားပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပဲလို့ ရေးချင်သလို လာရေးနေတာကို လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သဘောထားမတူပေမဲ့ တခြားသူတွေ ဘယ်လိုယဉ်ယဉ်ကျေးကျေး ဆွေးနွေးကြတယ်ဆိုတာကို လေ့လာပါ။ ပြီးတော့ အလေ့အကျင့်ရမှ ပြန်လာဆွေးနွေးပါ။ Yita ကို ကျွန်မ ပြန်ဆွေးနွေးထားတဲ့ အချက်တွေမှာ မချေမငံပြန်ပြောလိုက်တာ တခွန်းမှမပါဘူး သေသေချာချာ ပြန်ဖတ်ပါ။

(((တော်လှန်ရေးအော်တဲ့ အော်ခိုင်းတဲ့မြှောက်ပေး တဲ့သူတွေဆို ကိုယ်တိုင်ဘဲမြန်မါပြည်ပြန်လုပ်ကြပါလို့ ရှေ့ကဦးဆောင်အလံထေါင်တက်ကြပါ ဒို့ကနောက်ကလိုက်ပါ့မယ်လို့သါပါဘဲပြောချင်ပါတယ်။)))

နောက်ကလိုက်ပြီးရင် ဘယ်သူပါတယ်ဆိုတာ လိုက်ကြည့်မှတ်တမ်းယူပြီး သခင်တွေကို သတင်းပို့ဖို့၊ ဆန္ဒပြတဲ့ အရှိန်အဟုန် မြင့်လာရင် အကြမ်းဖက်တာတွေ လျှောက်လုပ် ပြီးတော့ ဆန္ဒပြသမားတွေ အကြမ်းဖက်တယ်ဆိုပြီး စစ်တပ် အာဏာသိမ်းဖို့ အခွင့်အရေးရအောင် လုပ်ဖို့အတွက် Anonymous တို့လိုလူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေနောက်မှာ အမြဲတမ်း လိုက်မယ်ဆိုတာ ယုံပါတယ်။ ကျွန်မက မြှောက်ပေးတာမဟုတ်ဘူး ကိုယ်တိုင် တကယ်လုပ်ခဲ့လို့ တကယ်ပြောတာ ဖြစ်တယ်။ ကျွန်မတို့ ပြောနေတာ ဒီမိုကရေစီ နည်းလမ်းနဲ့ လွဲချော်နေတာ တခုမှ မရှိပါဘူး။ ဒီမိုကရေစီ ထူထောင်ပေးမယ်လို့ ပြောနေတဲ့ နအဖတွေပဲ ဒီမိုကရေစီမဟုတ်တာတွေကို ဒီမိုကရေစီဆိုပြီး လိမ်နေတာ ဖြစ်တယ်။ ခုချိန်မှာ ကျွန်မက မြန်မာပြည်ထဲ ပြန်လာပြီး လုပ်စရာမလိုတော့ဘူး ကျွန်မတို့က ကိုယ့်အလှည့်မှာ လုပ်ခဲ့ပြီး မသေလို့ ကျန်နေသူတွေ သာဖြစ်တယ်။ ကျွန်မ ဘလော့ဂ်မှာ စာအမြဲလာဖတ်နေသူဆိုရင် ကျွန်မက ကိုယ်ကျိုးအတွက် ကြည့်ရင် အချိန်မရွေး ပြန်လာပြီး ကပ်ဖါးယပ်ဖါးတောင် ဘာမှ လုပ်နေစရာမလိုဘဲ အေးအေးဆေးဆေး ပြန်နေလို့ရပါတယ်။ ပြန်မလာတာက ပြည်သူလူထုအတွက် အပြင်ကနေပြီး လုပ်ပေးလို့ ရတာတွေလုပ်လို့ ရနေလို့ ပြန်မလာတာဆိုတာ သဘောပေါက်သင့်တယ်။

Anonymous said...( June 15, 2010 10:58 AM)

အော် မေ့သွါးတါတခုထပ်ပြောမလို့ပါ။ ဒါဝင်က survival of the fittest ဆိုတါ ပြောမသွါးဘူးဆိုတါပါ။ မယုံရင်လဲမူရင်းရှာဖွေဖတ်ကြည့်ပေါ့၊ ရည်ညွှန်းချက်လုပ်ချင်ရင်လဲလုပ်ချင်တဲ့အကြောင်းကိုသေ ချာနားလည်အေါင်လုပ်ပြီးဒေါင့်စေ့အေါင်လေ့လါပြီးမှလုပ်ရင်ကေါင်းပါတယ်။ ဒါတေါင်အမှားပါတတ်ပါသေးတယ်။ တော်လှန်ရေးဘဲပြောပြော တဖြေးဖြေးပြောင်းလဲမှု့ ဖြစ်စဉ်ဘဲပြောပြော သူ့နိုင်ငံနဲ့သူ့ဒေသနဲ့သူ့ယဉ်ကျေးမှု့နဲ့ စပ်ဟတ်ဘို့လိုပါတယ်။ တော်လှန်ရေးဆိုတါ Artificial Selection လို့ဆိုတါနဲ့ ပါတ်သက်လို့လဲ လိုရာဆွဲတွေးရင်တေါ့ဖြစ်ပါလိမ့်မယ်။ Correllation and mutual dependency of evolution and revolution process ဆိုတါနားလည်အေါင်ကြိုးစါးကြည့်ပါအုံး။ စစ်တပ်ပေါ်တါဆွဲတါ ဒီစစ်တပ်ကြောင့်လုမျိုးစုပြသနာဖြစ်ရတါ။ (မြန်မါပြည်မှာပြည်တွင်းစစ်မရှိပါ ပြည်တွင်းသေါင်းကျန်းမှု့သါရှိပါသည်)လို့တဘက်သတ်ထင်ရာရေးနေမဲ့အစါး ခြေခြေမြစ်မြစ်ပြသနာအရင်းရှာတတ်အေါင် ရေးတတ်အေါင်ကြိုးစါးကြည့်ပါအုံး။


June 15, 2010 10:58 AM
Anonymous said...( June 15, 2010 9:10 PM)
၁၈ ရက်နောက်မှလဲလါလည်စရာမလိုပါဘူးကွယ်။ လွယ်လွယ်ဘဲရှာလို့ရတဲ့အေါက်ကဟါဘဲဖတ်ကြည့်ပေါ့လေ ဖတ်တတ်ရင်ပေါ့နော်။


Charles Darwin quotation
The survival of the fittest
Charles Darwin is often credited with coining the phrase - "the survival of the fittest" - however such attribution is not really correct.

Darwin wrote about species being engaged in a competitive Struggle for Existence. This struggle being seen, by Darwin, as primarily a struggle for food to support growth, life, and the generation of young individuals to continue the species in question.

The actual term survival of the fittest however was actually fully attributed by Darwin himself to another source:-

"I have called this principle, by which each slight variation, if useful, is preserved, by the term Natural Selection, in order to mark its relation to man's power of selection. But the expression often used by Mr. Herbert Spencer of the Survival of the Fittest is more accurate, and is sometimes equally convenient."

ပြန်ကြားချက်

ဒုက္ခပါပဲ ဒါဝင်သီအိုရီကို ဒါဝင်မပြောဘူးလို့ ဆိုလာတဲ့ သူကလည်း ရှိသေးတယ်။ လာရေးကတည်းက Biology အကြောင်း၊ ဒါဝင်သီအိုရီအကြောင်း ဘာမှနားမလည်ဘူးဆိုတာ သိပ်ကို သိသာနေပါတယ်။ Survival of fittest ဆိုတာ သက်ရှိတွေရဲ့ သဘာဝတရားအပေါ် တုံ့ပြန်မှုကို ဖေါ်ပြတဲ့ ဒါဝင်သီအိုရီ Natural Selection ရဲ့ ဖြစ်စဉ်တခုဆိုတာ ကြီးကြီးကျယ်ကျယ် ဘယ်နေရာမှာမှ Research လိုက်လုပ်နေစရာမလိုဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ High School အဆင့် Biology သင်ဖူးသူ ဘယ်သူမဆို သိပါတယ်။ သာမန်လူတွေ နေကို ကမ္ဘာက ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လှည်ပတ်နေတယ်၊ ဗုဒ္ဓရဲ့တရားဟာ အနတ္တကို အခြေခံတဲ့ နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်တယ် ဆိုတဲ့ အချက်တွေကို Common Sense အနေနဲ့ သိသလိုမျိုး ဒါဝင်သီအိုရီမှာ Survival of fittest ဆိုတာဟာ ဒါဝင်ရဲ့ Evolution ကို သရုပ်ဖေါ်မှုတခုဆိုတာ အခြေခံ Biology သင်ဖူးသူတိုင်း သိထားတဲ့ အချက် တခုမျှသာ ဖြစ်ပါတယ်။

ပိုမိုအသေးစိတ်ကျတာကို လေ့လာရင်တော့ Survival of fittest ကို ဒါဝင်မတိုင်ခင်ဖြစ်စေ၊ ဒါဝင်နဲ့ တခေတ်တည်းမှာ ဖြစ်စေ လက်ခံသူ Hypothesis လုပ်သူအများကြီး ရှိနိုင်ပါတယ်။ ဒီအထဲမှာမှ ဒါဝင်က သက်ရှိတွေရဲ့ အလေ့အထကို လေးငါးနှစ်တာ ကမ္ဘာပတ်လေ့လာပြီး သီအိုရီတခုကို ဖေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒါဝင်က သူ့သီအိုရီကို ဖေါ်ထုတ်ရာမှာ လူပေါင်းများစွာရဲ့ လေ့လာမှုတွေကို ကိုးကားရင်ကိုးကားမယ် ဒါဟာ Research တခုရဲ့ သဘောသဘာဝသာ ဖြစ်တယ်။ ကျွန်မပို့စ်မှာ ပါတဲ့ အချက်အလက်တွေဟာ ဘယ်တက္ကသိုလ် အဆင့်မြင့် စာအုပ်စာတမ်းထဲကမှ မဟုတ်ဘူး။ အခြေခံပညာ အထက်တန်းအဆင့် Biology စာအုပ်တိုင်းလိုမှာ (မြန်မာပြည်ကစာအုပ်ကို မဆိုလို) တွေ့နိုင်တဲ့ အချက်တွေ ဖြစ်တယ်။ Artifical Selection ဆိုတာ Natural Selection လို သဘာဝအလျှောက် ဖြစ်လာတာမဟုတ် လူတွေက ပြုပြင်ဖန်တီးထားတာ ဖြစ်လို့ လူတွေက လုပ်မှဖြစ်လာတဲ့ Revolution နဲ့ ကျွန်မ ဥပမာပေးထားတယ်ဆိုတာ စာဖတ်သူတိုင်း နားလည်နိုင်ပါတယ်။ မိုးခေါင်ရေရှား ဖြစ်နေတာကို ရာသီဥတု အတုဖန်တီးပြီး မိုးပေးရွာတာ သဘာဝအလျောက် Natural Selection အရမဟုတ်ဘဲ လူက ပြုပြင်ဖန်တီးလိုက်လို့ ဖြစ်လာတဲ့ Artifical Selection သာဖြစ်ပါတယ်။ ဒါကြောင့် ဥပမာပေးတာကို Anonymous က နားမလည်ဘူးဆိုရင် ပြန်ဖတ်ကြည့်ဖို့ပဲ ကျွန်မ တိုက်တွန်းချင်ပါတယ်။

ကျွန်မကို တိုက်ခိုက်လိုတိုင်း ဒါဝင်သီအိုရီကို ဒါဝင်မပြောခဲ့ဘူးဆိုပြီး အဓိပ္ပါယ်မရှိတာတွေ လာပြောမည့်အစား Research ရဲ့ သဘောသဘာဝကို အရင်လေ့လာပါလို့ပဲ ကျွန်မ ပြောချင်ပါတယ်။ နောက်တခု တောင်းဆိုချင်တာက Anonymous ရေးထားတဲ့ ဒါဝင်ကိုးကားထားတဲ့ စာသားက အင်္ဂလိပ်စာတတ်သူ ဘယ်သူမဆိုရေးလို့ရတယ်။ ဒါကြောင့် ဒါကို ဒါဝင်ပြောထားတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား Reference အတိအကျ လာရေးပေးဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်။ မယုံလို့ မဟုတ်ဘူး လိုအပ်လို့ တောင်းဆိုတာ ဖြစ်တယ်။ အဲဒီလို တိုက်ရိုက်ကူးယူလာထားတဲ့ စာသားဆိုတာ Bibliography (ကျမ်းကိုး) အတိအကျ ထည့်ဖို့လိုတယ်ဆိုတာ ကျွန်မသားလေး ၁၀ နှစ်သားတောင် သိပါတယ်။ လူကြီးတယောက် ဖြစ်တဲ့ Anonymous မိမိယူလာတဲ့ နေရာက Source ကို ဖြစ်အောင် လာထည့်ပေးပါ။ Reference မပါဘဲ သူများရဲ့ စာသားကို တိုက်ရိုက်ဖေါ်ပြတာ စာခိုးချတာပဲ။ စာခိုးချတာကိုလည်း ကျွန်မဘလော့ဂ်မှာ လက်မခံဘူး။ လာမထည့်ပေးရင် နောက် ၂၄ နာရီကြာရင် အဲဒီမှတ်ချက်ကို ကျွန်မ ဖျက်မယ်။

Under Water World said...
Dear Sis,

I would like to discuss my point of view. I already comment other bloger very similar with your post but I would like to know how you reply.

Democracy can not be imposed in a country. Democracy is the result of an evolution and will not work if the necessary institutions and civil/social education of the inhabitants are already in place. We can see this in many countries where democracy has been “imported”. Institutions that will be independent and fair, that little by little will improve the rights of the people and resist the influence of the government (whether it is a military or an elected government). The education of the people is even more crucial to be able to understand their rights and responsibilities to critically analyze the proposals of the candidates and not be manipulated.

It is easy to criticize that we are not doing enough for democracy inside the country. Confronting the government would be like committing suicide; it would only result in blood. Many of our people are spending their lives in prison without any chance to have any political success. It is easy to feel the victim as a refugee, only because returning home would mean to end up in jail. That is exactly what happens to our people who stayed in Myanmar. The people who stay are the victims, and not only the ones in jail or persecuted but the people who can not get a proper job, who can not pay for the food to raise their family. Yes, those are the victims.

The way we can change our country is by educating our people and that would mean to be educated abroad and then return and help to develop and build up the country, to bring in investors and to help the country to open up. In the meantime, we can help getting people out of Myanmar and help them to get jobs and send money back for their families to survive. Not much more we can do.
June 16, 2010 6:13 AM

အကြောင်းပြန်ချက်

UWW ရဲ့ ပထမပိုဒ်မှာ ပြောထားတဲ့ ဒီမိုကရေစီဆိုတာ Evolution က ကနေ ဖြစ်လာတယ်ဆိုတာ လက်ခံပါတယ်။ ဟုတ်ပါတယ် သက်ဦးဆံပိုင် ဘုရင်စနစ်တွေကနေ စည်းမျဉ်းခံဘုရင်စနစ်တွေ ဖြစ်လာရတာ Evolution Process အတိုင်းပဲ ဖြစ်ပုံရပါတယ်။ UWW ပြောထားတဲ့ အသေးစိတ်ကျတဲ့ တချို့ အချက်တွေကိုလည်း လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါကလွဲရင် UWW ရဲ့ ဆွေးနွေးချက် တခုလုံးအနေနဲ့ကတော့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရာမှာ အစ်မနဲ့ လုံးဝကို ကွဲလွဲတာကို တွေ့ရပါတယ်။ UWW က Revolution အတိုင်း သွားမယ်ဆိုရင် လူတွေက အကျဉ်းထောင်ထဲမှာ အချိန်ကုန်တာနဲ့ မိမိကိုယ်ကို သတ်သေသလို ဖြစ်နေတယ်လို့ Evolution အတိုင်း စစ်တပ်နောက်ကို မှိန်းလိုက်သွားရင်း တဖြည်းဖြည်းချင်း လုပ်ယူတာက ပိုပြီး အကျိုးရှိမယ်လို့ ယူဆပုံရတယ်။ ပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီဆိုတာ အခုမှစတင်တဲ့သဘောမျိုး UWW က ယူဆပါတယ်။ UWW ဆွေးနွေးတာ အစ်မ ဒီလိုပဲ နားလည်တယ်။ မဟုတ်ရင်တော့ ပြန်ပြောလို့ရတယ်နော့်။ မြန်မာပြည်မှာ ဒီမိုကရေစီက အခုမှစတာ မဟုတ်ပါဘူး။ လွတ်လပ်ရေး ရတကည်းက စခဲ့တာပါ။ အပေါ်မှာ UWW ပြောတဲ့ အချက်တွေ ဖြစ်လာဖို့ စစ်တပ်သဘောမတူဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ စစ်တပ်ကလည်း သူ့အကျိုးမဟုတ်ဘဲ ပြည်သူလူထုအကျိုးအတွက် ဘယ်တော့မှ တခုခုကို လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဒီမိုကရေစီကို Evolution ကတဆင့် ဖြစ်လာတယ်ဆိုတာကလည်း ဒီမိုကရေစီဆိုတာ မပေါ်ခင်တုန်းက တစ် ကနေ စတင်လာတုန်းကသာ ဖြစ်တယ်။

ပထမအချက် ပြောလိုတာက မြန်မာနိုင်ငံဟာ UN အဖွဲ့ဝင်နိုင်ငံတခု ဖြစ်သလို လူ့အခွင့်အရေးကို စတင်မွေးဖွားကတည်းကတောင် ဦးဆောင်ပါဝင်လာတဲ့ နိုင်ငံတခုဖြစ်ပြီး ၆၂ ခုနှစ်အထိ ဒီမိုကရေစီ နိုင်ငံအဖြစ် (လူမျိုးစုပြဿနာနဲ့ တချို့ပြဿနာ အနည်းအကျဉ်းရှိတာကလွဲရင်) ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီတော့ မြန်မာနိုင်ငံက ဒီမိုကရေစီကို အခုမှ စတင်မွေးဖွားမှာ မဟုတ်ဘူး။ နဂိုကတည်းက ရှိပြီးသားကို Restore ပြန်လုပ်ဖို့ လိုနေတာသာ ဖြစ်ပါတယ်။ ဒီလို စစ်တပ်သူ့အလုပ် သူပြန်လုပ်ရင် ဒီကိစ္စကို တိုင်းသူပြည်သားတွေက ဒီမိုကရေစီ ကျင့်စဉ်အတိုင်း သွားရုံပဲ ရှိပါတယ်။

ရှိပြီးသား အရာတခုကို ပြန်လည်တည်ဆောက်တာ မဟုတ်ဘဲနဲ့ တဖြေးဖြေးပြောင်းယူမယ်ဆိုပြီး စစ်အုပ်စု ခင်းပေးတဲ့ မတရားတဲ့၊ ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီဆိုပြီး ဗြောင်လိမ်ပြီး ခင်းထားတဲ့ လမ်းကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မျောလိုက်ပြီး Evolution Process အတိုင်း တဖြေးဖြေးပြောင်းလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ပြောင်းလို့မရအောင်ကို လွှတ်တော်မှာ ၂၅% ကို ဘယ်သူမှ မဲပေးစရာမလိုဘဲ အလိုလို တက်ယူထားတဲ့အပြင် ဗီတိုအာဏာကိုပါ ယူထားပြီး ဖြစ်လို့ပါ။ အခု စစ်တပ်သွားနေတဲ့ လမ်းကြောင်းက ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် စစ်ကျွန်စနစ်ကိုသာ လုံးလုံးကြီး ဦးတည်သွားနေပါတယ်။ စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ၊ ၉၀ ခုနှစ်က အနိုင်ရထားတဲ့ NLD နဲ့ မဆွေးနွေးဘဲ ဆက်ပြီး ခေါင်းမာနေရင် Revolution နည်းနဲ့ ပြောင်းမှပဲ ရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အရင်ပေါ်ပေါက်ခဲ့ဖူးတဲ့ ဖွဲ့စည်းပုံ နှစ်ခုအနက် ၄၇ ဖွဲ့စည်းပုံကို ဦးနေ၀င်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးနဲ့ ဖျက်ဆီးစေခဲ့သလို၊ သူတို့ ဆွဲထားတဲ့ ၇၄ ဖွဲ့စည်းပုံကိုလည်း ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးက ဖျက်ဆီးခဲ့ပါတယ်။ အခုဆွဲပြီး နာဂစ်ကာလ လူထု ဒုက္ခရောက်နေချိန်မှာ အတင်းအဓမ္မမ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း တော်လှန်ရေးနဲ့ပဲ ပြောင်းမှ ရနိုင်လိမ့်မယ်။

ဒီဖွဲ့စည်းပုံအောက်မှာ ဘာပဲလုပ်လုပ် စစ်တပ်ကို သံတော်ဦးတင်ပြီးမှ လုပ်လို့ရတယ်။ စစ်တပ်ဟာ ပြည်သူလူထု ကောင်းကျိုးအတွက် ဘာမှ လုပ်ခွင့်မပေးဘူး၊ သူတို့ကောင်းကျိုးအတွက် ရွာပြောင်း၊ လယ်မြေသိမ်း အတင်းအဓမ္မခိုင်းချင်သလို ခိုင်းပြီး လူထုကို တချိန်လုံး ဒုက္ခပေးနေလို့ လူထုအတွက် ဘာမှကောင်းအောင် သူတို့လက်အောက်မှာ လုပ်လို့မရနိုင်ဘူး။ စစ်ခေါင်းဆောင်တွေဟာ သူတို့အတွက် လုပ်နေတာလား လူထုအတွက် လုပ်နေတာလား ဆိုတာ ၆၂ မတိုင်ခင်က ကမ္ဘာ့အလယ်မှာ တင့်တယ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၈၈ မှာ အဖွံ့ဖြိုးမှု အနည်းဆုံး စာရင်းဝင်ဖြစ်သွားပြီး ဦးနေ၀င်းက ကမ္ဘာအချမ်းသာဆုံး စာရင်းထဲဝင်နေတယ်၊ အခုလက်ရှိ မြန်မာပြည်မှာ အစာကတော့ ထားလိုက်တော့ ရေတောင် ငတ်ပြတ်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင်တွေနဲ့ ကပ်ဖါးယပ်ဖါးတွေက တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်သုံးစွဲပြီး လူချမ်းသာတွေ ဖြစ်နေတာကို ကြည့်ပြီး သိနိုင်ပါတယ်။ စစ်အာဏာရှင်လက်ထက်မှာ မြန်မာပြည်ဟာ မဆလလက်ထက်ကထက် ပိုတောင် ဆိုးလာသေးတယ်။ လက်ရှိလုပ်နေတဲ့ လုပ်ရပ်တွေက စစ်အာဏာရှင်တွေ အောက်မှာ ဒီမိုကရေစီကို တဖြေးဖြေး လုပ်ယူလို့ ဖြစ်နိုင်မဖြစ်နိုင်ကြောင်း သက်သေသာဓကတွေ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံကို မပြောင်းပဲနဲ့ တိုင်းပြည်ကို တဖြေးဖြေး ပြောင်းလို့ မရပါဘူး။ ဖွဲ့စည်းပုံကလည်း ပြောင်းလို့မရအောင် စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ အချိန်မရွေး အာဏာသိမ်းနိုင်တဲ့ ဗီတိုအာဏာ ယူထားတယ်။ စစ်တပ်က တပ်မတော်သားတွေမှာလည်း တိုင်းပြည်ကို အင်မတန်ချစ်ပြီး စစ်တပ်က နိုင်ငံရေးမှာ မဆိုင်ဘဲ ၀င်ပါနေရတာကို ငြီးငွေ့လာသလို မိခင်တိုင်းပြည်ကိုလည်း တခြားဒီမိုကရေစီ နိုင်ငံတွေနည်းတူ အမှန်တကယ် တကယ်တိုးတက်စေချင်သူတွေ ရှိလာတယ်ပဲ ထားပါတော့ စစ်တပ်ကိုယ်စားလှယ်ထဲမှ အများစုက ပြုပြင်ပြောင်းလဲလိုသူတွေ ရှိလို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေနဲ့ဆို ကံအားလျော်စွာ ၇၅% ကို လွှတ်တော်မှာ စည်းရုံးလို့ ရသွားပြီး ဖွဲစည်းပုံကို ပြုပြင်ပြောင်းလဲဖို့ ဆိုတင်သွင်းလာတယ်ပဲ ထားလိုက်တော့(တကယ်တော့ ဖြစ်နိုင်မယ်မထင်ပါ)။ စစ်ခေါင်းဆောင် အာဏာရှုးကြီးက ဗီတိုအာဏာနဲ့ အဆင်သင့် ပယ်ချဖို့ ရှိနေပါတယ်။ ဒီလို ပယ်ချတာကို မကျေနပ်လို့ လွှတ်တော်ထဲမှာရော အပြင်က ပြည်သူလူထုကြားမှာလည်း မကျေမချမ်းဖြစ်ပြီး တောင်းဆိုတာတို့ ဘာတို့ထလုပ်ရင်လည်း ဗီတိုအာဏာနဲ့ တရားဝင် အာဏာသိမ်းပြန်ဦးမယ်။ အခု အာဏာသိမ်းထားတာ တရားဝင်မဟုတ်ပေမဲ့ ဟိုအချိန်ကျရင် ငါတို့တရားဝင်လုပ်တယ်၊ ဖွဲ့စည်းပုံမှာကြည့်ဆိုပြီး ဖွဲ့စည်းပုံ ထိုးပြရုံပဲ။ အဲဒီတော့ စစ်တပ်အောက်ကနေပြီး Evolution Process အတိုင်းပဲ သွားဖို့နည်းလမ်းကို မြင်တဲ့ UWW ရေ - နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီကို Evolution အတိုင်း တဖြေးဖြေး ပြောင်းလို့မရအောင်၊ ပြည်သူလူထုကို မလူးသာ မလှုပ်သာ ဖြစ်အောင် လုပ်ထားတာကို လေ့လာကြည့်ဖို့ကိုပဲ အစ်မတိုက်တွန်းချင်ပါတယ်။

ဒါဖြစ်ရင် Revolution လုပ်ရင်လည်း ထောင်ထဲနဲ့ သေတွင်းထဲ သွားတိုးဝင်ရုံပဲ ဖြစ်မယ်ဆိုတော့ ဘယ်လိုလုပ်မလဲလို့ မေးစရာ ရှိတယ်။ ဘယ်လိုမှမလုပ်ရင် စစ်ကျွန်မဘ၀ကို ရောက်ပြီး ဒီထက်ပိုဆိုးမယ်။ နည်းနည်းပဲလုပ်ရင်လည်း ထောင်ထဲကို အများဆုံးရောက်နိုင်ပြီး သေတွင်းထဲကိုလည်း ရောက်နိုင်ပါတယ် မငြင်းပါဘူး။ တနိုင်ငံလုံးအတိုင်းအတာအထိ ညီပြီး လုပ်ရင်တော့ သတ်ဖို့ အမိန့်ပေးခံရသူတွေကလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့ နှလုံးသားရှိတဲ့သူတွေပဲ ဖြစ်တော့ အများစုကြီးကညီရင် တနိုင်ငံလုံးကို သတ်နိုင်မှာ မဟုတ်သလို မသတ်ဘဲ ထောင်ထဲထည့်ရင်လည်း ထောင်မဆံ့ပါဘူး။ အဓိကက ဒီမိုကရေစီနည်းကျ မိမိတို့ဆန္ဒကို မိမိတို့ ငြိမ်းချမ်းတဲ့ တနည်းနည်းနဲ့ ညီညီညွတ်ညွတ် ဖေါ်ပြဖို့ပဲ အရေးကြီးပါတယ်။

(ကျွန်မကို ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင် ရန်သူလို့ သဘောထားတယ်ဆိုပြီး အမြဲတမ်း လာလာပြီး ပြဿနာ မရှာရရင် စားမ၀င်၊ အိပ်မပျော် မနေနိုင်ဖြစ်ကြတဲ့ Anonymous အပေါင်းနဲ့ တခြားပုဂ္ဂိုလ် ကြီးငယ်လယ်လတ်တို့ ဒီအကြောင်းပြန်ချက်ကို ဖတ်ဖြစ်အောင် ဖတ်ကြပါနော့်။ ပြီးရင် ပြဿနာ ထပ်မရှာကြပါနဲ့။ ဒီလို ယဉ်ယဉ်ကျေးကျေး ပြန်အဆွေးနွေးခံချင်တယ်ဆိုရင် သဘောထား မတိုက်ဆိုင်ပေမဲ့ ဒီလို ယဉ်ယဉ်ကျေးကျေး လာဆွေးနွေးပါ။ မှတ်ချက်ကို ဘယ်တော့မှ ဖျက်မှာမဟုတ်သလို ဘယ်တော့မှ မချေမငံပြန်မပြောဘူး ဆိုတာလည်း အာမခံတယ်။)

Anonymous said...(MG)

ကီးဘုတ်တွေကနေတဆင့် စကားစစ်ထိုး တိုက်ပွဲဆင်နေကြမယ့်အစား မြန်မာနိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ တတ်နိုင်သမျှပါဝင်၍ လုပ်အားဒါန ကာယဒါန စိတ္တဒါန ပေးနိုင်ကြရင် ပိုမကောင်းဘူးလားဗျာ..မငယ်နိုင်အနေနဲ့ လဲ ပို့စ်တစ်ခုမှာ အမြင်မတူ၍ ကွန်းမန့်ပေးဆွေးနွေးကြတဲ့သူတွေကို စကားကပ်မပြောဘဲ(အတိအကျ ) ပြန်လှန်ဆွေးနွေးဖို့  အကြံပြုလိုပါတယ်
MG
့16 Jun 10, 10:24MG: မငယ်နိုင်က စကားပြော အင်မတန် ကပ်သီးကပ်သတ်နိုင်တယ်ဗျာ တိတိကျကျနဲ့ ပြန်လှန်ဆွေးနွေးကြတဲ့ သူတွေရဲ့အမှားကို ပိုပြီးထောက်ပြနိုင်ဖို့ လိုအပ်ပါတယ် ပို့စ်နဲ့ မဆိုင်ဘူးဆိုပြီး ငြင်းမပစ်ပါနဲ့
16 Jun 10, 10:27
MG: မငယ်နိုင်က ယထာဘူတ ကျကျပိုပြီးရှင်းလင်းပြောပြနိုင်မယ် ဆွေးနွေးပြောပြနိုင်မယ်ဆိုရင် မငယ်နိုင်ရဲ့စာဖတ်ပရိတ်သတ်တွေရဲ့လေးစားမှုကို ယခုထက်ပိုပြီးရနိုင်မှာပါ ဒါကြောင့် တစ်ချို့မေးခွန်းတွေကို ရှေင 16 Jun 10, 10:29
MG: ရှောင်လွှဲမပစ်ပါနဲ့ ပို့စ်နဲ့ မဆိုင်သော်လဲ စာဖတ်သူများအတွက် စဉ်းစားပေးပြီး ဖြေရှင်းဆွေးနွေးပေးပါလို့  ပြောပါရစေ
MG: ဥပမာတွေတော့ ပြောပြမနေတော့ပါဘူး မငယ်နိုင်ရဲ့ ပို့စ်တွေကို အမြဲဖတ်နေသူတွေဆိုရင် ကျနော်လို အမြင်မျိုးရှိမယ်လို့ ထင်ပါတယ် (C-Box ထဲက)

ပြန်ကြားချက်

MG ရေ- ကျွန်မက ပို့စ်နဲ့ ဆိုင်နေရင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ C-Box ထဲကတောင် ကူးယူလာပြီး အချိန်ရရင် ရသလို ပြန်ဆွေးနွေးပေးတတ်ပါတယ်။ တော်ရုံတန်ရုံ မဆိုင်တာကို ကျွန်မ မဖျက်လိုပါဘူး။ ကျွန်မ အတတ်နိုင်ဆုံး ဆိုင်တာလေး ရှာပြီး ပြန်ဆွေးနွေးပေးပါတယ်။ မဆိုင်တာတွေနဲ့ ဦးတည်ချက်လွဲအောင် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ရစ်နေတာတွေကိုပဲ ကျွန်မ လစ်လျူရှုတာတို့ ဖျက်တာတို့ လုပ်ပါတယ်။ ကျွန်မ ဘလော့ဂ်မှာ မှတ်ချက်ရေးရင် မဆိုင်တာ မပါစေဖို့ မေတ္တာရပ်ခံထားတဲ့ အဓိကအကြောင်းအရင်းက ဆွေးနွေးတာမဟုတ်ဘဲ ပို့စ်ရဲ့ ဦးတည်ချက်နဲ့ ဘာမှမဆိုင်တဲ့ ထေ့တာတွေ၊ ရစ်တာ၊ ကပ်ပြောနေတာတွေနဲ့ မပြီးဆုံးနိုင်တဲ့ မှတ်ချက်တွေ ဖေါင်းပွပြီး ဦးတည်ချက်မရှိ လမ်းကြောင်းလွဲသွားအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လာလုပ်နေတာ အမြဲ ကြုံတွေ့ခဲ့ရပြီးမှ ဖြစ်လာပါတယ်။ အကြောင်းအရာတခုကို ကျွန်မ တင်ထားလို့ လာဆွေးနွေးရင် ဒီအကြောင်းအရာ အပေါ်မှာပဲ အပြန်အလှန် လေးစားမှု ရှိရှိနဲ့ ပြောဖို့ လိုလားပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်လက်ခံပိုင်ခွင့် ရှိလို့ ကျွန်မလည်း သူများဘလော့ဂ်တွေမှာ မပြုသဘော မဆောင်နိုင်ရင် ဘယ်တော့မှ သွားမဆွေးနွေးပါဘူး။ နင်တို့လိုတဲ့ ဒီမိုကရေစီဆိုတာ ဒါပဲလို့ ဦးတည်ချက်မရှိ ပြောချင်ရာ လျှောက်ပြောနေရင် ဘယ်တော့မှ ပြီးမှာမဟုတ်သလို မသိနားမလည်သူတွေက ဒီမိုကရေစီဆိုတာ ဒီလိုပဲ တဘက်နဲ့တဘက် တိုက်ခိုက်စော်ကားမော်ကား ပြောပြီး ရန်ဖြစ်နေကြတာကို ဆိုလိုတာပါလားဆိုပြီး နားလည်မှု လွဲသွားနိုင်ပါတယ်။ ပြီးတော့ စာကောင်းကောင်းလာဖတ်ပြီး ဆိုင်တာကို တကယ် ဆွေးနွေးချင်သူတွေအတွက် သိပ်ပြီး အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလိုမျိုး ကျွန်မဘလော့ဂ်မှာ အဖြစ်မခံနိုင်လို့ ကန့်သတ်ထားတာသာ ဖြစ်ပါတယ်။

ပေးဖူးတဲ့ ဥပမာ တခုကို ထပ်ပြောရရင် ရန်ကုန်ကနေ မန္တလေးသွားဖို့ မောင်းနေတဲ့ကားကို မန္တလေးကိုပဲ မောင်းရမယ် ညာဘက်ကို ခွဲထွက်ပြီး လျှောက်မောင်းနေရင် ရှမ်းပြည်ကိုဖြတ်နယ်စပ်ဖြတ်ပြီး မန္တလေးမရောက်ဘဲ တရုတ်ပြည်ဘက် ရောက်သွားနိုင်တယ်။ ဘယ်ဘက်ကို ခွဲထွက်သွားရင် ဘင်္ဂလားဒေ့ရှ်တို့ အန္ဒိယတို့ ဘက်ရောက်သွားနိုင်တယ်။ ဒါကြောင့် မန္တလေးကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ဖို့အတွက် မောင်းတဲ့သူဟာ လမ်းသိဖို့လိုတယ်။ ကျွန်မ သွားတဲ့လမ်းကို ကျွန်မသိလို့ လမ်းလွဲနေရင် တည့်မှတ်ပေးဖို့ ကျွန်မမှာ တာဝန်ရှိပါတယ်။ ဘလော့ဂ်မှာ ကန့်သတ်ထားချက်တွေဟာ လမ်းလွဲသွားမှာစိုးလို့ လမ်းကို ဘယ်ညာ မခွဲထွက်ဘဲ တည့်တည့်မှတ်မှတ် သွားနိုင်ဖို့အတွက် သတ်မှတ်ထားရတာသာ ဖြစ်ပါတယ်။ အကြံပြုမှုအတွက် ကျေးဇူးတင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

35 comments:

အမရဲ့ ပြန်ကြားချက်တွေကို ဖတ်ရူသွားပါတယ်၊ အရာရာ
အဆင်ပြေပါစေ အမရေ။

ဖတ်သွားတယ် အမရေ အဆင်ပြေပါစေဗျား

အမရေ ပြန်ကြားချက်တွေတော့ ကြိုက်တယ်ဗျာ
cheer

မငယ်နိုင် ကျွန့်တော့ကိုပြန်ပြောထားတာကို သဘောကျလက်ခံပါတယ်။ အိမ်ရှင်ရဲ့စည်းကမ်းကို ဧည့်သည်က လိုက်နာသင့်တာပေါ့ဗျာ။ ကျွန်တော့အနေနဲ့ မငယ်နိုင်ကို ပုဂ္ဂိုလ်ရေးအရဖြစ်စေ မည်သည့်အကြောင်းနဲ့ မှဖြစ်စေ ထိခိုက်ထေ့ငေါ့လိုစိတ် ရစ်လိုစိတ် မရှိပါဘူးဗျာ..စိတ်မရှိပါနဲ့။တကူးတကအကြောင်းပြန်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

အင်းမင်းအိမ်မင်းသဘေါပေါ့ကွယ်။ဖျက်ချင်လဲဖျက်ထါးချင်လဲထါး ဘါသတိရသလဲဆိုတေါ့ငါးစိမ်းသည်လိုဘဲလို့ အ၇ပ်ထဲပြောကြတါဒါပါလါးလို့ပါဘဲ။ငါ့တါဝန်ကမြင်တါကိုမြင်တါပြောဘို့ မင်းရေူးထါးတါမင်းဘါသါမင်း မှန်မမှန်ရှာဘို့က မင်းအလုပ်။ ကြီးကြီးကျယ်ကျယ်ပြော ချင်ရင်ကြီးကြီးကျယ်ကျယ်လုပ်တတ်အေါင်အရင်ကြိုးစါးပါအုံး။ ရေးသါးထါးတါကိုအမြင်မတူလို့ အရှိုက်ထိလို့ပုဂ်ဂိုလ်ရေး စော်ကါးတါ လုပ်လဲငါ့အတွက်ကတေါ့ဘါမှမထိခိုက်ပါဘူး။ ဘါတွေဖြစ်သလဲဆိုတါလက်တွေ့လဲမြင်ခဲ့ပြီးပြီ မင်းတို့ပြောနေတဲ့တော်လှန်ရေးဆိုတါလဲ ဘါလဲလို့သူများ ပြောတါမဟုတ်ကိုယ်တွေ့ဆိုတေါ့ ရှေးစကါးလိုဘဲ ပညာရှိများဝမ်းတွင်းပြုံးတါမသိတေါ့ ခံရခက်မှန်းနားမလည်သေးတါရှင်းပါတယ်။ ဒါဝင်ကပြောခဲ့တယ် သုတေသနဆိုတါဘယ်လိုလုပ်ရမယ် ဆိုပါလါး။ ကိုယ့်အဆင့်အတန်းကိုယ်သိဘို့ဘဲအရေးကြီးပါတယ်။ အထူးသဖြင့်ဒီမိုအော်နေသူုများအတွက်ပေါ့လေ။ မလုံတဲ့မိုးဒုတ်မိုးတါနဲ့အါတယ်ဆိုလါး ၀မရှိဝိလုပ်ချင်တေါ့ သုညလါး ၀လုံးလါးမသဲကွဲ။အင်းပါလေရှိပါစေတေါ့။ အထက်တန်းအဆင့်ဇီဝဗေဒပညာမြန်မါပြည်ပညာရေးမဟုတ်ဆိုပါ့လါး။မြန်မါပြည်မှာ ဇီဝဗေဒ ဟိုတုန်းက ဘိုင်အိုပေါ့ကွါ အဲဒီစါအုပ်လေးရှာဖတ်ကြည့်ပြီး (အေးမြန်မါပြည်မှာတေါ့ချားစ်ဒါဝင်မသင်ဘူး)မြန်မါပြည်အဆင့်အတန်းဘယ်လေါက်ရှိလဲသိအေါင်ကြိုးစါးပါအုံး။ ကုန်းကြုံးအော်ပြီးတိုင်းပြည်ပညာရေးနိမ့်တယ် ဘါညါ ကိုယ့်တိုင်းပြည်ကိုနှစ်ပြားရစရာမရှိအေါင်ပြောတဲ့
ဒီမိုသူတေါင်းစါးအဖွဲ့တွေ ကြွားစရာမရှိတေါ့ ဒို့ကပညာတတ်ဆိုဘဲ။

Anonymous - ဒါဝင်သီအိုရီကို ဒါဝင်မပြောခဲ့ဘူးဆိုတာ လာပြောပြီး ဘယ်ကစာပိုဒ်မှန်းမသိတဲ့ စာပိုဒ်တပိုဒ် ကူးယူလာပြီး လာထည့်ထားလို့ Reference တောင်းပြီး Natural Selection အကြောင်း အနည်းငယ် ပြောတာပဲ ရှိပါတယ်။ Anonymous ဒီလောက်တောင် မကျေမချမ်း ဖြစ်စရာ ကျွန်မ ဘာတခုမှ မပြောခဲ့ပါဘူး။ အထက်တန်းအဆင့် သိပ္ပံဘာသာတွေကို ကျွန်မ jမန်မာပြည်မှာရော နိုင်ငံခြားမှာပါ သင်ဖူးပါတယ်။ ဒီပို့စ်မှာ ကျွန်မ ရေးထားတာ အားလုံးက ကျွန်မ သင်ခဲ့ရတာတွေချည်းပါပဲ။ မြန်မာပြည်က ဘိုင်အိုမကဘူး ကိုးတန်းနဲ့ ဆယ်တန်း ၀ိဇ္ဇာဘာသာတွေကလွဲရင် ပြဌါန်းစာအုပ်ရော အပြင်စာအုပ်တွေရော အကုန်ပြန်မှာပြီး 2005/2006 ခုနှစ်က ကျွန်မ ဒီမှာ High School ပြန်တက်တုန်းက အကုန် ပြန်လေ့လာခဲ့ပြီးပြီ။ ဆယ်တန်း အင်္ဂလိပ် တဘာသာကလွဲရင် ကျန်တာတွေ အားလုံး ၁၉၈၈ ခုနှစ်က ကျွန်မ သင်ခဲ့ရတဲ့ စာအုပ်ထဲကအတိုင်းပါပဲ။ ဘာမှမပြောင်းသွားဘူး။ မြန်မပြည်က အထက်တန်း ဘိုင်အိုမှာ ဒါဝင်ရဲ့ Natural Selection မှ မဟုတ်ဘူး ကျွန်မ ဒီမှာသင်ရတဲ့ Osmosis and Diffusion, Surface Area and Volume Ratio, Genetic and Inheritance, Modern Biotechnology, DNA and Genetic Engineering စတဲ့ Biology ရဲ့ အရေးကြီးတဲ့ အဓိကအချက်တွေလည်း ဘာတခုမှ မပါဘူး။ မပါလို့ မပါဘူးပြောတာ မကျေမချမ်း ဖြစ်ပြီး မဆိုင်တာ လျှောက်ပြောနေတာ မကောင်းပါဘူး။ ကျွန်မပို့စ်က Biology နဲ့ပတ်သက်ပြီး Research လုပ်နေတာ မဟုတ်၊ ဒီအဆင့်ထိပဲ ဥပမာပေးဖို့ လိုတဲ့အတွက် ဘိုင်အိုနဲ့ပတ်သက်ပြီး ဒီထက်တတ်အောင် လေ့လာဖို့ မလိုအပ်ပါဘူး။ ရှင်ပဲ Reference မပြနိုင်ဘဲ ဘယ်ကမှန်းမသိ ဒါဝင်ရေးတယ်ဆိုပြီး လာထည့်ထားတဲ့ စာပိုဒ်အတွက် Reference မြန်မြန်လာထည့်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ ဒါဆိုရင် ရှင့်ကို ကျွန်မ ကျေးဇူးတင်မယ်။

တော်လှန်ရေးအကြောင်းကို အပြောမဟုတ်ဘူး ကိုယ်တွေ့ဆိုရင် တော်လှန်ရေးထဲ ရောက်ဖူးပြီး အကြောင်း တခုခုကြောင့် ထွက်သွားသူ ဖြစ်ပုံရပါတယ်။ မိမိမလုပ်နိုင်လို့ ခံနိုင်ရည် မရှိလို့ ထွက်သွားရင်လည်း အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့လည်း ရပါတယ်။ ရန်သူဆီမှာ ကပ်ဖါးယပ်ဖါး သွားလုပ်ပြီး မျက်နှာလို မျက်နှာရ သစ္စာဖေါက် သွားလုပ်စရာ မလိုပါဘူး။ ဒီလို ထွက်သွားပြီး ကောင်းကောင်းမွန်မွန် သွားလုပ်ကိုင်စားသောက်နေတဲ့ ကျွန်မ မိတ်ဆွေတွေ တချိန်က ရဲဘော်ရဲဘက်တွေလည်း မြန်မာပြည်မှာ အများကြီး ရှိပါတယ်။ ကျွန်မ ဘလော့ဂ်မှာလည်း အလုပ်မရှိ အကိုင်မရှိ တချိန်လုံး အနှောင့်အယှက် လာပေးနေဖို့လည်း မလိုအပ်ဘူး။ မိမိနဲ့ သဘောထား မတိုက်ဆိုင်သူတွေကို အ၀ိဇ္ဇာ လျှောက်ပွားနေမည့်အစား ခံနိုင်ရည် မရှိရင် လာမဖတ်ဘဲ မိမိအချိန်ကို မိမိ တခြား အကျိုးရှိတဲ့ နေရာမှာ အသုံးချဖို့ အကြံပြုပါတယ်။

အချိန်တွေ ပိုနေကြတယ်ထင်ပါရဲ့...အမိမြန်မာပြည်က မွေးဖွားလာတဲ့သူတိုင်းဟာ အမိတိုင်းပြည်ကို ပြန်ပြီးစော်ကားနှိမ့်ချတတ်တဲ့သူတွေ ထဲမပါမိစေပါနဲ့...ကျေးဇူးကန်းတဲ့သူတွေ ဖြစ်မှာစိုးလို့ပါ...
အမိမြန်မာပြည်က စာဖတ်တတ်အောင် မြန်မာစာ (က ခ...) သင်ပေးခဲ့သလို နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင်အတွက် ပြောတတ်ဆိုတတ် နားလည်အောင် အခြေခံ (A B C D )ကစလို့ သင်ပေးခဲ့တယ်...ပြီးပြည့်စုံနေတဲ့ နိုင်ငံ ပြီးပြည့်စုံနေတဲ့အရာဆိုတာ မရှိပါဘူး...လိုအပ်မှုဆိုတာ ရှိနေမှာပဲ..ဒီလိုပဲ အမိမြန်မာပြည်က ပညာရေးဟာ နှိမ့်ကျတယ်ဆိုပြီး ပြန်ပြီး နှိမ့်ချနေတာဟာ လမ်းမလျှောက်တတ်ခင်က လမ်းလျှောက်တတ်အောင် ဖေးမကူညီသင်ပြပေးတဲ့ မိဘကို မိမိလည်း လမ်းလည်းလျှောက်လာတတ်တဲ့အခါ ပြန်ပြီး စော်ကားတာနဲ့အတူတူပါပဲ.....

မိမိတိုင်းပြည် မိမိလူမျိုး မိမိဘာသာကိုမှ မိမိကလေးစားမှုမထား အထင်မကြီးရင် ဘယ်တိုင်းတစ်ပါးသားက မိမိတိုင်းပြည်ကို အထင်ကြီးလေးစားမှုရှိမှာလဲ...တိုင်းတစ်ပါးမှာ ပညာသင်သွားကြတယ် နေကြတယ်ဆိုတာ မိမိတိုင်းပြည်တွက် လိုအပ်နေတဲ့ကွက်လပ်တွေကို တိုင်းတစ်ပါးကနေ သင်ယူပြီး ဖြည့်ဖို့ပါ...တိုင်းတစ်ပါးကို ငေးမောအထင်ကြီးပြီး မိမိတိုင်းပြည်ကို နှိမ့်ချစော်ကားဖို့မဟုတ်ဘူး...လိုအပ်နေတဲ့ အမိတိုင်းပြည်က ကွက်လပ်ကိုဖြည့်ဖို့ပါ...အကယ်လို့ သင်ဟာ ပညာတွေအရမ်းပြည့်စုံနေရင် သိနေတတ်နေရင် အမိမြန်မာပြည်က လိုအပ်နေတဲ့အရာတွေကို စေတနာနဲ့ထောက်ပြပြောဆိုသွားရမှာပါ...အဲဒီလိုမဟုတ်ပဲ (..)ကွင်းစ ကွင်းပိတ်နဲ့ တမင်သတ်သတ် နှိမ့်ချလိုတဲ့စိတ်နဲ့ မြန်မာပြည်က ပညာရေးတော့မဟုတ်ဘူး ဆိုတဲ့ အထင်သေး နှိမ့်ချတာဟာ မြန်မာလူမျိုးဖြစ်တဲ့ သင်ဟာ နိုင်ငံနဲ့လူမျိုး သိက္ခာကို ချ နေတဲ့သူ ကျေးဇူးရှင်တိုင်းပြည်ကို စော်ကားနေတဲ့သူနဲ့အတူတူပါပဲ...

ကလေးဘ၀တည်းက တိုင်းတစ်ပါးမှာပဲမွေး တိုင်းတစ်ပါးမှာပဲ ပညာသင်တဲ့သူတစ်ယောက်က အမိမြန်မာပြည်ကို နှိမ့်ချပြောဆိုရင် လက်ခံနိုင်ပါတယ်..အဲဒီလိုမဟုတ်ပဲ အမိမြန်မာပြည်က သင်ပေးလိုက်တဲ့အခြေခံအရာတွေနဲ့သင်ယူပြီး တိုင်းတစ်ပါးမှာ ပိုပြီးကျယ်ပြန့်တဲ့အရာတွေကို သင်ယူပြီးတဲ့အခါ အမိတိုင်းပြည်ရဲ့ လိုအပ်ချက်ကို စေတနာနဲ့ထောက်ပြရမယ့်အစား နှိမ့်ချနေတဲ့သူတွေကို ဘယ်လိုမှ နားလည်ပေးလို့မရပါဘူး...

(၁)မိမိဟာ ဘာလူမျိုးလဲ- မိမိလူမျိုးကို မြှင့်တင်ပါ
(၂)မိမိဟာ ဘယ်နိုင်ငံသားလဲ-မိမိတိုင်းပြည်ကို မြှင့်တင်ပါ
(၃)မိမိဟာ ဘယ်ဘာသာလဲ-မိမိဘာသာကို မြှင့်တင်ပါ
(၄)မိမိတို့လူမျိုးတွေဟာ ဘယ်လိုယဉ်ကျေးမှုကိုကျင့်သုံးသလဲ--ယဉ်ကျေးမှုအမွေအနှစ်ကို စောင့်ထိန်းပါ
မြန်မာနိုင်ငံသားမှန်ရင် အမိမြန်မာနိုင်ငံကို မြှင့်တင်ဖို့ ဂုဏ်ယူကြွားဝါနိုင်ဖို့ပဲရှိတယ်...နှိမ့်ချဖို့မဟုတ်ဘူး...
တောသား မြို့ေ၇ာက်ပြီး မြစ်ကို ပင်လယ်ထင် မမြင်ဘူးတော့ မူးမြစ်ထင် ဆိုတဲ့ ပုံစံတွေနဲ့ ကျေးဇူးရှိတဲ့ တောကရွာလေးကို ကျေးဇူးကန်းဖို့ မကြိုးစားပါနဲ့...။


မြန်မာပြည်သား

မြန်မာပြည်က အထက်တန်းပညာရေးမှာ ဒါဝင်ရဲ့ Natural Selection မသင်ဘူးဆိုတာ ပြောရုံနဲ့ ကိုယ့်ဖါသာကိုယ် အမြင်စွန်းပြီး လိုရာအဓိပ္ပါယ်ကောက်ကာ စွပ်စွဲ ပြောဆိုနေတာကိုတော့ စွပ်စွဲချင်လို့ စွပ်စွဲတာသာ ဖြစ်တယ်ယူဆလို့ ကျွန်မ ဘာမှ ပြန်ဖြေရှင်းဖို့ မရှိပါဘူး။ ရိုးရိုးနားလည်တဲ့သူက ရိုးရိုးပဲ နားလည်သွားလိမ့်မယ်။ အမြင်စွန်းနေသူတွေ အ၀ိဇ္ဇာဖုံးလွှမ်းနေသူတွေက အမြင်စွန်းတဲ့အတိုင်း အ၀ိဇ္ဇာ ဖုံးလွှမ်းနေတဲ့အတိုင်းပဲ ဆက်ပြီး မြင်နေလိမ့်မယ် လို့ပဲ သတ်မှတ်ပါတယ်။ ဒီပို့စ်ထဲမှာ ကိုယ့်နိုင်ငံမှာ ပညာရေး နှိမ့်ကျနေတယ်လို့လည်း မပါဘူး၊ မြင့်မားနေတယ်လို့လည်း မပါဘူး။ မရှိလို့မရှိဘူးလို့ ပကတိအတိုင်းပဲ ပြောတာ ဘာမှမှားသွားတာ မရှိဘူး။

တိုင်းပြည်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ဖျက်ဆီးနေတဲ့ မိစ္ဆာကောင်တွေ ကြီးစိုးနေတဲ့အချိန်မှာ အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်စေချင်သူ အားလုံးကို ချိုးနှိမ်ထားလို့ ကျွန်မတို့ အပြင်ရောက်နေပါတယ်။ မိမိတိုင်းပြည်နဲ့ ပတ်သက်ပြီး ကိုယ်မမီလိုက်တဲ့ အချိန်ကအခြေအနေတွေကို ပြန်တွေးပြီး ကျွန်မ မကြာခဏ ဂုဏ်ယူဝှက်ကြွားဖူးတာ အမှန်ပါ။ မီတဲ့အချိန်တုန်းကလည်း ငယ်ငယ်က မှားယွင်းတဲ့ အခြေအနေတွေကို ကောင်းစွာ ၀ါဒဖြန့်ခံထားရလို့ တကယ်ပဲ မိမိနိုင်ငံဟာ ဆန်ေ၇စပါး ပေါများကြွယ်ဝပြီး၊ ကျွန်းသစ် သဘာဝတွင်းထွက်၊ ကျောက်သံ ပတ္တမြားတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခုလို့ ထင်ခဲ့ပြီး နေ့တိုင်း ဂုဏ်ယူ ၀ှက်ကြွားဖူးပါတယ်။ ဒီလိုအချိန်မှာ အချိန်မှာ ကိုယ့်တိုင်းပြည်က ကမ္ဘာာမှာ အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားပြီဆိုတဲ့ နားထဲကို သံရည်ပူနဲ့ လောင်းသွင်းသလို ကြားလိုက်ရတဲ့အချိန်ကစပြီး အလိမ်ခံလိုက်ရပြီ ဆိုတာနဲ့ အဖြစ်မှန်တွေ၊ ပကတိ အခြေအနေတွေ အကုန်လုံးကို သိပြီး ဆောက်တည်ရာ မရခံစားခဲ့ဖူးပါတယ်။ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးလို့ကို ဒီလောက်ခံစားရတာ၊ တိုင်းတပါးမှာ မွေးပြီးတိုင်းတပါးမှာ ကြီးရင် ဒီလောက်ခံစားရမယ်မထင်ဘူး။

အခုတော့ ကြားရစဉ်ကထက် အဆတရာမက အခြေအနေက ပိုတောင် ဆိုးလာသေးတယ်ဆိုတော့ ဂုဏ်ယူဝှက်ကြွားဖို့ နေနေသာသာ မိခင်တိုင်းပြည်မှာ သူများတိုင်းပြည်နဲ့ တူတာလေး တခုရှိရင်တောင်မှ အမိနိုင်ငံအတွက် ကျွန်မ တကယ်ဝမ်းသာမိမှာ သေချာပါတယ်။

နိုင်ငံခြားမှာနေတယ်၊ မြန်မာထမင်းဟင်းကိုပဲ နေ့တိုင်းစားတယ်၊ မြန်မာအ၀တ်အစားကို အိမ်မှာနေ့တိုင်းဝတ်တယ်၊ မြန်မာသံစဉ်သီချင်းနဲ့ မြန်မာတူရိယာကိုမှ ခံစားလို့တတ်တယ်။ ဒါပေမဲ့ နိုင်ငံခြားက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ မသန်စွမ်း၊ ကျပ်မပြည့်သူစောင့်ရှေက်ရေး စတဲ့ အစစအရာရာ သာနေတာကိုတော့ မသာဘူးလို့ လိမ်ပြောလို့ မဖြစ်နိုင်ပါဘူး။ မိမိနိုင်ငံကို နိုင်ငံခြားတိုင်းပြည်လို တိုးတက်ချင်သူ၊ မိမိရဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အမွေအနစ်တွေကို မြှင့်တင်ချင်သူတွေကို နှိပ်ကွပ်နေတဲ့ ခေတ်စနစ်ကြီး အောက်မှာ တကယ်မြှင့်တင်ချင်သူတွေ၊ အမှန်ကို တကယ်မြင်နေသူတွေ ပုံမှန်အတိုင်း အသက်ရှင် ရပ်တည်လို့ မရလို့ ကျွန်မ အဝေးရောက်နေပါတယ်။

ကျေးဇူးတင်တယ်မြန်မါပြည်သါးရေ။ ကြည့်ရတါအရင်းအမြစ်ကိုသဘေါမပေါက်လို့ဒို့ကလဲအတုံး လိုက်အတစ်လိုက်မပြောချင်လို့ အရိပ်အမြွက်လေါက်ပြောတါကိုလဲနားလည်ပုံမရပါဘူး။ ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်ပြီးတိုင်းပြည်မှာမဟုတ်တါတွေ ဖြစ်အေါင်တော်လှန်ရေးအော်ကြသူကိုပြန်လှန်ဖော်ထုတ် ပြီးအမိမြေအတွက်တတ်နိုင်သလေါက်လုပ်နေတါပါ။ ဒို့နိုင်ငံခြားမှာလုပ်စါးနေတါအမိမြေကသင်ပေးတဲ့ပညာနဲ့ အေးထပ်မံပြီးတေါ့မွမ်းမံတါတွေရှိတါပေါ့။ တော်လှန်ရေးကိုယ်တွေ့ဆိုတါနဲ့ ဒို့အရေးဒီမိုသူတေါင်းစါးလို့ထင်သွါးပုံရပါတယ်။ တထွါပြတတေါင်မမြင်နိုင်တေါ့မြင်သလေါက်ဘဲပြောတါ ခွင့်လွှတ်ရမှာပါဘဲ၊ အခုမှမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၉၇ခုနှစ်လေါက်တွေထဲက သူတို့ရဲ့ဆရာကြီး ပထမဆုံး ဒုက်ခသည်(ခေါင်းဆေါင်ကြီးများအဖွဲ့)အမေရိကရောက်တွေဒီလိုဘဲအော်ကြလို့ကြိုးစါးချေချွတ်ခဲ့ပေးဘူးပြီ။ ဒီလိုဘဲဘါလက်မှတ်ညါလက်မှတ်ဆိုတါတွေ စစ်တပ် ပညာမတတ်ဆိုတါတွေ နောက်တေါ့မှအကြောင်းသိပြီး လက်မှတ်အကြောင်းနိုင်ငံခြားပညာသင်တဲ့အကြောင်း မပြောကြတေါ့ဘူး ဒို့ရှေ့မှာပေါ့လေ။ ရေးတဲ့သူက ရှာဖွေပြီးညွှန်းချက်ရှာဘို့ဘဲ ဘေးကပြောတဲ့သူကဟေးဒါတေါ့မဟုတ်ဘူးဟေ့လို့ပြော ပြရုံဘဲ။ ကိုယ့်ဖါ သါကိုယ်ဟုတ်တယ်ထင်ဆက်လုပ်ပေါ့ကွယ်။ ရေးတါလဲသေချာဖတ်ကြည့်ပြီးမှပြန်ရေးတတ်အေါင်ကြိုးစါးပေါ့ကွယ်။ ဘိုင်အိုဒိလေါက်ထိတတ်စရာမလိုဘူးလိုတယ် ပြောတဲ့ထဲမပါ။ပြောတါက မြန်မါပြည်မှာညံ့တယ်ဆိုတဲ့ပုံစမျိုးပြောလို့ မြန်မါပြည်မှာ
ဒါဝင်မသင်လဲဒီလေါက်မညံ့ဘူးဆိုတါဘဲ။ ဖါးတွေယုန်တွေ ၉တန်း၁၀တန်းမှာခွဲခိုင်းသလို အနုကြည့်မှန်နဲ့လဲအရွက်တွေအပွင့်တွေ့ကြည့်ခဲ့ရဘူးပါ ရဲ့။ အဲဒီအခြေခံတွေနဲ့ဘဲနိုင်ငံတော်ကဆက် သင်ပေးတါနဲ့ နိုင်ငံရပ်ခြားမှာလုပ်စါးနေတါ။ ဆက်ပြောရ ရင်တေါ့ပညာရေးစါတန်းတစေါင်ဖြစ်သွါး မှာမို့ရပ်လိုက်ပါ့မယ်။ ကိုယ့်အကြောင်းကိုယ်သိဘို့ဘဲလိုပါတယ်။ ရန်သူဆိုတါလဲ ဒို့မှာမရှိဘူး အေးနိုင်ငံတော်ပျက်ဆီး ရာပျက်ဆီးကြောင်းကြိုးစါးနေတဲ့သူတွေကိုတေါ့ ONE COUNTRY ONE PEOPLE ပျက်ဆီးအေါင်မြှောက်ပေး အါးပေးထေါက်ခံသူတွေ ဆိုရင်တေါ့ အသွင်မတူသူအဖြစ် သတ်မှတ်ရပါမယ်။ လိုအပ်တယ်ဆိုရင် အကြမ်းဖက်လါခဲ့ရင်အကြမ်းနည်းနဲ့ တုန့်ပြန်ရပါမယ် ဒါပေမဲ့ရန်သူဆိုတါတေါ့မသတ်မှတ်ထါးပါ။ စစ်တပ်ကိုရန်သူလို့မြင်နေတဲ့ဒီမိုသူတေါင်းစါးများနဲ့ ဆရာမကြီး မစ်စ်စ်အဲရစ်အပါအ၀င် ကိုဝင်းတင်ကိုဝင်းခက် တို့ ကနေ ဒီဘလေါ့ဂ်ပိုင်ရှင်မလေးအဆုံး တပြုံးပြုံးနဲ့ နောက် မသေမချင်းဆက်အော်ကြပါ။ သမိုင်းကအဖြေပေးသွါး ပါလိမ့်မယ်ခင်ဗျား။
့မြန်မါပြည်သါးတဦးဖြစ်ပါသည်။

ကျန်တါလေးဆက်ပြောရရင် မြန်မါနိုင်ငံဟါဆန်ရေစပါး တွင်းထွက်သယံဇါတကြွယ်ဝတယ်အခုလဲကြွယ်ဝတယ်။ အဆင်းရဲဆုံးနိုင်ငံလုပ်လိုက်တါအခြေခံအကြောင်းရှိတယ် သေချာလေ့လါပါအုံး။ ဂုဏ်ယူစရာလဲမဟုတ် အေး နဲ့နဲတေါ့ရှက်စရာ။ ဒို့နိုင်ငံဟါအတွင်းအပူ များတဲ့နိုင်ငံ။ အခြေခံအချက်တွေပြန်ကေါက်ကြည့်ရင် အုပ်ချုပ်မှု့ပိုင်းတွေမှာ လိုအပ်ခဲ့တါ ငြင်းမရဘူး။ ဒါပေသိ မြန်မါနိုင်ငံရေးဟါ ဂျာအေးသူ့အမေရိုက်ဇတ်လမ်း။ ထွက်သမျှဇတ်ကေါင်တွေဟါ ဒိုင်းဝန်ထက်ကဲတဲ့ကေါင်တွေ ချည်းဘဲ။ ကွန်မန့်လေးပြန်ရေး ရုံနဲ့တေါ့သမိုင်းစဉ်နဲ့ အဖြစ်အပျက်တွေကို ရေလည်အေါင်အပြောနိုင်ဘူး။ အချိန်ရတဲ့တနေ့ မင်းတို့လမ်းမှန်လေးမြင်နိုင်အေါင် သဘေါမျှရေးပေးပါအုံးမယ်။ ဘုရားဟေါအ၀ိဇ်ဇါကိုလွယ်လွယ်နဲ့မသုံးပါနဲ့။ ဓမ်မမ်တရာယ်ဖြစ်ပါလိမ့်မယ်။

ကျွန်မကို လမ်းမှန်ရောက်စေချင်တဲ့ စေတနာအတွက်တော့ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက လမ်းမှားကနေ လမ်းမှန်ကို ရောက်လာခဲ့ပြီးသူမို့ အမှန်တကယ်မှားနေတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အမှန်အတိုင်းသိအောင် လုပ်ပြီး လမ်းမှန်ရောက်အောင် ကြိုးစားဖို့ တိုက်တွန်းပါတယ်။ တိုင်းပြည်အပေါ် စေတနာမှန်တဲ့သူချင်း တူရင်အမြင်မတူဘဲ ရှိရင်ရှိမယ် ဘယ်တော့မှ တဖက်စောင်းနင်း မပြောဘူး။ အခု ရှင်တို့က ဒါဝင်ရဲ့ Natural Selection မြန်မာပြည်က အထက်တန်းအဆင့်မှာ မရှိဘူးလို့ ပြောရုံနဲ့ အမျိုးမျိုး စွပ်စွဲပြောဆိုနေတော့ ရှင်တို့ဘယ်လောက်အထိ အစွန်းရောက်နေတယ်ဆိုတာ ပြန်လည်လေ့လာ ဆန်းစစ်သင့်တယ်လို့ ကျွန်မ ထင်တယ်။

အင်း တဘက်စေါင်းနင်းဘယ်သူကပြောနေသလဲ ဖတ်သူတွေဆုံးဖြတ်ကြပါစေ။ မြန်မါပြည်မှာဒါဝင်မသင်ဘူးဆို တါကလေးကအစခွေး အဆုံးသိပါရဲ့ အဲဒီအတွက်လဲတဘက်စေါင်းနင်းပြောစရာ မရှိပါ။ မြန်မါပြည်မှာပညာရေးညံ့ဖျင်းလှသည် ဆိုတဲ့သဘေါမျိုးယူဆရာရောက်သည့်အကြောင်းကိုသါ ပြောဆိုခြင်းဖြစ်သည်။ တိုင်းပြည်ချစ်ကြသူခြင်းတူရင် တဘက်စေါင်းနင်းမပြောဘူးဆိုသည့် ဒီမိုစနစ်ကြွေးကျော် သည့်ယခုဘလေါဂ့်ပိုင်ရှင်မလေးဧ် အရေးအပြော များကိုပြန်လည်ဆန်းစစ်ပါရန်အကြံပြုပါသည်။ တဘက်က ကပ်စါးယပ်စါးဆိုလါလျင် ပြောသူသည်ဒီမိုသူတေါင်းစါးငိုပြရ်ုဒုက်ခသည် ဖြစ်သူသါဖြစ်ရပါမည်။စစ်တပ်က မုဒိန်းသမါးဆိုလျင် ဒီမိုသမါးများဆရာကြီးကေအန်ယူသည် မုဒိန်းလူသတ် သမါးသါလျင်ပြောရပါမည်။ အလါရှိသည့်အတွက်အပြန်ရှိမည်ကိုလက်ခံ နိုင်ရပါမည်။ဒါမှဒီမိုသမါးမဟုတ်ပါလါးခင်ဗျာ၊

This comment has been removed by the author.
This comment has been removed by the author.
This comment has been removed by the author.

kokosan ရေ မှတ်ချက်တွေ အများကြီးနဲ့ စိတ်ရှည်လက်ရှည် ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြန်ဆွေးနွေးစရာလေး နည်းနည်းတွေ့ပါတယ်။ မနက်ဖြန်မှပဲ ဆွေးနွေးတော့မယ်နော့်။
ရွှင်လန်းချမ်းမြေ့ပါစေ။ Good Night!

ကိုကိုဆန် ရဲ့ ကွန်မန့်အား လက်ခုပ်လက်ဝါးတီး ထောပနာပြု အားပေးထောက်ခံလိုက်ပါတယ်။
မငယ်ပြောချင်တဲ့ Evolution နဲ့ဆက်နွှယ်ပြီး Darwin ရဲ့ ပတ်ဝန်းကျင်၊ အချိန်အခါ၊ နေရာဒေသ နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်သူသာ Survive ဖြစ်မယ်ဆိုတဲ့ Survival of the fittest သဘောတရားကို Darwin မပြောဘူးဆိုပြီး မောင်းတင် ၀င်လာတဲ့ ကွန်မန့်ကြောင့်၊ ကိုယ်မသိတဲ့ သီအိုရီတွေများ ချပြလေမလားလို့ မျှော်တလင့်လင့် စောင့်ဖတ်လိုက်တာ၊ နောက်ဆုံးတော့ စကြာဝတေးမင်း မွေးမယ့် သားသည်အမေ ကိုယ်ဝန်လျောသွားသလို ဖြစ်သွားတော့ great expectations တွေ တစစီကြေမွသွားပါလေရော။
ဒါဝင် ရဲ့ သီအိုရီကို အသေးစိတ်မသင်ကြားလိုက်ရတဲ့ ကိုယ့်တိုင်းပြည်က ပညာရေးစံနစ်အကြောင်း ထောက်ပြတာနဲ့ တိုင်းပြည်ပညာရေးကို ကျေးဇူးကန်းရစရာလားလို့ ဆွဲယူဆက်စပ်ပြတာလဲ ရင်သပ်ရှုမောဖွယ်။
သီအိုရီ ပိုင်းဆိုင်ရာ အချက်အလက်ပိုင်းဆိုင်ရာ ကို အသေအချာဆွေးနွေးပေးကြမယ့် သူများ ရှိရင် နားထောင်ချင်ပါသေးတယ်။

Anonymous- အချက်အလက်ကို ရေးတိုင် ပုတ်ခတ်တယ်ပဲ တဖက်သတ် ထင်နေတာကို မဟုတ်ဘူးဆိုတာ အကြိမ်ကြိမ် ရှင်းထားပြီးပြီမို့ အလုပ်ပျက်ခံပြီး ကျွန်မ ထပ်ဖြေရှင်းဖို့မရှိဘူး။ ကပ်ဖါးယပ်ဖါးတွေနဲ့ မိစ္ဆာစစ်ဘီလူးတွေကို ပြောတာ ကိုယ်မပါရင် Anonymous က ကြားကနေပြီး ၀င်နာနေဖို့လိုမယ်မထင်ဘူး။ ပါနေလို့ နာရင်လည်း အဲဒီထဲမှာ မပါဘဲ နခုရပ်လိုက်ရင် အခုသက်သာသွားလိမ့်မယ်။ ဒါကြောင့် မပါရင်မနာဖို့၊ ပါနေရင်ရပ်လိုက်ဖို့ပဲ ကျွန်မ အကြံပြုပါတယ်။

ဦးကျော်ထင်နဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ တခါတလေလည်း ဒီလိုလာကူပေးပါ။ တော်လှန်ရေး၊ ဒီမိုကရေစီအရေး လူ့အခွင့်အရေးအကြောင်း တခါခါရေးရင် နောက်ခံမျိုးစုံကနေပြီး ကျွန်မကို ပျားအုံစွဲသလို အုပ်စုလိုက်၊ တယောက်ချင်း လာတိုက်ခိုက်သူတွေ သိပ်ပေါပါတယ်။ ကျွန်မရဲ့ တခြားမိတ်ဆွေတွေကလည်း သူတို့ကို ကျွန်မ အဖက်လုပ်ပြီး အချိန်ပေးဆွေးနွေးတာကို သိပ်မကြိုက်ကြလို့ ဘန်းလိုက်ပစ်ထားလိုက် ဆိုပြီး အကြံပြုသူက ပိုများပြီး။ သူတို့ဝင်ပြောရင်လည်း ဒေါသတွေပါလာပြီး ဆဲပဲဆဲချင်နေကြလိမ့်မယ်၊ ကျွန်မဘလော့ဂ်မှာ ရန်ဖြစ်တဲ့ပုံစံ မဆွေးနွေးဖို့ ကန့်သတ်ထားတော့ မိတ်ဆွေအတော်များများက ပြောချင်တိုင်း ပြောလို့လည်းမရလို့ ၀င်မပါကြဘူး။ ဦးကျော်ထင်နဲ့ ကိုကိုစန်းတို့ဆီက စစ်ကူရတာ သိပ်ကျေးဇူးတင်ပါတယ်။ မတိုက်ဆိုင်တာ ရှိရင်လည်း ကျွန်မကို ထောက်ပြ ဆွေးနွေးလို့ရပါတယ်။ kokosan ပြောထားတာတချို့ကို သီးသန့်ဆက်ဆွေးနွေးမယ်နော့်။

Kokosan- အာဏာရှင်တွေကို နည်းမျိုးစုံနဲ့ တွန်းလှန်ရမယ်ဆိုတာ ကျွန်မလက်ခံပါတယ်။ ကျွန်ဆိုလိုတဲ့ အကြမ်းမဖက်နည်းက ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေဘောင်အတွင်းက လှုပ်ရှားသူတွေကိုပဲ ရည်ရွယ်ပြောတာ ဖြစ်တယ်။ နယ်စပ်က လက်နက်ကိုင်တော်လှန်ရေး လုပ်နေသူတွေအနေနဲ့ သူချမှတ်ထားတဲ့ နည်းဗျူဟာတွေအတိုင်း အရပ်သားတွေကို အန္တရယ်မပေးပဲ စစ်အုပ်စုရန္တရားကို ဖြိုချဖို့ နည်းဗျူဟာ မဟာဗျူဟာတွေနဲ့ပတ်သက်ပြီး လုပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်တယ်လို့ သတ်မှတ်လို့မရဘူး။ သတ်မှတ်ရင် အသားစားတဲ့သူတွေကို ပါဏာတိပါတာ ကံကျူးလွန်ရာမှာ ပါတယ်လို့ သတ်မှတ်သလို ဖြစ်သွားလိမ့်မယ်။ အဲဒါက တော်လှန်ရေးအတွက်နည်းဗျူဟာ တခုသာ ဖြစ်ပါတယ်။ ကျွန်မဆိုလိုတာ ဥပဒေဘောင်အတွင်းကနေ တိုက်ပွဲဝင်နေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နေရာမှာ အကြမ်းဖက်တာ မပါဖို့ကိုပဲ ပြောတာဖြစ်တယ်။ ဘာကြောင့်ဥပဒေဘောင်အတွင်းကလို့ ပြောလဲဆိုရင် မြန်မာနိုင်ငံက စစ်အုပ်စု ကြီးစိုးနေတယ်ဆိုပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး UN Mechanisms အတော်များများကို လက်ခံထားတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် လူ့အခွင့်အရေးအရ ငြိမ်းချမ်းစွာ မိမိတို့ဆန္ဒကို မိမိတို့ဖေါ်ထုတ်တာဟာ ဥပဒေဘောင်အတွင်းက ဖြစ်ပါတယ်။ ဆန္ဒပြတဲ့အချိန်မှာ အကြမ်းဖက်တာ ပါလာရင်တော့ ဥပဒေဘောင်အတွင်းက မဟုတ်တော့ဘူး အာဏာရှင်တွေ စွပ်စွဲတဲ့အတိုင်း ဆူပူတာဖြစ်သွားပြီး လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းဖို့ အကြောင်းပြစရာ ဖြစ်သွားမယ်၊ သွေးဆာနေတဲ့ကျားကို အစာကျွေးသလို ဖြစ်သွားမယ်။ ကျွန်မဆိုလိုတဲ့ အကြမ်းမဖက်ဖို့ ပြောတာ ဒါကိုပဲဆိုလိုတာ ဖြစ်တယ်။ တချို့က လက်နက်ကိုင်တော်လှန်ရေးနဲ့ ရောနေကြတယ်။ ကျွန်မ ဒီနှစ်ခုကို လုံးဝကွဲပါတယ်။ kokosan က အကြမ်းဖက်ဖို့လိုရင် ဖက်ရမယ်ပြောလို့ ကျွန်မ ပြန်ဆွေးနွေးတာပါ။

နောက်တခုက မြန်မာပြည်မှာ လက်ရှိလိုအပ်နေတာ စားဝတ်နေရေး ပြေလည်ဖို့အရင် အရေးကြီးတယ်ဆိုတာ ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ ဒါလည်း နိုင်ငံရေးပြဿနာ မပြေလည်ဘဲနဲ့ ပြေလည်ဖို့လမ်း သိပ်မမြင်ဘူး။ ဘာလို့လဲဆိုတော့ နာဂစ်တုန်းက သူများလှူလိုက်တာတွေတောင် တကယ်ဒုက္ခရောက်တဲ့သူတွေဆီမရောက်ဘဲ အပြင်မှာ တွေ့တာတွေ ရှိပါတယ်။ ပြေလည်အောင် ဖြေရှင်းပေးဖို့ လုပ်ပိုင်ခွင့်ရှိနေသူတွေမှာ စနစ်မကောင်း အကျင့်မကောင်းရင် ပြဿနာရေရည် ပြေလည်ဖို့ မရှိနိုင်ဘူး။ နာတာရှည် ရောဂါဖြစ်နေတဲ့ သူတယောက်ကို ရောဂါအရင်းမြစ်ကို မကုနိုင်ဘဲ ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေးပေး၊ ၀မ်းပျက်ရင် ၀မ်းပျက်ဆေးပေး၊ အန်ချင်ရင် အန်သက်သာဆေးပေး၊ အိပ်မပျော်ရင် အိပ်ဆေးပေးပြီး (System Control) အဖြစ်နဲ့ပဲ တခုစီဖြစ်နေတာကို သီးသန့် လိုက်ဖြေရှင်းနေလို့ ခဏသာသက်သာနိုင်မယ်။ ဖြစ်နေတဲ့ ရောဂါကြီးကို ကုမှပဲ အဲဒီလို Symptoms တွေလည်း ရပ်ပြီး Symptom Control ဆေးတွေကို သီးသန့် လိုက်ပေးနေရတဲ့ အခြေအနေက လွတ်မြောက်နိုင်မယ်လို့ ကျွန်မ ဥပမာပေးပါတယ်။ ပြန်ဆွေးနွေးစရာ ရှိတယ်လို့ ပြောထားပြီး မအားလို့ အကြောင်းပြန် နောက်ကျတာ တောင်းပန်ပါတယ်။ ကျွန်မဘလော့၈်မှာ အမြဲလာအားပေးပြီး လာဆွေးနွေးပေးနေတာ သိပ်ကို ကျေးဇူးတင်ပါတယ် kokosan။

This comment has been removed by the author.
This comment has been removed by the author.

အင်းမေါင်ကိုကိုစန်းရေ။ မှန်တါကိုထေါက်ခံတယ်ဆိုရင် အမှန်တရား အစစ်ကိုအရင်နားလည်တါကေါင်းပါတယ်။ ဒီလိုဖြစ်သင့်တယ်ဟိုလိုဖြစ်သင့်တယ်ဆိုတါ ကုလါးဖြူလိုပြောရင် အိုင်ဒီရယ် ပေါ့လေ လက်တွေ့နဲ့ ကင်းကွါတါတွေရှိမယ်ဖြစ်သလို ဖြစ်သင့်တါထက် မဖြစ်နိုင်တဲ့အခြေအနေတွေဒိလိုကြောင့်ပါလါးလို့ဆိုတါသိ၇င် မြန်မါနိုင်ငံရဲ့ရှုတ်ထွေးလှတဲ့နောက်ခံအဖြစ်တွေဇတ် ကေါင်တွေ သူတို့ကိုပန့်ပိုးနေသူနိုင်ငံခြားသါးတွေ ဆွဲထုတ်လို့မဆုံး နိုင်တဲ့ချည်စလိုဆိုတါနားလည်လါကြပါလိမ့်မယ်။ အစိုးရနဲ့ပါတ်သက်သူတွေက ဒီမှာအစိုးရမကေါင်းတါရေးထါးလို့မခံချင်လို့လါရေးတယ် ထင်ချင်လဲထင်နိုင်ပါတယ်။ ကိုယ့်အကြောင်းကိုယ်သိဘို့ဘဲလိုပါတယ်။ ကိုယ့်သမိုင်းကိုယ်ရေးကြတါဘဲ။ ဆန်ဒပြတါတွေအအုပ်အကျင်းနဲ့ ဆန့်ကျင်ရေးလုပ်ကြတါတွေ နှစ်ပေါင်းများစွါလုပ်ခဲ့ကြပြီးပြီ တနေရာမှာအကြမ်းဖက်ဖျက်ဆီးရေးလုပ်တါ အစိုးရကလွှတ်ထါးတဲ့သူတွေလို့ နဲနဲပြုံးချင်မိပါတယ်။ မြန်မါပြည်တည်ဆေါက်ရေးမှာ အော်နေရုံ ဆန့်ကျင်ဘက်ပြောနေရုံ လက်နက်ကိုင်ပြီးတိုက်နေရုံနဲ့ ရမယ်ဆိုရင် အရင့်အရင်ကနိုင်ငံတော်ဆန့်ကျင်သူများကြိုးစါးခဲ့ကြဘူးပါတယ်။ယနေ့ထိတိုင်တေါထဲမှာ(ခေါင်းဆေါင်တချို့နဲ့သူတို့သါးသမီးတွေကတေါ့တမျိုးပေါ့လေ ဘါကြောင့် သူပုန်တွေတိုင်ပြည်သယံဇါတတွေခိုးရောင်းပြီး လုပ်နေတါကြတေါ့ဒီမိုသူတေါင်းစါးများမဝေဖန်ရဲကြသလဲ တွေ့းမိဘူးပါရဲ့လါး)။ ၂၁ရာစုနဲ့ပြောင်းလဲလါတဲ့အချိန်အနေအချိန်အခါတွေမှာ ဆွေးနွေးညှိနိုင်းပြည် တိုင်းပြည်တခု ပြည်သူတရပ် ဆိုတဲ့အခြေခံမူကိုဆွဲကိုင်ပြီး တပ်မတော်ရဲ့အခန်းကဏ်ဏကိုလဲနားလည်ရင် တိုင်းပြည်တိုးတက်ရေးအတွက်ဘယ်လိုတတပ်တအါးပါ ၀င်ဆောင်ရွက်ကြမယ်ဆိုတါအခြေခံမူနဲ့လက်ခံပြီး (ငါဆရာကြီးမလုပ်ရရင်တေါ့ပတ်မကြီးထိုးဖေါက်မဲ့ မင်းသမီး မင်းသါးတွေ မဟုတ်ရင်)မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ ၂၀၀၈ အခြေခံဥပဒေကိုလဲသေချာလေ့လါပြီးမှ ဝေဖန်ကြရင်ကေါင်းပါလိမ့်မယ်။ တဆင့်ကြားနဲ့သူများပြောတါလေါက်ဟုတ်လှပြီထင်ပြီနောက်ကလိုက်အော်နေရင်တေါ့ အင်း ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံဘါညာနဲ့ပြောခဲ့တဲ့မင်းတို့ဆရာ့ဆရာကြီ ဒုက်ခသည်ပထမအဖွဲ့ မေးကြည့်ဘူးပါတယ်။ အပိုဒ်လိုက်အပိုဒ်လိုက်ဘယ်နေရာဘယ်လိုလက်မခံနိုင်တါလဲဆိုတါ။ အဖြေကိုစဉ်းစါးသါကြည့်ကြပေတေါ့။

Anonymous ရေ သူပုန်တွေ တိုင်းပြည်သယံဇာတ ခိုးရောင်းစားတာတော့ ကျွန်မမသိလို့ ထားလိုက်တော့ မသိဘဲနဲ့ မဝေဖန်ချင်ဘူး။ စစ်ခေါင်းဆောင်တွေ တိုင်းပြည်သယံဇာတတွေကို ခိုးတာမဟုတ် ဗြောင်ဓါးမြတိုက်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတာကိုတော့ ရှုပ်ချပါတယ်။ ၇၄ ဖွဲ့စည်းပုံလား ကျွန်မ မလေ့လာဖူးဘူး ၀န်ခံတယ်။ ဒါပေမဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ တခုတည်းသော ပါတီဖြစ်ရမည် ဆိုတဲ့ အချက်တချက်ကိုတော့ ကောင်းကောင်းသိတယ်။ ဒီတချက်တည်းနဲ့တင် လက်မခံနိုင်သလို တိုင်းပြည်ကိုလည်း ဆိုရှယ်လစ်စနစ်ဆိုပြီး ဆိုရှယ်လစ်စနစ်ကို ဒီဖွဲ့စည်းပုံနဲ့ပဲ ဖျက်ဆီးပစ်လိုက်တယ်။ အရှေ့တောင်အာရှ စပါးကျီဖြစ်တဲ့ နိုင်ငံကနေ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်သွားတာလည်း ဒီဖွဲ့စည်းပုံပဲ။ ပြည်သူလူထု ဒုက္ခဆင်းရဲရောက်နေတဲ့ အချိန်မှာ ဦးနေ၀င်းကို ဆွစ်ဇာလန်ဘဏ်မှာ ငွေတွေအမြောက်အများ အပ်ထားပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ဖြစ်သွားစေတာလည်း ဒီဖွဲ့စည်းပုံပါပဲ။ အဲဒါကြောင့် လက်မခံဘူး။ အခုလည်း ဒီမိုကရေစီကို ဖျက်ဆီးဖို့အတွက် စစ်ခေါင်းဆောင်တွေက သွားလေသူ ခေါင်းဆောင်ကြီး ခြေရာအတိုင်း နင်းပြီးလုပ်နေတာကိုတော့ အလိမ်ခံရဖူးသူပီပီ နောက်လူတွေ အလိမ်မခံရအောင် မြင်ရင်မြင်တဲ့အတိုင်း ပြောရမှာပဲ။

"၂၁ရာစုနဲ့ပြောင်းလဲလါတဲ့အချိန်အနေအချိန်အခါတွေမှာ ဆွေးနွေးညှိနိုင်းပြည် တိုင်းပြည်တခု ပြည်သူတရပ် ဆိုတဲ့အခြေခံမူကိုဆွဲကိုင်ပြီး တပ်မတော်ရဲ့အခန်းကဏ်ဏကိုလဲနားလည်ရင် တိုင်းပြည်တိုးတက်ရေးအတွက်ဘယ်လိုတတပ်တအါးပါ ၀င်ဆောင်ရွက်ကြမယ်ဆိုတါအခြေခံမူနဲ့လက်ခံပြီး (ငါဆရာကြီးမလုပ်ရရင်တေါ့ပတ်မကြီးထိုးဖေါက်မဲ့ မင်းသမီး မင်းသါးတွေ မဟုတ်ရင်)မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ ၂၀၀၈ အခြေခံဥပဒေကိုလဲသေချာလေ့လါပြီးမှ ဝေဖန်ကြရင်ကေါင်းပါလိမ့်မယ်။"

တကယ် ဆွေးနွေးဖို့ ကမ်းလှမ်းနေတာက ဘယ်သူလဲ ကိုယ်လုပ်ချင်ရာ စည်းမရှိဘောင်မရှိ လုပ်နေတာက ဘယ်သူလဲဆိုတာ ဦးနှောက်မီတဲ့သူတိုင်း တွေးကြည့်ရင်သိပါတယ်။ အနိုင်ရပါတီနဲ့ ဘာမှ ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ ငါ့မြင်းငါစိုင်း ပဲခူးရောက်ရောက် လုပ်ပြီး အတုယောင်၊ အမျိုးသားညီလာခံလုပ်၊ အတုအယောက် ဖွဲ့စည်းပုံဆွဲပြီး အတုယောင် ရွေးကောက်ပွဲလုပ်ဖို့ လုပ်နေလို့ အခုလို အခြေအနေ ဖြစ်နေတယ်ဆိုတာ လူတိုင်းသိပါတယ်။ Anonymous ရေ ကျွန်မကို ဆစ်ဒနီအထိ လာပြီး စိတ်ဓါတ်စစ်ဆင်ရေး လာမလုပ်နေပါနဲ့ ဘာမှ မထူးပါဘူး။ ဘာလဲ ဒေါ်လာရလို့ စိတ်ဓါတ်စစ်ဆင်ရေး လာလုပ်နေတာလား။ ကျွန်မသိတာတွေကိုပဲ Anonymous သိအောင် အရင်လေ့လာလိုက်ပါ။

ကိုကိုစန်း- မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မကို မှတ်ချက်နဲ့ ပတ်သက်ပြီး အကြံပြုတာကို လက်ခံပါတယ်။ ကျွန်မ မှတ်ချက်ကို မကြောက်ပါဘူး ဖျက်တယ်ဆိုတာကလည်း တမင်စိတ်အနှောင့်အယှက် ဖြစ်အောင် ကျွန်မကို လိုက်လုပ်နေပြီး ကျက်သရေနည်းတာကိုပဲ ဖျက်တာပါ။ Anonymous ခဏခဏ ပြဿနာလာရှာနေတဲ့ မှတ်ချက်တွေကိုတောင် ကျွန်မ မဖျက်ဘဲ ထားတာသာ ကြည့်ပါ။ စာလာဖတ်သူအားလုံးကို ကျွန်မ လေးစားပါတယ်။ အဲဒီထဲက ကျွန်မဘလာ့ဂ်ကို အမှိုက်ပုံဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်နေကြလို့သာ သူတို့ရည်ရွယ်ချက် အထမမြောက်အောင် ကျွန်မ ဖျက်တာတွေ ရှိခဲ့ပါတယ် ကြောက်လို့မဟုတ်ဘူး ဆိုတာ ကိုကိုစန်းကို ပြောပြပါရစေ။ အခုလည်း ကတ်တလစ်ဘကြမ်းဆိုသူနဲ့ အခုစာလာရေးတဲ့ Anonymous တို့ နှစ်ယောက်ကို ကျွန်မကို စိတ်ဓါတ်စစ်ဆင်ရေး လာလုပ်နေကြတာ သူတို့ဆရာကြီးတွေဆီက လစာရထားလားမသိဘူး တကယ်ကို တစိုက်မတ်မတ် လုပ်နေပါတယ်။ Anonymous ဆိုရင် ဆစ်ဒနီအထိ ရောက်လာပြီး ကျွန်မကို စိတ်ဓါတ်စစ်ဆင်ရေး လာလုပ်နေပါတယ်။

This comment has been removed by the author.

“သူ.ဆန်စားမှ ရဲရမယ် ဆိုတဲ့ စကားကလည်း ရှိတယ်မဟုတ်လား ၊ ဒီမှာ ကွန်.မန်. ရေးနေတာ သမိုင်း နဲ. တော့ ချီပြီးတော့ မပြောပါနဲ.လား ၊ နာမည်တော့ မဖော်ပြရဲတဲ့သူက သိပ်ပြီးတော့ လည်း အပြောမကြီးပါနဲ.ဗျာ၊”
ဘါဖြစ်လို့သမိုင်းနဲ့ချီပြီးမပြောစေချင်တါပါလိမ့်။ ဟုတ်တယ် မြန်မါပြည်မှာမွေးမြန်မါရေမြန်မါ့ဆန်စါးလါတဲ့အတွက်မြန်မါပြည်အတွက် သင့်တင့်တဲ့နေရာကသင့်တော်သလို လုပ်နေ သူဆန်စါးရဲတါဘဲ။ ကွန်မန့်ဘဲရေးရေးသုတေသနာစါတမ်းဘဲတင်တင် လိုအပ်ရင် လိုအပ်သလိုတေါ့ ဖတ်သူုအတွက် အကျိုးနဲနဲဘဲရှိအုံး လိုအပ်သလိုတေါ့ရေးရပါလိမ့်မယ်။ နာမည်မဖော်ပြရဲသူဆိုပါလါး အထက်ကပုဂ်ဂိုလ်လေးတဦးရဲ့မှတ်ချက်အတိုင်းပါဘဲလို့။

”ကျွန်တော်က Gmail account နဲ. sign in လုပ်ပါတယ်ကိုယ်ရေးတာ ကိုယ် တာဝန်ယူတယ် ဆိုတဲ့ သဘောပါ ၊”
လူတိုင်းသူသန်ရာသန်ရာပေါ့ကွယ်။ မေါင်ရင်ဘါအကေါင့်နဲ့ဆိုင်းအင်လုပ်လုပ်စိတ်လဲမ၀င်စါး ဘူး သုရဲကေါင်းကြီးလို့လဲသတ်မှတ်စရာမရှိပါဘူး။ လိုအပ်ရင်လိုအပ်တယ်လို့ယူဆရင်လိုအပ်သလိုလုပ်မယ်။ ကိုယ်ရေးတါကိုယ်တါဝန်ယူတယ်ဆိုတါနဲ့ဂျီတေါ့ခ်ဆိုင်းအင်နဲ့ဆိုင်တယ်ဆိုရင်လဲအဲဒိလိုဘဲထါးလိုက်ပေါ့ကွယ်။ဥနှောက်ရှိသူတွေသူ့ဖါသူဆုံးဖြတ်ပါလိမ့်မယ်။

”တကယ့်တော့ တပ်မတော် ခေါင်းဆောင်အဆက်ဆက်မှာ xenophobia ဆိုတဲ့ ရောဂါရှိတယ် ၊ မြန်မာနိုင်ငံ က စစ်ခေါင်းဆောင်တွေက တော့ မျိုးချစ်စိတ်တော့ သိပ်ပြီးရှိမယ် မထင်ပါဘူး တကယ်တော့ နိုင်ငံခြားသားတွေ (ခင်ဗျားတို. ပြောတဲ့ အဖြူတွေ) က တော်ပါတယ် ၊ Boeing, Airbus တို.ကို USA ၊ EUROPE တို.က ထုတ်လုပ်တယ် ၊ U.K. ဆိုရင် Accounting system ၊ ရုံးလုပ်ထုံးလုပ်နည်း မှာ အရမ်းတော် ကြပါတယ် ၊ Japan, Germany ဆိုရင် အင်ဂျင်နီယာ ဘက်မှာတော်ပါတယ်၊ ခင်ဗျားတို. ဦးဆောင်တဲ့ လုပ်ငန်းရှင်များ က လူစီးတဲ့ လေယာဉ် မပြောပါနဲ. ခလေး ကစားတဲ့ လေယာဉ် အရုပ်တောင် ထုတ်နိုင်ကြရဲ.လား၊ အထင်ကြီးသင့်တဲ့ သူကို အထင်ကြီးလိုက်ပါဗျာ ၊ သူတို.က မြန်မာနိုင်ငံ အရေးကို မရှုတ်ကြပါဘူး ၊ ထင်လို.ပါ ၊”

အါးရစရာကြီးပါဘဲ တော်ဝင်လေါက်တဲ့သုံးသတ်ချက်တခုပါဘဲ။ ဘယ်နေရာမှာတော်ဝင်သလဲသမိုင်းကဆုံးဖြတ်မှာပေါ့။ နိုင်ငံခြားသါးများမြန်မါအရေးမရှုတ်ကြပါဘူးထင်လို့ပါဆိုပါ့လါး။ ဒီတခုထဲနဲ့တင်မေါင့်ရင်အတွေးအခေါ်နဲ့နိုင်ငံရေးအသိကစံဝင်နေပါပြီ။ မြန်မါပြည်အရေးဆက်ဆွေးနွေးရင်အဲဒီတော်ဝင်အသိတွေနဲ့ကြိုးစါးကြည့်ပေါ့။ ဘါတွေထုတ်ထုတ်အထင်ကြီးချင်တဲ့သူတွေကြီးပေါ့ကွါ။ စံချင်းကတူချင်မှတူမယ်ပေါ့။ ဒိုက တိပိဋိကပုဂ်ဂိုလ် ဗုဒ်ဓတရားကိုလက်တွေ့ကျင့်သုံးစါတွေဖြန့်နေသူများကိုအထင်ကြီးမယ် အနောက်နိုင်ငံက ပိအိပ်ခ်ျဒိဆိုလါးတွေကိုအထင်ကြီးချင်မှကြီးမယ်။ နွားချေးကြိုက်သူနွားချေး ဒိန်ခဲကြိုက်သူဒိန်ခဲပေါ့ကွယ်။မေါင်ရင်အထင်ကြီးသူတွေ တခြားသူကအထင်မကြီးလို့တေါ့ မြန်မါလိုပြောရင် မယ်ဘော်ကကဲမနေပါကွယ်။ ဒို့နိုင်ငံမှာလဲအဲဒိလိုလူမျိုးတွေအတော်များသါးလါး။ စိတ်ဖြေစရာတခုကအဲ
ဒီတော်တော်များများဟါ ဒိမိုသူတေါင်းစါးတွေဖြစ်နေတါဘဲ။ ကြုံလို့ဆက်ပြောရရင်ပုဂ်ဂိုလ်ရေး တဦးချင်းသဘေါအရကြိုက်တဲ့သူယူ ဒါပေသိနိုင်ငံတော်နဲ့ပါတ်သက်လါရင်တေါ့သူနိုင်ငံနဲ့သူစည်းမျဉ်းသူယဉ်ကျေးမှု့။တဦးချင်းပုဂ်ဂိုလ်ရေးအယူအဆပြောရရင်ဘယ်သူဘယ်နိုင်ငံကိုမှအထင်မကြီးသလိုအထင်လဲမသေးဘူး။ လိုတါရှိသလိုပိုတါလဲရှိမယ်။ ကိုယ့်အကြောင်းကိုယ်သိဘို့လိုမယ်။

This comment has been removed by the author.

”ခင်ဗျားက အထက်မှာ ဖော်ပြခဲ့ပါတယ်၊ သောင်းကျန်သူတွေ က နိုင်ငံတော် သံယဇါတတွေကို ခိုးယူတယ်တဲ့ ၊အမှန် တော့ စစ်တပ်က အဲဒီလို မဖြစ်အောင် ကာကွယ်ရမယ် မဟုတ်ပါလား ၊ နယ်စပ်ကို ကာကွယ်ဖို. နေနေသာသာ မြို.လယ်က ကန်တော်ကြီး သင်္ကြန် မှာ ဗုံးကွဲခဲ့သေးတယ် စီးပွားရေးမှာလည်း အောင်မြင်အောင် မလုပ်နိုင် ၊ စစ်တပ် ရဲ့ အဓိက တာဝန်ဖြစ်တဲ့ နိုင်ငံ့ ကာကွယ်ရေး မှာလည်း သုံးလို.မရ ၊ ဟိုမှာလည်း သုံးလို.မရ ၊ ဒီမှာလည်း သုံးလို.မရနဲ. ဘာမှ သုံးလို.မရပါလား ၊ “

အင်းနောက်တော်ဝင်မဲ့မှတ်ချက်အယူအဆတခုပါလါး။ ကုလါးဖြူလိုပြောရရင် အိမ်မက်ကမ်ဘါထဲကပုဂ်ဂိုလ်လိုလေါကလက်တွေ့နဲ့ကင်းလွတ်နေတဲ့ ဘါလေးလို့ပြောရမှန်တေါင်မသိတေါ့ပါဘူး။ ပြန်ဖြေစရာကိုမလိုအပ်ပါဘူး။ စစ်ရေးနိုင်ငံရေးနဲ့ လက်တွေ့ဘ၀ဥနှောက်ရှိသူတွေပြုံးစရာအဖြစ်ထါးခဲ့မယ်။ စကါးမစပ်မေါင်ရင်တို့အထင်ကြီးနေတဲ့နိုင်ငံကြီးတခုမှာအခုတလေါမကြာခဏ အကြမ်းဖက်သတင်းတွေထွက်နေတယ်နော်။ နိုင်းအလဲဗင်းဆိုလါးလူပြောများတဲ့အကြောင်းလဲရှိထင်ပါ့။ အေးပေါ့လေ ဒိုလိုနိုင်ငံခတ်သေးသေး သေါင်းကျန်းသူအကြမ်းဖက်သမါးများများ ခေတ်အဆက်ဆက် ဓါတ်အါးတိုင်တွေမိုင်းခွဲ ရထါးတွေမိုင်းထေါင် ပြန်ပေးဆွဲလူသတ်။ ရာခိုင်နှုံ့းပမါဏအါးဖြင်း (လူဦးရေအချိုးအဆနဲ့သေါင်းကျန်းသူအကြမ်းဖက်မှု့၊ သေါင်းကျန်းသူအဖွဲ့အချိုးအှဆ)နှိုင်းဆတတ်ရင်မြန်မါပြည်မှာစစ်တပ်ကဘယ်လေါက်အလုပ်လုပ်သလဲပေါ်မှပေါ့။ ) ဘါမှသုံးမရတဲစစ်တပ်ကြောင့်မြန်မါနိုင်ငံဆိုတါရှိနေသေးတယ်လို့ဘဲသိထါးလိုက်ပါ။

”ခင်ဗျား ရန်ကုန်မှာ taxi စီးရင် ဒါမှမဟုတ် ဈေသည်တွေ နဲ. တွေ.ရင် စစ်တပ်ကလို. မပြောနဲ.၊ စစ်တပ်အကြောင်း မေးကြည်. ၊ အားလုံးက ရွံမုန်းကြီး ဖြစ်နေပါတယ်၊ ရှက်တတ်ရင် ရှက်ဖို.ကောင်းပါတယ် ၊ “
အင်းဟုတ်ချင်လဲဟုတ်မှာပေါ့ မေါင်ရင်က ဆိတ်ဟိုဟွါလိုတက်စ်စီသမါး ဆရာဟိုသွါးမလါးဆိုတဲ့အဆင့်လေါက်နဲ့ဘဲတွေ့ဘူးချင်တွေ့ဘူးမှာကိုး။

”အာဏာရဖို.ဆိုရင် အမျိုးသမီး တစ်ယောက် ကို နောက်ထပ် အနှစ် (၁၀၀) အကျယ်ချုပ်ချဖို. ၀န်မလေးဖူး ၊ ဘုန်းကြီးတောင် မှ သတ်တယ်ဆိုတော့ ကျန်တာတွေ မပြောလိုပါဘူး ၊ ၁၉၈၈ မတိုင်မီက စစ်တပ်က ဒီလောက် မဆိုးသေးဖူး ၊ ၁၉၈၈ နဲ. ၂၀၀ရ အပြီးမှာ စစ်တပ်ရဲ. သိက္ခာက တစ်ပြားမှ မရှိတော့ပါဘူး ၊”

အမျိုးသမီးအမျိုးသါးဘယ်သူဘဲဖြစ်ဖြစ်နိုင်ငံတော်ဆန့်ကျင်ရေးနဲ့သွေးခွဲရေးလုပ်ရင် တည်ဆဲဥပဒေကိုဖေါက်ဖျက်ရင် အုပ်ချုပ်နေသူတွေကသင့်တော်သလိုဆေါင်ရွက်ကြမှာဘဲ။ မိန်းမမို့လူများစွါမသတ်နိုင် သတ်ကြဖြတ်ကြဖြစ်အေါင်ဆွမပေးဘူးလို့အါမခံနိုင်တဲ့တနေ့ မိန်းမကို အကျယ်ချုပ်ချစရာမလိုဘူးဆိုတဲ့ဥပဒေမေါင်ရင်တို့အထင်ကြီးနေတဲ့နိုင်ငံမှာကြိုးစါးပြီးရအေါင်လုပ်ကြည့်ကြပေါ့။ ဘုန်းကြီးကိစ်စ်တေါ့အကျယ်ပြောစရာမရှိပါဘူး။ ဂတုံးတုံးပြီးသင်ကန်းခြုံလိုက်ရုံနဲ့ဘုန်းကြီးဖြစ်တယ်ထင်ရင်တေါ့ အချင်းချင်းဆက်ဆွေးနွေးကြပေါ့။ ဒိုများကိုးကွယ်တဲ့ဘုန်းကြီးကတေါ့ဘုရားသါသနာအတွက်ဘုန်းကြီးအလုပ်လုပ်တဲ့ဘုန်းကြီးအစစ်ဘဲ။ဝိနည်းကိုအသက်နဲ့ထပ်တူကျင့်တဲ့ဘုန်းကြီးတွေ။

”ခုချိန်မှာ ပြင်ရင် အချိန်မှီပါသေးတယ်၊ ဒါပေမဲ့ ပြုခဲ့တဲ့ အကုသိုလ် ကတော့ ဘယ်သူမှ မကယ်နိုင်တော့ပါဘူး ၊ အီရတ် က ဆဒမ်ကြီး ရဲ့ နောက်ဆုံးအချိန် မှာ ကြိုးပေးတာကို ကြည့်ပြီး သံဝေဂါ ရကြပါ ၊ ဒေ၀ဒတ် က အမှားတွေ သိပြီး ဘုရားကိုတောင်းပန်ချင် လို. ဘုရားဆီ အလာမှာ လမ်းတစ်ဝက်မှာ မြေမြိုတဲ့ အဖြစ်မျိုးတော့ မကြုံစေချင်ပါဘူး ၊ နောက်ဆုံးမှာ ဘုရားတောင် မှ မကယ်နိုင် ပါဘူး ၊”

သမိုင်းကအဖြေပေးသွါးပါလိမ့်မယ်လေ။ဆဒမ်အကြောင်းလဲပြောချင်ရင်လေ့လါကြည့်လိုက်ပါအုံး။တါလီဗန်တို့ဆဒမ်တို့ဘင်လါဒင်တို့တွေဘယ်ကစသလဲဆိုတါသေချာလေ့လါပြီးမှ မြန်မါပြည်ပြန်ခဲ့(ပြန်လို့ရရင်ပေါ့လေ)။ပြည်သူကိုဝန်ချတေါင်းပန်ချင်ရင်။ လေသံကြားဖမ်းတရာနာပြီးမေတ်တါဆိုတါထါးသင့်မှထါးရတယ်ဆိုတဲ့ဘုရားထက်ပိုသိနေတဲ့မေါင်ရင်တို့လိုသတွါတွေကို သူ့တရားသူစီရင်မှာပါဘဲ။ ဘုရားကဘယ်သူမှကယ်နိုင်တယ်မပြောခဲ့ပါဘူး။ တို့ဘုရားက ကိုယ်လုပ်မှကိုယ်ရမယ်လို့ဟေါခဲ့တဲ့ဘုရား။

”ကျွန်တော် ကွန်.မန်. ကို ညပိုင်းမှ ရေးလေ့ရှိပါတယ် ၊ အမည်မသိသူ ရေ ခင်ဗျား ကွန်.မန်.ကို ရုံးမှာ ဖတ်ဖြစ်ပါတယ်၊ ရုံးမှာ ဗမာစာ ရိုက်လို. မရလို.ပါ ၊ ခင်ဗျား ကွန်.မန်.ရေးပြီးတာနဲ. ညပိုင်းမှာ ဒီဖက်ကို အလည်လာပေါ့ ၊ ကျွန်တော် ခင်ဗျား ကို ကတိပေးပါတယ် ၊ ခင်ဗျား ရေးတဲ့ အကြောင်းအရာ ကို ကျွန်တော် တတ်နိုင် သလောက် ပြန်ပါ့မယ်၊”

ပြန်ချင်လဲပြန်မပြန်ချင်လဲနေ သင့်တော်လို့အများအကျိုးရှိမယ်ထင်ရင်ဝင်ရေးမယ်။ရေးခိုင်းမယ်။ တယေါက်ယေါက်တစုံတခုလေးဘဲသိသွါးပြီးဆက်လေ့လါချင်စိတ်လေးပေါ်လါရင် ဘက်မျှအေါင်သုံးသတ်တတ်တဲ့ဆန်ဒလေးပေါ်လါရင် ငါတို့တိုင်းပြည်တါဝန်ကျေတယ်။ အေးနောက်ဆုံးပြောရရင်ငါဟါစစ်တပ်နဲ့ပါတ်သက်တဲ့ကေါင်မဟုတ်သလို ကိုယ့်ပိုက်ဆံကိုယ်စါးပြီး ကိုယ့်အတတ်ပညာနဲ့ကိုယ်ရပ်နေတဲ့သူ။ဟိုကဒီကထေါက်ပံ့ကြေးရပြီး မြန်မါပြည်မှာနေရင်ဘဲအသတ်ခံရမလိုလိုမုဒိန်းကျင့်ခံရမလိုလိုဇတ်လမ်းမျိုးစုံနဲ့မြန်မါပြည် ဆန့်ကျင်ရေးပျက်ဆီးရေးကိုအသွင်မျိုးစုံနဲ့လုပ်နေတါမခံနိုင်လို့ တတ်နိုင်တဲ့ဘက်ကနိုင်ငံတွက်ဝင်ရပ်တါဆိုတါဘဲ။

This comment has been removed by the author.

kokosan ရေ ကိုယ့်ပရိတ်သတ် ကိုယ်ပဲဧည့်ခံတော့၊ ကျွန်မတော့ ဒီတယောက်ကို ဘေးမဲ့ပေးထားလိုက်ပြီ။ အပေါ်က ဒေါ်လာတွေပေးပြီး တာဝန်ပေးထားခြင်း ခံရလို့ ကျွန်မကို တပ်မတော်ရဲ့ စေတနာအမှန်တွေကို တရားဟောဖို့လာတာ မရမှန်းသိသွားလို့ လက်လျှော့သွားပြီး ရတဲ့သူကိုပဲ စည်းရုံးတေ့မယ်ဆိုပြီး သူ့ကို အရေးပေးဆက်ဆံနေတဲ့ ကိုကိုစန်းဘက်ကို လှည့်လာနေတာ ဖြစ်ပုံရတယ်။ အဲဒီတယောက်က ပြောရင်းပြောရင်းနဲ့ ရိုင်းလာတတ်တယ်။ ကိုကိုစန်းကို ပြန်ရေးရင်းနဲ့ ရိုင်းလာရင်တော့ ကျွန်မက ဖျက်မှာပဲဆိုတာတော့ အသိပေးထားပါတယ်နော့်။

This comment has been removed by the author.

ရိုင်းတယ်ဆိုတဲ့ဒီမိုအဆင့်အတန်းက ဘါလဲဆိုတါအများသိအေါင်ချပြလေဆိုတေါ့လဲမချပြရဲ။ ကိုယ့်ဆိုက်ကိုယ်ကြိုက်တါလုပ်ပေါ့ကွါ။သူတော်ကေါင်းလေသံဟစ်နေလို့လဲ ဖတ်ပြီးသူတွေကဘယ်သူဘါလဲသိသွါးကြမှာဘဲ။ ဖျက်ချင်ဖျက်ထါးချင်ထါး ကိုယ့်အလုပ်ကိုယ်လုပ်ကြမှာပါဘဲ။ကိုယ့်အချင်းချင်းလှည့်ပါတ်ပြီးမြှောက်တါလဲ အနှစ်၂၀တွင်းမှာမြင်ရသူများ ရယ်စရာဖြစ်တါအများအသိ။
လူတွေကိုယ့်သမိုင်းကိုယ်ရေးတါဘဲလေ။ အရိုင်းကေါင်ကြီးနဲ့အလှရှင်မလေး ဇါတ်လမ်းမှာ နောက်ဆုံးတေါ့အလွှရှင်မလေးကဘီးလူးမ လူယေါင်ဆေါင်ထါးတါပေါ်လါရင် နောက်ကျသွါးပြီလို့ဘဲ။

Anonymous ရေ တပ်မတော်အစိုးရ ကောင်းကြောင်း တရားဟောရင်းနဲ့ ကျွန်မဘလော့ဂ်ကို ရောက်လာတာ တရားဟောတာ မအောင်မြင်ရင်လည်း ရပ်လိုက်တော့၊ လက်လျှော့လိုက်တော့ပေါ့။ ဦးတည်ချက် ရည်ရွယ်ချက်လည်းမရှိ တင်ထားတဲ့ ပို့စ်နဲ့လည်း မဆိုင်တာတွေ ထပ်ပြောနေတာ နောက်ထပ် စည်းရုံးရေး ဗျူဟာတခု ထပ်ဆွဲခိုင်းထားလို့ ထင်တယ်။ ကိုယ်နဲ့ အယူအဆမတူရင် အကြမ်းဖက်ပြီး ဒုတ်ဆွဲ၊ ဓါးဆွဲ၊ သေနတ်ဆွဲ အကြမ်းဖက်ပြီး နှိပ်ကွပ်တာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ မလုပ်တော့ပါဘူး။ တကယ်အရိုင်းအစိုင်းတွေ မိမိကလွဲရင် ကျန်တဲ့သူတွေ မှမကောင်းဘူးလို့ သွေးနားထင်ရောက်နေတဲ့ စစ်ဘီလူးတွေ ကြီးစိုးတဲ့ ကျွန်မတို့ နိုင်ငံမှာပဲ ရှိပါတယ်။ ဒီအမွေဆိုးကို နောင်လာနောက်သားတွေကို အမွေမပေးချင်လို့ ဘယ်လို ဗျူဟာပဲလာလာ တပ်မတော် သူ့နေရာသူမပြန်မချင်း ကျွန်မအယုံအကြည်မရှိဘူး။ ဆက်ပြောချင်ရင် တပ်မတော် သူ့နေရာသူပြန်ရောက်မှ ပြန်လာပြောပါ။ အခုတော့ တော်သင့်ပါပြီ။ ဘုမသိ ဘမသိနဲ့ စစ်တပ်ကောင်းကြောင်း လာလာပြောနေတဲ့ Anonymous ကိုလည်း ကျွန်မ တကယ် သနားလာလို့ တောင်းပန်လိုက်ပါတယ်၊ တော်လို့ရပြီနော့်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။



စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။


U Tin Maung Tun
၂၀၁၅၊ ဩဂုတ် ၂၉


ပြည်သူတွေ ဆင်းရဲတာ၊ ဒုက္ခရောက်တာ၊ အခွင့်အရေးမရတာ၊ လူ့အခွင့်အရေးဆုံးရှုံးနေတာတွေကို စစ်ဗိုလ်တွေက သိတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာတဲ့စိတ်ကို စစ်ဗိုလ်တွေက ပြည်သူတွေအပေါ် ဘယ်လိုမှ မွေးလို့မရလို့ပါ။

စစ်ထဲရောက်ကတည်းက စ သိလိုက်တာက တဆင့်မြင့်တဲ့သူက သူ့ရဲ့သခင်ဖြစ်လို့ သူက တဆင့်မြင့်တဲ့သူ ခိုင်းတာကို အကုန်လုပ်ပေးရတဲ့ ကျွန် ဆိုပြီးပဲ သိတယ်။

တဆင့်နိမ့်တဲ့သူ ဆိုရင်တော့ သူ့ရဲ့ကျွန်အဖြစ် မြင်တတ်ပြီး တဆင့်နိမ့်တဲ့သူက သူခိုင်းတာကို ဘာမှဆင်ခြေမပေးဘဲ အကုန်လုပ်ရမယ်၊ သူ့ကို ကျွန်ခံရမယ် ဆိုတဲ့ အသိပဲ ရှိကြတယ်။

ဒီတော့ စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားပြီး ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။

အဲဒီလို စစ်ဗိုလ်တွေက ပြည်သူတွေရဲ့ သခင်တွေ ဖြစ်နေတာဟာ စစ်တပ်ရဲ့ မူလရပိုင်ခွင့် ဂုဏ်လို့ပဲ စစ်ဗိုလ်တွေက ခံယူထားကြတယ်။


ဦးတင်မောင်ထွန်း


စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စစ်ဗိုလ်တွေရဲ့ စိတ်ထဲမှာ ဘာမှ မခံစားရဘူး