မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Evolution လုပ်မလား Revolution လုပ်မလား

Evolution ဆိုတာ တဖြေးဖြေး ပြောင်းလဲခြင်းကို ဆိုလိုပြီး Revolution ဆိုတာ အမြစ်ကနေတွန်းလှန် ဖြိုဖျက်ပြီး အချိန်တိုအတွင်း ပြောင်းလွဲခြင်းလို့ ကျွန်မလေ့လာ ဖတ်မှတ် သင်ကြားဖူးပါတယ်။ Revolution ကို ငယ်စဉ်ဘ၀ ကျောင်းတက်တုန်းက ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ သင်ရတာ အပါအ၀င် အခုလက်ရှိအထိ ဖြစ်နေဆဲ ဖြစ်တဲ့ တော်လှန်ရေးတွေ အကြောင်းကို လေ့လာရင်း သိရှိရပါတယ်။ Evolution ကိုကျတော့ အထက်တန်းအဆင့် ဇီဝဗေဒဘာသာ (မြန်မာပြည်ပညာရေးမဟုတ်) မှာ ချားလ်ဒါဝင်ရဲ့ သီအိုရီ ဖြစ်တဲ့ Natural Selection and Evolution, Diversity and Evolution တွေမှာ သင်ရလို့ လေ့လာသိရှိခဲ့ပါတယ်။ Evolution က ကမ္ဘာကြီးစတင်ချိန်ကနေ အခုချိန်ထိ သက်ရှိတို့ရဲ့ တဆင့်ဆင့် ပြောင်းလဲလာပုံကို ဖေါ်ပြပြီး Revolution ကတော့ သမိုင်းတင်ပြီးကာလတွေမှာ လူသားမျိုးနွယ်တွေက လက်ရှိခံစားနေရဲ့ ခေတ်စနစ်ဆိုးမှာ ဖိနှိပ်သူတွေရဲ့ ဒဏ်ကို မခံနိုင်လို့ လူထုက လူထုရဲ့ကံကြမ္မာကို လူထုကိုယ်တိုင် ဖန်တီးပြီး အမြစ်မှနေ တွန်းလှန်ဖြိုဖျက်ခြင်း (ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား) နည်းဖြင့် ချက်ချင်းပြောင်းလဲပုံကို ဖေါ်ပြပါတယ်။ နှစ်ခုစလုံးဟာ ပြောင်းလဲလာတာကို ဆိုလိုတာ မှန်ပေမဲ့ ပြောင်းလဲပုံ ပြောင်းလဲနည်း မတူတာကို တွေ့ရှိရပါတယ်။ အဲဒီ နှစ်ခုရဲ့ အဓိပ္ပါယ်တွေကို ပြန်ဆန်းစစ်ပြီး ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြအနေက Evolution လား Revolution လားဆိုတာ ဆန်းစစ်ရင်း မျှဝေတင်ပြလိုက်ပါတယ်။

Revolution ခေါ် တော်လှန်ရေးက မြန်မာလူမျိုးတွေအတွက် နားမဆန်းတော့လို့ နည်းနည်းစိမ်းနေသေးတဲ့ Evolution (တဖြေးဖြေးပြောင်းလဲခြင်း) အကြောင်းနဲ့ အရင် စချင်ပါတယ်။ ဇီဝသိပ္ပံပညာရှင်ကြီး ချားလ်ဒါဝင်ရဲ့ Natural Selection အရ သက်ရှိ သတ္တ၀ါအားလုံးဟာ တမျိုးတည်းက ဆင်းသက်လာနိုင်ဖွယ် ရှိတယ်လို့ ယူဆပါတယ်။ ဒီကမ္ဘာကြီးကို စတင်ခဲ့စဉ်က သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ Organic Compound တွေ မပါဝင်ခဲ့ဘဲ ကမ္ဘာကြီးဟာ inorganic အစိုင်အခဲအဖြစ်ပဲ ရှိခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရှည်ကြာလာမှ ကာဗွန်၊ ဟိုင်ဒရိုဂျင် အောက်စီဂျင် စသည်တို့ပါတဲ့ Organic Compound တွေ စတင်ဖြစ်ပေါ်လာပြီး အမှုန်အမွှား သေးသေးလေးကနေ သက်ရှိတွေ စတင် ဖြစ်လာရတယ်။ အခုလက်ရှိကမ္ဘာမှာ ရှိနေတဲ့ သက်ရှိတွေကို အုပ်စုခွဲလိုက်တော့ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes) ကနေ နောက်ဆုံး Species (မျိုးနွယ်စု) အထိ အဆင့်ဆင့် ခွဲထုတ်ထားပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေကို ချားလ်ဒါဝင်ရဲ့ သီအိုရီအရ ခွဲကြည့်ရင် Kingdom အဆင့်မှာ တိရိစ္တာာန် အုပ်စုမှာ ပါဝင်ပြီး နောက်ဆုံး Species အဆင့်မှာကျတော့ မွန်ဂိုလီယား လူမျိုးနွယ်စုမှာ Evolution Process လာဆုံးနေပါတယ်။

Evolution အရ တဖြေးဖြေး ပြောင်းလွဲရာမှာ မျိုးနွယ်စုကနေ Divergent Evolution နဲ့ Convergent Evolution ဆိုတာ ဆက်ပြီး ကွဲပြားသွားတာ ရှိပါတယ်။ ဥပမာ မွန်ဂိုးလီးယား အနွယ်ကနေ ဗမာ၊ ရှမ်း၊ ကရင်၊ ထိုင်းစတဲ့ မျိုးမတူတာတွေ ဆက်လက် ဖြစ်ပေါ်လာတာဟာ Convergent Evolution Process အရ သီးသန့် ထပ်မံခွဲထွက် ပြောင်းလဲလာ ခြင်းဖြစ်ပါတယ်။ ထိုနည်းအတူ လူမျိုးတူသော်လည်း အသွင်မတူခြင်း၊ နေရာဒေသ၊ ဘာသာစကား မတူခြင်း ဥပမာ နိုင်ငံခြားမှာ မွေးဖွားကြီးပြင်းတဲ့သူတွေ ရှိသလို တနိုင်ငံတည်းမှာ ရှိပေမဲ့လည်း အယူဝါဒမတူခြင်း စသည်တို့ကြောင့် ကွဲပြားသွားတာတွေလည်း ရှိပြီး ဒါမျိုးကျတော့ Divergent Evolution Process အရ ဖြစ်တယ်လို့ ချားလ်ဒါဝင်က ဆိုပါတယ်။ Evolution ရဲ့ သဘောသဘာဝအရ သက်ရှိတွေဟာ မိမိ အသက်ရှင်ရပ်တည်ရာ နေရာမှာ အရပ်မှာ Survival of fittest အရ Adaptation (လိုက်လျောညီထွေမှု) ရှိလို့သာ ဆက်လက် ရှင်သန်နိုင်ပြီး မရှိပါက မရှင်သန်နိုင်ဘူးလို့ ဆိုပါတယ်။ Fittest က မိမိနေထိုင်ရာ အရပ်နဲ့ လိုက်လျောညီထွေအောင် ၀င်ဆံ့နိုင်ဆုံး အတိုင်းအတာလို့ ပြောနိုင်ပါတယ်။ ဒီအရပ်မှာ ဒီလို ဆက်လက် အသက်ရှင် ၀င်ဆံ့နိုင်ဖို့အတွက် Adaptation ဆိုတဲ့ ဒီအရပ်နဲ့ လိုက်လျောညီထွေအောင် နေတတ်မှ ရပါတယ်။ ဒီလို လိုက်လျောညီထွေအောင် Adaptation လိုက်လုပ်ခြင်းဟာ Natural Selection အရသာ ဖြစ်တယ်လို့ ချားလ် ဒါဝင်က ဆိုပါတယ်။ ဒါကြောင့် လိုက်လျောညီထွေ ၀င်ဆံ့အောင် နေရင်းနဲ့ တဖြေးဖြေး ပြောင်းလဲလာတဲ့ အခြေအနေကို Evolution လို့ခေါ်ပါတယ်။

Revolution ဆိုတာကတော့ တော်လှန်ရေး ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ လူထုက လူထုကံကြမ္မာကို သဘာဝတရား (သို့) မဟုတ် အုပ်စိုးသူတွေက ပေးထားတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး Evolution အတိုင်း လိုက်လျောညီထွေအောင် Adaption လုပ်လုပ်ရတဲ့ Natural Selection မဟုတ်ပါ Artificial Selection သာ ဖြစ်တယ်။ Revolution ဆိုတာ Evolution နဲ့ လုံးဝကွာခြားပြီး မဟုတ်တာကို မဟုတ်ဘူး ပြောရဲတဲ့၊ ဖိနှိပ်မှုကို တော်လှန်တဲ့၊ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိတဲ့ စနစ်ကို ဖြိုဖျက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ Revolution ဆိုတာ လေတိုက်ရာဘက်ကို လိုက်ပါ လွင့်မျောနေရတဲ့ ဦးတည်ချက်မရှိ သစ်ရွက်ခြောက်လိုမဟုတ်။ Revolution ဆိုတာ မကောင်းတာကို လိုက်လျောညီထွေအောင် လိုက်မလုပ်ဘဲ မကောင်းတာကို ကောင်းအောင် ပြုပြင်ဖန်တီး နည်းလမ်းရှာကာ Artificial Selection နဲ့ အမြစ်ပြုတ်အောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာဖြစ်စေ၊ မြန်မာ့သမိုင်းမှာဖြစ်စေ ခေတ်တခုမှ တခုကို ပြောင်းလဲတာဟာ Revolution လို့ခေါ်တဲ့ တော်လှန်ရေးနည်းနဲ့သာ ပြောင်းလဲခဲ့ပါတယ်။ Evolution အတိုင်း အိပဲ့အိပဲ့နဲ့ အာဏာရှင်တွေ၊ ဖိနှိပ်သူတွေနဲ့ အခြေအနေကို လိုက်လျောညီထွေအောင် လုပ်ပြီး ပြောင်းလဲသွားတဲ့ခေတ် တခေတ်မှ မရှိပါဘူး။ အပြောင်းအလဲတခုကို လိုချင်ရင် တော်လှန်မှ ရတယ် လိုချင်တာတခုဟာ ဒီအတိုင်း နေရင်းထိုင်ရင်း ဘယ်လိုမှ မရနိုင်ဘူး ဆိုတာ နားလည်ဖို့ လိုပါတယ်။

မြန်မာပြည်မှာ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လာခဲ့ပေမဲ့ တော်လှန်သူက နည်းပြီး Adaptation လိုက်လုပ်သူက များနေလို့ တော်လှန်ရေးက မအောင်ဘဲ အခြေနေ မပြောင်းမလဲ ဖြစ်နေပါတယ်။ မြန်မာပြည်သူတွေဟာ ကိစ္စတခုခု ပြီးမြောက်ဖို့အတွက် ကြီးစဉ်ငယ်လိုက် လာဘ်ထိုးပြီး ပြဿနာကို ဖြေရှင်းကြပါတယ်။ ဒါကလည်း Survival of fittest အတွက် Adaptation လုပ်နည်းတမျိုး ဖြစ်ပါတယ်။ အခုလက်ရှိ နိုင်ငံရေး အခြေအနေမှာ ဒီမိုကရေစီကျင့်စဉ်ကို လုံးဝဆန့်ကျင်ပြီး စစ်တပ်နဲ့ လိုက်လျောညီထွေအောင် လုပ်ချင်နေသူတွေဟာ Evolution အတိုင်း နိုင်ငံရေးကို Survival of fittest လုပ်ခြင်း ဖြစ်တယ်။ ဒီရွေးကောက်ပွဲကြီး ပြီးသွားရင်တော့ အခြေအနေ တမျိုးပြောင်းသွားမလားလို့ မျှော်လင့်နေသူ များစွာကိုလည်း တွေ့ရပါတယ်။ ဒီဥပဒေကို လက်ခံလိုက်မှတော့ ပြောင်းတော့ ပြောင်းနိုင်ပါတယ် အခုလက်ရှိ အခြေအနေထက် ပိုကောင်းလာဖို့ အရေးမရှိဘဲ ပိုဆိုးလာတဲ့ ပြောင်းလဲမှုပဲ ရှိနိုင်ပါတယ်။ အကြောင်းမှာ စစ်တပ်က အခု မြန်မာပြည်မှာ အုပ်ချုပ်နေတာ တရားမ၀င် အုပ်ချုပ်နေတာ ဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲကြီးကို ပြည်သူတွေက လက်ခံလိုက်လို့ ရွေးကောက်ပွဲ ပြီးသွားရင် စစ်တပ်က တရားဝင် အစိုးရအဖွဲ့ထဲမှာ ပါသွားပြီမို့ ပိုဆိုးသွားတာ ဖြစ်တယ်။

ဒီစစ်တပ်သာ တရားဝင် ဖြစ်သွားရင် လူမျိုးစုတွေနဲ့ ပြည်တွင်းစစ် ဆက်ဖြစ်နေဦးမယ်၊ ဒီမိုကရေစီကို တကယ်မြတ်နိုးသူတွေနဲ့ နိုင်ငံရေးပြဿနာတွေ ဆက်ရှိနေဦးမယ်။ အခုလက်ရှိထက် ပိုမိုဆိုးရွားတဲ့ ပဋိပက္ခတွေ ဆက်ရှိနေမယ်။ အရေးအခင်းတွေ နောက်ထပ် အများကြီး ပေါ်လာပြီး ပဋီပက္ခတွေ ဆက်ဖြစ်နေမယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ရတဲ့ အဖြစ်တွေ ဆက်ဖြစ်နေမယ်။ တိုင်းပြည်က ပိုပြီး ဆင်းရဲသထက် ဆင်းရဲလာမယ်။ ၈၈ က ကမ္ဘာမြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် စတင်ဖြစ်ခဲ့တဲ့ အချိန်မှာ ဦးနေ၀င်းက ကမ္ဘာ့အချမ်းသာဆုံး လူစာရင်းထဲမှာ တယောက်အပါအ၀င် ဖြစ်နေတယ်လို့ သိရတယ်။ အခုလည်း စစ်တပ်တရားဝင် ဖြစ်သွားရင်လည်း စစ်ခေါင်းဆောင်တွေနဲ့ ကပ်ဖားယပ်ဖါးတွေရဲ့ ဘ၀က ကမ္ဘာ့အချမ်းသာဆုံး လူသားတွေ ဖြစ်ရင် ဖြစ်သွားနိုင်ပေမဲ့ အများပြည်သူလူထုရဲ့ ဘ၀ကတော့ နေရာ ဒေသတွေ ပြောင်းရွှေ့ခံရ၊ လမ်းတွေတံတားတွေ ဆောက်လုပ်ရာမှာ အဓမ္မအခေါ်ခိုင်းခံရ၊ လက်နက်ကိုင် အင်အားစုတွေရှိတဲ့ဆီ စစ်ကြောင်းထိုးရင် ပေါ်တာအဖြစ် ဖမ်းဆီးခိုင်းစေခံရနဲ့ စစ်တပ်ကြီးစိုးတဲ့ ခေတ်မှာ ပြည်သူလူထုက အခုထက် ပိုပြီးဒုက္ခရောက်ဖို့ပဲ ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာလည်း ပြည်သူ့ချဉ်ဖတ်မကလို့ ပြည်သူတံတွေးခွက် ဆက်ဖြစ်နေလိမ့်မယ်။

Revolution မလုပ်ဘဲ Evolution Process အတိုင်း လိုက်လျောညီထွေအောင် သွားနေရင်တော့ မြန်မာပြည်သူတွေရဲ့ဘ၀ဟာ ကျောက်ခေတ်နဲ့ ဘာမှ မခြားတဲ့အဆင့်ကို ပြန်ရောက်သွားနိုင်ပါတယ်။ ကျောက်ခေတ်မှာတောင်မှ တောတောင်တွေထဲမှာ သစ်ဥသစ်ဖုတွေကို ရှာစားပြီး ရှိတဲ့လက်နက်နဲ့ ရန်သူကို ကာကွယ်ပြီး အသက်ရှင်လို့ ရနိုင်သေးတယ်။ စစ်တပ်က ပေါ်တာခေါ်၊ လုပ်အေားပေးခေါ်၊ ဖမ်းဆီးသတ်ဖြတ်၊ ရွာတွေကို နေရာဒေသ အတင်းအဓမ္မ ပြောင်းရွှေ့တတ်တဲ့ အန္တရယ်ကိုတော့ ပြည်သူလူထုမှာ ကာကွယ်ဖို့ နည်းလမ်း မရှိပါဘူး။ ဒါကြောင့်မို့ စစ်တပ်တရားဝင် မဖြစ်ရလေအောင် Evolution အတိုင်း လိုက်လျောညီထွေအောင် လုပ်နေတာ အားလုံးကို ရပ်ပြီး အာဏာရှင်ကို ဆန့်ကျင်ကာ တမြို့တည်း တနယ်တည်းမှာ မဟုတ်ဘဲ Revolution ကို တနိုင်ငံလုံးမှာ တချိန်တည်း တပြိုင်တည်း စတင်ဖို့ လိုအပ်နေပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဒီပို့စ်မှာ လာရေးတဲ့ မှတ်ချက်တွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပို့စ်နှစ်ခု ရှိပါတယ်။

တခုက Comment တချို့ကို အကြောင်းပြန်ဖို့ Comment မှာ နေရာမဆံ့လို့ မှတ်ချက်တချို့ကို အကြောင်းပြန်ချက်ဆိုပြီး အကြောင်းပြန်ပေးထားတာ ဒီနေရာမှာ http://nge-naing.blogspot.com/2010/06/blog-post_17.html ရှိပါတယ်။

နောက်တခုက အထဲက လူတွေကို ဒုက္ခပေးဖို့ အပြင်ကလူတွေက ကိုယ်ကျိုးအတွက် အော်နေတယ်လို့ ပြောတဲ့သူတွေအတွက် အကြောင်းပြန်ထားတဲ့ပို့စ်က အကြွေးဆပ်ခြင်းနဲ့ ရွေးကောက်ပွဲအတွက် နောက်ဆုံး Message ဒီနေရာမှာ http://nge-naing.blogspot.com/2010/11/message.html ရှိပါတယ်။

69 comments:

သမီးလည်းး Revolution ပဲ။

ခုအချိန်ခါမှာ မြန်မာပြည်ကြီး တိုးတက်ပြောင်းလဲဖို့  အတွက် Revolution လုပ်မှ ဖြစ်မယ် ဆိုတာ အားလုံးနီးပါး သိနားလည်ကြမယ် ထင်ပါတယ် ။ မငယ်နိုင် ရှင်းလင်းတင်ပြ ထားတာ ဖတ်ပြီး ပို သဘောပေါက် နိုင်ကြပါလိမ့်မယ် ။
ဒါပေမဲ့ ဘယ်ပုံ ဘယ်နည်း နဲ့ လုပ်ကြမလည်း ဆိုတာ တွေးနေမိတယ် ။

တနိုင်ငံလုံး တက်ညီလက်ညီနဲ့ မဲမပေးပဲ ဆန့်ကျင်ဖို့ လိုအပ်နေတယ် ဆိုတဲ့ အယူအဆကို လက်ခံပါတယ် ။
သွေးစုပ်ခံထားရတာ ကြာလာတော့ မြန်မာ့သွေးလည်း ဘယ်အထိ ဆက် နီရဲ နိုင်ကြပါအုံးမလည်း ။
နီးရာဒါးကြောက်နေကြရတဲ့ ပြည်တွင်းက လူတွေ အတွက် အတော်လေး ခက်ခဲကြလိမ့်မယ် ။

အရေးကြီးက သွေးစည်းကြ လို့
စည်းလုံးညီညာ အောင်ကြောင်းဖြာနိုင်ကြပါစေ ။

တဖြည်းဖြည်းဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်
(Evolution Process)အကြောင်း ဒါဝင်ရဲ့ ဖော်ထုတ်တင်ပြချက်ကိုမြန်မာမှုပြုထားတဲ့စာအုပ်ရှိတယ်။ဗန်းမော်တင်အောင် ရေးတဲ့ “လူ” ဆိုတဲ့စာအုပ်။ လက်လမ်းမှီရင်ရှာဖတ်ကြဖို့ ညီအကိုမောင်နှမတွေကို တိုက်တွန်းချင်ပါတယ်။

မငယ်နိုင်တင်ပြချက် ကောင်းပါတယ်။

တဖြည်းဖြည်းဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ဆိုတာ နှစ်သန်းပေါင်းများစွာနဲ့ချီပြီး အချိန်ပေးရတဲ့ ဖြစ်စဉ် ရှည်ကြီးဖြစ်ပါတယ်။

မျောက်ကနေ လူဖြစ်လာဖို့ ခဏ အသာထားလိုက်ဦး သစ်ပင်ပေါ်နေတဲ့ မျောက်ကြီးတွေ ဘ၀ကနေ ကွင်းပြင် မြေပြင် မြက်ခင်းပြင် စားကျက်မှာ လှည့် လည်ကျက်စားတဲ့ ကွင်းမျောက်ကြီးတွေ ဖြစ်လာဖို့ အထိကိုက နှစ်ပေါင်းသိန်းသန်းချီ ကြာမြင့်ခဲ့တာပါ။

နအဖ ခင်းပေးတဲ့ ဖွဲ့စည်းပုံတို့ ရွေးကောက်ပွဲတို့ ဆိုတဲ့ လမ်းကြောင်းအတိုင်းလိုက်မယ်ဆိုရင်တော့ ...
၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင်တောင်မှ ပြည်သူလူထုအဖို့ ဒီမိုကရေစီ ၂၅ ကျပ်သားလောက် ရဖို့ကို မျိုးဆက် ၂၅ ဆက်လောက် ကြိုးစားရုန်း ကန်ရဦးမှာပါ။

Revolution ပဲလုပ်လုပ်..Evolution ပဲလုပ်လုပ် တိုင်းပြည်အတွက် အမှန်တကယ် စေတနာထားပြီး အကျင့်သီလကောင်းမွန်ပြီး အမြော်အမြင်ကောင်းတဲ့ နိုင်ငံ့ခေါင်းဆောင်မျိုးရှိဖို့လိုအပ်တယ်။ နအဖရော၊ အတိုက်အခံရော အမှန်တကယ် ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ ခေါင်းဆောင် မရှိသလောက်ပဲ။ အကျိုးမျှော်ကိုးတဲ့ခေါင်းဆောင်ယောင်ယောင် တွေရှိနေသမျှ ဘယ်စနစ်ကိုကျင့်သုံးပါစေ တိုင်းပြည်က နစ်သထက်နစ်လာမှာပဲ။

အခုလောလောဆယ်တော့ မြန်မာနိုင်ငံရေးရာသီဥတု ဖောက်ပြန်နေပါသည်ပေါ့ဗျာ။

AATO နဲ့ Angle Shaper, ကိကိ၊ ကိုသားဆွေ၊ မောင်မိုး၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိကိရေ နီးရာဓါးကို ကြောက်ရင်းနဲ့ မျေားလိုက်လာတာ နှစ်ပေါင်းလည်း ရာစုနှစ်တ၀က် ကျော်သွားပါပြီ။ တော်လှန်ရေးမှာ လူထုတရပ်လုံးပါဝင်ရင် တခြားဘာလက်နက်မှ မလိုဘူး။ ရွေးကောက်ပွဲကို တညီတညွတ်တည်း သပိတ်မှောက်ပြီး မဲသွားမပေးဘဲနေတာဟာလည်း တော်လှန်ရေးပါပဲ။

ကိုသားဆွေ ကျေးဇူးတင်ပါတယ်။ Evolution ကို ကျွန်မက မြန်မာလိုနဲ့ တခါမှ မဖတ်ဖူးဘူး။ ကျောင်းမှာသင်တာ ဇီဝဗေတ အနေနဲ့ပဲ သင်တာ အဲဒီတုန်းက ဘာဖြစ်လို့ Natural Selection ကို နိုင်ငံရေးထဲ ဆွဲထည့်ကြလဲမသိဘူးလို့ တွေးနေသေးတယ်။ အခုမှ Adaptation of Plant and animal ကို သင်တုန်းက သက်ရှိတွေဟာ သူတို့ကျင်လည် ကျက်စားတဲ့ပတ်ဝန်းကျင်နဲ့ ဘယ်လို လိုက်လျောညီထွေအောင် လုပ်တယ်ဆိုတာကို သတိထားမိလို့ ဆက်စပ်ပြီး ဒီမှာ ယူသုံးလိုက်တာ ဖြစ်တယ်။ ဒီရွေးကောက်ပွဲကို လက်ခံလိုက်ရင် Evolution က နောက်ပြန်ဆုတ်တဲ့ ပြောင်းလဲမှု ဖြစ်သွားမှာ သေချာပါတယ်။

မောင်မိုးရေ အစ်မကတော့ မိမိကိုယ်ကျိုးအတွက် ဘာမှ မမျှော်ကိုးဘဲ အနှစ်နာခံပြီး လုပ်နေတဲ့သူတွေ နှစ်ဘက်စလုံးမှာ ရှိတယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ စေတနာ ပါတဲ့သူ နည်းပြီး ကိုယ်ကျိုးရှာတဲ့သူ များနေလို့သာ အခုလို ဖြစ်နေရတယ်လို့ ယုံကြည်တယ်။

မမငယ်ပြောပြတဲ့ Revolution ဆိုတာကို စာထဲမှာ သင်ဘူးပေမယ့် နိုင်ငံရေးနဲ့ ဆက်စပ်ပြီး တခါမှ ခုလို မတွေးဖူးသေးဘူး မမ။ အခုလည်း အတုအယောင် ရွေးကောက်ပွဲနဲ့ တရားမျှတမှု မရှိတာ သေချာနေပြန်ပြီ။
ညီမကတော့ Revolution ပဲ မမရေ...။

ခင်မင်လေးစားလျှက်

ဟုတ်တယ်အမငယ်...
ရွေးကောက်ပွဲကိုလုံးဝမသွားကြရင်အကောင်းဆုံးပဲနော်။
Revolution လုပ်ရတော့မယ်။ ဒါပေမဲ့ကြောက်နေရတဲ့
အခြေအနေကနေရုန်းထွက်ဖို့တွန်းအားပေးရမယ်။
ဘဘဦးဝင်းတင်ပြောတဲ့ မကြောက်တရားကို လက်ကိုင်ထားရမယ်။

ခင်တဲ့
ညီမသဒ္ဓါ

25 Mar 10, 17:24
သိချင်သူ: မငယ်နိုင်ကကော ဘယ်တော့ နဲ့ ဘယ်မှာ Revolution လုပ်မှာလဲဗျ၊ အော်စီမှာ doctorate အထိပြီးအောင်တက်ပြီးမှ လုပ်မှာလား။ Where and When? သိချင်လို့မေးတာပါ။
(ပို့စ်နဲ့ ဆိုင်နေလို့ C-Box ကကူးလာပါတယ် - Nge Naing)

သိချင်သူရေ- စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ကျွန်မက ၈၈ ကနေ အခုထိတော်လှန်ရေး လုပ်နေဆဲပါပဲ။ ၉၈ ခုနှစ် နောက်ပိုင်းတော့ ဘ၀တခုလုံး နစ်မြှပ်ပြီး တော်လှန်ရေးလုပ်နေတာ မဟုတ်တော့ပေမဲ့ ဘယ်သူမဆို ဘယ်မှာပဲ ရောက်နေရောက်နေ စစ်အာဏာရှင်စနစ်ကို လက်မြှောက်အရှုံးမပေးပဲ ဆန့်ကျင်ပြီး နိုင်ရာကဏ္ဍမှာ ပါဝင်နေသေးသရွေ့ တော်လှန်ရေး လုပ်နေသူတွေ ဖြစ်တယ်။ ထောင်သွင်း အကျဉ်းချခံနေရသူတွေလည်း လူကိုယ်တိုင် ဘာမှ မလုပ်နိုင်ပေမဲ့ စိတ်ဓါတ်ရေးရာအရ အရှုံးမပေးဘဲ တော်လှန်နေကြသူတွေ ဖြစ်တယ်။

ပြတ်သားတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်ကိုယ်ကျမလုပ်နိုင်ပဲ စကားလုံးတွေဖောင်းပွလာရင် အချိန်တွေကြာငြောင်းလာလို့ အောင်မြင်မှုလည်းမရရင် တစ်ဖက်လူတွေရဲ့ ယုံကြည်မှုကတော့ လျှော့နည်းသွားမှာသေချာတယ်...အလုပ်တစ်ခုမှာ ပြီးမြောက်တယ်ဆိုတဲ့ ရလဒ်လိုအပ်တယ်...

အချိန်တွေကြာပြီး ဘယ်လောက်ကြိုးစားကြိုးစား ပြီးမြောက်မှုမရှိရင် အဲဒီအလုပ်ဟာ အလုပ်မပြီးမြောက် မအောင်မြင်ဖူးလို့ ယူဆရမယ်...ကို လုပ်နေတဲ့အလုပ်က မှန်နေတယ်လို့ ဘယ်လောက်ပဲယူဆယူဆ အောင်မြင်မှုမရှိရင် အဲဒီအယူဆတွေ strategy တွေက လွဲချော်နေတယ်ဆိုတာ confess လုပ်ရမယ်...အပေါ်က သူတွေ အမြင်တွေပြောတဲ့ revolution ကိုလုပ်မယ်ဆိုပါတော့...revolution ဆိုတဲ့စကားလုံးအတိုင်း တော်လှန်ရေး လုပ်မယ်ဆိုရင် တော်လှန်ရေးမှာ ဘာတွေပါဝင်ရမယ် ဘာတွေကို ဘယ်လို စနစ်တကျစုဖွဲ့ပြင်ဆင်ထားလဲ ဆိုတဲ့ အချက်တွေအများကြီးရှိတယ်...နောက်ပြီး ကိုယ် တော်လှန်မယ့် enemies အကြောင်းနဲ့ ရန်သူနဲ့ ကိုယ့်အဖွဲ့စည်း ရဲ့ အနေအထား အခြေနေတွေက ဘယ်လိုရှိတယ်ဆိုတာတွေကို revolution လုပ်ခဲ့တဲ့ ဆောင်းပါးရှင်လည်း သိမှာပါ...

စကားတစ်ခွန်းဟာ တန်ဖိုးထားတတ်ရင် အင်မတန် တန်ဖိုးရှိတယ် ကိုယ်ပြောတဲ့စကားဟာလည်း ကိုယ့်လုပ်ရပ်တွေနဲ့ ထပ်တူကျနိုင်အောင် လုပ်ရမယ်...ထပ်တူကျနိုင်အောင် မလုပ်နိုင်ရင် စကားတစ်ခွန်းကို လွယ်လွယ်နဲ့မပြောသင့်ဘူး...revolution လုပ်ဖို့ ဘာတွေ ပြင်ဆင်ပြီးပြီလဲ? လူထု လူထု ဆိုပြီး အပြစ်မဲ့ပြည်သူတွေကိုတော့ လမ်းပေါ်ဆွဲထုတ်ပြီးသေခိုင်းတဲ့ revolution ကိုတော့ အားမပေးဘူး...ဒါက တော်လှန်ရေး လုပ်မယ်ဆိုတဲ့အပိုင်း...တစ်နိုင်ငံလုံး မဲ မထည့်ပဲ ဆန္ဒပြကြလို့ဆိုတော့ မြန်မာလူမျိုး ကျုပ်တို့တွေက အဲဒီလောက်ထိ နိုင်ငံရေးစိတ်ဓာတ်တွေ ပြင်းထန်တာမျိုးတွေရှိလို့လား..လုပ်ဆိုလုပ်လိုက်ကြတယ် မလုပ်နဲ့ဆို မလုပ်ကြတဲ့သူတွေကများနေတယ်...ကိုယ့်ဝမ်းစာက လွဲပြီး စိတ်မ၀င်စားကြဘူး...ပြီးခဲ့တဲ့ ၂၀၀၇ တုန်းကလည်း Vote No ,No Vote တွေလုပ်ခဲ့တာပဲမဟုတ်လား...မြန်မာပြည်သူတွေက အဲဒီစာတွေကို ဖတ်ပြီး နားထောင်ပြီး မသွားပဲ မဲ မထည့်တဲ့သူရှိသေးလို့လား။သွားထည့်တာပဲလေ...

ဒီတော့ ရှေ့မှာလည်း သင်ခန်းစာတွေ အများကြီးတွေ့ခဲ့ပြီးပြီ...မအောင်မြင်တဲ့ လမ်းကြောင်းတွေကို ဘာကြောင့် ဆက်ပြီး လျှောက်ချင်နေကြတာလဲ...တပ်မတော် အင်အားချိနဲ့တုန်းက ရန်သူကတော့ ပိုများမယ်ထင်ပါတယ် အဲဒီတစ်ချိန်တုန်းက ဆောင်းပါးရှင်တို့လည်း တောထဲကနေ တပ်မတော်ကို အံ့တု တိုက်ခိုက်ခဲ့တာပဲမဟုတ်လား...လက်နက်နဲ့လည်း တိုက်ခိုက်ခဲ့ပြီးပြီး လူထုဆိုတဲ့ တိုက်ပွဲတွေလည်း ဆင်နွှဲခဲ့ပြီးပြီး...နိုင်ငံတကာကို pressure ပေးခိုင်းပြီးပြီး စီးပွားရေးတွေလည်း ပိတ်ခဲ့ခိုင်း ပိတ်ဆဲနေတုန်း လုပ်ခဲ့ပြီးပြီး..ကြေငြာစာရွက်တွေ တော်လှန်ရေး ၀ါဒဖြန့် propaganda မျိုးစုံတွေကိုလည်း လုပ်ခဲ့ပြီးပြီ...နောက်ဆုံးမှာ ဘာရလဒ်ထွက်လာသလဲ။
နအဖ ပြုတ်သွားသလား ဒီမိုတွေပဲ ကွဲပြဲပြီး နိုင်ငံခြားမှာ ကောင်းစားနေကြသလား။ နှစ်ပေါင်း ၂၀ တွင်းမှာ လုပ်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေကို အခုထိ အောင်မြင်နေတုန်း မှန်ကန်နေဆဲပဲလို့ ယူဆနေတုန်းပဲလား...

ဆောင်းပါးရှင်တို့ရဲ့ တိကျရေရာမှုမရှိတဲ့ revolution က နောက်ထပ် အချိန်ဘယ်လောက်ထိ စောင့်ဆိုင်းပြီးမှ ဒီမိုကရေစီရမှာလဲ။ပြည်ပမှာနေကြတဲ့ ဒီမိုကရေစီ သူရဲကောင်းအများစုတွေရဲ့ သဘောထားတွေကတော့ ဆန့်ကျင်တော်လှန်ရေးကိုပဲ...ဒါပေမယ့် သူတို့ကိုယ်တိုင် ပါဝင်ပြီး တိုက်ပွဲဝင်မှာလားဆိုတော့ ခေါင်းခါသွားမယ်..no no ပဲဖြေလိမ့်မယ်...၈၈ ကျောင်းသားခေါင်းဆောင်ကြီး မိုးသီးဇွန် လိုလူတစ်ယောက်က တော်လှန်ရေးစကားတွေပြောပေမယ့် သူကိုယ်တိုင် အခု ပြည်တွင်းကိုလာတိုက်မလားလို့မေးကြည့်ပါအုံ့း...ကိုယ်ကိုတိုင်မလုပ်နိုင်ရင် တော်လှန်ရေး စကားကို မသုံးတာ အကောင်းဆုံးပဲ...အားပေးတယ်ဆိုတာ ဒီနေရာမှာ မြှောက်ထိုးပင့်ကော်လုပ်ပေးတယ်လို့လည်း ယူဆလို့ရတယ်...ဒီမိုကရေစီအော်နေတဲ့သူတွေကို မယုံတာ ဘာကြောင့်လည်းဆိုတော့ အလုပ်နဲ့သက်သေမပြနိုင်လို့ပဲ...နအဖ ကပြောတယ် လုပ်တယ် ရက်စက်ချင် ရက်စက်မယ် ဒါဟာ စစ်အာဏာရှင်တို့ရဲ့ ထုံးစံပဲ...

နအဖ က သူပြောထားတဲ့အတိုင်း road map 7ခုလမ်းစဉ်တိုင်း လုပ်နေ သက်သေပြနေလို့ စစ်အာဏာရှင်ဆိုပေမယ့် ပြောတဲ့အတိုင်းလုပ်လို့ အကောင်ထည်တွေဖော်နေလို့လည်း အာဏာရှင်ကို မပေါင်းချင်သော်လည်း အောင့်ကာနမ်းဆိုသလို အခုလည်း ပါတီတွေ အလျှိုလျှိုထွက်လာကြပြီး ပူးပေါင်းလုပ်ဆောင်ကြတော့မယ်...ကျုပ်ကတော့ ရက်စက်ချင်ရက်စက်ပါစေ အပြောနဲ့အလုပ်ကို ညီမှ ကြိုက်တဲ့ လူစားမျိုးတွေကိုပဲ အားပေးတယ်ဆိုတဲ့အကြောင်း ပြောပါရေစ.........။

ချားလ်ဒါဝင်ရဲ့  evolution theory က ရမ်းတုတ်ထားတဲ့ သီအိုရီဖြစ်ပါတယ်.. မြတ်စွာဘုရားရဲ့  တရားတော်နဲ့ လဲ တက်ဆင်ဆင်လွဲသလို... ရှေးဟောင်းသုသေတေသန မှတ်တမ်းတွေအရ လူသားဖြစ်တည်မှုဟာ ဒါဝင်မှန်းတုတ်ထားထက် အများကြီးစောပါတယ်.. Logically စဉ်းစားရင်တောင် .. လူက မျောက်ကစဖြစ်ရင်... လူသားအဖြစ် မျောက်ကနေ ဆင့်ကဲဆင့်ကဲ တိုးတက်လာတာမှန်ရင် မျောက်အမျိုးနွယ်ကပျောက်သွားရပါမယ်... တကယ်တော့ လူကလူ.. မျောက်ကမျောက်ပါပဲ.. ဘာမှမဆိုင်ပါဘူး.. ခပ်ဆင်ဆင်ပဲရှိတာပါ.. အားလုံးကံကြောင့်ဖြစ်တာပါ..

မငယ်နိုင်ရေ.. ပို့ စ်က အဓိကအကြောင်းအရာနဲ့  တိုက်ရိုက်မသတ်ဆိုင်ပေမဲ့ ဒါဝင်ရဲ့  အဲဒီသီအိုရီ ကြီးကြားလာရင် မနေနိုင်လို့ ရေးမိတာပါ..
တင်ပြတာထားတွေ (ဒါဝင်ကလွဲရင်) သဘောကျပါတယ်..

As far as I know, the theory of Evolution is not that superficial. There have been lots of similar arguments as that of the above commentator. Your argument is exactly the same as what have been debating in the following sources. There are lots of other sources but I wouldn't mention them here as they may be out of scope of this post.

http://www.physicsforums.com/showthread.php?t=120988
http://www.windmillministries.org/theory-of-evolution

What I would like to stress here is that the evolution you are saying is not that a simple process that any ape would evolve to human being, so the ancestors, the apes, should no longer exist if the theory is true.

But I do perceive what the author " Ma Nge" tries to convey. Maybe she hadn't picked up the right topic to highlight what she really wanted to say. Anyway, well-informed readers can grasp the points what she wants us to see.

ကိုမိုက်ခဲ ဗြိတိသျှလက်အောက်က လွတ်မြာက်ဖို့တိုက်ပွဲဝင်စဉ်က အစဦးပိုင်းမှာ တော်လှန်လာတဲ့ ဗမာ့သွေးပြောင် ဗိုလ်မင်းရောင်၊ ၀န်းသိုစော်ပွားဦးအောင်မြတ်၊ ချင်းအမျိုးသား ကြွမ်ဘိစ်၊ ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံတွေဟာ မအောင်မြင်ခဲ့ပေမဲ့ သူတို့အပါအ၀င် လူမသိသူမသိ ပေးဆပ်ခဲ့တဲ့ အညတြ သူရဲကောင်းအပေါင်းတို့ရဲ့ ပေးဆပ်မှုတွေက နောက်မျိုးဆက်တွေအတွက် စိတ်ဓါတ်ခွန်အားတွေ ရပြီး နောက်ဆုံး ဗိုလ်ချုပ်တို့ လက်ထက်မှာ လွတ်လပ်ရေးရတဲ့အထိ တိုက်ပွဲဝင်လာခဲ့တယ်ဆိုရင် ကိုမိုက်ခဲ လက်ခံလိမ့်မယ်ထင်တယ်။ ဒီလိုသာ မတရားတာ တရားတာကို မျက်ကွယ်ပြုပြီး အင်အားကြီးရာ နိုင်ရာဘက်မှာ ကပ်မယ်ဆိုရင် အနောက်က နေမ၀င်ခင် အရှေ့ကနေထွက်နေတဲ့ ဗြိတိသျှအင်ပါရာကြီးလက်အောက်က အခုချိန်မပြောနဲ့ ဒီကမ္ဘာပျက်တဲ့အထိ လွတ်လပ်ရေးရဖို့ မရှိနိုင်ပါဘူး။

ကျွန်မတို့ ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ မညီညွတ်လို့ မအောင်မြင်ဆိုတာ ကျွန်မ မငြင်းလိုပေမဲ့ ဒါကအဓိကအချက်မဟုတ်ဘူး။ လူတိုင်းက ဘယ်သူမှ အမြင်တွေ ဆန္ဒတွေ ထပ်တူမကျပါဘူး။ လက်ငါးချောင်း မညီပေမဲ့ အလုပ်တခုကို ပြီးမြောက်အောင် လုပ်နိုင်ပါတယ်။ မအောင်မြင်တဲ့ အဓိက အကြောင်းအရင်းက တရားသည် ဖြစ်စ၊ မတရားသည်ဖြစ်စေ၊ သာတဲ့ဘက်ကရပ် သာရာကပ်ပြီး ကိုယ်ကျိုးရှာသူတွေက များနေလို့ဆိုတာ သဘောပေါက်သင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရလာတဲ့ လွတ်လပ်ရေးမှာ အရင် စတင်ခဲ့တဲ့ မပြီးဆုံးခဲ့တဲ့ တိုက်ပွဲတွေက ချွေးတွေသွေးဝင် ပါဝင်သလို မြန်မာ့ဒီမိုကရေစီ အရေးမှာလည်း ထောင်ထဲရောက်နေတဲ့ အသက်ပေးသွားတဲ့သူတွေရဲ့ ချွေးတွေသွေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီမိုကရေစီအတွက် သေသူအားလုံးကို မေ့ပစ် ထောင်ကျနေသူတွေကို ထုတ်ပစ်ပြီး ဒီမိုကရေစီကို တည်ဆောက်တယ်ဆိုတာ စိတ်မှန်တဲ့ လူတွေရဲ့ အလုပ်မှ ဟုတ်ရဲ့လားဆိုတာကိုလည်း ပြန်ဆန်းစစ်စေချင်တယ်။

Nanda နဲ့ NGNG ရဲ့ ဆွေးနွေးချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်မှာ Evolution နဲ့ပတ်သက်ပြီး ကျွန်မထည့်ထားတာ Adaptation of Organisms ထဲက သက်ရှိတွေဟာ သူတို့ရှင်သန်တဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတရှိအောင် ဘယ်လိုလိုကလျောညီထွေမှု ပြုတယ်ဆိုတာကို ထုတ်ယူထားတာသာ ဖြစ်ပါတယ်။ ဒါကို လိုက်လျောညီထွေအောင် လိုက်လုပ်တာနဲ့ တော်လှန်ရေးနဲ့ မတူဘူး ဆိုတာကို ပြောချင်တာသာ ဖြစ်တယ်။ ကျွန်မက သိပ္ပံနဲ့ ဆိုင်တဲ့ ဒါဝင်အယူအဆတွေကို Experiment တွေနဲ့ လေ့လာခဲ့ရလို့ လက်ခံသလို ဘာသာရေးအရ ပြောထားတာကိုလည်း လက်ခံပါတယ်။ တကယ်တော့ ဒါဝင်သီအိုရီက NGNG ပြောသလို ဘာသာရေးနဲ့လ်ည်း မဆိုင်သလို နိုင်ငံရေးနဲ့လည်း မဆိုင်ပါဘူး သက်ရှိတွေရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုကို လေ့လာတဲ့ ဇီဝသိပ္ပံ ဘာသာရပ် သက်သက်သာ ဖြစ်ပါတယ်။

အမရေ အနော်တို့ကတော့ Revoulution ပါပဲ အထက်က ဆွေးနွေးထားကြတဲ့ အကြောင်းတွေ ကိုတော့ မပြောတော့ပါဘူး ... ဒါပေမယ့် ကျနော်တို့ဟာ ဒီတော်လှန်ရေးမှာ ခွန်အားတခုတည်းနဲ့ မဖြစ်တော့ပဲ ပညာအားတွေ လိုနေလို့ ရေခြားမြေခြားမှာ ပညာဆက်သင်ကာ ဘ၀ဆုံးတိုင်အောင် ဆက်လက် တိုက်ပွဲဝင်နေအုံးမှာပါ .. Revolution ကို လိုလားတဲ့ လူတိုင်းလူတိုင်းဟာ သူ့ဟာနဲ့သူ နည်းမျိုးစုံနဲ့ တိုက်ပွဲ ၀င်နေကြပေမယ့်လား ပန်းတိုင်ကတော့ အတူတူပါပဲ .. အခု ကျနော်တို့ .. ယူအက်စ်မှာလည်း အင်အားစုကြီး တခုဖြစ်ဖို့ ကြိုးစားနေကြပါတယ် ....

မငယ်

yes no တုန်းက ကိုယ် မြန်မာပြည်မှာ မရှိတော့ဘူး။ ဒီရောက်နေပြီ။ ဒါကြောင့် ဘာတွေ ဘယ်လို ဆိုတာ မသိခဲ့ပါဘူး သေသေချာချာ။

ဒါပေမဲ့ အဲဒီအချိန်မှာ မြန်မာပြည်မှာ ရှိတဲ့ သူငယ်ချင်း နောက်ပိုင်း ဒီရောက်လာတော့ နဲနဲ စကားစပ်မိလို့ ပြောဖြစ်ပါတယ်။ သေချာပြောကြတာတော့ မဟုတ်ဘူး။ ဒါ့အပြင် ကိုယ့်စိတ်ထဲလည်း ပြောသမျှ မရောက်ခဲ့ဘူး။

မငယ် ပို့စ် ဖတ်ပြီး အဲဒီတုန်းက မဲဘယ်လိုယူတယ် ဆိုတာကို ပြန်မေးကြည့်ဦးမယ် စိတ်ကူးတယ်။ သူလည်း သေချာမပြော ကိုယ်လည်း သေချာ နားမထောင်ခဲ့ပေမယ့်...

မငယ်ပြောသလို မဲသွားမထည့်ကြရုံနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး လို့ ယူဆမိတယ်။ မဲသွားမထည့်ကြရင် ပြီးပြီပေါ့ ဆိုတဲ့ သဘောမျိုးကို ဒေါ်မေငြိမ်း ပို့စ်တစ်ခုက ကွန်မန့်မှာလည်း ဖတ်ခဲ့ရဖူးတယ်။ ဘယ်သူရေးတာလဲတော့ မသိဘူး။ လောလောဆယ်ပဲ။ အဲဒီတုန်းကလည်း ရေးဦးမလို့ပဲ။ မရေးဖြစ်ခဲ့တာ။

မဲသွားမထည့်ကြနဲ့ပေါ့ အိမ်မှာပဲနေကြ ပြီးသွားလိမ့်မယ်။
:)

ကိစ္စက အဲလောက်လွယ်လား မငယ်။ မထင်နဲ့နော်။

အင်းဟုတ်ပါပြီ။ ကိစ္စက မလွယ်လည်း ထချကြပေါ့။ ရီဗော်လူးရှင်းကြပေါ့ လို့ ပြောမယ်ဆိုလည်း ပြောပါ ရပါတယ်။ ဘာမှ ထပ်ပြောစရာ မရှိပါ။

ပြောချင်တာ တစ်ခုက... ကိုယ်လည်းပဲ ရီဗော်လူးရှင်း ပါလို့ ရေးလိုက်ရင် တိုတိုနဲ့ ပြီးသွားမှာ သိပေမယ့် တိုတာ မကြိုက်လို့ကို တမင် ရှည်ပြီး ရေးလိုက်မိတယ်။

တကယ်တော့ အဲဒါ စကားအဖြစ်ပြောတာပါ။ ကိုယ်လည်းပဲ ရီဗော်လူးရှင်း ပါလို့ ဘယ်တော့မှ ဒီ ဘလော့ပေါ်က မပြောပါဘူး။ ဘာလို့ဆိုတော့ ရှင်းနေတာပဲ။ မငယ်တို့ ပြောတာကတော့ အတိုင်းအတာ တစ်ခုထိ လုပ်ခဲ့ပြီးသား၊ တော်လှန်ခဲ့ပြီးသား လူတွေဆိုတော့ ပြောတာ တင့်တယ်ပါတယ်။ ဘာဆိုဘာမှလည်း မဘာခဲ့ဘဲ၊ ရှေ့ဆက်လည်း ဘာဖို့ စိတ်ကူးမရှိဘဲ ဒီအဖြေလေး သဘောကျရုံသက်သက်နဲ့တော့ လေလေးနဲ့ (တကယ်က လေတောင် မသလပ်ပါဘူး။ ကီးဘုတ်လေးနှိပ်ပြီး) ရီဗော်လူးရှင်း ပါလို့တော့ ကိုယ်မပြောပါဘူး။ ပြောမိရင် ကိုယ့်ဘာသာ ငပေါ စာရင်း သွင်းမိမှာမို့လို့။

ဟုတ်မဟုတ် စဉ်းစားကြည့်လေ။
ကိုယ်ကတော့ ရီဗော်လူးရှင်းပါ ရီဗော်လူးရှင်းပါ အော်ပြီး တကယ်ဖြစ်တော့ လေတောင် အသလပ်ခံမှာမှ မဟုတ်တာ။ ဒီမှာပဲ အေးရာအေးကြောင်း ဆက်ထိုင်နေမယ့်ဟာ။ ဖြစ်ချင်းဖြစ်ရင် အဲဒါ ရီဗော်လူးရှင်းသမား မဖြစ်ဘဲ ရီဗော်လူးရှင်းပရိသတ် (သို့) ရီဗော်လူးရှင်းအမျှော်သမား (သို့) ရီဗော်လူးရှင်းအအော်သမားလောက်ပဲ ဖြစ်မယ်။ (ကိုယ်လိုလူများကိုသာ ဆိုလိုပါသည်။ ဟိုပြန်ပြီး တကယ် ရီဗော်လူးရှင်း တွင် တတပ်တအား ပါမည့် လုပ်မည့်သူများအား မရည်ရွယ်ပါ။)

အထက်မှာ တယောက်ပြောသွားတဲ့
မြှောက်ထိုးပင့်ကော်သမား လို့တောင် မပြောသင့်ဘူး။ ဘာလို့ဆို ဖြစ်ရင်တောင် ပြည်တွင်းကလူတွေက သူတို့ဘာသာ သူတို့အသိဉာဏ်နဲ့ သူတို့ခန္ဓာနဲ့ ဖြစ်ကြတာ။ ကိုယ်မြှောက်ပေးလို့ ဖြစ်တာမဟုတ်ဘူး။ ကိုယ်ကြိုးဆွဲလို့ ဖြစ်တာ မဟုတ်ဘူး။

မေးချင်တာတစ်ခုက... ခုအခြေအနေက ဒါဆိုရင် ဒီလိုလုပ်မှ ဆိုတဲ့ အဖြေကိုသာ လိုအပ်နေလို့ အဲဒါကို ထပ်ကာထပ်ကာ ဘလော့တွေမှာ တွေ့နေရတာလား။ ရီဗော်လူးရှင်း မှန်ခြင်း မှားခြင်းကို မပြောလိုပါဘူး။ ပို့စ် ကောင်းခြင်း မကောင်းခြင်း မပြောလိုပါဘူး။

ဒါပေမဲ့ မငယ်... ကိုယ်ထင်တာတော့ မဲသွားမထည့်ကြနဲ့။ အိမ်မှာပဲနေကြပေါ့ ဆိုတာကတော့ ထင်သလောက် မလွယ်ဘူး။

အင်းဟုတ်ပါပြီ။ ကိစ္စက မလွယ်လည်း ထချကြပေါ့။ ရီဗော်လူးရှင်းကြပေါ့ လို့ ပြောမယ်ဆိုလည်း ပြောပါ ရပါတယ်။ ဘာမှ ထပ်ပြောစရာ မရှိပါ။

ကျနော်သိချင်သူပါ
မငယ်နိုင် အရင်က တော်လှန်ရေးလုပ်ခဲ့လား မလုပ်ခဲ့ဘူးလားဆိုတာ ကို မေးခြင်းမဟုတ်ပါ။ မငယ်နိုင် က "Revolution" ကို သာ ရွေးချယ်တယ်ဆိုတဲ့ အတွက်ကြောင့် ဘယ်တော့ လုပ်မှာလဲ၊ ဘယ်မှာ လုပ်မှာလဲဆိုတာ ကိုမေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် မငယ်နိုင် အဖြေကတော့ ထင်တဲ့ အတိုင်းပါပဲ။ တိကျပြတ်သားတာတစ်ခုမှ မတွေ့ရဘူး (စိတ်တော့မရှိပါနဲ့နော)
ဒို့ကတော့ အရင် ကတည်းကလုပ်လာတာ အခုလည်းလုပ်နေတယ်၊ နောင်လည်းလုပ်သွားမှာ ဆိုပြီးပါးစပ်က ပြောတာလောက်တော့ အားလုံးပြောတတ်ပါတယ်။ အထက်မှာတစ်ချို့ပြောနေသလို ဒို့ကတော့ Revolution ပဲဆိုပြီးပေါ့။ ကိုမိုက်ခဲပြောတာ တစ်ချို့ ကိုတော့ သဘောတူတယ်။ ဒါပေမဲ့ပြောရင် ပြောတဲ့ အတိုင်းလုပ်တတ်တဲ့ သူတွေ အဖွဲ့တွေကိုသာ အားပေးတယ် ဆိုတဲ့အမြင်ကိုတော့ သဘောမတူဘူး၊ အဲ့ဒိလိုသာဆို ပြောတဲ့ အတိုင်းလုပ်တတ်တဲ့ Gangs တွေကိုပါထောက်ခံရမလိုဖြစ်နေပြီ။ ဒီစစ်တပ်အစိုးရ ဟာ တကယ့် ကို Gang ပါ၊ သေသေချာချာ ဝင်ရောက်လေ့လာကြည့်ပါ၊ မေးစမ်းကြည့်ပါ၊ ကိုယ်တိုင်စစ်သားဖြစ်ဖို့မလိုပါဘူး။ သုတေသနလုပ်ဖို့ပဲလိုပါတယ်။ ဒီလိုအဖွဲ့မျိုးကိုတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ မထောက်ခံနိုင်အားမပေးနိုင်ပါဘူး။ နောက်တခုက မငယ်နိုင် က အင်္ဂလိပ်ကိုတော်လှန်တုံးက နဲ့ နှိုင်း ယှဉ်သွားလို့ ပြုံးတောင်ပြုံးလိုက်မိတယ် (မရီမိအောင်တော့ထိမ်းလိုက်ပါတယ်၊ ရူးသွားပြီ ထင်မှာစိုးလို့)။ အင်္ဂလိပ်ခေတ်က လုပ်တဲ့သူတွေကြည့်ပါ၊ အကုန်ပြည်တွင်းမှာ ချည်းပဲ။ ဘယ်ပြည်ပကလူကမှ တော်လှန်ပြီးလွတ်လပ်ရေးရသွားတာမဟုတ်ဘူး။ ဗိုလ်ချုပ် တို့ ရဲဘော်သုံးကျိပ် ပြည်ပ ထွက်တယ်ဆိုတာ New Life သွားစတာမဟုတ်ဘူး။ အင်္ဂလိပ်ကို ချဖို့ စစ်ပညာသွားသင်တာ။ ဂျပန်မှာ ရရာ အလုပ်ရှာ၊ သို့မဟုတ်ကျောင်းတွေဆက်တက်ပြီး ကိုယ့်ဘဝတည်ငြိမ်ရေးကိုပဲ သွားလုပ်တာမဟုတ်ဘူး။ ဗိုလ်ချုပ် တို့ က အရင်ကလည်း ကျောင်းသားဘဝကတည်းက တော်လှန်ရေးသမား အမည်ခံတယ်၊ သေတဲ့အထိတကယ်လည်းတော်လှန်သွားတယ်။ ဆရာစံ၊ ဗိုလ်မင်းရောင်လည်း ထိုနည်းတူစွာပဲ။ အခုဖြစ်နေတာကို ကြည့်ပါ၊ နိုင်ငံရေးသမားတော်လှန်ရေးသမား အမည်ခံတယ်။ နိုင်ငံခြားထွက်တယ်၊ New Life စတယ်။ တော်လှန်ရေး အမည်ခံလုပ်တယ် (မလုပ်ရင် ရှိထားတဲ့နာမည် လေးပျက်မှာ စိုးလို့ထင်တယ်)။ ကျနော်ထင်တယ်..ဗိုလ်ချုပ်ဆိုရင် မနက်မိုးလင်းတာနဲ့ သရဏဂုံရွတ်ရမယ့်အစား လွတ်လပ်ရေးပဲရွတ်မလားမသိဘူး။ ဆိုလိုတာက ဖြစ်ချင်တာကို စိတ်နှစ်ထားပုံရတယ်လို့ပြောတာပါ။ အခုတော်လှန်ရေးသမားဆိုသူတွေ ဘယ်နှစ်ယောက်များစိတ်ထဲမှာ နှစ်ထား လဲသိချင်တယ်။ ဥပမာဗျာ ကိုယ့်နိုင်ငံက စစ်အာဏာရှင်အုပ်ချုပ်တဲ့လူတွေအကြောင်းဘာမှမသိဘဲ လက်နက်မကိုင်ရဘူးလို့ပြောနေတဲ့မျက်နှာဖြူကောင် တွေ ပြောတာလိုက်လုပ်နေမယ့်အစား၊ ဟေ့နိုင်မနိုင်တော့မသိဘူး. ဒါပေမယ့်ဒီစစ်အာဏာရှင်ဟာ လက်နက်နဲ့အနိုင်ကျင့်နေတဲ့အတွက် ဒို့တွေ ဒင်းတို့ကို လက်နက်နဲ့ပဲ ကော်ထုတ်တော့မယ်၊ ဒီလိုလုပ်ဖို့ ခေတ်မီတဲ့ လက်နက်ကိုင်အဖွဲ့အစည်းလိုတယ်၊ ရံပုံငွေတွေလိုတယ်ကွ ဆိုပြီး သေသေချာချာ ကိုင်တွယ် Audit နဲ့ ဘာနဲ့ Transparent ဖြစ်အောင်လုပ်ပြီး Fund Raising Campaign လုပ်မယ်ဆိုရင်တောင် ဗျာ၊ ကျနော်တို့ကတော့ ရှာထားသမျှလေးတောင်ထည့်လိုက်ဦးမယ်၊ ခြုံပြောရရင်ဗျာ စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေးသမားဆိုသူတွေနဲ့ morale ကသိပ်မကွာဘူးထင်တာပဲ။ အကုန်လုံးတော့မဆိုလိုပါ။

သိချင်သူရေ-သိချင်သူမေးထားတဲ့ မေးခွန်းကို သိချင်သူပြောထားတဲ့ စကားလုံးတွေနဲ့ပဲ (((ဒို့ကတော့ အရင် ကတည်းကလုပ်လာတာ အခုလည်းလုပ်နေတယ်၊ နောင်လည်းလုပ်သွားမှာ ဆိုပြီးပါးစပ်က ပြောတာလောက်တော့ အားလုံးပြောတတ်ပါတယ်။))) လို့ ပြန်ဖြေချင်ပါတယ်။

သိချင်သူက နယ်စပ်မှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ ဆက်လက် တိုက်ပွဲဝင်နေဆဲသူဆိုရင် လေးစားပါတယ်။ ဒါပေမဲ့ သိချင်သူ အခုပြောနေတဲ့ စကားတွေက ကျွန်မအရင်က အကြိမ်မရေတွက်အောင် ပြောလာတဲ့စကားတွေလို့လည်း ပြောချင်ပါတယ်။ လက်ရှိ ABSDF ဟာ ဘယ်ကအထောက်အပံ့နဲ့ ရပ်တည်နေလဲဆိုတာလည်း မမေ့ပါနဲ့။

ကျွန်မက တောတွင်းမှာတုန်းကတော့ COOR ပေးတဲ့ ရိက္ခာကိုစား၊ MSF တို့ IRC တို့က ပေးတဲ့ ဆေးနဲ့ အသက်ရှင်ရပ်တည်ခဲ့တယ်။ ရှေ့တန်းထွက်တဲ့အခါမှာတော့ ပြည်သူလူထုကျွေးတဲ့ ထမင်းကိုစားပြီး လုပ်ခဲ့တယ်။ တာဝန်နဲ့ နိုင်ငံတကာ ရောက်တုန်းကတော့ မိမိအဖွဲ့အစည်းကို ထောက်ပံ့ကူညီတဲ့ အဖွဲ့တွေက ကျွေးတာနဲ့ စားပြီး လုပ်ခဲ့တယ် ABSDF တပ်ဖွဲ့ဝင်သက်တမ်း ၁၀ နှစ်မှာ မိမိချွေးနည်းစာနဲ့ ရပ်တည်လာတာ တခုမှ မပါဘူး။ အခုတော့ ကိုယ်တိုင်အလုပ်လုပ်ပြီး ကိုယ့်ထမင်းကိုယ်စား ကိုယ့်ချွေးနည်းစာနဲ့ကိုယ် တော်လှန်ရေးလုပ်နေပါတယ်လို့ ပါးစပ်ကလည်း ပြောသလို လက်တွေ့လည်း လုပ်နေပါတယ်။

ကိုယ့်နာမည်တောင် ကိုယ်မဖေါ်နိုင်သူတယောက်ကို လုပ်ငန်းစစ်ကို လုပ်ငန်းအစီရင်ခံစာ တင်သလိုမျိုး ကျွန်မ ဒီထက်ပိုပြီး မပြောနိုင်ဘူး ရှင်တော်လှန်ရေးသမား စစ်စစ် ဖြစ်ရင် ဒီထက်ပိုသိချင်တယ်ဆိုရင်တော့ ngenaing2008@gmail.com နဲ့ ဆက်သွယ်နိုင်ပါတယ်။ အကြံပြုလိုတာက တော်လှန်ရေးသမားဆိုရင် တော်လှန်ရေးဆိုတာဘာလဲ ဆိုတာကို နားလည်အောင် လေ့လာဖို့ အကြံပြုချင်ပါတယ်။

Rita မှတ်ချက်နဲ့ ပတ်သက်ပြီး အစ်မပို့စ်နဲ့ ပတ်သက်ပြီး ပြောထားတာထက် တခြားကိစ္စတွေက ပိုများနေတယ်လို့ ထင်တယ်။ မဲမထည့်ရုံနဲ့ ပြီးသွားမယ်လို့ အစ်မပြောထားတဲ့ အထဲမှာ လုံးဝ မပါပါဘူး။ ထင်သလောက်မလွယ်ဘူးဆိုတာကို မငြင်းပါဘူး မလွယ်လို့ပဲ တော်လှန်ရေးက ဒီလောက်ကြာနေတာပေါ့။

Rita က Revolution ကို မထောက်ခံလို့ (သို့) ထောက်ခံခြင်း မခံခြင်းဆိုတဲ့ ပုံစံ လုံးဝမရှိဘဲ စိတ်မ၀င်စားလို့ (သို့) တခြားအကြောင်း တခုခု ကြောင့် ဘာမှ မပြောတာ အကြောင်းမဟုတ်ပေမဲ့ သူများ ထောက်ခံတဲ့ သူတွေ Revolution ပြောတာကိုတော့ သွားပြီးအပြစ်တင်ဖို့ မလိုဘူးလို့ အစ်မထင်တယ်။ ပြီးတော့ အစ်မက အရင်က အတိုင်းအတာ တခုထိ လုပ်လာလို့ ပြေတယ်ဆိုတာ ထားလိုက်တော့ ဆိုတဲ့ ပုံစံမျိုး ပြောထားတော့ အစ်မ ပြောချင်တာက အရင်က လုပ်လာတဲ့သူမှ Revolution ကို ထောက်ခံလို့ ရတာမဟုတ်ပါဘူး။ ဘယ်သူမဆို အချိန်မရွေး ကိုယ်နှုတ်နှလုံး သုံးပါးမှာ တခုခုနဲ့ ထောက်ခံလို့ ရပါတယ်။ နှုတ်၏ စောင်မခြင်း၊ စိတ်ဓါတ်ရေးရာနဲ့ အားပေးခြင်းတွေဟာလည်း အင်အားတခုကို ဖြစ်စေပါတယ်။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးမှာ ဘာနဲ့ပဲ ထောက်ခံထောက်ခံ သူ့အတိုင်းအတာနဲ့သူတော့ တန်ဖိုးရှိပါတယ်။ တော်လှန်ရေးဆိုတာ တဦးကောင်း တယောက်ကောင်း အုပ်စုတစုကောင်းရုံနဲ့လည်း မရတော့ လုံလောက်တဲ့ လူဦးရေနဲ့ ညီညီညွတ်ညွတ် လုပ်နိုင်မှပဲ အောင်ပွဲက ရမှာဖြစ်တယ်။ အစ်မဘလော့ဂ်ကို ရှားရှားပါးပါး လာဖတ်တဲ့အတွက် ကျေးဇူးပဲနော့်။

သေချာတာပေါ့ အစ်မရယ်။ ကိုယ်နှုတ်နှလုံးမှာ နှုတ်တွေပဲ လာကြမယ်ဆိုတာ.. လွယ်တာကိုး။

ရင့်သီးတယ် ထင်ရင်တော့ ခွင့်မလွှတ်ပါနဲ့။ အရင်က မမြင်ခဲ့တဲ့ အမြင်မျိုး အဲဒီအသံတွေ အပေါ်မှာ မြင်လာမိလို့ပါ။

ဟိုတခါ ဘလော့မှာ ထည့်ရေးခဲ့သလိုမျိုး...

နင်တို့ ငါတို့ ရှေ့ကနေ ထွက်သေပေးကြပါနော် ဆိုတာ...

အရင်က အဲဒီ အမြင်မရှိခဲ့ဘူး။ သူများ အမြင်ကိုသာ ဒီလိုလည်း မြင်ကြတယ် ဆိုတာ ထည့်ရေးခဲ့မိတာ.. ခုတော့ ကိုယ်တိုင်ပါ အဲလို မြင်လာတယ်။

ထွက်နိုင်တဲ့ လူတွေက အော်မယ်။
မထွက်နိုင်တဲ့ လူတွေက အစားသေကြ လို့ပဲ ကြားမိနေတယ်။ အပြင်က လူတွေ ပြောနေလည်း အတွင်းမှာ ဖြစ်ချင်မှ ဖြစ်မှာ။ ဖြစ်တယ်ဆိုရင်လည်း အပြင်ကလူတွေ ပြောနိုင်လို့ မဟုတ်ဘူး။ ဒါကို နားလည်ရင် ရီဗော်လူရှင်းကြပါ။ မကြောက်ကြပါနဲ့ အော်နေတာ လျှာယားဖို့ အင်မတန် ကောင်းတယ် လို့ပဲ မြင်မိတယ်။

ရင့်သီးတယ် ထင်ရင်တော့ ခွင့်မလွှတ်ပါနဲ့။

Rita
မဆိုင်တာတွေကို အစ်မဘာမှ ပြန်မဆွေးနွေး မနေတော့ဘူး။ အခုအစ်မက Revolution ကို ထောက်ခံတယ် Rita က မထောက်ခံဘူး နှုတ်နဲ့အော်တာကို ပြက်ရယ်ပြုတယ်။ Rita ပြောတဲ့အထဲမှာ အစ်မတင်ထားတဲ့ ပို့စ်နဲ့အကျုံးဝင်တာ ဒါပဲတွေ့ရလို့ ဒါကိုပဲပြောမယ်နော့်။ Revolution ကို Rita က မထောက်ခံလည်း ပြဿနာမဟုတ်ဘူး လူဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်၊ ကိုယ့်အသိတရားနဲ့ကိုယ်ပဲ လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ Rita က နှုတ်နဲ့ လုပ်တာကို လွယ်တယ်လို့ ထင်နေတယ်။ နှုတ်နဲပ လုပ်တဲ့အလုပ်ဟာ အော်တာပဲဖြစ်ဖြစ် စကားပြောတာပဲ ဖြစ်ဖြစ် ဘယ်လောက်ခက်တယ်ဆိုတာ လုပ်ဖူးသူတွေပဲ သိပါတယ်၊ မလုပ်ဖူးသူတွေ မသိနိုင်ဆိုတာ ပြောပြချင်တယ်။ တော်လှန်ရေးဆိုတာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးမှာ နှုတ်နဲ့မှ မဟုတ်ဘူး မဟတ္တမဂန္ဒီတို့လို အသံတိတ်ပဲလုပ်လုပ် ဘာတခုမှ မလွယ်ပါဘူး Rita။ ဒါကြောင့် နှုတ်နဲ့ပဲ အော်နေလို့ ဘာမှမထူးဘူးလို့ ပြောလို့မရဘူး။ မြန်မာနိုင်ငံမှာ ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ တပါတီ အာဏာရှင်စနစ်ကို နှုတ်နဲ့ပဲ ဖြုတ်ချခဲ့သလို တောင်ကိုးရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံ အာဏာရှင်တွေကိုလည်း နှုတ်နဲ့ပဲ ဖြုတ်ချပြီး ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။ နှုတ်နဲ့ပဲ လုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူးနော့်။ Rita က နှုတ်နဲ့ အော်တာကို အပြစ်တင်ပြီး လျှာယားတယ် ပြောလို့ နှုတ်နဲ့ ပြုတ်ကျသွားတဲ့ အာဏာရှင်စနစ်တွေ ရှိတယ်ဆိုတာ ဥပမာပေးတာပါ။ တော်လှန်ရေးဆိုတာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ လုပ်တာတွေအားလုံး ပါဝင်ပြီး ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် လုံလောက်တဲ့ လူဦးရေ ရှိပြီး ညီညွတ်ရင် အောင်မြင်ပါတယ်။ ကျန်တာတွေက Rita ဘယ်တုန်းက ဘယ်သူနဲ့ ဘာတွေ ဖြစ်ထားလို့ ဒီမှာ လာပေါက်ကွဲနေတယ်ဆိုတာ အစ်မလည်း မသိတဲ့အတွက် အစ်မကို ရင့်သီးတယ်မထင်ဘူး Rita နဲ့ ပြဿနာတက်ထားတဲ့သူတွေအပေါ်မှာပဲ ရင့်သီးတာ ဖြစ်နိုင်လို့ တင်းနေတဲ့စိတ်တွေ ပြေလျှော့စေချင်တဲ့ ဆန္ဒကလွဲပြီး အစ်မဘာမှ မခံစားရဘူး။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ။

ဒီမှာ ပြဿနာ တက်ထားတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ရှိလည်း သိမယ် မထင်ပါဘူး။ ဘာလို့ဆို အတော်များများက ဘလော့မှာ ပြဿနာရှာတော့မယ်ဆို အွန်လိုင်းပေါ်မှာတောင် နာမည်ဖော်ရေးကြတာ မဟုတ်ဘူးလေ။ နာမည် မဖော်ဘဲ မနေအောင် anonymous လဲ ပိတ်လိုက်ရော ပြဿနာရှာတဲ့ ကွန်မန့် တစ်ခုမှ လာမရေးကြတော့ဘူး။ ဒါပေမဲ့ ကိုယ့်ဘလော့မှာ ဖြစ်တဲ့ ကိစ္စတွေက dont care case ပါ။ အဲဒီအချိန်တွေတုန်းက ပြန်ကို ပြောချင်နေတာရော၊ ကိုယ့်ဘလော့ဖြစ်နေတာရောနဲ့ ပြောခဲ့တာပါပဲ။

နှုတ်နဲ့ အော်တဲ့ ကိစ္စ ခက်တယ်ဆိုရင်လည်း ခက်တယ်လို့ ထားလိုက်ပါ။

ဒါပေမဲ့ နားမရှင်းလို့ မေးချင်သေးတယ် မငယ်။ တကယ်ပဲ ၂၆ နှစ်ကျော်ကြာတဲ့ တပါတီက နှုတ်နဲ့ အော်ပြီးတဲ့နောက် တကယ် ပြုတ်သွားသလား ဆိုတာပါ။ ဦးနေဝင်းပြုတ်တာကို ပြောတာ မဟုတ်ဘူးနော်။

ပြီးတော့ ဆိုင်တာတစ်ခုရှိသေးတယ်။ (မေးချင်တာတစ်ခုက... ခုအခြေအနေက ဒါဆိုရင် ဒီလိုလုပ်မှ ဆိုတဲ့ အဖြေကိုသာ လိုအပ်နေလို့ အဲဒါကို ထပ်ကာထပ်ကာ ဘလော့တွေမှာ တွေ့နေရတာလား။) ဆိုတာ...

တကယ်သာ နှုတ်နဲ့ ပြုတ်တယ် ဆိုရင် စောင့်ကြည့်နေပါတယ်။

တင်းတာကတော့ "ထွက်နိုင်တဲ့ လူတွေက အော်မယ်။
မထွက်နိုင်တဲ့ လူတွေက အစားသေကြ လို့ပဲ ကြားမိနေတယ်။" ဆိုတော့ ကြားတိုင်း တင်းနေမိတာပဲ။ ဘယ်သူ့ရယ်လို့ မဟုတ်တော့ဘူး။

အဲဒါကြောင့် ခုတလော ဆုံးဖြတ်ထားတယ်။ အဲဒီအသံကြားရမယ့် နေရာတွေကို ရှောင်နေဖို့ပါ။ ဒါမှ ကိုယ့်ဘာသာ အကုသိုလ် ရှာနေသလို အဖြစ်က ကင်းမှာပဲ။

အဲဒါကြောင့် အထက်မှာ မေးထားပေမယ့် မဖြေပါနဲ့တော့ မငယ်။

တကယ်တော့ ရီတာကလည်း သောက်ပို ၊ မငယ်နိုင်ကလည်း အာနေတာ။ ရီတာပြောတဲ့ စကားလုံးတိုင်းကိုကြည့် သူဖြတ်သန်းခဲ့တဲ့ ဘ၀က ဟိုပေါင်ပြေးကပ်လိုက် ဒီကောင်ပြေးကပ်လိုက် ဆိုတဲ့ (ကောင်မျိုး) ဘ၀ကနေလာတာ။ သောက်ကြီးသောက်ကျယ်တွေထိုင်ပြောနေတာ။ ကိုယ်ထင်တာတွေပြောနေတာပေါ့။ ဘာဆိုဘာမှ တိုင်းပြည်အတွက် လူမျိုးအတွက်ဆိုတဲ့ အတွေးလေးတစ်ခုတောင်မပေးနိုင်ဘူး။

မငယ်နိုင်လည်းဒီလိုပဲ။ လေလှိုင်းပေါ်မှာ တက်အာနေတာ။ တကယ် ပြောင်းလဲချင်တယ်ဆိုရင် သွားရမယ့်နေရာတစ်ခုပဲရှိတယ်။ ပြည်တွင်းကို ပြန်လာခဲ့။ ပြည်ပမှာနေပြီး ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလည်းဘာမှ မလုပ်တက်ဘူး ဆိုတဲ့အစားတွေကြီးပဲ။

Rita ကတော့ အကောင်းမမြင်တဲ့ စိတ်ကိုကများတယ်။ အကြံပေးတာလား အတွေးအခေါ်ပေးတာလား။ တစ်ခုမှ မဟုတ်ဘူး။ သောက်ရမ်းတွေပြောနေတာ။ မြန်မာ့အရေးဖြစ်စဉ်ကိုလည်းနားမလည်။ တကယ်လုပ်ကိုင်ခဲ့တဲ့ လူတွေရဲ့ ခံစားမှုကိုလည်း မသိ။ ကိုယ်ထင်တာ အလကားရေးလို့ရတိုင်း သောက်ပိုတွေ လျှောက်ပြောနေတာ။

မြန်မာ့အရေးမှာ သောက်ပိုတွေများနေလို့ သောက်ပေါက်ကရ ပဲဖြစ်နေတာ။ ကိုယ်လည်း မလုပ်နိုင်ဘူး။ သူများလုပ်ရင်လည်း ဘေးကနေ သောက်မဟုတ်တာတွေထိုင်ပြောနေတယ်။

ဟုတ်တယ် Rita, 26 နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ တပါတီအာဏာရှင် စနစ်ကြီးကို အဆုံးသတ်ဖို့ မြန်မာပြည်သူလူထုကြီးက ၈၈ အရေးတော်ပုံတုန်းက လမ်းမပေါ်မှာ အော်ပြီး အသက်သွေးချွေးတွေ များစွာပေးပြီး ဖြုတ်ချခဲ့တာအမှန်ပဲ။ ဒါတောင်မှ ဦးနေ၀င်း ပြုတ်ကျခဲ့တာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေ ပါမလာသေးဘူး ကျောင်းသားတွေနဲ့ ရန်ကုန် ဒေသခံပြည်သူတချို့ပဲ ပါသေးတယ်။ ရန်ကုန်မြို့ဆိုတာကို တခါမှ မရာက်ဖူးတဲ့ အစ်မတို့ တောစွန်အုံဖျားမှာ နေလာခဲ့တဲ့ သူတွေတောင် ဒါကို အကုန်ုသိကြပါတယ်။

အစ်မပြောတဲ့ စကားနဲ့ပတ်သက်ပြီး မရှင်းလို့ ပြန်မေးထားတာကို ဖြေဖို့ တာဝန်ရှိတယ် ယူဆလို့ ဖြေလိုက်တာ ဖြစ်တယ်။ Rita က ကိုယ့်ဖါသာကိုယ် အကုသလိုလ် ရှာနေသလို ဖြစ်နေလို့ ရှောင်ဖို့ ဆုံးဖြတ်ထားတယ်သာ ပြောတယ် အခုတောင် မှတ်ချက် သုံးခုရှိနေပြီ။ အမြင်မတူသူတွေကို သိပ်ပြီး ၇ွံရှာ မုန်းတီးတတ်သူဟာ ကိုယ့်အကုသိုလ် ကိုယ်ရှာတယ်ဆိုတာ အမှန်ပဲ။ ဒါကြောင့် Rita ပြောသလို ရှောင်တာ အကောင်းဆုံးပဲ။ အစ်မပြောတာနဲ့လည်း မဆိုင် ပို့စ်နဲ့လည်း မဆိုင်တာတွေကို နောက်ထပ် လာမရေးဖို့ အကြံပြုချင်တယ်။

ဆရာကြီး (ခေတ္တကျွန်းပေါ်)
ရှင်ပြောတာတွေဟာ အမြင်ကပ်ပုဒ်မနဲ့ ဒီလို ပြောလိုက်ရင် အပြောခံရသူ နစ်နာသွားပါစေ ဆိုတဲ့ ရည်ရွယ်ချက် သက်သက်မဟုတ်ဘဲ ရှင့်စိတ်ထဲမှာ ဒီလိုပဲ ထင်လို့ ထင်တဲ့အတိုင်း ပြောတယ်ဆိုတဲ့ ရိုးသားမှုလေးကိုတော့ တွေ့ရတယ်။ ဝေဖန်တဲ့ လေယူလေသိမ်းလေးနဲ့ ရိုင်းတဲ့အသုံးအနှုန်းလေး နည်းနည်း ပြင်လိုက်ရင်တော့ အဆင့်အတန်းရှိပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှုလေး ဖြစ်လာအောင် ကြိုးစားလို့ ရနိုင်ပါတယ်။

လူတယောက်ရဲ့ ထင်မြင်ယူဆချက်ကို တခြားသူတယောက်က ဆုံးဖြတ်ပေးလို့ မရတဲ့အတွက် ကျွန်မကို ပြောထားတာနဲ့ ပတ်သက်ပြီး အာနေတယ် မကလို့ လိမ်နေတယ်ပဲပြောပြော ကျွန်မအကြောင်း ကျွန်မသာ အသိဆုံးမို့ ကျွန်မရှင့်ကို ဘာမှ ဖြေရှင်းချက် မပေးလိုပါဘူး။ ရှင်ထင်ချင်သလို ထင်နိုင်ပါတယ်။ ကျွန်မစာကို ဖတ်ပြီး ကြိုက်တဲ့သူ၊ အကျိုးရှိသွားတဲ့သူ အများကြီး ရှိတယ်ဆိုတာ သိရတဲ့အချိန်မှာ ရှင့်အတွက်တော့ အာပလာစာ ဖြစ်နေတာ သိရလို့ စိတ်မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် ခုနက အပေါ်မှာ ပြောတဲ့ အချက်တွေပြင်လိုက်မယ်ဆိုရင် ရှင်မှတ်ချက်ကို ကျွန်မ သဘောကျပါတယ်။ စာလာဖတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

Dear Ma Nge Naing,
You are advised not to entertain psycho Rita as it is wasting your precious time.

Anonymous said
မငယ်နိုင်
တော်လှန်ရေးလုပ်လို့ မအောင်မြင်ရင် အဲဒီအကြောင်းတွေ ပြန်မပြောသင့်ဘူးလို့တော့
ထင်တယ်၊ အဲဒါဟာ သင်္ချိုင်းကုန်းထဲက အရိုးတွေ တူးဖော်ကြည့်သလိုပဲ၊ ပြုပြင်ပြောင်းလဲရေး ဆိုတာ နိုင်ငံခြားက လှမ်းလို့ မရဘူး၊ မငယ်နိုင်ဘလော့ သက်တမ်း နုပါသေးတယ်၊ ဘလော့ပေါ်မှာ စာရေးရင်
သတိထားရေးပါ၊

ကျွန်မ ဘာမှမဖြစ်ပေမဲ့ Anonymous လာရေးထားတဲ့ မှတ်ချက်မှာ လူမျိုးရေးအမြင်အကျဉ်းပြီး ပြဿနာတက်စေနိုင်တဲ့ အောက်ဆုံးက စာကြောင်းကို ဖြုတ်ပြီး ကျန်တာတွေကို ကျွန်မ ပြန်ထည့်ထားပေးပါတယ်။ ဒီလေသံကို ကျွန်မမှတ်မိလို့ ဒီမှတ်ချက်ကို ဘယ်သူရေးတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ရှင်ပြောတဲ့ အရိုးပြန်ဖေါ်လို့ ရသေးရင်တောင်မှ တော်ဦးမယ်။ အရိုးပြန်ဖေါ်ဖို့လို့ မရလောက်အောင်ကို နေရာအတိအကျ မရှိဘဲ အသက်သွေးချွေးတွေ အများကြီး ပေးထားရတဲ့ သမိုင်းတွေကို မဖုံးကွယ်ချင်လို့ ဘလော့ဂ်ရေးနေတာ ဖြစ်လို့ ရှင်ရဲ့ သဘောထားတွေကို ကျွန်မ လက်မခံပါဘူး။ တော်လှန်ရေးလုပ်တဲ့နေရာနဲ့ တော်လှန်ရေး အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ကိုလည်း ရှင်လို ဘယ်ချောင်ကမှန်းမသိ ကိုယ့်အမည်တောင် ကိုယ်ဖေါ်ပြရဲတဲ့ ရန်သူ့လေသံနဲ့ လာပြောနေတဲ့ သူတယောက်က သတ်မှတ်ပေးလို့ ကတော့ ကျွန်မခေါင်းထဲ မထည့်ပါဘူး။ ကျွန်မရေးတဲ့အကြောင်းအရာတွေက ဘလော့ဂ်သက်တမ်းအနည်း အများနဲ့ မဆိုင်ပါဘူး။ ဘလော့ဂ်မှာ ရေးရမည့် အကြောင်းအရာကို ရှင်ဆင်ဆာလာဖြတ်နေလည်း အပိုပါပဲ။ ကျွန်မ ရေးတဲ့အကြောင်းအရာ အားလုံးကို ကျွန်မ တာဝန်ယူနိုင်ပါတယ်ကျွန်မဘလော့ဂ်မှာ ရေးတဲ့အကြောင်းအရာကို ဘလော့ဂ်ထဲကို စ၀င်ဝင်ချင်း မြင်သာအောင် ရေးထားပေးပြီးသား ဖြစ်တယ်။ မကြိုက်ရင် မဖတ်ဘဲ လှည့်ပြန်သွားလို့ ရပါတယ်။

နောက်ဆုံး ပြောလိုက်ဦးမယ် ကျွန်မက ဗမာပါ။

မငယ်နိုင်ရေ ကျနော် သိချင်သူပါ။ ဒီ post အတွက် comment မရေးတော့ဘူးလို့နေနေတာ မဖြစ်လို့ထပ်ရေးလိုက်ပါဦးမယ်။ အပေါ်က Anonymous နဲ့ ဝင်တဲ့သူ ကျနော်မဟုတ်ဘူးနော်။ ဘာလို့လဲဆိုတော့ ကျနော်က စာဖတ်ပရိသတ် သက်သက်ပဲ။ စာဖတ်တယ် စိတ်ထဲမှာ ယားကျိကျိဖြစ်လာပြီး မနေနိုင်လွန်းမှ comment ဝင်ပေးတယ်၊ ဒီလောက်ပါပဲ။ ခင်ဗျား ဘလော့ သက်တမ်းရင့်ပြီလား နုသေးလားလဲကျနော်မသိဘူး၊ စိတ်လဲမဝင်စားဘူး။ ကျနော် blogger လည်းမဟုတ်ဘူး။ နောက်ပြီး ခင်ဗျားရေးတဲ့ဟာ တွေဟာ ခင်ဗျား အမြင်နဲ့ အယူအဆ သက်သက်ပဲ၊ နိုင်ငံကိုယ်စားပြုတာလည်းမဟုတ်၊ ပြည်သူကိုယ်စားပြုတာလည်းမဟုတ်လို့ စာရေးရင် သတိထားပါလို့ ခင်ဗျားကို ပြောစရာ အကြောင်းမရှိဘူး။ ခင်ဗျားစာတွေကို ဝင်ဖတ်တဲ့သူတွေရဲ့ အတွေးအခေါ် အတွေ့အကြုံ အနုအရင့်အလိုက်ခင်ဗျားကိုအဆင့်သတ်မှတ်သွားလိမ့်မယ်။ အဲ့ဒီတော့ ခင်ဗျား ထင်ချင်တဲ့သူထင်ပါ၊ ဒါပေမဲ့ Anonymous နဲ့ဝင်ရေးတိုင်း ကျနော်မဟုတ်ဘူး။
နောက်တခုက နာမည်ကိစ္စပါ၊ ပြောပြီးပြီနော်အပေါ်ကလူ ကျနော်မဟုတ်ဘူး။ ဒါပေမဲ့ခင်ဗျားက ကျနော့ကိုလဲ နာမည်မဖော်နိုင်သူလို့ပြောထားသေးတယ်။ မငယ်နိုင်ရဲ့ way of thinking ကို ကျနော်ပြုံးမိတယ်ဆိုရင် စိတ်မဆိုးနဲ့နော်။ နာမည်ဆိုတာဗျာ ကြိုက်တာထည့်လိုက်လို့ရပါတယ်။ ဒါဆိုဒီမှာ comment တွေပေးထားကြတဲ့ လူတွေကကော တကယ့်နာမည် တွေလို့ထင်လို့လား၊ ဥပမာ ခင်ဗျားအကြိုက်ပြောပေးတဲ့ Angel Shaper ဆိုတာက နာမည်လား။ kiki ဆိုတာ နာမည်ရင်းလား။ ကျနော်လည်းကိုယ့်ကိုယ်ကို Tom ဆိုပြီးပေးလိုက်ရတာပဲ။ ခင်ဗျားက အဲ့လိုပေးမှရမှာလား။ ငယ်နိုင်ဆိုတဲ့ ခင်ဗျားနာမည်ကကော ဗမာ ပြည်မှာ ကတည်းကနာမည်အစစ်လား. ဒုက္ခသည်ခံမှပေးလိုက်တဲ့နာမည်လား. blog လုပ်မှပေးလိုက်တဲ့နာမည်လား ခင်ဗျားပဲအသိဆုံးနေမှာလေ။ အဲ့ဒီတော့ ခင်ဗျားရဲ့ Revolution ဆိုတာအပေါ် သိချင်လို့ sincerely သိချင်သူလို့နာမည်ပေးတာ ပြဿနာမရှိဘူးလို့ထင်ပါတယ်။ နောက်တခုက ခင်ဗျား ကိုကျနော်မေးမိတာက ခင်ဗျားရဲ့ မဟာဗျူဟာ project ကြီးတွေ plan တွေကို အစဉ်အတိုင်းချရေးပြခိုင်းနေတာမဟုတ်ပါဘူး၊ လုပ်ငန်းလာစစ်နေတာလဲမဟုတ်ဘူး၊ ခင်ဗျားတော်လှန်ရေးအော်နေလို့ ဘယ်တော့ဘယ်မှာလုပ်မှာလဲလို့မေးတာ။ ခင်ဗျားဖြေနိုင်တာ မဖြေနိုင်တာ ကတော့ ခင်ဗျားရဲ့ စိတ်ခွန်အားနဲ့ အရည်အချင်းပဲလေ။
နောက်တခုပြောချင်တာက ကျနော် ၈လေးလုံးမှာ တုံးက တော့ နောက်လိုက်အဖြစ်ပါဘူးပါတယ်။ ခေါင်းနဲ့ မျက်နှာဘေးက ကျည်ဆံ ကပ်ပြီး ဖြတ်သွားလို့ လေတိုးတဲ့ အရသာ နှစ်ကြိမ်တိတိခံစားဖူးတယ်၊ ဒီလောက်ပါပဲ၊ ဒါပေမဲ့ကိုယ့်ကိုယ်ကို တော့ ယနေ့အထိ တော်လှန်ရေးသမားလို့မခံယူထားဘူး။ ယခုပြည်ပမှာနေတယ်.နိုင်ငံတွေကိုအလုပ်သဘောနဲ့လျောက်သွားရတာ တွေအားလုံးတော်လှန်ရေး ဒီမိုကရေစီရေးခေါင်းစဉ်တစ်ခုမှမပါဘူး။ ဘယ်အစိုးရကိုမှ ကျနော်တော်လှန်ရေးလုပ်ခဲ့ပါတယ်၊ကျနော်ဒုက္ခရောက်တော့မယ်၊ အစိုးရကသတ်တော့မယ်၊ ခိုလှုံပါရစေဆိုပြီး မပြောခဲ့ မလျောက်ခဲ့ဖူးဘူး။ အခုအချိန်အထိဘာအထောက်အပံ့မှ မယူခဲ့ဘူး။ တကယ်လို့သာ အဲ့ဒီလိုလုပ်ခဲ့ရင်ကိုယ့်မှာလုံးဝတာဝန်ရှိသွားပြီ၊ပြည်တွင်းကသွေးမြေကျ တိုက်ပွဲဝင်ခဲ့တဲ့လူတွေကြောင့် ကိုယ်ဒီမှာဒီလိုနေရတာဖြစ်တဲ့အတွက် နေရောညပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲ ဘယ်လိုထောက်ရမလဲ စဉ်းစားမှာပဲ။ အခုက ကိုယ့်ဖာသာကိုယ် ပြည်တွင်းမှာ လုံလောက်တဲ့ပညာရအောင်လုပ်တယ် ပြည်ပမှာ ကျောင်းတက်ပြီးမှ အလုပ်လုပ်၊ skill ကိုအခြေခံတဲ့ status နဲ့နေတာသာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားမဟုတ်ပေမဲ့ တော်လှန်ရေးသမားစစ်စစ်တွေ၊ စိတ်ဓါတ်ခိုင်မာရဲရင့်ပြီး တွေးခေါ်မှုနဲ့စာရိတ္တကောင်းတဲ့တော်လှန်ရေးသမားတွေကိုတော့ရှာ ဖွေနေပါတယ် ဆည်းကပ်ချင်လို့၊ ကံမပါသေးလို့လားမသိဘူး အခုအထိတွေ့သမျှကတော့....
အဲခင်ဗျား ကိုလေးစားတာကတော့ ကိုယ့်ကို ကိုယ့်အမြင်ကို criticize လုပ်တဲ့ ဟာ မရိုင်းတာဆို တင်ပေးတယ်။ ဒီမိုကရေစီကို ပါးစပ်ကလည်းပြောသလို လုပ်ရပ်ကလည်းဒီမိုကရေစီ နည်းလမ်းကျတယ်။ ဒါကိုကျနော် လေးစားတယ်။ ၈လေးလုံးတုံးက နာမည်ကြီး (နာမည်က 'မ' နဲ့စတယ်) ကျောင်းသားခေါင်းဆောင်ဆိုသူရဲ့ blog ဆိုဘာမှ အပြုသဘော ဘာဆိုဘာမှ ဝေဖန်လို့မရဘူး (ကိုယ်တွေ့ပါ)၊ မရိုင်းစိုင်းတဲ့ဝေဖန်မှုတောင်တင်မပေးဘူး။ အဲ့ဒါကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ (အခုတော့မသိဘူး အရင်တုံးကတော့ လုံးဝကိုမရတာ) အရင်းစစ်တော့သူလည်း နအဖ လိုပဲလေ၊ ကြောက်တာကိုး ဆိုတာသိသွားပြီးတဲ့နောက်ပိုင်း သွားကိုမကြည့်တော့ဘူး၊ ထားပါတော့ ကြုံလို့ပါ။ ကျနော့် comment တွေ တင်ပေးတာ ကျေးဇူးပါ မငယ်နိုင်ရေ။

သိချင်သူရေ - အပ်ါမှာ လာရေးထားတဲ့တယောက်က ရှင်မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ မဆိုင်တာ လာရေးသူနဲ့ ယုတ်ရိုင်းတာတွေ အမြင်ကျဉ်းမြောင်းပြီး ဘာသာရေးလူမျိုးရေး ထိခိုက်တာတွေ လာရေးတာကိုပဲ ဖျက်မယ်လို့ ကျွန်မ ပွင့်ပွင့်လင်းလင်း အပေါ်မှာ ရေးထားပြီးပါပြီ။ ရှင့်မှတ်ချက်ထဲမှာ ဒါတွေမပါတော့ ဖျက်စရာ အကြောင်း မရှိပါဘူး။

မဆိုင်တာ လာရေးတာကိုတောင်မှ ဆိုင်တာလည်း ပါနေသေးတာကို ငှဲ့ကွက်ပြီး ကျွန်မ စိတ်ရှည်လက်ရှည် ပြန်ဆွေးနွေးပေးထားတာလည်း ရှိပါတယ်။ ဘာအလုပ်မဆို ဘေးကထိုင်ကြည့်ပြီး ဝေဖန်တာ သိပ်လွယ်တယ်။ ၀င်လုပ်ကြည့်မှပဲ ဘယ်လောက်ခက်တယ်ဆိုတာ သိပါတယ်။ အလုပ်လုပ်နေသူတွေမှာ ရှိတဲ့အခက်အခဲကို မလုပ်တဲ့သူတွေက မသိနိုင်ပါဘူး။ လုပ်နေသူအချင်းချင်းမှာလည်း သူလုပ်တာကမှ မှန်တယ်။ ငါလုပ်တာမှကမှန်တယ်ဆိုပြီး ကိုယ်ကလွဲရင် သူများတွေမှားနေတယ်လို့ သူများလုပ်တာကို Appreciate မလုပ်နိုင်တာဟာ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ အာဏာရှင်စနစ် တသွေးတသံ တမိန့်အောက်မှာ ကြီးပြင်းခဲ့ရလို့ ဘာကိုမှ အကောင်းမမြင်တတ်တဲ့ အကျင့် ဖြစ်လိမ့်မယ်လို့ ထင်တယ်။

ဘာပဲဖြစ်ဖြစ် ရှင့်မှာ လုပ်နေသူတွေကို အားမလိုအားမရ စိတ်ဖြစ်ပြီး မကောင်း ထိုင်ပြောနေတာကလွဲရင် မိမိတိုင်းပြည် ကောင်းစေချင်တဲ့ စေတနာ အပြည့်ရှိတာကို မြင်တွေ့ရလို့ ၀မ်းသာပါတယ်။ ကျွန်မရေးထားတဲ့စာ ရှင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

စာဖတ်တာ ၅ မိနစ်၊ comment တွေလိုက်ဖတ်တာ ခေါင်းမူးသွားလို့ နားနားပြီးဖတ်တာ မိနစ် ၃၀ လောက်ကြာသွားတယ်။ ကျွန်တော့်အမြင်ပြောရရင် မည်သူမဆို ပြည်တွင်းမှာဖြစ်စေ ပြည်ပမှ ဖြစ်စေ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသူတွေရှိပါတယ်။ ကိုယ်တိုင်ပဲဝင်ဝင် လေနဲ့ပဲဝင်ဝင် ကလောင်နဲ့ပဲ ၀င်ဝင် အားလုံးက ကိုယ်တတ်နိုင်သလောက် အားထုတ်နေကြတယ်လို့ ထင်ပါတယ်။ ဒီလူတွေ နိုင်ငံခြားကို ထွက်သွားရတယ်ဆိုတာကလည်း ပြည်တွင်းမှာ မလုံခြုံတဲ့အတွက်ကြောင့်ဆိုတာ လူတိုင်းသိပါတယ်။ english လက်ထက်တုန်းကလို နိုင်ငံရေးလုပ် ထောင် ၆ လ ဆိုရင် ဘယ်သူမှ အပြင်မှနေပြီး အော်နေမှာ မဟုတ်ဘူး။ အခုက လုပ်မိတာနဲ့ ထောင်ထဲမှာ အကန့်အသတ်မရှိ ထည့်ထားမှတော့ ဘယ်သူက လုပ်ရဲမှာလဲ။ အဲဒါကို ကိုယ်ချင်းစာစေချင်တယ်။ ဘယ်သူမှ ကိုယ့်မွေးရပ်မြေနဲ့ ဝေးရာမှ မနေချင်ဘူး။ အဲဒီတော့ ကိုယ်တိုင်လည်း အဖြစ်ရှိအောင် မလုပ်ဘဲ လုပ်တဲ့သူတွေကို အားမနာပ လိုက်ပြောနေတာက ရှက်ဖို့ ကောင်းပါတယ်။ နောက်ပြီး တိုင်းပြည်ဆင်းရဲတာ ပြည်ပက ပိတ်ဆို့လို့ ဆိုတာလုံးဝမဟုတ်ဘူး။ နိုင်ငံခြားကနေ အော်နေတဲ့သူတွေကြောင့်လည်း မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် အသုံးမကျလို့။ ဦးနှောက်ကို သုံးပြီး အလုပ်ကြိုးစားတဲ့သူက သူ့ဘာသာသူ အဆင်ပြေတာပဲ။ တရားတာ မတရားတာနောက်မှထား။ အလကားနေပြီး ချမ်းသာနေတဲ့သူ တစ်ယောက်မှ မရှိဘူး။ တစ်ခုခုဖြစ်ရင် အပြစ်တင်ရတာလွယ်ပါတယ်။ အဖြေရအောင်ရှာရတာကသာ ခက်တာ။

PS။ evolution က ဗုဒ္ဓ ဒေသနာနဲ့ မတူဘူးဆိုတဲ့ comment တစ်ခုတွေ့လိုက်လို့ ဘယ်နားက အချက်နဲ့ မတူသလဲဆိုတာလေး ပြန်လည်ရှင်းလင်းပေးနိုင်ရင် ကောင်းမယ်ထင်ပါတယ်။

ဒီလိုပါပဲ ဇိဝကရေ - အစ်မတို့ မြန်မာလူမျိုးတွေက အာဏာရှင်စနစ်အောက်က ကျောင်းတွေမှာပဲ ပညာသင်ကြားလာရသူတွေဆိုတော့ ကျောင်းမှာကတည်းက အုပ်စုနဲ့ အလုပ်လုပ်တဲ့အကျင့် အပြန်အလှန် အမြင်တွေ ဖလှယ်တဲ့ အကျင့်မရခဲ့လို့ တယောက်နဲ့တယေက် အမြင်မတူတာနဲ့ အပြန်အလှန်လေးစားမှုမပေးနိုင် ဖြစ်နေကြတယ်လို့ ထင်တယ်။ ဒီက စာသင်ကျောင်းတွေမှာ ထားတဲ့ ထိုင်ခုံတွေကိုက လေးယောက် စားပွဲခုံတခုံစီ အုပ်စုနဲ့ ထိုင်ရတာ မြန်မာပြည်မှာလို ကျောင်းသားအားလုံးက ဆရာဘက်ကိုပဲ ဦးတေည်မျက်နှာလှည့်နေရတာမျိုး မဟုတ်ဘူး။ မူလတန်းကတည်းက အုပ်စုနဲ့ အမြင်တွေ ဖလှယ်ပြီး ပညာသင်ကြားလာရတော့ ကိုယ်နဲ့မတူတဲ့သူတွေအပ်ါမှာ မတူဘူးဆိုတဲ့ အသိပဲ ရှိတယ် ဘာမှ ခံစားချက်ကြီးနဲ့ အမုန်းပွားပြီး Sensitive မဖြစ်ကြတဲ့ အကျင့်ကို ရနေကြတာ သိပ်အားကျဖို့ကောင်းတယ်။ အစ်မသားလေးကတောင် တခါတလေ သူအစ်မ မကြိုက်တာလုပ်လို့ ဆူမိရင် Burmese Adult တွေဟာ စိတ်ပိုင်းဆိုင်ရာမှာ တခုခု ချွတ်ယွင်းနေတယ်ထင်တယ်။ ကောင်းကောင်း ပြောလည်း ရတာကို ဘာဖြစ်လို့ မလိုအပ်တဲ့နေရာတွေမှာ လွယ်လွယ် စိတ်တိုနေတတ်လဲ မသိဘူးလို့ ပြန်ပြောတတ်တယ်။ ဒီလို ပြောရင် ရုတ်တရက်တော့ စိတ်တိုပေမဲ့ သူပြောတာ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ မမှားတာကို တွေ့ရတယ်။ ကောင်းကောင်းပြောလည်း ဒီစကား ဒေါသနဲ့ ပြောလည်း ဒီစကားမှာ ဒေါသပါသွားတော့ မိမိ စိတ်ထွက်ပေါက်ပဲ ဖြစ်သွားတယ်။ နားထောင်သူဆီက မိမိစကားကို အပြည့်အ၀လက်မခံတော့ဘူး တန်ဖိုးလည်း မထားတော့ဘူး ဖြစ်သွားတယ်။ ကိုယ်ပြောတဲ့အကြောင်းအရာ ဘယ်လောက်ပဲကောင်းကောင်း အရာမရောက် ဖြစ်သွားတတ်တယ်။ ကိုယ်တိုင် အပါအ၀င် မြန်မာတွေ အတော်များများမှာ ဒီလိုပဲ ဖြစ်နေတာ တွေ့ရတယ်။

ဒါဝင်အကြောင်းမှတ်ချက် ရေးသူက ဘလောဂါတယောက် မဟုတ်သလို စာလာဖတ်နေကျထဲကလည်း ဟုတ်မယ်မထင်ဘူး။ လမ်းကြုံလို့ စာဝင်ဖတ်ရင်း ရေးသွားသူတယောက် ဖြစ်နိုင်လို့ ဇိဝက ရေးထားတာကို သူတွေ့မှာမဟုတ်ဘူး။ အစ်မထင်တာ ဒါဝင်ပြောတာ သက်ရှိတွေဟာ တမျိုးတည်းက ဆင်းသက်လာတာ ဖြစ်နိုင်တယ်ဆိုတဲ့အချက်က ဘာသာတရား အတော်များများနဲ့ ဆန့်ကျင်နေတာကို ပြောတာ ဖြစ်ပုံရတယ်။ အစ်မ နားလည်တာက ဒါဝင်က လက်ရှိဘ၀မှာ ဖြစ်ပျက်နေတဲ့ သက်ရှိတွေရဲ့ ဇီဝပြောင်းလဲမှု သိပ္ပံသက်သက်ကို ပြောတာ DNA မော်လီကျူးတွေကို အရေအတွက်နဲ့ Sequence အတူတူ ဖြစ်အာင်လုပ်လိုက်ရင် ပုံစံတူ သတ္တ၀ါတွေကို ဖြစ်လာအောင် လုပ်လို့ရတဲ့အတွက် အရင်က တူနိုင်ပြီး ကာလဒေသ ကွဲပြားလာမှုအပေါ်မှာ ကွဲပြားသွားတာ ဖြစ်မယ်လို့ ဒါဝင်ယူဆတယ်ဆိုတာ နားလည်တယ်။ ဒါဝင်အယူအဆက အခုလက်ရှိ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ Atom တွေ မော်လီကျူးတွေကို ကြည့်ပြီးတွက်ပြီး ပြောတဲ့ ဇီဝသိပ္ပံသက်သက်ပဲ လောကုတ္တရာပိုင်း ဘာမှမပါဘူး။ ဘာသာတရားတွေမှာ ပါတာက လူဟာ ဗြမ္မာက ဖြစ်လာတာတို့ ဘုရားသခင်ဖန်တီးတာတို့က လောကုက္တရာနဲ့ ဆိုင်သွားပြီ။ ဒါကို ကြည့်ပြီး ဒါဝင်ကို နားလည်မှု လွဲကြတာ ဖြစ်နိုင်ပါတယ်။

အခုလို ပြန်ဖြေကြားပေးတဲ့အတွက် မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လေ့လာဖူးသလောက် ဗုဒ္ဓဟာ လူဘယ်ကစခဲ့တယ် ဘယ်ကို သွားမယ်ဆိုတာ ကို မဟောခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိဗ္ဗာန်ရောက်ကြောင်းနဲ့ မဆိုင်လို့ဘဲ။ သူ့ကို မေးတဲ့သူရှိတယ်။ မေးခွန်း ၁၀ ခုလားမသိဘူး။ ကျွန်တော်နာမည် မမှတ်မိတော့ဘူး။ ဘုရားရှင်က ဖြေလည်း ဘယ်သူမှ အကျိုးမရှိတဲ့အတွက် မဖြေဘူး။ လူဟာ ဗြမာ ကဆင်းသက်လာတယ်ဆိုတာက ဟိဒ္ဒူအယူအဆပါ။ ဘုရားရှင်က မဟောခဲ့ပါဘူး။

အကျင့်ပျက်သွားတဲ့ ကိစစြက Evolution လုပ်လို့မရဘူးထင်တာပဲ Revolutionလုပ်မှ

မငယ်နိုင်ရေ၊ မှတ်ချက်ပေးမလို့ ရေးလိုက်တာ ရှည်လာလို့ မဖြစ်ချေဖူးဆိုပြီး ရပ်လိုက်ရတယ်၊ ပို့စ်တစ်ခုရေးရမယ်ထင်ပါတယ်။ အရိပ်အမွက်တော့ ပြောထားလိုက်ပါ့မယ်။

- ဒါဝင်ရဲ့သီအိုရီဟာ ခုခေတ်မှာ ကြီးကြီးမားမား စိန်ခေါ်ခံနေရပါပြီ၊
- နိုင်ငံရေးမှာ revolution တွေဟာ ထိုက်သင့်သလောက် အောင်မြင်ခဲ့ကြတာမှန်ပါတယ်။ အခု အတွေးအခေါ်ထွန်းကားလာတဲ့ ခေတ်မှာတော့ evolution နဲ့ mini-revolution ပေါင်းစပ်လာတဲ့ ခေတ်လို့ မြင်ပါတယ်၊
- ကိုယ်နဲ့ သဘောမတူသူများလည်း လွတ်လပ်စွာ ယဉ်ယဉ်ကျေးကျေး သဘောကွဲခွင့်ရှိသလို မသိသေးသူတွေကို ကိုယ်သိတွေ ဝေမျှဆွေးနွေးဖို့ကတော့ ကိုယ့်တာဝန်ပါ၊

ချုပ်ရရင် ကျနော်ဟာ အပျော့စားတော်လှန်ရေးသမား တစ်ယောက်လားဆိုရင်၊ မေးတဲ့သူဆီမှာပဲ အဖြေရှိတယ် ပြောရပါမယ်၊ သေချာတာတစ်ခုကတော့ နအဖ (နဝတ) ဟာ ပန်းနဲ့ပေါက်ရင်တောင် မခံစားနိုင်တာပါပဲ။

ဆွေးနွေးချက်တွေက သေသေချာချာဆွေးနွေးရင် အရမ်းကိုကောင်းတဲ့ဆွေးနွေးပွဲ တခုဖြစ်သွားနိုင်ပါတယ် လူကမျောက်က ဆင်းသက်လာတယ်လို့ အရပ်ပြောတခုအနေနှင့်သာ ပြောကြတာပါ တကယ်တော့ လူဟာ မျောက်အမျိုးနွယ်ခွဲတခုပါ ဒါဝင်ရဲ့ သီအိုရီ မှားပါတယ်လို့ တရားဝင်ခြေဖျက်ထားနိုင်သော သီအိုရီ မရှိသေးပါဘူး တခုတော့ရှိတယ် ဘာသာရေးရူ့ထောင့်ကနေ ဆွေးနွေးမယ်ဆိုရင် ဘယ်ဘာသာကမှ ဒါဝင်ရဲ့သီအိုရီကို လက်မခံနိုင်ပါဘူး၊ မငယ်နိုင် ဆောင်းပါးက တိုင်းပြည်ပြုပြင်ပြောင်းလွဲရေးအတွက် သီအိုရီ ရူ့ထောင့်က တင်ပြချက်ဖြစ်လို့ သင့်တော်တဲ့ ဆောင်းပါး တပုဒ်လို့မြင်ပါတယ်.. အားပေးလျှက်

သိချင်သူနဲ့ မရီတာတို့ရဲ့ မေးခွန်းတွေကို မငယ်နိုင်က ရှင်းရှင်းလင်းလင်း မချေပနိုင်ပဲ တချို့ဟာတွေဆိုေ၀၀ါးပြီးဖြေထားတယ်။ တချို့ဟာတွေဆို မဖြေနိုင်လို့ ရှောင်ထားတယ်လို့ထင်ပါတယ်။ နောက်ဆုံးတော့ အမြင်မတူရင် အကောင်းမမြင်နိုင်တဲ့သူ၊ ဘေးကနေ ဝေဖန်တဲ့သူ၊ ပို့စ်နဲ့မဆိုင်တာတွေ မေးတဲ့သူအဖြစ်ပဲ ပြောပြီးဆက်မရှင်းတော့တာပဲ တွေ့ရပါတယ်။ onlineမှာ နာမည်ဆိုတာ ကိုယ်ကြိုက်သလို ထည့်ပြီးလာနေကြတာကို နာမည်မထည့်ရုံနဲ့ နာမည်တောင် မဖော်ရဲဘူးဆိုတာမျိုးပြောတာ အနည်းငယ်စည်းလွတ်နေသလိုခံစားရပါတယ်။၊ ဒါကြောင့် မငယ်နိုင်ရဲ့ ဘလော့မှာ အမြင်တူရင် ကြိုက်သလောက်လာ၊ ဝေဖန်ဖို့ဆို လာမရေးကြပါနဲ့၊ လာလဲမဖတ်ပါနဲ့လို့ ဘလော့ထိပ်မှာ စာလုံးကြီးကြီးနဲ့ ရေးထားသင့်တယ်လို့ အကြံပြုပါတယ်။

Anonymous - ကိုယ့်အတွက်ပဲ ကိုယ်ပူပါ သူများအတွက် မပူပါနဲ့။ ကာရကံရှင်တွေ မရှင်းရင် ကာရကံရှင်တွေ မေးပါလိမ့်မယ်။ Anonymous - မရှင်းရင် Anonymous မေးနိုင်ပါတယ်။ သိချင်သူလို့ ရေးလာတဲ့ စာဖတ်သူဆိုရင် မရှင်းလင်းတာကို မေးလ်နဲ့ မေးလာလို့ ကျွန်မပြန်ဖြေခဲ့ပါတယ်။ အခုဆိုရင် ကျွန်မနဲ့ မိတ်ဆွေတောင် ဖြစ်နေပါပြီ။ အဓိကက ပြည်သူလူထုအပေါ် စေတနာမှန်တဲ့သူချင်းတူရင် ဘယ်လောက်ပဲ အကြောင်းမသိခင်က ဘယ်လိုပဲ အထင်မှား အမြင်မှားဖြစ်ပြီး ထင်သလို စွပ်စွဲ ပြောဆိုကြထားပါစေ၊ တကယ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြည့်ရင် တိုင်းပြည်အပေါ် စေတနာမှန်တဲ့သူအချင်းချင်းဟာ ဘယ်တော့မှ တစိမ်းတွေ ဆက်မဖြစ်နေဘူး။ အခုဒီမှာ ကျွန်မကို ရင့်ရင့်သီးသီးလာရေးထားတဲ့ သိချင်သူဟာ အခုကျွန်မက အချင်းချင်း သိပ်ကို လေးစားစရာကောင်းတဲ့ မိတ်ဆွေရင်းတွေ ဖြစ်သွားတတ်တယ်ဆိုတာ Anonymous ကို အသိပေးတာ ဖြစ်တယ်။

ကိုမန်းကိုကိုတို့ Little brook တို့အပါအ၀င် လာလည်သူများထံကို ကျွန်မ ၁၇ ရက်နေ့နောက်ပိုင်းမှ ပြန်လာလည်မယ် နောက်ထပ်လာလည်သူတွေကိုလည်း ဒီလိုပဲ အသိပေးထားပါရစေ။ နောက်ထပ် မှတ်ချက်တွေကိုလည်း အဲဒီအချိန်ကျမှ အကြောင်းပြန်မှာ ဖြစ်ကြောင်း အသိပေးပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဟုတ်။ ကွန်မန့်တွေက မတ်လတုန်းကဆိုတာ သတိမထားမိလို့ပါ။ မိတ်ဆွေတွေဖြစ်သွားကြတယ်ဆိုတာ ရန်သူဖြစ်တာနဲ့စာရင် အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အရမ်းခင်တဲ့ မိတ်ဆွေတွေဖြစ်သွားတာနဲ့ မေးခွန်းတွေမဖြေတော့တာ ဘယ်လိုပါတ်သက်ပါသလဲ သိချင်ပါတယ်။ သူများအပူကို ကိုယ့်အပူလုပ်တာမဟုတ်ပါ။ သူတို့တွေ မေးတဲ့မေးခွန်းတွေရဲ့ အဖြေကို သိချင်လို့ပါ။ကျန်တဲ့သိချင်တာတွေကိုတော့ (၁၈)ရက်နောက်ပိုင်းမှမေးပါ့မယ်။ ကျေးဇူး။

မငယ်နိုင် နဲ. ကိုပေါ တို.ရဲ. ပို.စ်တွေ ဖတ်ပြီးတော့ အတွေးတစ်ခုဝင်လာပါတယ်၊ အော် မြန်မာပြည်က အဆိုတော်တွေ သီချင်းဟောင်းတွေ ပြန်ဆိုတတ်သလို ဘလော့ဂါတွေလည်း ပို.စ် အဟောင်းတွေ ပြန်တင် တတ်တယ် ဆိုတဲ့ အတွေးပါ ၊ ခင်မင်စွာ မန်.သွားပါတယ်၊ စာမေးပွဲလည်း flying colors များ နှင့် အောင်ပါစေလို. ဆုတောင်းလိုက်ပါတယ် ၊

Ma Nge,
got lot of comments , lot of readers like to stay revolutions side no body like to stay at evolution. I better stay at evolution (haha). I can't do nothing right now.

အင်းရီတါနဲ့ အမည်မဖော်သူတွေရေးထါးတါအတော်ရှင်း နေပါတယ်။ ရီတါပြောတါကိုနားလည်တဲ့သူတွေနားလည် ကြပါလိမ့်မယ်။နားမလည်သူတွေလဲရှိမှာပေါ့ါ။
အခုတလေါတော်လှန်ရေးအော်ကြတဲ့အင်တါနက်တွေအ တော်များပါတယ် ရီတါပြောတါကိုယ်တွေ့နဲ့ယှဉ်ပြီးသ ဘေါပေါက်တယ်။ ကိုယ့်ပါတ်သက်တဲ့ချာတိတ်တွေလဲ ဒီအကြောင်းဘဲရှင်းပြတယ်။၈၈ဆိုတါဘါကြောင့်လဲ(ကိုယ်တွေ့)စစ်တန်းလဲထုတ်ပြတယ်။
အမည်မဖော်သူရေးတဲ့မှတ်ချက်ကိုတေါ့ သဘေါကျလို့ပြုံးမိပါတယ်။(ကိုယ်တွေ့ပါဘဲ)။ ငါ့အယူအဆနဲ့မတူရင် အတွေ့အကြုံလိုသေးလို့ မလေ့လါလို့ ဝေဖန်လို့ချက်ကေါင်းထိရင်ရိုင်းလို့ဖြုတ်ပြစ်တယ်တို့ လါရေးလို့အစိုးရလုပ်ရပ်ကိုစိစစ်ထေါက်ပြပြီးလက်ခံထေါက်ခံတဲ့အသံလေးများထွက်လါရင် ကပ်စါးယပ်စါး (ဘယ်သူလါရေးတယ်ဆိုတါမသိဘဲနဲ့နော်)ပုဂ်ဂိုလ်ရေး ထိခိုက်ရေးတါတွေကြတေါ့ အမှန်တရားတဲ့။ အဲတေါ့ တော်လှန်ရေးအော်တဲ့ အော်ခိုင်းတဲ့မြှောက်ပေး တဲ့သူတွေဆို ကိုယ်တိုင်ဘဲမြန်မါပြည်ပြန်လုပ်ကြပါလို့ ရှေ့ကဦးဆောင်အလံထေါင်တက်ကြပါ ဒို့ကနောက်ကလိုက်ပါ့မယ်လို့သါပါဘဲပြောချင်ပါတယ်။
နောက်တခုကဒို့မြန်မါတွေပြောတဲ့မြှောက်ပေးရင်ေ-းတက်အေါင်ကတဲ့သူတွေလဲရှိကြမှာပါ။

အော် မေ့သွါးတါတခုထပ်ပြောမလို့ပါ။ ဒါဝင်က survival of the fittest ဆိုတါ ပြောမသွါးဘူးဆိုတါပါ။ မယုံရင်လဲမူရင်းရှာဖွေဖတ်ကြည့်ပေါ့၊ ရည်ညွှန်းချက်လုပ်ချင်ရင်လဲလုပ်ချင်တဲ့အကြောင်းကိုသေ ချာနားလည်အေါင်လုပ်ပြီးဒေါင့်စေ့အေါင်လေ့လါပြီးမှလုပ်ရင်ကေါင်းပါတယ်။ ဒါတေါင်အမှားပါတတ်ပါသေးတယ်။ တော်လှန်ရေးဘဲပြောပြော တဖြေးဖြေးပြောင်းလဲမှု့ ဖြစ်စဉ်ဘဲပြောပြော သူ့နိုင်ငံနဲ့သူ့ဒေသနဲ့သူ့ယဉ်ကျေးမှု့နဲ့ စပ်ဟတ်ဘို့လိုပါတယ်။ တော်လှန်ရေးဆိုတါ Artificial Selection လို့ဆိုတါနဲ့ ပါတ်သက်လို့လဲ လိုရာဆွဲတွေးရင်တေါ့ဖြစ်ပါလိမ့်မယ်။ Correllation and mutual dependency of evolution and revolution process ဆိုတါနားလည်အေါင်ကြိုးစါးကြည့်ပါအုံး။ စစ်တပ်ပေါ်တါဆွဲတါ ဒီစစ်တပ်ကြောင့်လုမျိုးစုပြသနာဖြစ်ရတါ။ (မြန်မါပြည်မှာပြည်တွင်းစစ်မရှိပါ ပြည်တွင်းသေါင်းကျန်းမှု့သါရှိပါသည်)လို့တဘက်သတ်ထင်ရာရေးနေမဲ့အစါး ခြေခြေမြစ်မြစ်ပြသနာအရင်းရှာတတ်အေါင် ရေးတတ်အေါင်ကြိုးစါးကြည့်ပါအုံး။

၁၈ ရက်နောက်မှလဲလါလည်စရာမလိုပါဘူးကွယ်။ လွယ်လွယ်ဘဲရှာလို့ရတဲ့အေါက်ကဟါဘဲဖတ်ကြည့်ပေါ့လေ ဖတ်တတ်ရင်ပေါ့နော်။


Charles Darwin quotation
The survival of the fittest
Charles Darwin is often credited with coining the phrase - "the survival of the fittest" - however such attribution is not really correct.

Darwin wrote about species being engaged in a competitive Struggle for Existence. This struggle being seen, by Darwin, as primarily a struggle for food to support growth, life, and the generation of young individuals to continue the species in question.

The actual term survival of the fittest however was actually fully attributed by Darwin himself to another source:-

"I have called this principle, by which each slight variation, if useful, is preserved, by the term Natural Selection, in order to mark its relation to man's power of selection. But the expression often used by Mr. Herbert Spencer of the Survival of the Fittest is more accurate, and is sometimes equally convenient."

မငယ်နိုင် တင်ပြထားတာ ဥပမာပေးအနေနဲ့ ဆိုတော့ အရမ်းကောင်းပါတယ်။ ဖြစ်ရပ်ကို ကြည့်ပြီး တင်ပြပုံကို လေ့လာရမှာ ဖြစ်လို့ အခု လေ့လာရမှာမဲ့ ဦးတည်ချက် ဆိုတာကို မြင်မိပါတယ်။ ဥပမာပေးထားတယ် ဆိုတာ ဦးတည်ချက်ကို ရောက်ဖို့ပါ။ မဟုတ်ရင်တော့ ဦးတည်ချက်ပျောက်ပြီး ဥပမာတွေကို ငြင်းခုန်နေမိတတ်ပါတယ်။ ဒါကြောင့် ဆိုလိုရင်း ဦးတည်ချက်ကို ရောက်အောင် ဖတ်သွားပါတယ်။

ကျနော်ကတော့ ဘယ်လိုပဲ ပြောင်းလဲပါစေ. . .
ကောင်းမွန် မှန်ကန်တဲ့ ပြောင်းလဲမှု ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခံပါတယ်။

အမရေ. ရီတာကိုတော့ ဘေးမဲ့ပေးလိုက်တော့၊၊ သူ့ ကိုတော့ နဲနဲကြောင်နေတဲ့အထဲကို ထည့်ထား တယ်၊၊ ရှင်းတာတွေကို ရှုပ်အောင်လုပ်တဲ့အထဲမှာ ထိပ်ဆုံး ကဘဲ၊၊ တကိုယ် ကိုယ်နဲ့  ဘာစတိုင်မှန်းကို မသိဘူး၊၊ ဆရာကြီးစတိုင်နဲ့ ၊ သူရေးတာတွေဖတ်ပြီးရင် စိတ်ထဲ ကလိကလိဖြစ်ရော၊၊ အခုလဲ သူ့ ကွန်မန့် တွေကိုဖတ်ပြီး စိတ်တိုလွန်းလို့ ရေးလိုက်တာ၊၊ ကျွန်မ ကတော့ နိုင်ငံရေးသမားမဟုတ်ပေမဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံအတွင်းမှာ တုန်းက ရထောင့်ရခဲ၊ ကြုံတုန်း ကြုံခိုက်မှာ ပါးစပ်နဲ့ ဘဲ အာခဲ့နိုင်တာ ရယ် ( ဒါက လည်း တော်တော်အရဲစွန့် ပြီး အာခဲ့ တာလို့ ပြောရ မှာဘဲ၊၊ မသေလို့ အခုလို ကွန်မန့် ပေးနိုင်တာ ) ကြောင့် ဒီ့ထက်ပိုလုပ်နိုင်သူတွေကို အင်မတန် လေးစားတယ်၊၊ ဘေးထိုင်ပြီးဘုလုပ်၊ အဆိုး မြင်နေမဲ့ အစား ကိုယ်တိုင် တောင် အာကြည့်ရဲပါ သလား လို့ ရီတာကိုမေးလိုက် ချင် တော့တယ်၊၊ တတိုင်းပြည်လုံး ပါးစပ်နဲ့ ဘဲ လူ သန်းငါးဆယ်ကျော် အာကြည့်လေ၊ ဒီစစ်အစိုးရ ဒီလို တောင် မနေနိုင်ဘူး၊၊ ရီတာတို့ လို ဘေးထိုင် ဘုပြောပြီး ကိုယ်တိုင်လဲမပါဝင်၊ လုပ်တဲ့သူတွေကို အဆိုး ပြော တတ် တဲ့သူတွေများလို့ မြန်မာပြည်ကြီး ဒီလိုဖြစ်နေ တာ၊၊ စိတ်တိုလွန်းလို့ ရေးလိုက်တာပါအမ၊၊ သိပ်ပြီး ကွန်မန့် ပေးလေ့မရှိ ပါဘူး၊၊ ဒါပေမဲ့ မနေနိုင် လွန်း ရင်တော့ ပေးဖြစ်ပါတယ်၊၊

Dear Sis,

I would like to discuss my point of view. I already comment other bloger very similar with your post but I would like to know how you reply.

Democracy can not be imposed in a country. Democracy is the result of an evolution and will not work if the necessary institutions and civil/social education of the inhabitants are already in place. We can see this in many countries where democracy has been “imported”. Institutions that will be independent and fair, that little by little will improve the rights of the people and resist the influence of the government (whether it is a military or an elected government). The education of the people is even more crucial to be able to understand their rights and responsibilities to critically analyze the proposals of the candidates and not be manipulated.

It is easy to criticize that we are not doing enough for democracy inside the country. Confronting the government would be like committing suicide; it would only result in blood. Many of our people are spending their lives in prison without any chance to have any political success. It is easy to feel the victim as a refugee, only because returning home would mean to end up in jail. That is exactly what happens to our people who stayed in Myanmar. The people who stay are the victims, and not only the ones in jail or persecuted but the people who can not get a proper job, who can not pay for the food to raise their family. Yes, those are the victims.

The way we can change our country is by educating our people and that would mean to be educated abroad and then return and help to develop and build up the country, to bring in investors and to help the country to open up. In the meantime, we can help getting people out of Myanmar and help them to get jobs and send money back for their families to survive. Not much more we can do.

ကီးဘုတ်တွေကနေတဆင့် စကားစစ်ထိုး တိုက်ပွဲဆင်နေကြမယ့်အစား မြန်မာနိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ တတ်နိုင်သမျှပါဝင်၍ လုပ်အားဒါန ကာယဒါန စိတ္တဒါန ပေးနိုင်ကြရင် ပိုမကောင်းဘူးလားဗျာ..မငယ်နိုင်အနေနဲ့ လဲ ပို့စ်တစ်ခုမှာ အမြင်မတူ၍ ကွန်းမန့်ပေးဆွေးနွေးကြတဲ့သူတွေကို စကားကပ်မပြောဘဲ(အတိအကျ ) ပြန်လှန်ဆွေးနွေးဖို့  အကြံပြုလိုပါတယ်
MG

မြန်မါနိုင်ငံတွက်အုတ်တချပ်သဲတပွင့် လုပ်နေတယ်လို့ယူဆပါတယ်။ သူတို့ကနိုင်ငံပျက်ဆီးရေး အတွက် အါးပေးရေးသါးလုပ်မယ် မြှောက်ပေးမယ် ဆွပေးမယ်မမှန်သတင်းလွှင့်မယ်။ ကွန်မန့်ပြန်ရေးနေတါတွေကအဲဒီအမှားတွေကိုတိုက်စွမ်းသသမျှချေဖျက်ဘို့ပါဘဲ။ ဖတ်မိသူတွေဘက်မျှအေါင်စဉ်းစါးတတ်ဘို့ ရေးသူတွေရဲ့စရိုက်အမှန်ကိုသိသွါးကြအေါင်လို့ အရည်အချင်းအစစ်အမှန်ကိုမြင်သွါးကြအေါင်လို့ ပါဘဲ။ တော်လှန်ရေးအော်တဲ့ရေးသါးချက်တွက်လူတွေ ဟုတ်နိုးနိုးထင်မိမှာအနဲဆုံးတေါ့ ချေဖျက်နိုင်ပါလိမ့်မယ်။ ONE COUNTRY ONE PEOPLE. PERIOD.

"Under Water World" ရဲ့ဆွေးနွေးချက်တွေက ကောင်းပါတယ်။ ဒီလို ကျိုးကြောင်းလေးနဲ့ ဆင်ခြင်တင်ပြတာမျိုးတွေက အကျိုးဖြစ်စေပါတယ်။

ပထမပြောတဲ့ “သွင်းကုန် ဒီမိုကရေစီ” ဆိုပြီးသုံးထားတာကတော့ ကျနော်သဘောထား နည်းနည်းကွဲရပါလိမ့်မယ်။ ကျနော်အမြင်အရတော့ “ပို့ကုန် ဒီမိုကရေစီ” မှာသာ ပြဿနာ ကြီးကြီးမားမားရှိတာပါ၊ စိတ်လိုလက်ရနဲ့ ပြည်သူအများစု သို့မဟုတ် ပြည်သူအများစုက လက်ခံတဲ့ အုပ်ချုပ်သူတွေ ကိုယ့်ဘာသာ တင်သွင်းလာတာမျိုးမှာ ပြဿနာနည်းတယ်လို့ အဆိုပြုချင်ပါတယ်။ (လိုရင်းကိုပြောတာပါ၊ ဆက်ရှင်းရင် ပို့စ်တစ်ခု ဖြစ်သွားပြန်မှာ စိုးလို့ပါ။)

ပညာရေးကဏ္ဍကိုတော့ သဘောတူပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း သဘောထားတိုက်ဆိုင်ပါတယ်။ (ကိုယ်တိုင်သွားလုပ်ပါလား ဘာညာဆိုတဲ့ hypocrite တွေကိုတော့ လစ်လျူရှူသင့်ရင် ရှူရပါတယ်။ မြှောက်ပေးတိုင်း လိုက်ကစရာ မလိုပါ။)

ပြည်တွင်းကလူတွေ ပြည်ပကိုခေါ်ပြီး ပညာသင်စေတာ၊ မြန်မာပြည်ပြန်ပြီး တည်ဆောက်ရေးလုပ်ငန်းလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံသူတွေ ဆွဲဆောင်နိုင်ဖို့တွေကတော့ သိမ်မွေ့ရှုပ်ထွေးတာမို့ သီးခြား forum ပုံစံမျိုးတွေနဲ့ brain storm တွေလုပ်ဖို့ လိုပါလိမ့်မယ်။

လွယ်ကူမှာတော့မဟုတ်ပါဘူး။
စိုက်ထုတ်မှုနဲ့ အကျိုးတို့ရဲ့ အချိုးအဆတွေဟာလည်း မသေချာပါဘူး၊
ဒါပေမယ့် မလုပ်ရဖူးလားဆိုပြန်ရင်တော့ ဒီလိုလည်း မဟုတ်ရပါ။ တွက်ဆချင့်ချိန်ပြီး ထိထိရောက်ရောက်လုပ်နိုင်ဖို့သာ လိုတာပါ။
ဆွေးနွေးမှုအတွက်တော့ ဝမ်းသာကြိုဆိုပါတယ်။

ဘာလဲဟ ပို့စ်ဟောင်းတွေလည်း ထပ်တင်တာပဲလား။ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းဆိုရင်တော့ အကြိမ် ၁၀၀ ထပ်နေပါစေ ရေးနေတယ်ထင်ပါတယ်..သာဓု သာဓု ပါကွယ်...

အာလာရှင်မြတ်

ကျွန်မဘလော့ဂ်မှာ အမြင်တူမှ မဟုတ်ဘူး အမြင်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကြိုက်သလောက်လာလို့ရပါတယ်။ အဓိကက ယဉ်ယဉ်ကျေးကျေးနဲ့ အပြန်အလှန် လေးစားမှုရှိရှိ ဆွေးနွေးဖို့နဲ့ ဆိုင်တာကို ပြောဖို့ပဲ အရေးကြီးပါယတ်။ စာဖတ်သူတွေရဲ့ ဆွေးနွေးချက်တွေကို ကျွန်မ ဆွေးနွေးဖို့လိုအပ်သလောက် အကျိုးသင့် အကြောင်းသင့် ပြန်ဆွေးနွေးပေးပါတယ်။ မဆိုင်တာ လာပြောကြတာကိုတော့ ကျွန်မ ပြန်ဆွေးနွေးဖို့ တာဝန်မရှိလို့ မလိုအပ်ပါဘူး။ အမြင်မတူလို့ ပြန်ဆွေးနွေးစရာ မလိုရင် ဘာမှပြန်ပြောနေမှာကို မဟုတ်ဘူး။ နာမည်တောင် မဖေါ်ရဲဘူးလို့ ပြောတာ နာမည်မဖေါ်သူ အားလုံးကို ကျွန်မပြောတာမဟုတ်ဘူး ကျွန်မဆိုလိုချင်တဲ့ တယောက်တည်းကို သူဆွေးနွေးတဲ့အပေါ် မူတည်ပြီး ပြောခဲ့ပါတယ်။ အဲဒီတော့ ကျန်တဲ့သူတွေ ဘာမှ ထိခိုက်ပြီး မခံစားကြပါနဲ့လို့ အကြောင်းပြန်ပါရစေ။
ကိုမန်းကိုကို ကိုကြီးနဲ့ little brook ,kokosan, Burmese Community, ကိုဇော်, Under Water Would, MG, Anonymous များ (ယဉ်ကျေး မယဉ်ကျေးအားလုံး) တို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးပါ။
အရင်မှတ်ချက်မှာ ပြောထားတဲ့ ကိုမန်းကိုကို ပေါင်းစပ်volution တင်မယ်ဆို လာဖတ်မယ်လေ တင်ပါ။ ဘယ်လိုလုပ်လဲဆိုတာ နည်းလမ်းလေး သိရတာပေါ့။ ကိုမန်းကိုကို ရဲ့ မှတ်ချက်ကို စိတ်ဝင်စားပါတယ်။
Kokosan - ပြန်ဖေါ်ပြတဲ့ပို့စ်ဖြစ်ပေမဲ့ ဒီပို့စ်က တင်တုန်းကနဲ့စာရင် အခုမှ ပိုအကျုံးဝင်လို့ ပြီးတော့ ပို့စ်အသစ်တင်လို့ မအားတာနဲ့ ပြန်ဖေါ်ပြလိုက်တာပါ။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုဇော်ရေ - စစ်ကျွန်ဘ၀ကို ရောက်မှတော့ ကောင်းတဲ့ ပြောင်းလဲမှု ဖြစ်ဖို့အလားအလာ မတွေ့ရပါဘူး။
Anonymous များ၊ Under Water World နဲ့ MG တို့ရဲ့ မှတ်ချက်တွေကို ပြန်ဆွေးနွေးရာမှာ ရှည်လို့ မှတ်ချက်များအား အကြောင်းပြန်ချက် ဆိုပြီး ပို့စ်တခုအနေနဲ့ တင်ပြထားပါတယ်။ စာလာဖတ်ကြတာ ကျေးဇူးတင်ပါတယ်။

အာလာရှင်မြတ်ရေ မဖတ်ချင်ရင် အကုသိုလ် အဖြစ်ခံနေစရာ မလိုပါဘူး။ မဖတ်ဘဲ လှည့်ပြန်သွားလို့ ရသားပဲ။

I agree with what Rita said. We are in overseas and enjoying lives and
we cannot ask Burmese inside Burma who are struggling inside to do dirty things we want for us. We are we anyway? No one, just who are also
struggling for our lives in overseas.
Does anyone outside have legitimacy to rally the inside. In your dreams baby!!!! Jumping lices on the pubic hair cannot make the earth trumble.

We have learned evolution theory, implicitly even if not explicitly,
in Burmese high schools and even molecular genetic theory. I don't
understand that you are critisizing
Burmese pre-university education
without knowing.

A lot of friends have taken GCE O level Maths, Physics and Chemistry
after 9th standard and a lot of them earned grade A in Maths, B and C in Chemistry and Physics.
I think A level (which is equal to year 12 in Australia) will be somewhere between first year and second year in Burma. That is why
Burmese universities need 4 years for basic degree and more for professional training such as
medicine.

FYI, there is no Australian Biology, UK Biology or US Physics,
all Burmese curriculum designers learned from UK system.

ဒီပို့စ်မှာ နောက်ဆုံးလာရေးထားတဲ့ မှတ်ချက်နှစ်ခုကို အခုမှ ကောင်းကောင်း သတိထားမိတယ်။

Anonymous (June 27, 2010 5:54 PM) - ရှင်က နိုင်ငံခြားမှာ ကောင်းစားနေလို့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ ဘ၀ကို လျစ်လျူရှု နိုင်ပေမဲ့ ကျွန်မတို့ လစ်လျူမရှုနိုင်ပါဘူး။ ကျွန်မတို့ တကိုယ်ကောင်းဆန်ရင် မြန်မာပြည်ကြီး ဘာပဲ ဖြစ်နေပါစေ ကိုယ်နဲ့မဆိုင်သလို ကျွန်မတို့ နေလို့ရပါတယ်။ အခုလို မနေနိုင်မထိုင်နိုင် ဖြစ်နေတာက ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်လို့ ကမ္ဘာ့အလယ်မှာ မျက်စိသူငယ်နားသူငယ် ဖြစ်နေတာကို မခံစားနိုင်လို့ပဲ။ အနည်းဆုံးတော့ ရှင်လည်း မြန်မာပါ့စပို့စ်နဲ့ ကမ္ဘာ့နိုင်ငံတချို့ကို ခရီးသွားဖူးရင် အနည်းဆုံး ဘန်ကောက် လေဆိပ်ကို ဖြတ်ဖူးရင် မြန်မာနိုင်ငံ ဘယ်လောက် အောက်ကျနောက်ကျ ဖြစ်တယ်ဆိုတာ သိလိမ့်မယ်။
ပြည်သူတွေကို ထမင်းဝအောင် ကျွေးဖို့ မပြောနဲ့ ရေတောင် ၀အောင် မတိုက်နိုင်တဲ့ အစိုးရကို တော်လှန်ဖို့ ပြောတာ အပြစ်လား။ မိုးခေါင်ရှေားစဉ် ပြည်သူတွေအတွက် အစိုးရမှာ ဘာမှ အစီစဉ် မရှိ ဘာမှ မလုပ်ပေးဘဲ လစ်လျူရှုထားတုန်းက အပြင်ကလူတွေ ဘာလုပ်ပေးနိုင်တယ် ဆိုတာ ဒီပို့စ်မှာ http://nge-naing.blogspot.com/2010/05/blog-post_3829.html မှာ သွားကြည့်ပါ။

ငယ်နိုင်အပါအ၀င် အပြင်ရောက်နေတဲ့သူတွေ ဘာကြောင့် အပြင်ကနေပြီး အော်နေရတယ်ဆိုတာ သိချင်ရင် ဒီပို့စ် http://nge-naing.blogspot.com/2010/11/message.html ကိုသွားဖတ်ပါ။

- Anonymous ( October 28, 2010 8:52 AM) ကျွန်မက ဘာကို Critise လုပ်နေလို့လဲ။
(((Evolution ကိုကျတော့ အထက်တန်းအဆင့် ဇီဝဗေဒဘာသာ (မြန်မာပြည်ပညာရေးမဟုတ်) မှာ ချားလ်ဒါဝင်ရဲ့ သီအိုရီ ဖြစ်တဲ့ Natural Selection and Evolution, Diversity and Evolution တွေမှာ သင်ရလို့ လေ့လာသိရှိခဲ့ပါတယ်။ ))) ဆိုတဲ့ ကျွန်မရေးတဲ့ ၀ါကျထဲက (မြန်မာပြည်ပညာရေးမှာမဟုတ်) ဆိုတဲ့ ကွင်းထဲက စကားလုံးတစုနဲ့ ကျွန်မကို ပြဿနာ လာရှာနေကြလို့ ဒါတွေကို ကျွန်မ မြန်မာပြည် ပညာရေးမှာ သင်ခဲ့တာ မဟုတ်လို့ မဟုတ်ဘူး ပြောတာကို အပေါ်က မှတ်ချက်တွေမှာလည်း ထပ်ခါတလဲလဲ ရှင်းပြပြီးပြီမို့ ထပ်ရှင်းဖို့ မရှိတော့ဘူး။ မြန်မာစာကို သေသေချာချာ ဖတ်ကြလို့ပဲ ပြောချင်တယ်။

နောက်တခုက ရှင်ပြောတဲ့ GCE O level တို့ A level တို့ဆိုတာ မြန်မာပြည်က ကိုးတန်းနဲ့ ဆယ်တန်း ဘိုင်အိုထဲမှာ မရှိဘူး။ Molecular Genetic, တို့ Evolution တို့ဆိုတာ အဲဒီက ဘိုင်အိုဘာသာမှာ တလုံးမှတောင် မတွေ့ဘူး, Microorganisms နဲ့ Clasifications of animals ပဲ အနည်းငယ် မိတ်ဆက်အနေနဲ့တွေ့ပါတယ်။ ကျွန်မ အထက်တန်း ပညာရေးကို Australia မှာ ပြန်လုပ်တော့၂၀၀၆ ဒီနှစ်မှာ မြန်မာပြည်က ကိုးတန်းနဲ့ ဆယ်တန်း သင်္ချာ အင်္ဂလိပ်နဲ့ သိပ္ပံ အကုန်လုံး ပြန်မှာပြီး ပြန်လေ့လာခဲ့တယ်။ အင်္ဂလိပ်တခုကလွဲရင် ကျန်တဲ့ ဘာသာတွေက ၈၇ (ကိုးတန်း) ၈၈ (ဆယ်တန်း) က ကျွန်မသင်ခဲ့ရတဲ့အတိုင်းပါပဲ ဘာမှ ပြောင်းမသွားဘူး။ အဲဒီတော့ ရှင်က ၂၀၀၆ ခုနှစ်နောက်ပိုင်း မြန်မာပြည်မှာ အထက်တန်းပြီးတဲ့ ကလေးတယောက်ဆိုရင်တော့ အစိုးရ ရုတ်တရက် ဖုတ်ပူမီးတိုက် ဘိုင်အိုဘာသာကို အဆင့်မြင့်လိုက်ရင်တော့ ပြောမတတ်ဘူး။ ၂၀၀၆ ခုနှစ်အထိတော့ Molecular genetic and Evolution က ဆယ်တန်းအထိ ဘိုင်အိုအထဲမှာ မပါတာ အမှန်ပဲ။

တချို့နိုင်ငံရေးသမားတွေဟာ နအဖ ပိုက်ဆံပေးရင် နအဖဖြစ်စေချင်တဲ့အတိုင်း လုပ်ကြရော. တချိန်တည်း တပြိုင်တည်း တော်လှန်ရေးစဖို့တော့ တကယ်မလွယ်တဲ့ကိစ္စပါ တခုတော့ရှိတယ် တိုင်းပြည်ထက်ပိုက်ဆံကို ပိုပြီးချစ်တဲ့လူတွေကို အရင်ရှင်းပစ်ဖို့တော့လိုတယ် အဲဒီပြသနာကို ဖြေရှင်းနိုင်ကြမယ်ဆိုရင်တော့ ပြည်တွင်းတော်လှန်ရေး စလို့ရပြီ။

What you said about Evolution is kind of vague.Not that correct. Just saying.
Sources;biochemistry major.

အခု ခင်ဗျားတို့ရေးနေ ပြောနေကျတဲ့ Comment တွေကို တော်တော်များများ လိုက်ဖတ်ကြည့်ရင်း ကျွန်တော်သိလိုက်တာ တစ်ခုရှိပါတယ်။ အဲ့ဒါက မငယ်နိုင်ပြောနေသလို Revolution ပဲလုပ်လုပ် Evolution ပဲလုပ်လုပ် သေချာတာကတော့ အခုပုံစံ အခုစိတ်ဓါတ်တွေအရနဲ့ စစ်အစိုးရပြိုလဲအောင် လုပ်နိုင်ဖို့မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုကျွန်တော်တို့ဖြစ်နေကျတဲ့ နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ်ဆိုတဲ့ မညီညွတ်တဲ့ စိတ်ဓါတ်တွေကြောင့်ပါ။ ကျွန်တော်တို့ မြန်မာပြည်ကိုအရင် အင်္ဂလိပ်တွေ နှစ်ပေါင်း ၁၀၀ကျော် အုပ်ချုပ်နိုင်ခဲ့တာလဲ ဒီအချက်ကြောင့်ပါပဲ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက အချင်းချင်းမညီညွတ်တဲ့ စိတ်ဓါတ်ကို အခုအချိန်အထိ ကျွန်တော်တို့မပြင်နိုင်သေးကြတာပါပဲ။ ကျွန်တော်ထင်ပါတယ် ဒီအတိုင်းဆိုရင် နောက်ကျွန်တော်တို့ တစ်သက်လည်း ဒီစစ်အစိုးရ တည်မြဲနေဦးမှာပါပဲ။ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒီအတောအတွင်း ကျဆုံးသွားကျတဲ့ သူများကိုလည်း အားနာမိပါတယ်။ ကျွန်တော့်အမြင်ကတော့ Revolution တော်လှန်ရေး ကို စစ်အစိုးရအတွက် ဆိုရင်တော့ လက်နက်ကိုင်တော်လှန်တာ အကောင်းဆုံးပဲလို့မြင်ပါတယ်။ တိုက်နိုင်သူတွေက ကိုယ်တိုင်တိုက်မယ် မတိုက်နိုင်သူတွေက နောက်ကနေလိုအပ်တာတွေကို ညီညီညွတ်ညွတ်နဲ့ ပံ့ပိုးပေးမယ် အားလုံးညီညွတ်စွာတိုက်ကြမယ်ဆိုရင် သေချာပေါက်အောင်မြင်ရမှာပါလို့ ကျွန်တော်ယုံကြည်ပါတယ်။

Anomymous (February 27, 2011 1:52 PM) Evolution အကြောင်း မှားနေတယ်ဆိုရင် ဘယ်အချက်ဆိုတာကို တိတိကျကျ ထောက်ပြစေလိုပါတယ်။ ဒီထဲမှာ ကျွန်မ ရေးထားတဲ့ Evolution အကြောင်းက ကျွန်မ High Schol အဆင့် ပြန်တက်စဉ်က Year 11 အဆင့် Biology A က Assignment တခုက ပြန်လည် ကောက်နှုတ်ထားတဲ့ Summary မျှသာ ဖြစ်ပါတယ်။ ဒီ Assignment မှာ ကျွန်မ အမှတ်ပြည့်နီးပါး (HD) ရခဲ့သလို အသေးစိတ်အချက်အလက်မပါ Evolution ရဲ့ ယျေဘုယျ အကျဉ်းချုပ်မျှသာ ဖြစ်လို့ မှားနေတဲ့ အချက်အလက်ဆိုတာ ကျွန်မ ကိုယ်တိုင်တော့ မတွေ့မိဘူး၊ တွေ့တဲ့သူက တွေ့တယ်ဆိုရင် တိတိကျကျ ထေက်ပြမှပဲ ပြည့်စုံမှာ ဖြစ်တယ်။

အန်တီငယ်နိုင်က ရီဗော်လူးရှင်း လုပ်စေချင်မှာပေါ့။ ဘလော့ပေါ်မှာလုပ်ရတာကိုး။ တကယ်ဒုက္ခရောက်ရင် ပြည်တွင်းကလူ လက်တွေ့လုပ်တဲ့လူတွေပဲနာမှာ။ ပြီးတော့ အဲ့ဒီလူတွေပဲ ပြည်တွင်းမှာ အနေအစားက ကြပ်အုံးမယ်။ ဒုက္ခသည်ပါဆိုပြီး အော်ဇီနိုင်ငံသားခံထားတဲ့ လူတွေက ဘာမှုစရာလိုလဲ။ ဟုတ်ဝူးလားအန်တီ။

Anonymous - အဲဒီလို မှတ်ချက်တွေကို အကြောင်းပြန်ထားတာ အပေါ်မျာ အများကြီး ရှိပါတယ်။ ပြန်ဖတ်လိုက်ပါ။

((((တကယ်ဒုက္ခရောက်ရင် ပြည်တွင်းကလူ လက်တွေ့လုပ်တဲ့လူ တွေပဲနာမှာ။ ပြီးတော့ အဲ့ဒီလူတွေပဲ ပြည်တွင်းမှာ အနေအစားက ကြပ်အုံးမယ်။))))

အခုကော ဒုက္ခမရောက်နေဘူးလား၊ အနေအစား မကြပ်ဘူးလား။ လယ်အသိမ်းခံရ၊ ပေါ်တာအဆွဲခံရ၊ အဓမ္မ ခိုင်းစေခံရ၊ ထင်ရင်ထင်သလို ဖမ်းဆီး အသတ်ဖြတ်ခံရ၊ ကလေးတွေလည်း ကျောင်းကောင်းကောင်းမတက်ရ ကျောင်းတက်နေတဲ့ ကလေးတွေ၊ မိဘကို ၀ိုင်းကူအလုပ်လုပ်နေတဲ့ ကလေးတွေလည်း ကလေး စစ်သားအဖြစ် ဖမ်းဆီးသွတ်သွင်းခံရ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလှုံရေး ဘာတခုမှ မဆောင်ရွက်ပေးနိုင်တဲ့အပြင် ဆောင်ရွက်ပေးနေတဲ့ လူမှုဝန်ထမ်းစိတ်ရှိသူတွေကို ဖိနှိပ်အချုပ်ချယ်၊ အကျဉ်းချခံရ၊ ဒါတွေက ဒုက္ခတွေ မဟုတ်ဘူးလား။

ပြည်ပမှာ ရောက်နေတဲ့သူအတွက် ဘာမှ ပူစရာမလိုဘူးဆိုတာတော့ သိပ်ကိုမှန်တယ်။ ဒီတော့ အခုဒီပို့စ်ကလည်း ပြည်တွင်းကလူတွေအတွက်ပဲ ပူပြီးရေးတာ ဖြစ်တယ်။ မိမိဘာမှ အားစိုက်စရာ လုပ်စရာမလိုဘဲ ဒီမိုကရေစီ ရေကန်အသင့် ကြာအသင့် ရှိနေပြီးသား ဖြစ်တဲ့နိုင်ငံတခုကို ရောက်နေတဲ့သူတယောက်အနေနဲ့ မိမိနဲ့ မိမိ မိသားစုအတွက်ဆိုရင်တော့ ဘာမှ ဂရုစိုက်စရာ ပြောနေစရာလည်း မလိုဘူးဆိုတာ အမှန်ပဲ။

အခုလို ပြောနေရတာက ဗုဒ္ဓဘာသာ အများစုရှိတဲ့ နိုင်ငံတခုမှာ ရှိနေတဲ့ မိမိလူမျိုးတွေကို ထမင်းတလုပ်ကို ငါးပါးသီလလုံလုံ အကတိကင်းကင်း အကြောက်တရားကင်းကင်းနဲ့ ရှာစားနိုင်တဲ့စနစ် တခုအောက်မှာ ရှင်သန်ရတဲ့ ဘ၀မျိုးကို မြန်မာပြည်မှာ ပြည်သူများအားလုံး ရစေချင်လို့ အကြံပြုမှု တခုသာ ဖြစ်ပါတယ်။

ဟုတ်ပါတယ် မငယ်နိုင်က ရီဗော်လူးရှင်းလို အချိန်တိုအတွင်း ပြောင်းလဲခြင်းကို အကောင်ထည်ဖော်ဖို့အတွက် အမြန်ဆုံးကြိုးစားနေပါတယ်။ တောတွင်းလက်နက်ကိုင်ဘဝနဲ့ ရီဗော်လူးရှင်းလုပ်ရတာထက် ပိုပြီးထိရောက်တဲ့ သက်တောင့်သက်သာ ဒုက္ခသည်အမည်ခံ သူများနိုင်ငံအတွက်အလုပ်လုပ်ပေးသူ ဘဝ ကို ကူးပြောင်းခဲ့ပါတယ်။ ခုဆိုရင် အဲ့လို အချိန်တိုအတွင်း ပြောင်းလဲစေဖို့အတွက် တောတွင်းကနေ တစ်သုတ်ပြီးတသုတ် သူများနိုင်ငံအတွက် အလုပ်ကျွေးပြုဖို့ ထွက်ခွာနေကြပါပြီ။ ကိုယ်လွတ်ရုံးပြီး ထွက်ခွာသွားသူတွေက တောတွင်းက လုပ်နေသူတွေထက် ပိုပြီး ရီဗော်လူးရှင်းလုပ်ဖို့ ပါးစပ်ကကြွေးကြော်နေကြပေမယ့် တစ်ယောက်မှတော့ တောထဲပြန်သွားပြီး အချိန်တိုတွင်း ပြောင်းလဲစေဖို့ ကိုယ်ထိလက်ရောက် ပြန်မလုပ်ကြတာကိုတော့ ထူးထူးဆန်းဆန်း မြင်တွေ့ရပါတယ်။

- ညက အိပ်မက်မက်တယ်၊
ဗိုလ်ချုပ်တွေ သူတို့ရာထူးစွန့်ပြီး လူထုကြားမှာ လှိုက်လှိုက်လှဲလှဲပြုံးလို့တဲ့ဗျား၊ ထူးထူးဆန်းဆန်း။

- နောက်တစ်ခုကျတော့ ဒေါ်လာစားတစ်ယောက် တတ်သမျှမှတ်သမျှ အသိပညာနဲ့ လစာတွေကိုစွန့်ပြီး ရွာပြန်လယ်လုပ်နေပြီတဲ့၊ ထူးထူးဆန်းဆန်း။

- နောက်ပြီး သူ့အိမ်က ဘိုကျားက ခေါင်မိုးပေါ်တက်ကြွက်ဖမ်း၊ ကြောင်ကလေးရွှေဝါက လယ်ထဲလိုက်ပြီး နွားဝိုင်းကျောင်း၊ ကြာနီကြာညို နွားညီနောင်ကလည်း ထွန်တုံးနောက်မှာ ကြိမ်လုံးတွေကိုင်လို့ ၊ ကိုယ့်အလုပ်ကိုယ် မလုပ်ကြဘူးဗျာ၊ ထူးထူးဆန်းဆန်း ။

ကိုရွှေမန်း

ကိုရွှေမန်း ဒေါ်လာစားက ကျွန်မဘလော့ဂ် ရှိနေသ၍ ထမင်းငတ်မယ်မထင်ဘူး။ သူက ကျွန်မဘယ်တုန်းက ဘယ်သူ့ဘလော့ဂ်ကို သွားလည်ပြီး ဘာတွေရေးတယ်၊ ကျွန်မ ဘာပို့စ်တွေ တင်ပြီး ဘလော့ဂ်က C-Box နဲ့ မှတ်ချက်တွေမှာ ဘာတွေရေးတယ်ဆိုတာ မှတ်တမ်းတင်ဖို့နဲ့ ကျွန်မကို ထိခိုက်စော်ကားဖို့ စိတ်မနှောင့်အယှက် အမျိုးမျိုး ပေးဖို့ ဒေါ်လာအခကြေးငွေယူပြီး ထမင်းစားအလုပ်အဖြစ် လုပ်နေရသူ ဖြစ်တယ်။ သူပြောတာကို အဖက်လုပ်ပြီး ပြန်ပြောနေလေ သူပျော်လေပဲ။ Attention seeker သာဖြစ်လို့ ဘာမှ ပြန်မပြောနေပါနဲ့။

I usually do not drop many responses, however i did some searching and wound up here "Evolution လုပ်မလား Revolution လုပ်မလား".

And I do have 2 questions for you if it's allright. Is it just me or does it seem like a few of these responses look like written by brain dead visitors? :-P And, if you are writing on additional social sites, I'd like to follow
anything fresh you have to post. Would you make a list of all of your community sites
like your linkedin profile, Facebook page or twitter feed?


my blog post ... male Edge review


သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး

သေနတ်ဖြင့်ပစ်သည့်တပ်ကြပ်ကို စစ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော် တာဝန်ရှိသူပြော


7Day News Journal

By သက်ဆွေ
2016-02-20 06:30
Location - ပုသိမ်
Issue No. - No.1015


ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘူးစင်စခန်း သစ်ထုတ်လမ်းတွင် သစ်တင်လာသည့်ကားကို တပ်က ဂိတ်ကြေး တောင်းရာ မပေးသဖြင့် စကား များရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာ နှင့် ၁၂ မိုင်ခန့်ဝေးသည့် ဒေသအခေါ် ဘူးစင်စခန်း သစ်ထုတ်လမ်းတွင် ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့်ပစ်သည့် တပ်ကြပ်ဌေးအောင်ကို ရွှေသောင်ယံရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ၎င်းအား စစ်ဥပဒေအရ အရေးယူရန် စီစဉ်ထားသည်။

‘‘စစ်သားက အရပ်ဘက်ဥပဒေရော၊ စစ်ဥပဒေရော ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ ပြစ်မှု ကျူးလွန်သူကတော့ အနည်းဆုံး ထောင် နှစ် ၂၀ ပဲ။ သူတင် မဟုတ်ဘူး။ သူ့နောက်မှာရှိတဲ့ အဆင့်ဆင့်သော အရာရှိတွေပါ အရေးယူခံရမှာဖြစ်တယ်’’ ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ရဲငြိမ်းက ရှင်းပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ရှောပြာကျေးရွာအုပ်စု ရှမ်းကွင်းကျေးရွာတွင် နေထိုင်သော ဦးမျိုးလွင် အသက် (၄၄)နှစ်သည် ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီခွဲ ၌ ပုသိမ်ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦး က ပြောသည်။

‘‘ခွဲစိတ်ခန်း မ၀င်ခင်က သတိရတယ်။ ပြန်ထွက်လာတော့ နေ့လယ် ၁၂ နာရီလောက်ရှိပြီ။ အသက်မထွက်ခင် သူ့ကိုယ်မှာ တပ်ထားတဲ့ပိုက်တွေကို ၀ူးဝါးဝူးဝါးနဲ့ ဆွဲဖြုတ်တယ်။ ဆရာဝန် သွားခေါ်နေတုန်း အသက်ထွက်သွားတယ်။ သေသွားချိန်အထိ သတိ မရသေးဘူး’’ ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းသေဆုံးသွားခြင်းနှင့် ပတ်သက်၍ သေနတ်ဖြင့်ပစ်ခဲ့သော တပ်ကြပ်ဌေးအောင်အား မူလ ဖွင့်လှစ်အရေးယူထားသည့်ပုဒ်မအစား ရွှေသောင်ယံရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ ဖွင့်လှစ် အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂိတ်ကြေးမပေးသည့်ကားကို သေနတ်ဖြင့် အချက်ပေါင်းများစွာ လိုက်လံ ပစ်ခတ်ခဲ့ရာမှ ကားပေါ်လိုက်ပါလာသူ ငါးဦး အနက်မှ တစ်ဦး၏ ဆီးအိမ် အထက်ပိုင်းတွင် ဒဏ်ရာရခဲ့၍ ပုသိမ်မြို့ ဆေးရုံကြီးသို့ ခေါ်ဆောင် ဆေးကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သစ်တင်လာသောကားသည် ပုဂ္ဂလိကသစ်ကားဖြစ်ပြီး သစ်လုပ်ငန်းပိုင် သရက်သားသစ်လုံး ကိုးတန်ခန့် တင်ဆောင်၍ မောင်းနှင်လာခဲ့ခြင်းဖြစ်ကာ ကားပေါ်တွင် လူကြီးသုံးဦးနှင့် သစ်ထုတ်သည့်ဒေသမှ ကလေးနှစ်ဦး လိုက်ပါလာသည်။

‘‘တပ်နဲ့ ရဲက အမြဲတမ်း တောင်းနေကျပါ။ သူတို့က တောင်းတော့ ကားပေါ်ပါလာတဲ့ ကိုမိုးဇော် (ခေါ်) ကြောပြားကြီးနဲ့ စကားများတယ်။ အားလုံးက လည်း မူးနေတော့ ကြောပြားကြီး က စစ်သားကို လက်သီးနဲ့ထိုးလိုက်တယ်။ စစ်သားက သေနတ်နဲ့ လိုက်ပစ်ရော’’ ဟု ယင်းကားပေါ်တွင် အတူပါလာသည့် ကိုကပြားက ပြောသည်။

သစ်ထုတ်လုပ်ရေးလမ်းတွင် တရားမဝင်သစ်တိုက်၊ သစ်ထုတ်နေသည့် ကားများအား တပ်၊ ရဲနှင့် သစ်တော အပါအဝင် အဖွဲ့အစည်းပေါင်းများစွာက တရားမဝင်ဂိတ်ကြေး တောင်းခံနေသည့် နေရာ ကိုးနေရာထက်မနည်း ရှိသည်။ ဂိတ်တစ်ဂိတ်စီတွင် သစ်ကားတစ်စီးလျှင် ကျပ်တစ်သောင်းခွဲမှ လေးသောင်းအထိ ပေးရသည်။ လက်ရှိဖြစ်ပွားသည့် ဘူးစင်စခန်းတွင် ပုံမှန်အားဖြင့် သစ်ကားတစ်စီးကို ကျပ်နှစ်သောင်းပေးရသည်ဟု ကိုကပြား က ဆက်လက် ရှင်းပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်သားသည် မြန်အောင်မြို့ အခြေစိုက် အမှတ် (၅၁) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ဌေး အောင်ဖြစ်ပြီး အဆိုပါတပ်သည် ကမ်းခြေလုံခြုံရေးအတွက် ရွှေသောင်ယံမြို့၌ စခန်းချထားသည့် တပ်တစ်ခုလည်းဖြစ်သည်။


သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး


တပ်နဲ့ သစ်ကိစ္စ မြင်မကောင်းဘူး


Htet Aung Khant


ဒီနေ့ (၂၀-၂-၁၆ ရက်) 7Day News Journal မှာ ပါတဲ့သတင်းတွေကလည်း တပ်နဲ့ သစ်ကိစ္စ မြင်မကောင်းဘူး။


သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး တပ်မတော်သားတစ်ဦးက သေနတ်နဲ့ပစ်လို့ ဒဏ်ရာရ အမျိုးသားတစ်ဦးသေဆုံး


နောက်တပုဒ်က တရားမဝင်သစ်တွေကို သယ်ဆောင်လာတယ် သတင်းကြားလို့ ရွာသားတွေက ဖြတ်သန်းလို့ မရအောင် တားတယ်။

တားတဲ့သူတွေကို တပ်စိတ်တစိတ်က ကျောက်ခဲတွေ သစ်သားတုတ်တွေနဲ့ပစ်ပေါက်တယ်။

အခြေအတင်ဖြစ်ပြီး သေနတ်ဆယ်ချက် ဖောက်တယ်။

ပြီးတော့ တပ်ရင်းမှူးက ရွာသားတွေကို ရိုးရာဓလေ့အတိုင်း ဝက်တကောင်နဲ့ လာတောင်းပန်တယ်။


တပ်နဲ့ သစ်ကိစ္စ မြင်မကောင်းဘူး