မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

သပံ္ပအယူအဆ လူဖြစ်လာပုံနှင့် ဗုဒ္ဓဘာသာအရ လူဖြစ်လာပုံကို နှိုင်းယှဉ်နိုင်စေရန် ဆရာတော် ဦးကောဝိဒ( မြိတ်) ဆီမှ ဘာသာရေးရှုဒေါင့်အရ ဖြေထားသော ပို့စ်ကို ပြန်လည်ကူးယူပြီး သိပ္ပံအရ လူဖြစ်လာပုံကို ဖြည့်စွက်ကာ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။
စောဝတ်မှုံခင်
ခေတ္တ ဂျပန်
အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ တစ်ထစ်ချပြောလို့မရပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)
နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်….
သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်။(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ
ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။
ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက
ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ
ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသနေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ
သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။
ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလာဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်) | ရက်စွဲ- Tuesday, June 29, 2010

1 ယောက်မှတ်ချက်ရေးခဲ့တယ်:

Nge Naing said...

ဦးဇင်းရေ တပည့်တော့်မ နည်းနည်း ဖြည့်ပြောချင်ပါတယ်ဘုရား

ဘုရားဟောတဲ့ အချက်နဲ့ ဒါဝင်သီအိုရီက ဆင်းသက်လာတဲ့ အချက်က နှစ်ခုစလုံးကို မှန်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားဟောတဲ့ လူဖြစ်လာပုံက ရှေးဘ၀နောက်ဘ၀ ဆိုတဲ့ လောကုတ္တရာ သံသရာနဲ့ ပြောတာဖြစ်ပြီး လူကို မျောက်ကနေ ဆင်းသက်လာဖွယ်ရှိတယ်ဆိုတာက ဇီဝသိပ္ပံနဲ့ အခုလက်ရှိ သက်ရှိတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှုကိုပဲ ကြည့်ပြီး ပြောတာဖြစ်ပါတယ်။

လူက မျောက်ကနေ ဆင်းသက်လာတယ်ဆိုတာ ဇီဝသိပ္ပံပညာရှင် ချားလ်ဒါဝင်ရဲ့ သက်ရှိတွေကို သုတေသန ပြုလေ့လာရာမှ Evolution Process ကို လေ့လာတွေ့ရှိပြီး ခန့်မှန်းချက် ဖြစ်ပါတယ်။ ဇီဝသိပ္ပံပညာရှင်ကြီး ချားလ်ဒါဝင်ရဲ့ Natural Selection အရ သက်ရှိ သတ္တ၀ါအားလုံးဟာ တမျိုးတည်းက ဆင်းသက်လာနိုင်ဖွယ် ရှိတယ်လို့ ယူဆပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာအစမှာ ဘယ်သူမှ မရှိခင်က ဒီကမ္ဘာာကြီးက အစိုင်အခဲကြီး ဖြစ်တယ်ဆိုတာ ကြားဖူးသလို သိပ္ပံ လေ့လာတွေ့ရှိချက်များမှာလည်း ဒီကမ္ဘာကြီးကို စတင်ခဲ့စဉ်က သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်စတဲ့ Organic Compound တွေ မပါဝင်ခဲ့ဘဲ ကမ္ဘာကြီးဟာ inorganic အစိုင်အခဲအဖြစ်ပဲ ရှိခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရှည်ကြာလာမှ ကာဗွန်၊ ဟိုင်ဒရိုဂျင် အောက်စီဂျင် စသည်တို့ပါတဲ့ Organic Compound တွေ စတင်ဖြစ်ပေါ်လာပြီး အမှုန်အမွှား သေးသေးလေးကနေ ရေဓါတ်နဲ့ပေါင်းစပ်ကာ သက်ရှိတွေ စတင် ဖြစ်လာရတယ်။ အခုလက်ရှိကမ္ဘာမှာ ရှိနေတဲ့ သက်ရှိတွေကို အုပ်စုခွဲလိုက်တော့ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes) အဆင့်ကနေ Species အဆင့်အထိ သက်ရှိတို့ရဲ့ Organic compound တခုတည်းကနေ ရွေ့လျား ဖြာထွက်ပြောင်းလဲလာပုံ အဆင့်ဆင့်ကို Kingdom အဆင့်ကနေ နောက်ဆုံး Species (မျိုးနွယ်စု) အထိ ဖြာထွက်လာတာကို ခွဲခြမ်းပြထားပါတယ်။ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes), Phylum, Superclass, Class, Order, Family, Genus, Species ဆိုပြီး သက်ရှိတွေ ဖြာထွက်လာရာမှာ Family အဆင့်အထိ လူနဲ့မျောက်က အမျိုးအစားအတူတူ ဖြစ်ပြီး ဒီနောက်ပိုင်း ဖြာထွက်လာတဲ့ Genus နဲ့ Species မှာမှ ပြောင်းသွားပါတယ်။ ဒါကြောင့်မို့ အဲဒီ Genus နဲ့ Species မတိုင်ခင် အဆင့်က လူနဲ့ မျောက်နဲ့က အုပ်စုတမျိုးတည်းမို့ လူက မျောက်က နေဆင်းသက်လာတယ်လို့ လူတွေက ဒါဝင် သီအိုရီကို အလွယ်နည်းနဲ့ နားလည်လိုက်တာသာ ဖြစ်ပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာဆိုတာ ဒီကမ္ဘာတခုတည်းကို ပြောတာ မဖြစ်နိုင်၊ ဘုရား ပါရမီဖြည့်ခဲ့တာတောင်မှ ကမ္ဘာပေါင်း လေးအသင်္ချေနဲ့ တသိန်းဆိုတော့ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း မြောက်များစွာကို ဆိုလိုတာ ဖြစ်နိုင်ပြီး ဟိုတုန်းကကမ္ဘာက အကြောင်းအရာတွေပါ အကျုံးဝင်နိုင်ပါတယ်။ ဒါဝင်သီအိုရီက ရည်ညွန်းတဲ့ ကမ္ဘာက အခုလက်ရှိ ကမ္ဘာကိုသာ ရည်ညွန်းပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ မှားတယ်လို့ တွက်လို့မရနိုင်ဘူးလို့ ဖြည့်စွက် လိုက်ပါတယ်။

ဆရာတော် ဦးကောဝိဒ (မြိတ်) ရဲ့ Light of Dhamma မှ အမေးအဖြေပို့စ်တခုကို ကူးယူဖေါ်ပြထားပါတယ်။

ထပ်မံဖြည့်စွက်ဆွေးနွေးချက်

လူဖြစ်လာတာကို ဘုရားဟောထားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မသိပ်မသိပေမဲ့ သိပ္ပံနဲ့ပတ်သက်ပြီး ကျွန်မသိရသလောက် သက်ရှိသက်မဲ့ အရာအားလုံးအပေါ် ဘုရားဟောထားတဲ့ ကျွန်မသိထားတာနဲ့ သိပ္ပံတွေ့ရှိချက်က သိပ်မကွာပါဘူး။ ဘုရားက ရုပ်ဝတ္တုတွေကို ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောနဲ့ ဖွဲ့စည်းထားတယ်လို့ ဟောခဲ့တာ ရှိသလို သိပ္ပံကလည်း အရာဝတ္တုတွေဟာ Solid, Liquid, gas နဲ့ Energy တွေနဲ့ ပြုပြင်မွမ်းမံထားတာ တွေ့ရပါတယ်။ ကျွန်မ အထက်တန်းပြန်တက်တုန်းက Biology မှာ Diversity and Evolution ကို သင်တုန်းက အတန်းထဲက မူစလင်တအုပ်က အတင်းပဲ မဟုတ်ဘူး ဘုရားဖန်တီးထားတာ ဆိုပြီး ထငြင်းတာ တွေ့ဖူးတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာမှာလည်း ဒီလိုပဲ ဘုရားဒီလို ဟောထားတာ မဟုတ်ဘူးဆိုပြီး ပြောကြတဲ့ သူတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ဒီကွဲပြားမှုအပေါ်မှာ ခုနက အပေါ်မှာ ဆရာတော်ပို့စ်မှာ ကျွန်မ ပေးထားတဲ့ မှတ်ချက်အတိုင်းပဲ မှတ်ယူပါတယ်။ ဗုဒ္ဓဘာသာအရ ကြည့်ရင် ဗြမ္မာဆိုတာလည်း ၃၁ ဘုံထဲကပဲဆိုတော့ လူအဖြစ်ကို ကံရဲ့အကျိုးအားကြောင့် ရောက်လာရာမှာ အပေါ်က ဘုန်းကြီးဖြေထားတဲ့ ပဋိသန္ဓေတည်တဲ့ နည်းတွေထဲက တနည်းနည်းနဲ့ ရောက်လာကြတယ်လို့ ယူဆတယ်။ အဲဒီလို ရောက်လာရာမှာ မျေက်နဲ့လူ မကွဲခင်အဆင့်မှာ သွားဝင်စားရင် အဲဒီသတ္တ၀ါပဲ သွားဖြစ်လိမ့်မယ်။ နောက်ပိုင်း Family အုပ်စုကနေ ကွဲထွက်လာပြီးမှ လူမှာဝင်စားရင် လူဖြစ်မယ်၊ မျေက်မှာဝင်စားရင် မျောက်ဖြစ်မယ်။ ကျွန်မ ဒီလိုပဲ နားလည်ပါတယ်။

အရင်တုန်းက Kingdom အဆင့် မတိုင်ခင်က သက်ရှိဆိုတာ စပေါ်စဉ်က သက်ရှိ တမျိုးပဲ စပေါ်ပြီး အဲဒီတမျိုးကနေ ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံက ယူဆတယ်။ နောက်ပိုင်း အီဗော်လူးရှင်းရဲ့ ဆက်ကဲ ပြုပြင်ပြောင်းလဲမှုအရ Kingdom အဆင့်မှာ အပင်၊ တိရိစ္ဆာန်နဲ့ တိရိစ္တာန်လည်းမကျ အပင်လည်းမကျ အသေးအမွှားသတ္တ၀ါများ (ဘက်တီးရီးယား၊ Parasite, Algae စသည့်) စသည်အထဲမှ လူဟာ ဆဲလ်ဖွဲ့စည်းတည်ဆောက်ပုံ၊ လှု့ပ်ရှား၊ ကြီထွားပုံအရ တိရိစ္ဆာန် အမျိုးအစားမှာ ပါဝင်ပါတယ်။ နောက် Phylum အဆင့်ရောက်တေ့ အဲဒီ သုံးအုပ်စုအောက်မှာ တဆင့်ပွားပြီး အမျိုးမျိုး ထပ်ပေါ်လာပြန်တယ်။ ပေါ်လာတဲ့ အုပ်စုတွေအောက်မှာ ဆက်ပွားရင်း ပွားရင်းနဲ့ Family အဆင့်မှာ ဦးနှောက်အရွယ်အစား ကွာတာတွေကလွဲရင် ခြေနှစ်ချောင်းအပေါ်မှာ မတ်တတ်ရပ်နိုင်တာချင်း ကိုယ်လက်အင်္ဂါ ပုံစံတူတဲ့ သတ္တ၀ါတွေအထဲမှာ လူရော မျောက်ဝံရော ပါပါတယ်။ Genus အဆင့်ရောက်တော့ ပိုမိုဆက်နွယ်မှု ရှိတာတွေ သန့်သန့်စီ ထပ်ဖြာထွက်ပြီး သတ္တ၀ါအချင်းချင်း သိပ်ပုံစံတူပေမဲ့ DNA sequence မတူလို့ မျိုးစပ်လို့ မရတဲ့ ပုံစံတူ အကောင်တွေ တအုပ်စု ဖြစ်လာတယ်။ Genus အဆင့် လူမှာတော့ ပုံစံတူ မတွေ့ပေမဲ့ တခြားတိရိစာဖြစ်တဲ့ ဥပမာ Rats (ကြွက်) နဲ့ Mice (လယ်ကြွက်) တွေဟာ ပုံစံလုံးဝတူတယ် ဒါပေမဲ့ သူတို့ဟာ DNA Sequence မတူလို့ သွေးနှောလို့မရ၊ မျိုးစပ်လို့ မရပါဘူး။ Species (မျိုးနွယ်စု) အဆင့်ရောက်တော့ ပုံစံချင်း၊ အရွယ်အစားချင်း တူတာလည်း ရှိမယ် မတူတာလည်း ရှိမယ်၊ မတူသည့်တိုင်အောင် အမျိုးအစားမတူတဲ့ Rat အချင်းချင်း၊ Mouse အချင်းချင်း၊ လူလူအချင်းချင်း (မွန်ဂိုးလီးယား၊ ကော့ကေးရှန်း၊ နီဂရိုး၊ အာလီယန်း) မျိုးစုမတူပေမဲ့ DNA sequence တူလို့ သွေးနှောပြီး မျိုးစပ်လို့ ရပါတယ်။ ဒါက သက်ရှိမျိုးဆက်တွေ လူသားအဆင့်ထိ ဖြစ်လာတဲ့ သိပ္ပံက တွေ့ရှိချက် အဆင့်ဆင့် ဖြစ်ပါတယ်။

လူသားမျိုးဆက်ကို ဆက်ကြည့်ရင် မြန်မာလူမျိုးတွေဟာ မွန်ဂိုးလီးယား အနွယ်ဝင်က ဆင်းသက်လာပါတယ်။ Divergent Evolution နဲ့ Convergent Evolution ကြောင့် ဆက်ပြီး ဖြာထွက်လာတာက မွန်ဂိုးလီးယား အနွယ်ဝင်တွေဟာ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း ဘေးက တခြားအနွယ်ဝင်နဲ့ မျိုးစပ်ရင်လည်း စပ်မယ်။ ဥပမာ မြောက်ဘက်ရေက်သူတွေက ကော့ကေးရှန်းတွေနဲ့ စပ်ပြီး အာရှမကျ ဥရောပမကျ ရုရှားတောင်ပိုင်းက တချို့လူမျိုးပုံတွေ ဖြစ်လာမယ်။ တောင်ဘက် ရောက်လာသူတွက အန္ဒိယနဲ့ စပ်နိုင်တယ်။ ဗမာ၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ရခိုင် (ရခိုင်ကို အာလီးယန်းအနွယ်ဝင်လို့ ဘလော့ဂါမောင်မိုး ကထောက်ပြပါတယ်) စတဲ့ မြန်မာတိုင်းရင်းသားတွနဲ့ ယိုးဒယား၊ ကမ္ဗောဒီးယား စတာတွေက လက်ရှိအခြေအနေမှာ အားလုံး အသားဝါသူတွေ မဟုတ်နိုင်ပေမဲ့ အားလုံးဟာ အသားဝါ မွန်ဂိုးလီးယားအ နွယ်ဝင်တွေက ဆင်းသက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါက မြန်မာတိုင်းရင်းသားတွ ဆက်ကဲဖြစ်ပေါ်လာတဲ့ Evolution ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ အသားဝါသူနဲ့ အသားညိုသူ ရောနေတာ မွန်ဂိုးလီးယားကို တခြားနွယ်ဝင်တွေနဲ့ မျိုးစပ်ထားလို့ ဖြစ်ပါတယ်။
7:53 PM

ကလေးအခွင့်အရေး

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ လူ့ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အတော်များများမှာ သားသမီးတွေက မိဘတွေအပေါ် ဘယ်လို ရိုသေစွာ ဆက်ဆံရမယ်၊ မိဘစကားကိုသာ နားထောင်ရမယ် ဆိုတာပဲ ပါတာများပြီး လူကြီး မိဘတွေကိုကျတော့ သားသမီးတွေကို ဘယ်လိုဆက်ဆံပြီး ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ ပါတဲ့ စာအုပ်စာပေသိပ်ကို နည်းတာကို တွေ့ရပါတယ်။ တလောက ကျွန်မတင်တဲ့ ပို့စ်တခုမှာ ကျွန်မသားက ကျွန်မကို မှားနေတာတခု ထောက်ပြတာကို ထည့်ရေးထားတော့ စာလာဖတ်တဲ့ မောင်လေးတယောက်က အစ်မသား ခံပြောတာကိုတောင် အစ်မ မနိုင်ဘဲ တခြားကို လျှောက်မပြောနဲ့ ဆိုတဲ့ လေသံနဲ့ မှတ်ချက်လာရေးတာ ကြုံရလို့ ခံပြောတာမဟုတ်ပါဘူး အမှားထောက်ပြတာလို့ ပြန်ရှင်းပြခဲ့ဖူးပါတယ်။ ဆိုလိုတာက အဲဒီလို လာရေးသူ တယောက်တည်း မဟုတ်ပါဘူး မိမိဦးနှောက်ကို မိမိအသုံးချပြီး ဘာမှစဉ်းစားတွေးတောနေစရာ မလိုအောင် အထက်လူကြီးတွေ ပြောတာ မှားမှားမှန်မှန် လက်ခံရမယ် ဆိုတာကို ကျွန်မတို့အားလုံး ငယ်ငယ်ကတည်းက Brain Wash အလုပ်ခံလာရတာ ဖြစ်တယ်။ တကယ်တော့ ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်ရမယ်ဆိုတဲ့ ပညာပေးတွေနှင့် ကလေးတွေမှာ ရှိသင့်တဲ့ မွေးရာပါ အခွင့်အရေးတွေကို လူကြီးမိဘတွေ တကယ်ပဲ နားလည်ဖို့လိုအပ်ပါတယ်။ ကလေးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခွင့်အေရေးတွေက ကုလသမဂ္ဂက ချမှတ်ထားတဲ့ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက် (CRC) စာချုပ်မှာ ပါရှိပါတယ်။

ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ စာချုပ်စာတမ်းများအနက် ကမ္ဘာပေါ်မှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အများဆုံးပါဝင်တဲ့ ၁၉၃ နိုင်ငံ လက်မှတ်ထိုးထားတဲ့ စာချုပ် ဖြစ်ပါတယ်။ (CRC) ကို လက်မှတ် မထိုးထားတဲ့ ကုသသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဆိုလို့ ဆိုမားလီးယားနှင့် United State of America နှစ်နိုင်ငံပဲ ကျန်ပါတယ်။ အဲဒီလိုလည်း ပြောလိုက်တော့ ကျွန်မသားကတော့ မယုံကြည်နိုင်စွာနဲ့ “မေမေဘာပြောတယ် မဖြစ်နိုင်တာ” ဆိုပြီး တအံ့တသြကို ဖြစ်သွားပါတယ်။ စာဖတ်သူများအများစုကတော့ သိပြီး ဖြစ်ပါလိမ့်မယ်၊ သို့သော် အခုမှ သိတဲ့သူတွေ ဖြစ်ရင်တော့ ကျွန်မသားလေးလိုပဲ တအံ့တသြဖြစ်မှာ သေချာပါတယ်။ မယုံရင်တော့ ကျွန်မသားလေးကို ကျွန်မ ဖွင့်ပြတဲ့ ဟောဒီနေရာ ကိုသာ Click ပြီး သွားကြည့်နိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပါတဲ့ အချက်သုံးဆယ်က လူသားအားလုံးအတွက် အခွင့်အရေးတွေ ဆိုပေမဲ့ တချို့ သာမန်နဲ့ မတူတဲ့ တမူထူးခြားတဲ့ အစုအဖွဲ့တွေအတွက် ဖြစ်လာတဲ့ ပြဿနာတွေကို စဉ်းစားပေးရင်း ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဌာနေတိုင်းရင်းသား အခွင့်အရေး စတာတွေနဲ့ ဆိုင်တဲ့ စာချုပ်စာတမ်းတွေ UN မှာ ပေါ်လာရတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ အချက်တွေ အားလုံးဟာ တဦးချင်းတယောက်ချင်းစီရဲ့ အခွင့်အရေးကို အခြေခံတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး (Civil and Political Rights) နှင့် အစုအဖွဲ့ကို အခြေခံတဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေး (Economic Social and Cultural Rights) နှစ်ခု ပေါင်းစပ်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ အမေရိကန်က လူ့အခွင့်အရေးမှာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးကိုပဲ လက်ခံပြီး လူသားလို့ သတ်မှတ်ထားသူ တဦးချင်းရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားရင် ကျန်တဲ့ သီးခြား အခွင့်အရေး ဆိုတာတွေကို မလိုအပ်ဘူးလို့ ယူဆကြောင်း လူ့အခွင့်အရေး သင်တန်းတွေမှာ သင်ခဲ့ရဖူးပါတယ်။

လက်တွေ့အားဖြင့်လည်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ နှစ်စဉ် ပြုလုပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကို တခေါက်ရောက်ခဲ့စဉ်က UN မှာ Economic Social and Cultural Right ထဲက ပါတဲ့ အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး စတာတွေကို ဆွေးနွေးရာမှာနှင့် ဆုံးဖြတ်ချက် ချရာမှာ အမေရိကန် တနိုင်ငံတည်းတဖက် ကျန်တဲ့နိုင်ငံ အားလုံးကတဖက်နဲ့ အတိုက်အခံ ဖြစ်နေတာကို တွေ့ခဲ့ရလို့ ကျွန်မလည်း အံ့သြခဲ့ဖူးပြီး ခေါင်းမာတဲ့ အမေရိကန်ကိုလည်း သိပ်ကို အမြင်ကပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အဲဒီအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတိုင်း ကော်မရှင် ဥက္ကဌက လက်ခံသူလက်ထောင် ဆိုရင် ကျန်တဲ့နိုင်ငံတွေ အားလုံးက လက်ထောင်ပြီး ကန့်ကွက်သူ ရှိပါသလား ရှိရင် လက်ထောင်ပါ ဆိုရင် အမေရိကန် တနိုင်ငံတည်း လက်ထောင်တာကို တွေ့ရတယ်။ ပြီးတာနဲ့ ကော်မရှင် ဥက္ကဌက “Thank you very much United States of America. It’s very easy to count” လို့ အမေရိကန်ကို နောက်ပြီး တုံ့ပြန်လိုက်ရင် အမေရိကန် ဘာပဲပြောပြော တခြား အာဂျင်ဒါတွေမှာလည်း အမြဲတမ်းလိုလို အမေရိကန်ကို အတိုက်အခံထလုပ် ထကန့်ကွက်နေတတ်တဲ့ ကျူးဗားလို နိုင်ငံတွေကလည်း အဲဒါကို သိပ်ဘောကျပြီး တ၀ါးဝါး တဟားဟားနဲ့ ရယ်ကာ Thank you very much Mr. Chairman လို့ ကော်မရှင်ဥက္ကကို ကျေးဇူးတင်စကားပြောပြီး အမေရိကန်ကို ငပွကြီးလို အားလုံးက ပြက်ရယ်ပြုကြ သရော်ကြတယ်။

ဆုံးဖြတ်ချက်ချဖို့ သဘောတူပါသလားလို့ ထုံးစံအတိုင်း ကော်မရှင်ဥက္ကဋ္ဌက နောက်ဆုံး သုံးကြိမ်ပြည့်အောင် မေးရင် ကျန်တဲ့သူတွေက Yes သုံးကြိမ်ဆို သူ့တနိုင်ငံတည်းက အသံကို အတတ်နိုင်ဆုံး ကျယ်အောင် No သုံးကြိမ် မျက်နှာပြောင်တိုက် အော်တယ်။ ထောက်ခံမဲက ဘယ်လောက် ကန့်ကွက်မဲက တမဲနဲ့ အများစု ဆန္ဒအရ အတည်ပြုလိုက်ပါပြီလို့ ကြေညာလိုက်တာနဲ့ ကျန်တဲ့သူတွေက လက်ခုပ်တီးရင် အမေရိကန်က သူရှုံးလို့ မျက်နှာပျက်နေရမည့်အစား သူကိုယ်တိုင်လည်း လက်ခုပ်တီးပြီး တခါဆို ထတောင်ခုန်လိုက်သေးတယ်။ ကျွန်မလည်း အမေရိကန် ဒီလောက်ပေါတာ အဲဒီကိုရောက်ဖူးမှပဲ တွေ့ဖူးတယ်။ ကျွန်မတို့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေ မျက်နှာပြောင်တာ အရှက်နည်းတာ အမေရိကန်ကို မမီဘူးလို့ ကျွန်မတွေးမိတယ်။ ကျွန်မလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး UN လူ့အခွင့်အရေး ကော်မရှင် ကွန်ဖရင့်ခန်းမထဲ ရောက်မှ ပြောင်းပြန်တွေ လာတွေ့နေရတယ်လို့ ခံစားရပြီး အဲဒီတုန်းက အမေရိကန်ကို ကြည့်ပြီး တကယ်ပဲ တအံ့တသြ ဖြစ်ခဲ့ပါတယ်။

ဒါကတော့ ကျွန်မတို့က လူ့အခွင့်အရေးဆိုတာ အမေရိကန် လက်ခံထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်ရေးအောက်က အခွင့်အရေးတွေပဲလို့ ထင်ပြီး ကျန်တဲ့ စားဝတ်နေရေး၊ လူမှုဖူလုံရေး ပညာရေး၊ ကျန်းမာရေး အခွင့်အရေးတွေကို လူ့အခွင့်အရေးတွေအဖြစ် မသိစိတ်ထဲမှာ မသတ်မှတ်ထားလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အခွင့်အရေးမှ လူ့အခွင့်အရေးမဟုတ် လူမှုရေး အခွင့်အရေးတွေ အားလုံးဟာလည်း လူ့အခွင့်အရေးတွေသာ ဖြစ်ပါတယ်။ ဒါကို အမေရိကန်က လူ့အခွင့်အရေး အဖြစ် မသတ်မှတ်တိုင်း ကျွန်မတို့ မသတ်မှတ်ဘဲ နေလို့ မဖြစ်ပါဘူး။ ကလေးတွေဟာ လူကြီးတွေလို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု မရှိသေးလို့ လူ့အခွင့်အရေးဖြစ်တဲ့ အချက် သုံးဆယ်ဟာ ကလေးအခွင့်အရေးပါပဲ ကလေးတွေအတွက် အခွင့်အရေးဆိုပြီး သီးသန့် မလိုဘူးဆိုပြီး လူကြီးတွေ အခွင့်အရေးနဲ့ သွားရောထွေးလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကလေးအခွင့်အရေးဆိုတာ သီးသန့် မဖြစ်မနေ လိုအပ်ပါတယ်။

လေ့လာကြည့်ရင် ကလေးအခွင့်အရေး ချိုးဖေါက်မှုနှင့် ကလေးများအပေါ် လစ်လျူရှုခံရမှုကို ကလေးအခွင့်အရေးအဖြစ် လက်မှတ်မထိုးထားတဲ့ အမေရိကန်နိုင်ငံမှာ မတွေ့ရဘဲ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေမှာပဲ တွေ့နေရပါတယ်။ အမေရိကန်က ကလေးတွဟာ အခွင့်အရေး အပြည့်အ၀ ရှိတဲ့အချိန်မှာ ကျွန်မတို့ နိုင်ငံမှာ ကလေးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ ဒါကိုလည်းပဲ အမေရိကန်ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဘယ်လိုပဲ ဝေဖန်နေပါစေ၊ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သီးသန့် မြန်မာနိုင်ငံကို ဘယ်တော့မှ ဝေဖန်မယ် မထင်ဘူး။ ဝေဖန်ရင်လည်း ခင်ဗျားဒါကို မပြောခင် (CRC) တို့ CEDAW တို့ကို အရင် လက်မှတ်သွားထိုးလိုက်ပါဦးလို့ လူ့အခွင့်အရေး စုတ်ပြတ်သပ်နေပေမဲ့ လက်မှတ်ထိုးထားလို့ တပန်းသာနေတာနဲ့ အနိုင်ပိုင်းပြီး မြန်မာနိုင်ငံက ပြန်ပြောနိုင်ပါတယ်။

ကလေးအခွင့်အရေးကို လက်မှတ်ထိုးထားတဲ့ စာချုပ်အဖွဲ့ဝင် နိုင်ငံတွေမှာ အတိအကျ လိုက်နာပါက အသက် ၁၆ နှစ်မပြည့်ခင် ကလေးတိုင်း မိမိဆန္ဒအရ ဖြစ်စေ၊ လူကြီးမိဘ စေခိုင်းလို့ ဖြစ်စေ ဘယ်ကလေးမှ အလုပ်လုပ်ပိုင်ခွင့် မရှိရပါ။ သူတို့ကို လူနှင့်သူနှင့်တူအောင် စောင့်ရှောက်ဖို့ မိဘအုပ်ထိန်းသူ (သို့) အစိုးရမှာ အပြည့်အ၀ တာဝန် ရှိပါတယ်။ အဲဒီလို စောင့်ရှောက်မှု မရှိတဲ့အပြင် ချိုးဖေါက်နေတာ ရှိလို့ မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ILO ကို တိုင်ကြားခံနေရတာ ဖြစ်ပါတယ်။ Holiday အဖြစ်၊ အပျော်သဘောနဲ့ အလုပ်လုပ်တာကလွဲပြီး ဘယ်ကလေးမှ အလုပ်လုပ်ပြီး မိသားစု ၀င်ငွေ ရှာပိုင်ခွင့် မရှိပါဘူး။ လူကြီးတွေကသာ ပံ့ပိုးပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ အခွင့်အရေး ချိုးဖောက်မှု (သို့) လစ်လျူရှုမှု ဖြစ်စေတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို တိုင်ကြား တင်ပြဖို့ စာချုပ်အဖွဲ့ဝင် နိုင်ငံတိုင်းမှာ ဥပဒေပြဌာန်းထားဖို့ လိုပါတယ်။ ကလေးတွေဟာ အရွယ်မရောက်ခင်အထိ စာ၊၀တ်၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားလပ်ချိန်ကစားခွင့်၊ နွေးထွေးစွာ ပြုစယုယမှု ခံရပိုင်ခွင့်၊ စိတ်ဝင်စားဖွယ်ရာကို ကစားခွင့်၊ ဖန်တီးကြံဆချင်သည်များကို လမ်းကြောင်းပေးမှု ရပိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးတွေကို မိဘ အုပ်ထိန်းသူ (သို့) အစိုးရက ဖြည့်စွမ်းပေးဖို့ တာဝန်ရှိပါတယ်။ ဒီအခွင့်ရေးတွေကို ဖြည့်စွမ်းပေးဖို့ ပျက်ကွက်ခြင်းဟာ Child Neglect ဖြစ်ပြီး။ Child Neglect ဟာ Child Abuse ထဲမှာ တခုပါဝင်ပါတယ်။ Child Abuse ဆိုတာ Physical Abuse ရုပ်ပိုင်းဆိုင်ရာမှာ ကလေးတယောက်ကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊ Emotional Abuse စိတ်ပိုင်းဆိုင်ရာမှာ သိပ်ငယ်အောင်၊ စိတ်ဖိစီးအောင်၊ စိုးရိမ်ပူပန်မှုလွန်ကဲအောင်၊ အကြောက်တရားရအောင် လုပ်ခြင်း၊ Sexual Abuse လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံရခြင်း (သို့) စည်းရုံးသိမ်းသွင်းကာ စော်ကားခြင်း၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြသခြင်းနှင့် Neglect အစားအသောက် ၀လင်အောင် မကျွေးခြင်း၊ နွေးထွေးမှု မပေးဘဲထားခြင်း၊ ပုံမှန် နေ့စဉ်ဘ၀မှာ ကောင်းစွာ လမ်းညွန်မှု မပေးပဲ ကလေးကို ဖြစ်သလို ထားခြင်း အားလုံးဟာ ကလေးအခွင့်အရေး ချိုးဖေါက်ခြင်းမှာ အကျုံးဝင်ပါတယ်။

ကျွန်မတို့ သြစကြေးလျားကို ရောက်ခါစက သူငယ်ချင်းရဲ့ ကလေးတဦး မတော်တဆ နေမကောင်းဖြစ်ပြီး ဆေးရုံကိုရောက်ပြီး ဆေးရုံက သွေးစစ်ကြည့်တော့ ကလေးက ဘာရောဂါမှ မရှိဘူး သံဓါတ်အားနည်းလို့ ဖြစ်တယ်လို့ သိရတယ်။ ဆေးရုံ ၀န်ထမ်းတွေက "အစာအာဟာရ ၀အောင်မကျွေးလို့ ဖြစ်ရတယ် အဲဒါ မိဘကို တရားစွဲလို့ရတယ်" ဆိုပြီး ဆေးရုံက ၀န်ထမ်းတွေရဲ့ တယောက်ပြီးတယောက် အပြစ်တင်တာ အကြီးအကျယ် ခံရတယ်၊ ကလေးကို နေ့စဉ် ဘယ်အချိန်မှာ ဘာကျွေးလဲလို့ စစ်လားဆေးလား အလုပ်ခံရတယ်လို့ ရောက်ခါစက ကျွန်မကို သူငယ်ချင်း ပြောပြဖူးတယ်။ အများအားဖြင့် မူလတန်း ကျောင်းစတက်တဲ့အရွယ် ကလေးတွေက ကစားပဲ မက်ပြီး အစားကို မခုံမင်တာ များတော့ ကျွေးနေတာပဲ စားမှမစားတာ ဘယ်လိုလုပ်မလဲလို့ ကျွန်မသူငယ်ချင်းက ညည်းနေတာ တွေ့ရတယ်။ ကျွန်မက အဲဒီအချိန်တုန်းက ဆေးရုံက ၀န်ထမ်းတွေ တမင်ပြောချင်လို့ ပြောတယ်လို့ ထင်တယ်။ တကယ်တော့ ကလေးကို အစားအသောက် အာဟာရမှန်အောင် မကျွေးတာဟာ Child Neglect မှာ အကျုံးဝင်တာ အမှန်ပဲ ဖြစ်တယ်။ မြန်မာနိုင်ငံအပါအ၀င် ကလေးအခွင့်ရေးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတိုင်းမှာ ကလေးတွေအတွက် တိကျတဲ့ အလုပ်တွေ လုပ်ပေးတဲ့ ကော်မရှင်အဖွဲ့ဖွဲ့ပြီး တိတိကျကျ လုပ်ပေးဖို့ တာဝန်တွေ ရှိပါတယ်။ ဘယ်ကလေးမှ ငတ်မွတ်ခံရ အခြေအနေ၊ အာဟာရချို့တဲ့သည့် အခြေအနေ မရှိစေရဘဲ ငတ်မွတ်နေတာကို တွေ့ရရင် Child Neglect ဖြစ်ပါတယ်။ မိဘ မကျွးနိုင်ရင် အစိုးရမှာ ကျွေးဖို့ တာဝန်ရှိပါတယ်။ အလုပ်လက်မဲ့တွေကို အစိုးရက ကလေးတွေအတွက် ၀၀လင်လင် ကျွေးဖို့ လုံလောက်တဲ့ ဗမာဏကို ထောက်ပံ့ထားပြီးသား ဖြစ်ပါတယ်။ ကလေးတွေကို မကျွေးဘဲ လူကြီးအတွက် သုံးစွဲလိုက်လို့ ကလေးအာဟာရ ချို့တဲ့ရင် လူကြီးကို တရားစွဲလို့ရတာ အမှန်ပဲ ဖြစ်ပါတယ်။

စာချုပ်အဖွဲ့ဝင် နိုင်ငံတွေမှာ ကလေးတယေက်ကို ရိုက်နေသည်ဖြစ်စေ၊ အနိုင်ကျင့်နေသည် ဖြစ်စေ၊ တစုံတယောက် အနာတရ ဖြစ်စေတဲ့ အပြုအမူကို ပြုလုပ်နေတာကို မျက်စိနဲ့ တပ်အပ် မြင်တွေ့ရခြင်း၊ မမြင်တွေ့ရပေမဲ့၊ ကလေးတယောက်မှာ အန္တရယ် တစုံတရာ ကြုံတွေ့နေနိုင်တယ်လို့ သံသယရှိစရာ တွေ့ရင် ပုလိပ် (သို့) ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကို တိုင်ကြားဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် သြစကြေးလျားမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး နယ်ပယ်က ပညာရှင်အဆင့်တွေက မဖြစ်မနေ တိုင်ကြားဖို့ တာဝန်ရှိပါတယ်။ သြစကြေးလျားမှာ ဒါကို Mandatory Report လို့ခေါ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အခေါ်အဝေါ မတူနိုင်ပေမဲ့ ကလေးတွေအတွက် ဒီဥပဒေက ရှိမှာ သေချာပါတယ်။ Mandatory Reporting ကို သြစကြေးလျားမှာ ကျန်းမာရေး၊ ပညာရေး (သို့) Welfare နဲ့ ဆိုင်တဲ့ ပညာရှင် အလုပ်သမား (သို့) အဲဒီပညာအတွက် ကျောင်းတက်နေတဲ့ ကျောင်းသားတွေက ကလေးတွေ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အကျိုးအကြောင်းခိုင်လုံတဲ့ သံသယ၀င်စရာ တွေ့ပါက မဖြစ်မနေ တိုင်ဖို့ တာဝန်ရှိပြီး တာဝန်ရှိသည့်အတိုင်း မလုပ်ခဲ့ပါက ရာဇ၀တ်မှုအထဲမှာ အကျုံးဝင်ပါတယ်။ (သာမန်လူတွေအတွက်တော့ တာဝန်ရှိပေမဲ့ မလုပ်ခဲ့ပါက ရာဇ၀တ်မှုတော့ မဟုတ်ပါ)

အလုပ်လျှောက်တဲ့အချိန်မှာ အဲဒီ Record က Criminal Record ထဲမှာ သွားပေါ်မှာ ဖြစ်ပြီး Child Abuse (သို့) Child neglect Record ရှိသူများအတွက် အလုပ်ရဖို့ သိပ်ကို အခက်အခဲ ရှိပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်က အလုပ်တခုလျှောက်တိုင်း နောက်ကြောင်းရာဇ၀င်မှာ ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး ချိုးဖေါက်ထားတဲ့ ပြစ်မှုဆိုင်ရာ မှတ်တမ်းရှိမရှိ အစစ်အဆေးခံရပြီး အပြစ်မရှိကြောင်း ရှင်းရှင်းလင်းလင်းရှိမှ အလုပ်လျှောက်လို့ (သို့) အလုပ်အတွေ့အကြုံ ၀င်လို့ရပါတယ်။ အလုပ်လျှောက်ရာမှာ Criminal Record ကို တခါတည်း ဖြည့်ရပြီး Criminal Record clear ဖြစ်တဲ့ အထောက်အထားကို လုပ်ငန်းခွင်ဝင်တဲ့ ပထမနေ့မှာ ပြရပါတယ်။ အဲဒါမှ အလုပ်လက်တွေ့ဆင်းခြင်း (သို့) အလုပ်ဝင်ခြင်းကို ခွင့်ပြုပါတယ်။ အမှန်က သြစကြေးလျားမှာမှ မဟုတ်ဘူး ကလေးအခွင့်အရးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတိုင်း ဒီလိုပဲ ဖြစ်သင့်ပေမဲ့ မြန်မာနိုင်ငံ အပါအ၀င် လက်မှတ်ထိုးထားတဲ့ နိုင်ငံအတော်များများက ကလေးအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု မရှိတဲ့အပြင် ကိုယ်တိုင် ချိုးဖေါက်နေတာကိုပါ တွေ့ရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတချို့မှာ တွေ့လေ့ရှိတဲ့ ကလေးတွေ ဈေးရောင်းနေတာ၊ လမ်းတွေမှာတောင်းရမ်းနေတာ၊ အဖေါ်မပါဘဲ တနေရာမှာ တွေ့ရတာဟာအားလုံးဟာ Child Abuse နဲ့ Neglect အထဲမှာ လုံးဝ အကျုံးဝင်ပြီး မိဘ အုပ်ထိန်းသူမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ မိဘအုပ်ထိန်းသူက ကလေးတယောက်ရဲ့ သက်တမ်းကို သူ့အသက်အရွယ်လိုက် ပုံမှန်အတိုင်း ပြုစုပျိုးထောင်နိုင်စွမ်း မရှိပါက အစိုးရမှာ ဖြည့်စွမ်းပေးဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် ပိုဆိုးတဲ့ ကလေးအလုပ်သမားနဲ့ စစ်သားစုဆောင်းရေးတွေကို တွေ့ရပါတယ်။ မိဘတွေကိုယ်တိုင်က ကလေးတွေကို အလုပ်ခိုင်းစေပြီး ၀င်ငွေရှာခိုင်းတာ ရှိသလို စစ်တပ်အောက်ခြေတွေမှာ စစ်တပ်က ကလေးစစ်သား အတင်းစုဆောင်းလို့ မိဘတွေရဲ့ အပူသောကတွေကိုလည်း သတင်းတွေမှာ မကြာခဏ ကြားသိနေရပါတယ်။

ကလေးအခွင့်အရေးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုရဲ့ အစိုးရက ကလေးစစ်သားတွေကို ကိုယ်တိုင်စုဆောင်းပြီး စနစ်တကျ တပ်ထဲသွင်းလို့ သူများက ဖေါ်ထုတ်နေရတာဟာ နိုင်ငံအတွက် သိပ်ပြီး သိက္ခာ ကင်းမဲ့လှပါတယ်။ လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုဟာ ကလေးအခွင့်အရေးတွေကို မိဘတွေ မသိသေးရင် သိအောင် ပညာပေးရမည့်အစား ကလေးအခွင့်အရေးကို UN မှာ မျက်နှာလို မျက်နှာရ လက်မှတ်သာ ထိုးထားပြီး အစိုးရ ကိုယ်တိုင်ချိုးဖေါက်နေတယ်။ UN မှာရှိတဲ့ စာချုပ်စာတမ်းမှန်သမျှကို ပုတ်သင်ညိုသေလို့ ၀င်စားတယ်လို့ တင်စားရလောက်အောင် ရှိသမျှစာချုပ်တွေ အကုန်ခေါင်းညိတ် လက်မှတ်ထိုးပြီး ဘာတခုမှ လိုက်မလုပ်ဘဲ UN ကို နားလှည့်ပါးရိုက်လုပ်ကာ UN က လူမှုရေး အကူအညီပိုက်ဆံ လိမ်ပြီး ယူနေတာ ကမ္ဘာမှာ မြန်မာလူမျိုး သိပ်ပြီး သိက္ခာကျပါတယ်။ ကမ္ဘာမှာ မြန်မာကို လူရိုသေ ရှင်ရိုသေ ပြန်ဖြစ်စေချင်ရင် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားချင်ရင် မိမိပေးထားတဲ့ ဂတိကို မိမိပြန်မချိုးဖေါက်ဘဲ ပေးထားတဲ့ ဂတိအတိုင်း လိုက်လုပ်နိုင်အောင် ပထမအရင် ကြိုးစားဖို့လိုအပ်ပါတယ်။ ကလေးတွေမှာရှိတဲ့ အခွင့်အရေးတွေကို မိဘတွေသိအောင် လုပ်ပေးဖို့နဲ့ ကလေးတွေရဲ့ စားဝတ်နေရေး၊ ဖူလှုံရေး၊ ဘ၀လုံခြုံရေးကို ကလေးအခွင့်အရေးကို အာမခံချက် ပေးဖို့ CRC ကို လက်မှတ်ထိုးထားတဲ့ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။

ကလေးကို ရိုက်ပုတ်ဆဲဆို ကြိမ်းမောင်းတာက Child Abuse, ကလေးကို အစာဝအောင်မကျွး၊ ဂရုမစိုက် နွေးထွေးမှုပေးဘဲ ထားတာဟာ Child Neglect ဖြစ်တယ်။ ဒါတွေကို ကျူးလွန်ရင် အပြစ်ရှိတယ်ဆိုတာ အားလုံး နှလုံးသွင်းပြီး ကလေးအခွင့်အရေးကို လူကြီးမိဘတိုင်း ကာကွယ်နိုင်ကြပါစေ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့မိသားစု ဓါတ်ပုံများ


(Aung San Suu Kyi at her wedding reception, following a Buddhist blessing at a family friend’s London home - Photograph: Private Aris Family Collection )

(New Year’s Day, 1972, Chelsea registry office in London. Aung San Suu Kyi and Michael Aris marry, aged 26 and 25 respectively - Photograph: Private Aris Family Collection)

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဓါတ်ပုံတွေထဲကအတိုင်း သာယာတဲ့ ကိုယ်ပိုင် မိသားစုဘ၀ကို သားတွေ၊ မြေးတွေနဲ့ အချိန်မရွေး ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ ရလျက်နဲ့ မြန်မာပြည် ဒီမိုကရေစီ မရမချင်း မြန်မာပြည်က ခြေတဖ၀ါးမှ မခွာဘူးလို့ သူ့မိခင်ကို ဂတိပေးထားတဲ့အတိုင်း မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးအတွက် အနစ်နာခံကာ တိုက်ပွဲဝင်နေပါတယ်။ နည်းပညာတိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ လူတကာတွေ အက်တာနက်နဲ့ ရှင်သန်နေချိန်မှာ လူမှုအခွင့်အရေး အကုန်လုံး ပိတ်ပင်ခံပြီး အကျဉ်းကျခံကာ မြန်မာ ပြည်သူ လူထု အတွက် စွန့်လွှတ်အနစ်နာခံနေတဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကို ဒီပုံတွေကြည့်ပြီး သူရွေးချယ်ထားတဲ့ လက်ရှိဘ၀နဲ့ နှိုင်းယှဉ်ကာ သူ့ရဲ့စွန့်လွှတ်မှုကို ပိုလို့ လေးစား ဂုဏ်ယူ မိပါတယ်။ ရင်သွေးတွေကို ပစ်ထားခဲ့ပြီး တိုင်းပြည်အတွက် အနစ်နာခံတဲ့ အာဂသတ္တိပိုင်ရှင် သူ့လို စွန့်လွှတ်မှုမျိုး အများအတွက် ကျွန်မ ဒီလောက်အထိ ဘယ်တော့မှ ပေးဆပ်အနစ်နာခံနိုင်မှာ မဟုတ်တဲ့အတွက် သူ့လုပ်ရပ်ကို အားကျလို့ မရဲပါဘူး။ လေးစား ဂုဏ်ယူမိတာ သက်သက်နဲ့ ဒီပုံတွေကို We Fight We Win မှ ကူးယူဖေါ်ပြပြီး ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ (ကျွန်မ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေချင်လို့ စာလုံးအနီတွေနဲ့ ရေးထားတာတွေကို 23/6/10 မှာ ထပ်ဖြည့်ထားပါတယ်။ ဒီပုံတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မက လေးစားတယ် ထင်နေသူတွေကို စာလုံးအနီတွေ ဖြည့်ပြီး ရှင်းအောင် လုပ်ပေးခြင်း ဖြစ်ပါတယ်)

(Aung San Suu Kyi’s mother, Daw Khin Kyi, meets her grandson, Alexander, for the first time on a family visit to Rangoon. Michael Aris stands at the back. 1974 -Photograph: Private Aris Family Collection)


(Aung San Suu Kyi on the snowy slopes of a mountain in Bhutan in 1971. Further up the hill, at Taktsang temple, Michael had proposed to her - Photograph: Private Aris Family Collection )


(Having a barbecue on a family holiday to the Norfolk Broads in the early 1980s -Photograph: Private Aris Family Collection)


(17 June 2010: On Saturday 19 June the Burmese human rights activist Aung San Suu Kyi will turn 65. She remains under house arrest in Rangoon, and to mark her birthday the Guardian has been given previously unpublished photographs taken from the private collection of her late husband, Michael Aris, showing the Burmese democracy movement leader as a young bride-to-be, mother and housewife. Proceeds from the pictures are being donated to Dr Cynthia's Mae Tao Clinic (maetaoclinic.org), a charity that provides free healthcare for refugees, migrant workers and other people who cross the border from Burma to Thailand)


(From 1973 to 1988, Aung San Suu Kyi devoted her time and energy to motherhood in Oxford where her husband was an academic - Photograph: Private Aris Family Collection))


(A family picnic in Grantown-on-Spey. Aung San Suu Kyi with her husband (with the beard) and two sons Alexander and Kim. The woman in the back wearing the headscarf is Mathané Fend, a famous pre-war singer who was Aung San Suu Kyi's most trusted friend and confidante, her 'emergency aunt' - Photograph: Private Aris Family Collection)


(1970/1980 on the lawn of her father-in-law’s house in Grantown-on-Spey, Scotland, Aung San Suu Kyi plays with her two sons, Alexander (in the braces) and Kim -Photograph: Private Aris Family Collection)


(Her husband-to-be, Michael Aris, riding a yak in Bhutan, where he was a tutor to the royal family, 1971 Photograph: Private Aris Family Collection)


(The future Nobel laureate riding a mule up a mountain in Bhutan, 1971 - Photograph: Private Aris Family Collection )


(Daw Aung San Suu Kyi’s husband, Michael Aris, an academic and specialist in Tibetan and Himalayan Studies, in his study at St John's College, Oxford - Photograph: Private Aris Family Collection)


(ဓါတ်ပုံများအား Guardian UK မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

We Fight We Win ဘလော့ဂ်မှ ပြန်လည် ကူးယူဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများနေ့

ပထမကြိမ် အမျိုးသမီးများနေ့ကို ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျင်းပစဉ်က မြန်မာ့အမျိုးသမီး သမဂ္ဂမှ တက်ရောက်သည့် ကိုယ်စားလှယ် နှစ်ဦး (လက်ယာဘက်တယောက်က ၂၀၁၀ အမတ်လောင်းဆိုပြီး ကျွန်မ C-Box မှာ လာလာ နှုတ်ဆက်တတ်တဲ့ ဘလော့ဂါ မဗေဒါ (၈၈) ပါ။)

ဇွန်လ (၁၉) ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆိုတာ အားလုံးလိုလို သိကြပေမဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သိသူတွေ အင်မတန် နည်းနေသေးတာကို တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၂ နှစ်နှစ်မြောက် မွေးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် မြန်မာ့အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် မြန်မာအမျိုးသမီးများ ပူးပေါင်းပြီး မြန်မာ အမျိုးမီးများနေ့အဖြစ် စတင် ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းက NLD အဖွဲ့ချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း ပြည်ပတွေမှာ ဆက်လက်ကျင်းပလာခဲ့ပါတယ်။ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ ၁၄ ကြိမ်မြောက် ရှိပါပြီ။ ဒီနှစ်ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ Alternative Asean Network on Burma မှ ထုတ်ဝေသည့် ၅၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် "မြန်မာနိုင်ငံမှ အမျိုးသမီးများ၏အသံ" စာအုပ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပေးပို့သည့် အမှာစကားကို ကူးယူဖေါ်ပြပြီး ၁၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား

အခု ကျမရဲ့မွေးနေ့ချိန်ခါမှာ ဒီလိုကျမတို့ မြန်မာအမျိုးသမီးများနဲ့ ပြောနိုင်အောင် လုပ်ပေးတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်အခါကို ကျမတို့အခွင့်ကောင်းယူပြီး ပြောစရာရှိတာ ပြောရမှာပါ။ မြန်မာနိုင်ငံတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်နဲ့ ဆွေးနွေးပိုင်ခွင့်မရှိတဲ့အခါကျတော့ ကျမတို့မြန်မာ အမျိုးသမီးများနဲ့ ဆက်သွယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အာဏာရှင်စနစ်အောက်မှာဆိုလို့ရှိရင် ဒီလိုပါပဲ။ လွတ်လွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါတ်ေလွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမဲ့လဲ ကျမတို့ဟာ ဒီလိုလွတ်လပ်မှုတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးဟာ နိုင်ငံရေးသက်သက် မဟုတ်ဘူး။ လူထုအရေးဖြစ်တယ်ဆိုတာကို အထူးသဖြင့် ကျမတို့ရဲ့ အမျိုးသမီးတွေကို နားလည်စေချင်ပါတယ်။ ဒီလိုပြောခြင်းဟာ အမျိုးသားတွေက နားလည်ပြီးသားထင်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးသားတွေဟာ နားလည်ဖို့ မလိုဘူးလို့ ထင်လို့လဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုကျမရဲ့ မွေးနေ့အချိန်ခါမှာ အမျိုးသမီးတွေကို ကျမအာရုံပြုချင်လို့ ဖြစ်ပါတယ်။ ကျမတို့အခု မြန်မာနိုင်ငံမှာဆိုရင် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာဟာ ဆယ်နှစ်ကျော်သွားပါပြီ။ အဲဒီ ဆယ်နှစ်ကျော်အတွင်း ရုန်းကန်မှုထဲမှာဆိုရင် အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ ဘယ်လောက်အထိ အဓိကကျတယ်ဆိုတာ ကျမတွေ့မြင်ခဲ့ရပါတယ်။ အမျိုးသမီးတွေ စိတ်ခိုင်မာမှသာလျှင် မိမိတို့နဲ့ သက်ဆိုင်တဲ့အမျိုးသားများက နိုင်ငံရေးသော်လည်းကောင်း၊ လူမှုရေးသော်လည်းကောင်း တက်တက်ကြွကြွ ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာ မြင်ရပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ အမျိုးသမီးတွေဟာ အများကြီးပဲ အနစ်နာခံပါတယ်။

မကြာခင်ကဆိုရင် သူ့ရဲ့သားအဖမ်းခံသွားခဲ့ရတဲ့ အမျိုးသမီးကြီးတယောက်နဲ့လဲ ကျမတွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီး နှစ်ယောက်ဟာ စိတ်ချင်းသဘောချင်း အတူတူပါပဲ။ မိမိတို့ ကလေးတွေ လုပ်နေတာမှန်တယ်၊ အများရဲ့ကောင်းကျိုးအတွက် လုပ်နေတဲ့ကိစ္စမို့လို့ ဘာဘဲဖြစ်ဖြစ် လက်ခံမယ်၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိပါတယ်။ မိန်းကလေးရဲ့ အမေဟာဆိုရင် သူ့သမီးလေး မသွားခင်မှာလိုက်တယ်၊ အမေ့ကြောင့်မို့လို့တော့ အဖွဲ့ချုပ်က လက်မှတ်ထိုးပြီး ထွက်တဲ့အဖြစ် အဖြစ်ပါစေနဲ့လို့ မှာလိုက်ပါတယ်။ ဆိုလိုတာကတော့ အမေ့ကိုငှဲ့ပြီး ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို မလုပ်ပဲ မနေပါနဲ့လို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓါတ်ခိုင်မာတဲ့ အမျိုးသမီးတွေကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုဟာ အဖိနှိပ်အချုပ်အချယ်ပေါင်း များစွာကြားထဲက အရှိန်အဟုန် မလျှော့သွားပဲနဲ့။

ဒီနိုင်ငံမှာတင်မက ဒီကမ္ဘာကြီမှာ ငြိမ်းချမ်းမှုရဖို့၊ အေးချမ်းမှုရဖို့ဆိုတာ အမျိုးသမီးတွေက အများကြီး လုပ်ပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်းမှုမရှိဘူး၊ လုံခြုံမှုမရှိဘူး၊ စီးပွားရေးတိုးတက်မှု မရှိဘူး၊ ကျန်းမာရေး၊ ပညာရေးတိုးတက်မှုမရှိဘူးဆိုရင် အဓိကခံရတာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အမျိုးသမီးများဟာ မိမိတို့ရဲ့ မိသားစုအရေးနဲ့ နိုင်ငံ့အရေးကို ခွဲခြားလို့ မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ အဲဒီ နားလည်မှုရှိတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ဆိုတာ တော်တော်များများ ကျမတို့တွေ့မြင်ခဲ့ရလို့ အင်မတန်မှ အားတက်ခဲ့ရပါတယ်။

နောက် ကျမတို့နိုင်အတွင်းမှာ ငြိမ်းချမ်းမှု ရှိဖို့၊ စည်းလုံးညီညွတ်မှု ရှိဖို့ဆိုတာလဲ အမျိုးသမီးများကနေ ဦးဆောင်ပြီး လုပ်ပေးဖို့ လိုပါတယ်။ ကျမတို့ နိုင်ငံအတွင်းမှာဆိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများစွာ နေကြပါတယ်။ ဒီတော့ ဒီလိုတိုင်းရင်းသားများ အချင်းချင်း နားလည်မှုရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးပေါ်တဦး ခင်ခင်မင်မင် မေတ္တာ စေတနာထားနိုင်ဖို့အတွက် အမျိုးသမီးတွေက အများကြီးလုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးအချင်းချင်းဆိုရင် နားလည်မှုအများကြီး ရှိပါတယ်။ ကလေးများအတွက် ပူတာ မွန်မိခင်တယောက်ဖြစ်စေ၊ ကရင်မိခင်တယောက်ဖြစ်စေ၊ ဗမာမိခင်တယောက် ဖြစ်စေ၊ ချင်းမိခင်တယောက် ဖြစ်စေ၊ မိခင်များက ကလေးများအတွက် စိုးရိမ်တာ ပူပန်တာတွေဟာ တယောက်နဲ့တယောက် နားလည်မှု ရှိကြပါတယ်။ အခြေခံ နားလည်မှုတွေအပေါ်မှာ ကျမတို့ကနေပြီး နိုင်ငံအတွက် ညီညွတ်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျမတို့ အမျိုးသမီးတွေကို နိုးကြားတက်ကြွစေချင်ပါတယ်။ စိတ်ဓါတ်ခိုင်မာစေချင်ပါတယ်။ ခိုင်မာပြီးသား စိတ်ဓါတ်တွေကို ပိုပြီးခိုင်မာအောင်လို့ ပြုစုပျိုးထောင်စေချင်ပါတယ်။ ကျမတို့ရဲ့ လူမှုရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးများ မပါဝင်လို့ မဖြစ်ဖူးဆိုတဲ့ အသိကိုလဲ စွဲစွဲမြဲမြဲ နှလုံးသွင်းထားစေချင်ပါတယ်။ ဒီနိုင်ငံမှာ အားလုံးဟာ နည်းနည်းလေးတော့ လုပ်ပေးနိုင်တာ ရှိတာပါပဲ။ ဒီမိုကရေစီ ရရှိရေးအတွက် လူတိုင်းဟာ နည်းနည်းလေး၊ နည်းနည်းလေး တယောက်စီ လုပ်ပေးမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။ ကျမတို့လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာ ပြည်သူအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုပေးမဲ့ ပန်းတိုင်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီပန်းတိုင်ရောက်ဖို့အတွက်ကို ကျမတို့ မြန်မာနိုင်ငံက အမျိုးသမီးများ အားလုံးကနေပြီးတော့ ၀ိုင်းဝန်းကူညီကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အောင်ဆန်းစုကြည်


သက္ကရာဇ် ၂၀၀၀၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် (၅၅) နှစ်မြှောက်မွေးနေ့ နဲ့ (၄) ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်ထုတ် မြန်မာ အမျိုးသမီးများအသံ စာအုပ်အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသား ပေးပို့သည့် အမှာစကားဖြစ်ပါတယ်။


မိမိပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်ခွာပြီး အမိမြန်မာပြည်အတွက် လာရာက် စွန့်လွှတ်အနစ်နာခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် သက်တော် ရာကျော်ရှည်ပါစေ။ သူမမွေးနေ့မှာ ကောင်းသော အချိန်အခါနဲ့ ကြုံကြိုက်ပြီး အသက် ၆၅ နှစ်မှသည် မိမိကိုယ်တိုင်နဲ့ တိုင်းပြည်အတွက် လိုရာဆန္ဒမှန်သမျှပြည့်ဝ ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

(အမျိုးသမီးနေ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတချို့ကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။)


၁၉၉၈ ခုနှစ်၊ ဂျီနီဗာရှိ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့နိုင်ငံ အမျိုးသမီးအခွင့်အရေး ချိုးဖေါက်ခံရမှု တင်သွင်းသည့် အဖွဲ့



၁၉၉၉ခု၊ ဇွန်လ (၁၉) ရက်နေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနား ပြီးစဉ် အမျိုးသမီးများနှင့် ကလေးများ အမှတ်တရ၊ Christian Youth Centre, Bangkok


သက္ကရာဇ် ၂၀၀၀၊ အမျိုးသမီးများနေ့၊ အမျိုးသမီးများနေ့ ဖြစ်မြောက်ရေး ကော်မရှင်အဖွဲ့ဝင်များ အမှတ်တရ၊ မြန်မာကျောင်းသားများစခန်း၊ မနီလွိုင်ရွာ၊ ရတ်ခ်ျပူရီ၊


အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကျေးဇူးတော်ရှင် (န၀မ) ဗန်းမော် ဆရာတော် ဘုရားကြီး၏ ကမ္ဘာ့ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီး

အားလုံးသော ကမ္ဘာ တစ်ဝန်းလုံးရှိ ဓမ္မ မိတ်ဆွေ အပေါင်းတို့အား အသိပေး ကြေငြာအပ်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ ဗန်းမော် ဆရာတော် ဘုရားကြီး၏ လမ်းညွှန်ချက်နှင့် အညီ ကမ္ဘာသူ ကမ္ဘာသားများ အန္တရာယ် ကင်းရှင်း စေရန်၊ သမ္မာဒေ၀ နတ်မြတ် နတ်ကောင်း တို့၏ စောင့်ရှောက် ကူညီမှု ရရှိစေရန် နှင့် ကမ္ဘာကြီး ငြိမ်းချမ်းစေရန် ရည်ရွယ်၍ ကမ္ဘာ့ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၂၀-၆-၂၀၁၀) တနင်္ဂနွေနေ့ ဂျပန်စံတော်ချိန် ညနေ ၆-နာရီ အချိန်၌ ကျေးဇူးတော်ရှင် ဗန်းမော် ဆရာတော် ဘုရားကြီး အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက ဦးဆောင်ပြီး ကမ္ဘာ အရပ်ရပ်ရှိ ဓမ္မမိတ်ဆွေ သူတော်စင် ပရိတ်သတ် အပေါင်းတို့မှ တပြိုင်နက် မြတ်ပဋ္ဌာန်းကို ရွတ်ပွား ပူဇော်ကြမည် ဖြစ်ပါသည်။

သို့ပါသောကြောင့် ကမ္ဘာ တစ်ဝန်းရှိ ဓမ္မမိတ်ဆွေ အပေါင်းတို့ ပါဝင် ရွတ်ပွား သရဇ္ဈာယ် ကုသိုလ် ယူနိုင်ကြပါရန် အသိပေး နှိုးဆော် အပ်ပါသည်။
  • နေ့ရက် - (၂၀၊ ၆၊ ၂၀၁၀) တနင်္ဂနွေနေ့
  • အချိန် - ဂျပန် စံတော်ချိန် ညနေ (၆) နာရီ
  • နေရာ - MCWA (မြန်မာ့ ထေရ၀ါဒ ဗုဒ္ဓသာသာ ဘုန်းတော်ကြီးကျောင်း)၊ နာဂအီတဘရှိ၊ တိုကျို။
မှတ်ချက်
  • တိုကျိုမြို့ မှ ဓမ္မမိတ်ဆွေ သူတော်စင်တို့ အနေဖြင့် ပဋ္ဌာန်း အကျယ် (ပစ္စယုဒ္ဒေသ) စာအုပ်များ ကို ယူဆောင် လာကြပြီး ဆရာတော်ကြီးများနှင့် အတူတကွ ရွတ်ပွားပူဇော် ကြပါရန် နှိုးဆော်အပ်ပါသည်။
  • Internet ပေါ်မှတဆင့် တရားနာယူနေကြမည့် ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ကလည်း မိမိတို့၏ နေရာ ဒေသ အသီးသီးမှ ပဋ္ဌာန်း တရားတော်ကို အတူတကွ ရွတ်ပွားပူဇော် ကြပါရန် နှိုးဆော် အပ်ပါသည်။
အင်တာနက်မှ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်

Website: www.livedhamma.com
ဂျပန် စံတော်ချိန် ညနေ ၆ နာရီ
စင်္ကာပူ စံတော်ချိန် ညနေ ၅ နာရီ
မြန်မာ စံတော်ချိန် ညနေ ၃း၃၀နာရီ
ရုရှား စံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက် စံတော်ချိန် နံနက် ၅ နာရီ

မှတ်ချက်တချို့အား အကြောင်းပြန်ခြင်း

ပထဦးစွာ ကျွန်မ မအားတဲ့အချိန်မှာ ဘလော့ဂ်မှာ အိမ်ရှင်မရှိပေမဲ့လည်း တကူးတက ရောက်လာကြသူတွေ၊ နှုတ်ဆက် ဆုတောင်းပေးသွားသူတွေ၊ စာလာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီပို့စ်က Evolution and Revolution ပို့စ်မှာ နောက်ဆက်တွဲ မှတ်ချက် လာရေးထားသူများထဲမှ တချို့မှတ်ချက်တွေကို အကြောင်းပြန်ထားတဲ့ ပို့စ်ဖြစ်ပါတယ်။ တချို့သူတွေရဲ့ ဆွေးနွေးချက်တွေက လိုရင်းတိုရှင်း အကြောင်းပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ အကြောင်းပြန်ချက်တွေက သိပ်ရှည်နေလို့ ပို့စ်တခုအနေနဲ့ပဲ တင်ပေးလိုက်ပါတယ်။ လိုရင်းတိုရှင်း အကြောင်းပြန်လို့ရတဲ့ မှတ်ချက်တွေကိုတော့ ပို့စ်အောက်က မှတ်ချက်နေရာမှာ အကြောင်းပြန်ထားပါတယ်။ ဒီပို့စ်မှာ Anonymous များ၊ Under Wager World နဲ့ MG တို့ မိမိ မှတ်ချက်ကို မိမိ ပြန်ရှာပြီး အကြောင်းပြန်ချက်ကို ရှာဖတ်နိုင်ပါတယ်။


Anonymous said... (June 14, 2010 10:07 PM)

ဟုတ်။ ကွန်မန့်တွေက မတ်လတုန်းကဆိုတာ သတိမထားမိလို့ပါ။ မိတ်ဆွေတွေဖြစ်သွားကြတယ်ဆိုတာ ရန်သူဖြစ်တာနဲ့စာရင် အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အရမ်းခင်တဲ့ မိတ်ဆွေတွေဖြစ်သွားတာနဲ့ မေးခွန်းတွေမဖြေတော့တာ ဘယ်လိုပါတ်သက်ပါသလဲ သိချင်ပါတယ်။ သူများအပူကို ကိုယ့်အပူလုပ်တာမဟုတ်ပါ။ သူတို့တွေ မေးတဲ့မေးခွန်းတွေရဲ့ အဖြေကို သိချင်လို့ပါ။ကျန်တဲ့သိချင်တာတွေကိုတော့ (၁၈)ရက်နောက်ပိုင်းမှမေးပါ့မယ်။ ကျေးဇူး။

ပြန်ကြားချက်

Anonymous (June 14, 2010 10:07 PM) - မိတ်ဆွေ ဖြစ်သွားလို့ မေးခွန်းတွေ မဖြေတော့ဘူးလို့ ကျွန်မမပြောခဲ့ဘူး။ မေးခွန်းတွေ ဖြေပြီး ရှင်းလင်းသွားပြီးမှ မိတ်ဆွေဖြစ်သွားတယ်လို့ ပြောပါတယ်။ စာကိုသေသေချာချာ မဖတ်ဘဲနဲ့ တိုက်ခိုက်ဖို့ပဲ ဦးတည်ပြီး ပြောလာတာမျိုးကို ကျွန်မ နောက်ထပ် အကြောင်းပြန်ဖို့ မရှိဘူးလို့ အသိပေးပါရစေ။ ဒီတော့ သိချင်သူအတွက် ၀င်နာပေးနေဖို့၊ စိတ်ပူနေဖို့ မလိုတော့ပါဘူး။ မိမိ သိချင်တာရှိတာကိုပဲ မေးပါ။ ကျွန်မတင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်ရင်ကျွန်မ ဖြေမယ်။ မဆိုင်တာလမ်းကြောင်းလွဲအောင် လုပ်တာဆိုရင် လက်မခံဘူးလို့ပဲ အကြောင်းပြန်လိုပါတယ်။

Anonymous said...( June 15, 2010 9:15 AM)

အင်းရီတါနဲ့ အမည်မဖော်သူတွေရေးထါးတါအတော်ရှင်း နေပါတယ်။ ရီတါပြောတါကိုနားလည်တဲ့သူတွေနားလည် ကြပါလိမ့်မယ်။နားမလည်သူတွေလဲရှိမှာပေါ့ါ။
အခုတလေါတော်လှန်ရေးအော်ကြတဲ့အင်တါနက်တွေအ တော်များပါတယ် ရီတါပြောတါကိုယ်တွေ့နဲ့ယှဉ်ပြီးသ ဘေါပေါက်တယ်။ ကိုယ့်ပါတ်သက်တဲ့ချာတိတ်တွေလဲ ဒီအကြောင်းဘဲရှင်းပြတယ်။၈၈ဆိုတါဘါကြောင့်လဲ(ကိုယ်တွေ့)စစ်တန်းလဲထုတ်ပြတယ်။
အမည်မဖော်သူရေးတဲ့မှတ်ချက်ကိုတေါ့ သဘေါကျလို့ပြုံးမိပါတယ်။(ကိုယ်တွေ့ပါဘဲ)။ ငါ့အယူအဆနဲ့မတူရင် အတွေ့အကြုံလိုသေးလို့ မလေ့လါလို့ ဝေဖန်လို့ချက်ကေါင်းထိရင်ရိုင်းလို့ဖြုတ်ပြစ်တယ်တို့ လါရေးလို့အစိုးရလုပ်ရပ်ကိုစိစစ်ထေါက်ပြပြီးလက်ခံထေါက်ခံတဲ့အသံလေးများထွက်လါရင် ကပ်စါးယပ်စါး (ဘယ်သူလါရေးတယ်ဆိုတါမသိဘဲနဲ့နော်)ပုဂ်ဂိုလ်ရေး ထိခိုက်ရေးတါတွေကြတေါ့ အမှန်တရားတဲ့။ အဲတေါ့ တော်လှန်ရေးအော်တဲ့ အော်ခိုင်းတဲ့မြှောက်ပေး တဲ့သူတွေဆို ကိုယ်တိုင်ဘဲမြန်မါပြည်ပြန်လုပ်ကြပါလို့ ရှေ့ကဦးဆောင်အလံထေါင်တက်ကြပါ ဒို့ကနောက်ကလိုက်ပါ့မယ်လို့သါပါဘဲပြောချင်ပါတယ်။
နောက်တခုကဒို့မြန်မါတွေပြောတဲ့မြှောက်ပေးရင်ေ-းတက်အေါင်ကတဲ့သူတွေလဲရှိကြမှာပါ။

ပြန်ကြားချက်။

Anonymous ရေ- အဲဒီလို အပြောမခံချင် အလုပ်မခံချင်ရင် ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ဘဲ၊ မထေ့ဘဲ မငေါ့ဘဲ သိက္ခာရှိရှိ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးတတ်အောင် ကြိုးစားပါ။ ပြီးတော့မှ ကျွန်မဘလော့ဂ်မှာ မှတ်ချက်ဝင်ရေးပါလို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပါတယ်။ ဒီအတွက်ကြောင့် အဲဒီရဲ့ သဘောသဘာဝအတိုင်းပဲ ကျွန်မဘလော့ဂ်က ဆွေးနွေးတာကို စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရအတိုင်း အပြန်အလှန်လေးစားပြီး ယဉ်ယဉ်ကျေးကျေးကျေး ဆွေးနွေးတဲ့ နေရာအဖြစ်ပဲ သဘောထားပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပဲလို့ ရေးချင်သလို လာရေးနေတာကို လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သဘောထားမတူပေမဲ့ တခြားသူတွေ ဘယ်လိုယဉ်ယဉ်ကျေးကျေး ဆွေးနွေးကြတယ်ဆိုတာကို လေ့လာပါ။ ပြီးတော့ အလေ့အကျင့်ရမှ ပြန်လာဆွေးနွေးပါ။ Yita ကို ကျွန်မ ပြန်ဆွေးနွေးထားတဲ့ အချက်တွေမှာ မချေမငံပြန်ပြောလိုက်တာ တခွန်းမှမပါဘူး သေသေချာချာ ပြန်ဖတ်ပါ။

(((တော်လှန်ရေးအော်တဲ့ အော်ခိုင်းတဲ့မြှောက်ပေး တဲ့သူတွေဆို ကိုယ်တိုင်ဘဲမြန်မါပြည်ပြန်လုပ်ကြပါလို့ ရှေ့ကဦးဆောင်အလံထေါင်တက်ကြပါ ဒို့ကနောက်ကလိုက်ပါ့မယ်လို့သါပါဘဲပြောချင်ပါတယ်။)))

နောက်ကလိုက်ပြီးရင် ဘယ်သူပါတယ်ဆိုတာ လိုက်ကြည့်မှတ်တမ်းယူပြီး သခင်တွေကို သတင်းပို့ဖို့၊ ဆန္ဒပြတဲ့ အရှိန်အဟုန် မြင့်လာရင် အကြမ်းဖက်တာတွေ လျှောက်လုပ် ပြီးတော့ ဆန္ဒပြသမားတွေ အကြမ်းဖက်တယ်ဆိုပြီး စစ်တပ် အာဏာသိမ်းဖို့ အခွင့်အရေးရအောင် လုပ်ဖို့အတွက် Anonymous တို့လိုလူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေနောက်မှာ အမြဲတမ်း လိုက်မယ်ဆိုတာ ယုံပါတယ်။ ကျွန်မက မြှောက်ပေးတာမဟုတ်ဘူး ကိုယ်တိုင် တကယ်လုပ်ခဲ့လို့ တကယ်ပြောတာ ဖြစ်တယ်။ ကျွန်မတို့ ပြောနေတာ ဒီမိုကရေစီ နည်းလမ်းနဲ့ လွဲချော်နေတာ တခုမှ မရှိပါဘူး။ ဒီမိုကရေစီ ထူထောင်ပေးမယ်လို့ ပြောနေတဲ့ နအဖတွေပဲ ဒီမိုကရေစီမဟုတ်တာတွေကို ဒီမိုကရေစီဆိုပြီး လိမ်နေတာ ဖြစ်တယ်။ ခုချိန်မှာ ကျွန်မက မြန်မာပြည်ထဲ ပြန်လာပြီး လုပ်စရာမလိုတော့ဘူး ကျွန်မတို့က ကိုယ့်အလှည့်မှာ လုပ်ခဲ့ပြီး မသေလို့ ကျန်နေသူတွေ သာဖြစ်တယ်။ ကျွန်မ ဘလော့ဂ်မှာ စာအမြဲလာဖတ်နေသူဆိုရင် ကျွန်မက ကိုယ်ကျိုးအတွက် ကြည့်ရင် အချိန်မရွေး ပြန်လာပြီး ကပ်ဖါးယပ်ဖါးတောင် ဘာမှ လုပ်နေစရာမလိုဘဲ အေးအေးဆေးဆေး ပြန်နေလို့ရပါတယ်။ ပြန်မလာတာက ပြည်သူလူထုအတွက် အပြင်ကနေပြီး လုပ်ပေးလို့ ရတာတွေလုပ်လို့ ရနေလို့ ပြန်မလာတာဆိုတာ သဘောပေါက်သင့်တယ်။

Anonymous said...( June 15, 2010 10:58 AM)

အော် မေ့သွါးတါတခုထပ်ပြောမလို့ပါ။ ဒါဝင်က survival of the fittest ဆိုတါ ပြောမသွါးဘူးဆိုတါပါ။ မယုံရင်လဲမူရင်းရှာဖွေဖတ်ကြည့်ပေါ့၊ ရည်ညွှန်းချက်လုပ်ချင်ရင်လဲလုပ်ချင်တဲ့အကြောင်းကိုသေ ချာနားလည်အေါင်လုပ်ပြီးဒေါင့်စေ့အေါင်လေ့လါပြီးမှလုပ်ရင်ကေါင်းပါတယ်။ ဒါတေါင်အမှားပါတတ်ပါသေးတယ်။ တော်လှန်ရေးဘဲပြောပြော တဖြေးဖြေးပြောင်းလဲမှု့ ဖြစ်စဉ်ဘဲပြောပြော သူ့နိုင်ငံနဲ့သူ့ဒေသနဲ့သူ့ယဉ်ကျေးမှု့နဲ့ စပ်ဟတ်ဘို့လိုပါတယ်။ တော်လှန်ရေးဆိုတါ Artificial Selection လို့ဆိုတါနဲ့ ပါတ်သက်လို့လဲ လိုရာဆွဲတွေးရင်တေါ့ဖြစ်ပါလိမ့်မယ်။ Correllation and mutual dependency of evolution and revolution process ဆိုတါနားလည်အေါင်ကြိုးစါးကြည့်ပါအုံး။ စစ်တပ်ပေါ်တါဆွဲတါ ဒီစစ်တပ်ကြောင့်လုမျိုးစုပြသနာဖြစ်ရတါ။ (မြန်မါပြည်မှာပြည်တွင်းစစ်မရှိပါ ပြည်တွင်းသေါင်းကျန်းမှု့သါရှိပါသည်)လို့တဘက်သတ်ထင်ရာရေးနေမဲ့အစါး ခြေခြေမြစ်မြစ်ပြသနာအရင်းရှာတတ်အေါင် ရေးတတ်အေါင်ကြိုးစါးကြည့်ပါအုံး။


June 15, 2010 10:58 AM
Anonymous said...( June 15, 2010 9:10 PM)
၁၈ ရက်နောက်မှလဲလါလည်စရာမလိုပါဘူးကွယ်။ လွယ်လွယ်ဘဲရှာလို့ရတဲ့အေါက်ကဟါဘဲဖတ်ကြည့်ပေါ့လေ ဖတ်တတ်ရင်ပေါ့နော်။


Charles Darwin quotation
The survival of the fittest
Charles Darwin is often credited with coining the phrase - "the survival of the fittest" - however such attribution is not really correct.

Darwin wrote about species being engaged in a competitive Struggle for Existence. This struggle being seen, by Darwin, as primarily a struggle for food to support growth, life, and the generation of young individuals to continue the species in question.

The actual term survival of the fittest however was actually fully attributed by Darwin himself to another source:-

"I have called this principle, by which each slight variation, if useful, is preserved, by the term Natural Selection, in order to mark its relation to man's power of selection. But the expression often used by Mr. Herbert Spencer of the Survival of the Fittest is more accurate, and is sometimes equally convenient."

ပြန်ကြားချက်

ဒုက္ခပါပဲ ဒါဝင်သီအိုရီကို ဒါဝင်မပြောဘူးလို့ ဆိုလာတဲ့ သူကလည်း ရှိသေးတယ်။ လာရေးကတည်းက Biology အကြောင်း၊ ဒါဝင်သီအိုရီအကြောင်း ဘာမှနားမလည်ဘူးဆိုတာ သိပ်ကို သိသာနေပါတယ်။ Survival of fittest ဆိုတာ သက်ရှိတွေရဲ့ သဘာဝတရားအပေါ် တုံ့ပြန်မှုကို ဖေါ်ပြတဲ့ ဒါဝင်သီအိုရီ Natural Selection ရဲ့ ဖြစ်စဉ်တခုဆိုတာ ကြီးကြီးကျယ်ကျယ် ဘယ်နေရာမှာမှ Research လိုက်လုပ်နေစရာမလိုဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ High School အဆင့် Biology သင်ဖူးသူ ဘယ်သူမဆို သိပါတယ်။ သာမန်လူတွေ နေကို ကမ္ဘာက ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လှည်ပတ်နေတယ်၊ ဗုဒ္ဓရဲ့တရားဟာ အနတ္တကို အခြေခံတဲ့ နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်တယ် ဆိုတဲ့ အချက်တွေကို Common Sense အနေနဲ့ သိသလိုမျိုး ဒါဝင်သီအိုရီမှာ Survival of fittest ဆိုတာဟာ ဒါဝင်ရဲ့ Evolution ကို သရုပ်ဖေါ်မှုတခုဆိုတာ အခြေခံ Biology သင်ဖူးသူတိုင်း သိထားတဲ့ အချက် တခုမျှသာ ဖြစ်ပါတယ်။

ပိုမိုအသေးစိတ်ကျတာကို လေ့လာရင်တော့ Survival of fittest ကို ဒါဝင်မတိုင်ခင်ဖြစ်စေ၊ ဒါဝင်နဲ့ တခေတ်တည်းမှာ ဖြစ်စေ လက်ခံသူ Hypothesis လုပ်သူအများကြီး ရှိနိုင်ပါတယ်။ ဒီအထဲမှာမှ ဒါဝင်က သက်ရှိတွေရဲ့ အလေ့အထကို လေးငါးနှစ်တာ ကမ္ဘာပတ်လေ့လာပြီး သီအိုရီတခုကို ဖေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒါဝင်က သူ့သီအိုရီကို ဖေါ်ထုတ်ရာမှာ လူပေါင်းများစွာရဲ့ လေ့လာမှုတွေကို ကိုးကားရင်ကိုးကားမယ် ဒါဟာ Research တခုရဲ့ သဘောသဘာဝသာ ဖြစ်တယ်။ ကျွန်မပို့စ်မှာ ပါတဲ့ အချက်အလက်တွေဟာ ဘယ်တက္ကသိုလ် အဆင့်မြင့် စာအုပ်စာတမ်းထဲကမှ မဟုတ်ဘူး။ အခြေခံပညာ အထက်တန်းအဆင့် Biology စာအုပ်တိုင်းလိုမှာ (မြန်မာပြည်ကစာအုပ်ကို မဆိုလို) တွေ့နိုင်တဲ့ အချက်တွေ ဖြစ်တယ်။ Artifical Selection ဆိုတာ Natural Selection လို သဘာဝအလျှောက် ဖြစ်လာတာမဟုတ် လူတွေက ပြုပြင်ဖန်တီးထားတာ ဖြစ်လို့ လူတွေက လုပ်မှဖြစ်လာတဲ့ Revolution နဲ့ ကျွန်မ ဥပမာပေးထားတယ်ဆိုတာ စာဖတ်သူတိုင်း နားလည်နိုင်ပါတယ်။ မိုးခေါင်ရေရှား ဖြစ်နေတာကို ရာသီဥတု အတုဖန်တီးပြီး မိုးပေးရွာတာ သဘာဝအလျောက် Natural Selection အရမဟုတ်ဘဲ လူက ပြုပြင်ဖန်တီးလိုက်လို့ ဖြစ်လာတဲ့ Artifical Selection သာဖြစ်ပါတယ်။ ဒါကြောင့် ဥပမာပေးတာကို Anonymous က နားမလည်ဘူးဆိုရင် ပြန်ဖတ်ကြည့်ဖို့ပဲ ကျွန်မ တိုက်တွန်းချင်ပါတယ်။

ကျွန်မကို တိုက်ခိုက်လိုတိုင်း ဒါဝင်သီအိုရီကို ဒါဝင်မပြောခဲ့ဘူးဆိုပြီး အဓိပ္ပါယ်မရှိတာတွေ လာပြောမည့်အစား Research ရဲ့ သဘောသဘာဝကို အရင်လေ့လာပါလို့ပဲ ကျွန်မ ပြောချင်ပါတယ်။ နောက်တခု တောင်းဆိုချင်တာက Anonymous ရေးထားတဲ့ ဒါဝင်ကိုးကားထားတဲ့ စာသားက အင်္ဂလိပ်စာတတ်သူ ဘယ်သူမဆိုရေးလို့ရတယ်။ ဒါကြောင့် ဒါကို ဒါဝင်ပြောထားတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား Reference အတိအကျ လာရေးပေးဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်။ မယုံလို့ မဟုတ်ဘူး လိုအပ်လို့ တောင်းဆိုတာ ဖြစ်တယ်။ အဲဒီလို တိုက်ရိုက်ကူးယူလာထားတဲ့ စာသားဆိုတာ Bibliography (ကျမ်းကိုး) အတိအကျ ထည့်ဖို့လိုတယ်ဆိုတာ ကျွန်မသားလေး ၁၀ နှစ်သားတောင် သိပါတယ်။ လူကြီးတယောက် ဖြစ်တဲ့ Anonymous မိမိယူလာတဲ့ နေရာက Source ကို ဖြစ်အောင် လာထည့်ပေးပါ။ Reference မပါဘဲ သူများရဲ့ စာသားကို တိုက်ရိုက်ဖေါ်ပြတာ စာခိုးချတာပဲ။ စာခိုးချတာကိုလည်း ကျွန်မဘလော့ဂ်မှာ လက်မခံဘူး။ လာမထည့်ပေးရင် နောက် ၂၄ နာရီကြာရင် အဲဒီမှတ်ချက်ကို ကျွန်မ ဖျက်မယ်။

Under Water World said...
Dear Sis,

I would like to discuss my point of view. I already comment other bloger very similar with your post but I would like to know how you reply.

Democracy can not be imposed in a country. Democracy is the result of an evolution and will not work if the necessary institutions and civil/social education of the inhabitants are already in place. We can see this in many countries where democracy has been “imported”. Institutions that will be independent and fair, that little by little will improve the rights of the people and resist the influence of the government (whether it is a military or an elected government). The education of the people is even more crucial to be able to understand their rights and responsibilities to critically analyze the proposals of the candidates and not be manipulated.

It is easy to criticize that we are not doing enough for democracy inside the country. Confronting the government would be like committing suicide; it would only result in blood. Many of our people are spending their lives in prison without any chance to have any political success. It is easy to feel the victim as a refugee, only because returning home would mean to end up in jail. That is exactly what happens to our people who stayed in Myanmar. The people who stay are the victims, and not only the ones in jail or persecuted but the people who can not get a proper job, who can not pay for the food to raise their family. Yes, those are the victims.

The way we can change our country is by educating our people and that would mean to be educated abroad and then return and help to develop and build up the country, to bring in investors and to help the country to open up. In the meantime, we can help getting people out of Myanmar and help them to get jobs and send money back for their families to survive. Not much more we can do.
June 16, 2010 6:13 AM

အကြောင်းပြန်ချက်

UWW ရဲ့ ပထမပိုဒ်မှာ ပြောထားတဲ့ ဒီမိုကရေစီဆိုတာ Evolution က ကနေ ဖြစ်လာတယ်ဆိုတာ လက်ခံပါတယ်။ ဟုတ်ပါတယ် သက်ဦးဆံပိုင် ဘုရင်စနစ်တွေကနေ စည်းမျဉ်းခံဘုရင်စနစ်တွေ ဖြစ်လာရတာ Evolution Process အတိုင်းပဲ ဖြစ်ပုံရပါတယ်။ UWW ပြောထားတဲ့ အသေးစိတ်ကျတဲ့ တချို့ အချက်တွေကိုလည်း လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါကလွဲရင် UWW ရဲ့ ဆွေးနွေးချက် တခုလုံးအနေနဲ့ကတော့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရာမှာ အစ်မနဲ့ လုံးဝကို ကွဲလွဲတာကို တွေ့ရပါတယ်။ UWW က Revolution အတိုင်း သွားမယ်ဆိုရင် လူတွေက အကျဉ်းထောင်ထဲမှာ အချိန်ကုန်တာနဲ့ မိမိကိုယ်ကို သတ်သေသလို ဖြစ်နေတယ်လို့ Evolution အတိုင်း စစ်တပ်နောက်ကို မှိန်းလိုက်သွားရင်း တဖြည်းဖြည်းချင်း လုပ်ယူတာက ပိုပြီး အကျိုးရှိမယ်လို့ ယူဆပုံရတယ်။ ပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီဆိုတာ အခုမှစတင်တဲ့သဘောမျိုး UWW က ယူဆပါတယ်။ UWW ဆွေးနွေးတာ အစ်မ ဒီလိုပဲ နားလည်တယ်။ မဟုတ်ရင်တော့ ပြန်ပြောလို့ရတယ်နော့်။ မြန်မာပြည်မှာ ဒီမိုကရေစီက အခုမှစတာ မဟုတ်ပါဘူး။ လွတ်လပ်ရေး ရတကည်းက စခဲ့တာပါ။ အပေါ်မှာ UWW ပြောတဲ့ အချက်တွေ ဖြစ်လာဖို့ စစ်တပ်သဘောမတူဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ စစ်တပ်ကလည်း သူ့အကျိုးမဟုတ်ဘဲ ပြည်သူလူထုအကျိုးအတွက် ဘယ်တော့မှ တခုခုကို လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဒီမိုကရေစီကို Evolution ကတဆင့် ဖြစ်လာတယ်ဆိုတာကလည်း ဒီမိုကရေစီဆိုတာ မပေါ်ခင်တုန်းက တစ် ကနေ စတင်လာတုန်းကသာ ဖြစ်တယ်။

ပထမအချက် ပြောလိုတာက မြန်မာနိုင်ငံဟာ UN အဖွဲ့ဝင်နိုင်ငံတခု ဖြစ်သလို လူ့အခွင့်အရေးကို စတင်မွေးဖွားကတည်းကတောင် ဦးဆောင်ပါဝင်လာတဲ့ နိုင်ငံတခုဖြစ်ပြီး ၆၂ ခုနှစ်အထိ ဒီမိုကရေစီ နိုင်ငံအဖြစ် (လူမျိုးစုပြဿနာနဲ့ တချို့ပြဿနာ အနည်းအကျဉ်းရှိတာကလွဲရင်) ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီတော့ မြန်မာနိုင်ငံက ဒီမိုကရေစီကို အခုမှ စတင်မွေးဖွားမှာ မဟုတ်ဘူး။ နဂိုကတည်းက ရှိပြီးသားကို Restore ပြန်လုပ်ဖို့ လိုနေတာသာ ဖြစ်ပါတယ်။ ဒီလို စစ်တပ်သူ့အလုပ် သူပြန်လုပ်ရင် ဒီကိစ္စကို တိုင်းသူပြည်သားတွေက ဒီမိုကရေစီ ကျင့်စဉ်အတိုင်း သွားရုံပဲ ရှိပါတယ်။

ရှိပြီးသား အရာတခုကို ပြန်လည်တည်ဆောက်တာ မဟုတ်ဘဲနဲ့ တဖြေးဖြေးပြောင်းယူမယ်ဆိုပြီး စစ်အုပ်စု ခင်းပေးတဲ့ မတရားတဲ့၊ ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီဆိုပြီး ဗြောင်လိမ်ပြီး ခင်းထားတဲ့ လမ်းကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မျောလိုက်ပြီး Evolution Process အတိုင်း တဖြေးဖြေးပြောင်းလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ပြောင်းလို့မရအောင်ကို လွှတ်တော်မှာ ၂၅% ကို ဘယ်သူမှ မဲပေးစရာမလိုဘဲ အလိုလို တက်ယူထားတဲ့အပြင် ဗီတိုအာဏာကိုပါ ယူထားပြီး ဖြစ်လို့ပါ။ အခု စစ်တပ်သွားနေတဲ့ လမ်းကြောင်းက ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် စစ်ကျွန်စနစ်ကိုသာ လုံးလုံးကြီး ဦးတည်သွားနေပါတယ်။ စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ၊ ၉၀ ခုနှစ်က အနိုင်ရထားတဲ့ NLD နဲ့ မဆွေးနွေးဘဲ ဆက်ပြီး ခေါင်းမာနေရင် Revolution နည်းနဲ့ ပြောင်းမှပဲ ရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အရင်ပေါ်ပေါက်ခဲ့ဖူးတဲ့ ဖွဲ့စည်းပုံ နှစ်ခုအနက် ၄၇ ဖွဲ့စည်းပုံကို ဦးနေ၀င်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးနဲ့ ဖျက်ဆီးစေခဲ့သလို၊ သူတို့ ဆွဲထားတဲ့ ၇၄ ဖွဲ့စည်းပုံကိုလည်း ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးက ဖျက်ဆီးခဲ့ပါတယ်။ အခုဆွဲပြီး နာဂစ်ကာလ လူထု ဒုက္ခရောက်နေချိန်မှာ အတင်းအဓမ္မမ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း တော်လှန်ရေးနဲ့ပဲ ပြောင်းမှ ရနိုင်လိမ့်မယ်။

ဒီဖွဲ့စည်းပုံအောက်မှာ ဘာပဲလုပ်လုပ် စစ်တပ်ကို သံတော်ဦးတင်ပြီးမှ လုပ်လို့ရတယ်။ စစ်တပ်ဟာ ပြည်သူလူထု ကောင်းကျိုးအတွက် ဘာမှ လုပ်ခွင့်မပေးဘူး၊ သူတို့ကောင်းကျိုးအတွက် ရွာပြောင်း၊ လယ်မြေသိမ်း အတင်းအဓမ္မခိုင်းချင်သလို ခိုင်းပြီး လူထုကို တချိန်လုံး ဒုက္ခပေးနေလို့ လူထုအတွက် ဘာမှကောင်းအောင် သူတို့လက်အောက်မှာ လုပ်လို့မရနိုင်ဘူး။ စစ်ခေါင်းဆောင်တွေဟာ သူတို့အတွက် လုပ်နေတာလား လူထုအတွက် လုပ်နေတာလား ဆိုတာ ၆၂ မတိုင်ခင်က ကမ္ဘာ့အလယ်မှာ တင့်တယ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၈၈ မှာ အဖွံ့ဖြိုးမှု အနည်းဆုံး စာရင်းဝင်ဖြစ်သွားပြီး ဦးနေ၀င်းက ကမ္ဘာအချမ်းသာဆုံး စာရင်းထဲဝင်နေတယ်၊ အခုလက်ရှိ မြန်မာပြည်မှာ အစာကတော့ ထားလိုက်တော့ ရေတောင် ငတ်ပြတ်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင်တွေနဲ့ ကပ်ဖါးယပ်ဖါးတွေက တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်သုံးစွဲပြီး လူချမ်းသာတွေ ဖြစ်နေတာကို ကြည့်ပြီး သိနိုင်ပါတယ်။ စစ်အာဏာရှင်လက်ထက်မှာ မြန်မာပြည်ဟာ မဆလလက်ထက်ကထက် ပိုတောင် ဆိုးလာသေးတယ်။ လက်ရှိလုပ်နေတဲ့ လုပ်ရပ်တွေက စစ်အာဏာရှင်တွေ အောက်မှာ ဒီမိုကရေစီကို တဖြေးဖြေး လုပ်ယူလို့ ဖြစ်နိုင်မဖြစ်နိုင်ကြောင်း သက်သေသာဓကတွေ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံကို မပြောင်းပဲနဲ့ တိုင်းပြည်ကို တဖြေးဖြေး ပြောင်းလို့ မရပါဘူး။ ဖွဲ့စည်းပုံကလည်း ပြောင်းလို့မရအောင် စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ အချိန်မရွေး အာဏာသိမ်းနိုင်တဲ့ ဗီတိုအာဏာ ယူထားတယ်။ စစ်တပ်က တပ်မတော်သားတွေမှာလည်း တိုင်းပြည်ကို အင်မတန်ချစ်ပြီး စစ်တပ်က နိုင်ငံရေးမှာ မဆိုင်ဘဲ ၀င်ပါနေရတာကို ငြီးငွေ့လာသလို မိခင်တိုင်းပြည်ကိုလည်း တခြားဒီမိုကရေစီ နိုင်ငံတွေနည်းတူ အမှန်တကယ် တကယ်တိုးတက်စေချင်သူတွေ ရှိလာတယ်ပဲ ထားပါတော့ စစ်တပ်ကိုယ်စားလှယ်ထဲမှ အများစုက ပြုပြင်ပြောင်းလဲလိုသူတွေ ရှိလို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေနဲ့ဆို ကံအားလျော်စွာ ၇၅% ကို လွှတ်တော်မှာ စည်းရုံးလို့ ရသွားပြီး ဖွဲစည်းပုံကို ပြုပြင်ပြောင်းလဲဖို့ ဆိုတင်သွင်းလာတယ်ပဲ ထားလိုက်တော့(တကယ်တော့ ဖြစ်နိုင်မယ်မထင်ပါ)။ စစ်ခေါင်းဆောင် အာဏာရှုးကြီးက ဗီတိုအာဏာနဲ့ အဆင်သင့် ပယ်ချဖို့ ရှိနေပါတယ်။ ဒီလို ပယ်ချတာကို မကျေနပ်လို့ လွှတ်တော်ထဲမှာရော အပြင်က ပြည်သူလူထုကြားမှာလည်း မကျေမချမ်းဖြစ်ပြီး တောင်းဆိုတာတို့ ဘာတို့ထလုပ်ရင်လည်း ဗီတိုအာဏာနဲ့ တရားဝင် အာဏာသိမ်းပြန်ဦးမယ်။ အခု အာဏာသိမ်းထားတာ တရားဝင်မဟုတ်ပေမဲ့ ဟိုအချိန်ကျရင် ငါတို့တရားဝင်လုပ်တယ်၊ ဖွဲ့စည်းပုံမှာကြည့်ဆိုပြီး ဖွဲ့စည်းပုံ ထိုးပြရုံပဲ။ အဲဒီတော့ စစ်တပ်အောက်ကနေပြီး Evolution Process အတိုင်းပဲ သွားဖို့နည်းလမ်းကို မြင်တဲ့ UWW ရေ - နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီကို Evolution အတိုင်း တဖြေးဖြေး ပြောင်းလို့မရအောင်၊ ပြည်သူလူထုကို မလူးသာ မလှုပ်သာ ဖြစ်အောင် လုပ်ထားတာကို လေ့လာကြည့်ဖို့ကိုပဲ အစ်မတိုက်တွန်းချင်ပါတယ်။

ဒါဖြစ်ရင် Revolution လုပ်ရင်လည်း ထောင်ထဲနဲ့ သေတွင်းထဲ သွားတိုးဝင်ရုံပဲ ဖြစ်မယ်ဆိုတော့ ဘယ်လိုလုပ်မလဲလို့ မေးစရာ ရှိတယ်။ ဘယ်လိုမှမလုပ်ရင် စစ်ကျွန်မဘ၀ကို ရောက်ပြီး ဒီထက်ပိုဆိုးမယ်။ နည်းနည်းပဲလုပ်ရင်လည်း ထောင်ထဲကို အများဆုံးရောက်နိုင်ပြီး သေတွင်းထဲကိုလည်း ရောက်နိုင်ပါတယ် မငြင်းပါဘူး။ တနိုင်ငံလုံးအတိုင်းအတာအထိ ညီပြီး လုပ်ရင်တော့ သတ်ဖို့ အမိန့်ပေးခံရသူတွေကလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့ နှလုံးသားရှိတဲ့သူတွေပဲ ဖြစ်တော့ အများစုကြီးကညီရင် တနိုင်ငံလုံးကို သတ်နိုင်မှာ မဟုတ်သလို မသတ်ဘဲ ထောင်ထဲထည့်ရင်လည်း ထောင်မဆံ့ပါဘူး။ အဓိကက ဒီမိုကရေစီနည်းကျ မိမိတို့ဆန္ဒကို မိမိတို့ ငြိမ်းချမ်းတဲ့ တနည်းနည်းနဲ့ ညီညီညွတ်ညွတ် ဖေါ်ပြဖို့ပဲ အရေးကြီးပါတယ်။

(ကျွန်မကို ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင် ရန်သူလို့ သဘောထားတယ်ဆိုပြီး အမြဲတမ်း လာလာပြီး ပြဿနာ မရှာရရင် စားမ၀င်၊ အိပ်မပျော် မနေနိုင်ဖြစ်ကြတဲ့ Anonymous အပေါင်းနဲ့ တခြားပုဂ္ဂိုလ် ကြီးငယ်လယ်လတ်တို့ ဒီအကြောင်းပြန်ချက်ကို ဖတ်ဖြစ်အောင် ဖတ်ကြပါနော့်။ ပြီးရင် ပြဿနာ ထပ်မရှာကြပါနဲ့။ ဒီလို ယဉ်ယဉ်ကျေးကျေး ပြန်အဆွေးနွေးခံချင်တယ်ဆိုရင် သဘောထား မတိုက်ဆိုင်ပေမဲ့ ဒီလို ယဉ်ယဉ်ကျေးကျေး လာဆွေးနွေးပါ။ မှတ်ချက်ကို ဘယ်တော့မှ ဖျက်မှာမဟုတ်သလို ဘယ်တော့မှ မချေမငံပြန်မပြောဘူး ဆိုတာလည်း အာမခံတယ်။)

Anonymous said...(MG)

ကီးဘုတ်တွေကနေတဆင့် စကားစစ်ထိုး တိုက်ပွဲဆင်နေကြမယ့်အစား မြန်မာနိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ တတ်နိုင်သမျှပါဝင်၍ လုပ်အားဒါန ကာယဒါန စိတ္တဒါန ပေးနိုင်ကြရင် ပိုမကောင်းဘူးလားဗျာ..မငယ်နိုင်အနေနဲ့ လဲ ပို့စ်တစ်ခုမှာ အမြင်မတူ၍ ကွန်းမန့်ပေးဆွေးနွေးကြတဲ့သူတွေကို စကားကပ်မပြောဘဲ(အတိအကျ ) ပြန်လှန်ဆွေးနွေးဖို့  အကြံပြုလိုပါတယ်
MG
့16 Jun 10, 10:24MG: မငယ်နိုင်က စကားပြော အင်မတန် ကပ်သီးကပ်သတ်နိုင်တယ်ဗျာ တိတိကျကျနဲ့ ပြန်လှန်ဆွေးနွေးကြတဲ့ သူတွေရဲ့အမှားကို ပိုပြီးထောက်ပြနိုင်ဖို့ လိုအပ်ပါတယ် ပို့စ်နဲ့ မဆိုင်ဘူးဆိုပြီး ငြင်းမပစ်ပါနဲ့
16 Jun 10, 10:27
MG: မငယ်နိုင်က ယထာဘူတ ကျကျပိုပြီးရှင်းလင်းပြောပြနိုင်မယ် ဆွေးနွေးပြောပြနိုင်မယ်ဆိုရင် မငယ်နိုင်ရဲ့စာဖတ်ပရိတ်သတ်တွေရဲ့လေးစားမှုကို ယခုထက်ပိုပြီးရနိုင်မှာပါ ဒါကြောင့် တစ်ချို့မေးခွန်းတွေကို ရှေင 16 Jun 10, 10:29
MG: ရှောင်လွှဲမပစ်ပါနဲ့ ပို့စ်နဲ့ မဆိုင်သော်လဲ စာဖတ်သူများအတွက် စဉ်းစားပေးပြီး ဖြေရှင်းဆွေးနွေးပေးပါလို့  ပြောပါရစေ
MG: ဥပမာတွေတော့ ပြောပြမနေတော့ပါဘူး မငယ်နိုင်ရဲ့ ပို့စ်တွေကို အမြဲဖတ်နေသူတွေဆိုရင် ကျနော်လို အမြင်မျိုးရှိမယ်လို့ ထင်ပါတယ် (C-Box ထဲက)

ပြန်ကြားချက်

MG ရေ- ကျွန်မက ပို့စ်နဲ့ ဆိုင်နေရင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ C-Box ထဲကတောင် ကူးယူလာပြီး အချိန်ရရင် ရသလို ပြန်ဆွေးနွေးပေးတတ်ပါတယ်။ တော်ရုံတန်ရုံ မဆိုင်တာကို ကျွန်မ မဖျက်လိုပါဘူး။ ကျွန်မ အတတ်နိုင်ဆုံး ဆိုင်တာလေး ရှာပြီး ပြန်ဆွေးနွေးပေးပါတယ်။ မဆိုင်တာတွေနဲ့ ဦးတည်ချက်လွဲအောင် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ရစ်နေတာတွေကိုပဲ ကျွန်မ လစ်လျူရှုတာတို့ ဖျက်တာတို့ လုပ်ပါတယ်။ ကျွန်မ ဘလော့ဂ်မှာ မှတ်ချက်ရေးရင် မဆိုင်တာ မပါစေဖို့ မေတ္တာရပ်ခံထားတဲ့ အဓိကအကြောင်းအရင်းက ဆွေးနွေးတာမဟုတ်ဘဲ ပို့စ်ရဲ့ ဦးတည်ချက်နဲ့ ဘာမှမဆိုင်တဲ့ ထေ့တာတွေ၊ ရစ်တာ၊ ကပ်ပြောနေတာတွေနဲ့ မပြီးဆုံးနိုင်တဲ့ မှတ်ချက်တွေ ဖေါင်းပွပြီး ဦးတည်ချက်မရှိ လမ်းကြောင်းလွဲသွားအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လာလုပ်နေတာ အမြဲ ကြုံတွေ့ခဲ့ရပြီးမှ ဖြစ်လာပါတယ်။ အကြောင်းအရာတခုကို ကျွန်မ တင်ထားလို့ လာဆွေးနွေးရင် ဒီအကြောင်းအရာ အပေါ်မှာပဲ အပြန်အလှန် လေးစားမှု ရှိရှိနဲ့ ပြောဖို့ လိုလားပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်လက်ခံပိုင်ခွင့် ရှိလို့ ကျွန်မလည်း သူများဘလော့ဂ်တွေမှာ မပြုသဘော မဆောင်နိုင်ရင် ဘယ်တော့မှ သွားမဆွေးနွေးပါဘူး။ နင်တို့လိုတဲ့ ဒီမိုကရေစီဆိုတာ ဒါပဲလို့ ဦးတည်ချက်မရှိ ပြောချင်ရာ လျှောက်ပြောနေရင် ဘယ်တော့မှ ပြီးမှာမဟုတ်သလို မသိနားမလည်သူတွေက ဒီမိုကရေစီဆိုတာ ဒီလိုပဲ တဘက်နဲ့တဘက် တိုက်ခိုက်စော်ကားမော်ကား ပြောပြီး ရန်ဖြစ်နေကြတာကို ဆိုလိုတာပါလားဆိုပြီး နားလည်မှု လွဲသွားနိုင်ပါတယ်။ ပြီးတော့ စာကောင်းကောင်းလာဖတ်ပြီး ဆိုင်တာကို တကယ် ဆွေးနွေးချင်သူတွေအတွက် သိပ်ပြီး အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလိုမျိုး ကျွန်မဘလော့ဂ်မှာ အဖြစ်မခံနိုင်လို့ ကန့်သတ်ထားတာသာ ဖြစ်ပါတယ်။

ပေးဖူးတဲ့ ဥပမာ တခုကို ထပ်ပြောရရင် ရန်ကုန်ကနေ မန္တလေးသွားဖို့ မောင်းနေတဲ့ကားကို မန္တလေးကိုပဲ မောင်းရမယ် ညာဘက်ကို ခွဲထွက်ပြီး လျှောက်မောင်းနေရင် ရှမ်းပြည်ကိုဖြတ်နယ်စပ်ဖြတ်ပြီး မန္တလေးမရောက်ဘဲ တရုတ်ပြည်ဘက် ရောက်သွားနိုင်တယ်။ ဘယ်ဘက်ကို ခွဲထွက်သွားရင် ဘင်္ဂလားဒေ့ရှ်တို့ အန္ဒိယတို့ ဘက်ရောက်သွားနိုင်တယ်။ ဒါကြောင့် မန္တလေးကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ဖို့အတွက် မောင်းတဲ့သူဟာ လမ်းသိဖို့လိုတယ်။ ကျွန်မ သွားတဲ့လမ်းကို ကျွန်မသိလို့ လမ်းလွဲနေရင် တည့်မှတ်ပေးဖို့ ကျွန်မမှာ တာဝန်ရှိပါတယ်။ ဘလော့ဂ်မှာ ကန့်သတ်ထားချက်တွေဟာ လမ်းလွဲသွားမှာစိုးလို့ လမ်းကို ဘယ်ညာ မခွဲထွက်ဘဲ တည့်တည့်မှတ်မှတ် သွားနိုင်ဖို့အတွက် သတ်မှတ်ထားရတာသာ ဖြစ်ပါတယ်။ အကြံပြုမှုအတွက် ကျေးဇူးတင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

အကယ်၍

အကယ်၍
မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ် ဆိုရင်

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ် ဆိုရင်

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား
မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင်
ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူး ဆိုရင်
ပြီးတော့ မင်းကိုယ်မင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိဆန်လွန်းတဲ့ စကားတွေလည်း မပြောဘူး ဆိုရင်



အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ် ဆိုရင်

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ် ဆိုရင်

အကယ်၍
မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ် ဆိုရင်

ဒါမှမဟုတ် မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်

ပြီးတော့ အစကနေ ပြန်စနိုင်မယ် ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူး ဆိုရင်

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့
ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ် ဆိုရင်

အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ် ဆိုရင်

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်

ဒါမှမဟုတ် မင်းဧရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူး ဆိုရင်

ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်

မင်းဟာ အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

Rudyard Kipling

(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည်)

If

If you can keep your head when all about you
Are losing theirs and blaming it on you;

If you can trust yourself when all men doubt you,
But make allowance for their doubting too:

If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,

If you can meet with Triumph and Disaster
And treat those two impostors just the same:

If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and building up with worn-out tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:

If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,

If neither foes nor loving friends can hurt you,

If all men count with you, but none too much:

If you can fill the unforgiving minute
With sixty seconds' worth of distance run,

Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!

Rudyard Kipling

(Translated by Daw Aung Sun Suu Kyi)

(1989 ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ထားတဲ့ ဒီကဗျာလေးကို ကျွန်မတို့ အဖွဲ့အစည်း (ရင်း -၂၀၁) မှာ ကာတွန်း စောငိုရဲ့ လက်ရေးမူနဲ့ ပြန်လည်ထုတ်ဝေပြီး တပ်ဖွဲ့ဝင်တိုင်းကို တစောင်စီ ဝေငှပါတယ်။ အခုတခါ ဘလော့ဂ်တချို့နဲ့ Forward mail တချို့မှာ ပြန်တွေ့ရပြီး ကဗျာရဲ့ အနှစ်သာရကို သဘောကျလို့ ဘလော့ဂ်မှာ သိမ်းထားရင်း ပြန်လည်မျှဝေလိုက်ပါတယ်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ။

အမှောင်ထဲက တေးသီချင်းသံ




အမှောင်ထဲက ထွက်ပေါ်လာနေတဲ့ လွမ်းလွမ်းဆွေးဆွေး တေးသီချင်းအသံက အဆိုတော် ခင်ဝမ်းတယောက် တမလွန်ဘ၀ကနေပြီး လူ့လောကကြီးထဲမှာ ကျန်နေရစ်တဲ့ သူ့ရဲ့ တေးချစ်ပရိတ်သတ်များကို ကိုယ်ထင်မပြဘဲ အသံပဲ ပေးပြီး လာနှုတ်ဆက်ကာ အလွမ်းဖြေ ပေးနေတယ်လို့တော့ မထင်လိုက်ပါနဲ့လို့ လာလည်သူတွေကို ကြိုပြောထားပါရစေ။ အသံရှင်က ဘယ်သူ့အတွက် ဘယ်လိုခံစားပြီး ဆိုထားမှန်းတော့ မသိပါ။ ဒီသီချင်းသံလေးကို ကြားရတဲ့ ကျွန်မကတော့ အဆိုတော် ခင်ဝမ်းကိုပဲ သတိရလို့လား၊ နီးလျက်နဲ့ ဝေးနေရတဲ့ အသံရှင်ကိုပဲ သတိရလို့လား ဝေခွဲမရ ဖြစ်ခဲ့တာတော့ အမှန်ပဲ။


မနက်မိုးသောက်ထ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ စိတ်သန့်စင်အောင် ဘုရားရှိခိုးပြီး စာခဏဖတ်တယ်။ ပြီးတော့ အလုပ်မသွားခင် ကွန်ပြူတာ ခဏဖွင့်ပြီး မေးလ်စစ်တယ်၊ ဘလော့ဂ်ထဲဝင်တယ်။ ဘလော့ဂ်ထဲမှာ မိတ်ဆွေတွေ လာပြီး နှုတ်ဆက်ထား၊ ပို့စ်နဲ့ ပတ်သက်ပြီး Appreciate လုပ်ထားတာတွေ တွေ့ရရင် ပီတိဖြစ်ရတာ ရှိသလို ကလေးလိုလို ခွေးလိုလိုတွေက အမှိုက်ပွထားရင်လည်း ရှင်းရလင်းရတာတွ ရှိတတ်ပါတယ် ဘုရားရှိခိုးတဲ့ အချိန်က မေတ္တာပို့ထားတဲ့ အရှိန်လေး ရှိနေသေးတော့ ပူလောင်နေတဲ့ သူတို့စိတ်တွေ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးဖြစ်တယ်။ ဘုရားရှိခိုးထားခြင်းမရှိတဲ့ နေ့လည်ဘက် အချိန်မျိုးတွေမှာကျတော့ ပြာရာပြာရာနဲ့ ပြေးပြေးလွှားလွှား သွားလာနေရတော့ အဲလောက် စိတ်ရှည်ဖို့ ဆင်ခြင်တုံတရားမကပ်နိုင်ဘူး။ ဘုရားဟောတဲ့ လူမိုက်နဲ့ ပေါင်းရင်လူမိုက်ဖြစ်တတ်တယ် ဆိုတဲ့အတိုင်းဘဲ မိုက်မဲသူတွေနဲ့ အဖက်လုပ်ပြီး အပြန်အလှန် ပြောမိဆိုမိရင် ကိုယ်ပါမိုက်မဲလာတာ သတိထားမိလာတယ်။ ဒီတော့လည်း လူမိုက်ကိုရှောင်ပြီး သူတော်ကောင်းနဲ့ပဲ ပေါင်းဖက်ရမယ်ဆိုတဲ့ မင်္ဂလာသုဒ်မှာ ဘုရားဟောထားတာလေးကို ပြန်ပြီး အသိတရားထဲ ရောက်လာပြန်တယ်။ ထားလိုက်တော့ ကျွန်မက ဒီအကြောင်း အဓိကပြောချင်တာ မဟုတ်ပါဘူး။ ခုနက သီချင်းအကြောင်းကို ပြောချင်တာပါ။

ဒီနေ့ မနက် အလုပ်သွားခါနီး ဘလော့ဂ်ဝင်ကြည့်ပြီး ဘာမှမကြာသေးဘူးလို့ ထင်ရပေမဲ့ နာရီကြည့်လိုက်တော့ အလုပ်သွားဖို့ အချိန်တောင် ကပ်နေပါပြီ။ ကတန်းကမန်း ထပြီး အ၀တ်အစားလဲ အခန်းထဲဝင်ပြီး သားကို "သားသားရေ မေမေ အလုပ်သွားဦးမယ် မကြာခင် ဖေဖေ ပြန်ရောက်လာလိမ့်မယ် ကျောင်းသွားရင် အနွေးထည်ဝတ်သွားနော့် အပြင်မှာ တော်တော်အေးတယ်လို့ အနွေးထည်ဝတ် ဦးထုပ်ဆောင်းသွား" လို့ သားကို သတိပေးရင်း မျက်နှာမှာ မိတ်ကပ်တဖတ်ဖတ်ရိုက်ကာ နှုတ်ခမ်းနီဆိုးလိုက်တော့ အလှပြင်တဲ့ကိစ္စ စက္ကန့်ပိုင်း မိနှစ်ပိုင်းမှာတင် ပြီးသွားတယ်။ ဆံပင်ကတော့ ဘုရားမရှိခိုးခင်က ဖီးထားလို့ ထပ်ဖီးစရာမလိုတော့ဘူး။ သားကို နှုတ်ဆက်ပြီး ထွက်ဖို့လုပ်နေခါမှ သားက ခဏနေဦးဆိုပြီး ရင်ခွင်ထဲမှာ လာမှီနေလို့ ခဏလေး ဖက်ထားပေးရသေးတယ်။

သူ့ကိုဖက်ထားစဉ်မှာ "ရေခဲသေတ္တာထဲမှာ ကျောင်းမသွားခင် သားသားစားဖို့မုန့် ရှိတယ်။ စားပွဲခုံပေါ်မှာ နေ့လည်စာအတွက် ပိုက်ဆံတင်ထားပေးတယ် ကြားလား" လို့ ကျွန်မ ပြောရင်း နာရီကြည့်လိုက်တော့ "ဟဲ့ သား မေမေ အချိန်မရတော့ဘူးသား နောက်တောင် ကျနေပြီ ပြန်အိပ်လိုက်တော့နော့်" လို့ ချော့မော့ကာ ထားခဲ့ပြီး ပိုက်ဆံအိတ်ကို ပုခုံးမှာ ကောက်လွယ်ကာ အပြင်ထွက်လာပြီး အိမ်တံခါးဝရောက်တော့ ခြေစွပ်က စွပ်ထားပြီးသားမို့ ကတန်းကမန်း ဖိနပ်ကောက်စီးကာ အိမ်တံခါးကို ဖွင့်လိုက်တော့ တံခါးဝမှာ သူ့အဖေပြန်လာတာနဲ့ တန်းတိုးတယ်။ တယောက်ကအထွက် တယောက်က အ၀င်။ "အလုပ်သွားတော့မယ် သားသားလည်း နိုးနေလို့ ပြန်အိပ်ခိုင်းထားတယ်" လို့ ပြောပြီး လှေကားကို ဆင်းဖို့အလုပ်မှာ သွားတော့မလား နေဦးလေဆိုပြီး လိုက်စပြီး ဆွဲထားလို့ "ဖယ်စမ်းပါ အလုပ်သွားဖို့ နောက်ကျနေရတဲ့ ကြားထဲ သားကတမျိုး အဖေကတမျိုး" ဆိုပြီး ပြေးဆင်းလာလိုက်ရတယ်။ အလုပ်ရောက်တော့ ငါးမိနှစ်ပဲ နောက်ကျလို့ တော်ပါသေးရဲ့။

ညနေ အိမ်ပြန်ရောက်တော့ ခဏအနားယူပြီး ဘလော့ဂ်ထဲက အကုသိုလ်တွေကိုရှင်းပြီးမှ မီးဖိုချောင်ထဲ ၀င်ဖြစ်တယ်။ ကျွန်မရောက်တော့ သားက ကျောင်းက ပြန်ရောက်နေပြီး Opera House မှာ သွားဆိုရမည့် ကျောင်းအုပ်စု သီချင်းဆိုပွဲအတွက် laptop ကို သုံးပြီး သီချင်းလေ့ကျင့်နေတယ်။ We are the world, အပါအ၀င် သီချင်း တွေကို လေ့ကျင့်နေတယ်။ အဖေကလည်း အခုကျွန်မ စာရိုက်နေတဲ့ ကွန်ပြူတာသုံးပြီး တယောက်ယောက်နဲ့ ချတ်နေတယ်။ ကျွန်မ ရောက်တော့ ကျွန်မဘာမှ မလုပ်ခင် ကွန်ပြူတာကို အရင်ဝင်ကြည့်မယ်ဆိုတာ သိလို့ အလိုက်သိသိနဲ့ ဖယ်ပေးလိုက်တယ်။ ဘလော့ဂ်ကို ၀င်ကြည့်တော့ ထင်တဲ့အတိုင်း အမှိုက်တွေပွနေလို့ ရှင်းလိုက်ရသေးတယ်။ ပြီးတော့မှ အင်္ကျီအ၀တ်အစားလဲပြီး မီးဖိုခန်းထဲ ၀င်ဖြစ်တယ်။

ကျွန်မ မီးဖိုခန်းထဲ ၀င်တဲ့အချိန်မှာ သူ့အဖက ဂီတာတလုံးဆွဲပြီး အိမ်ခန်းထဲဝင်သွားတယ်။ ခင်ဝမ်းသီချင်းကို ဆွဲဆွဲငင်ငင်နဲ့ ဂီတာတီးပြီး ဆိုနေသံကို ကြားရတော့ အခုလို ကျောင်းဖွင့်တဲ့ ရာသီတွေမှာ ကျွန်မအတွက် ကျောင်းသွားလိုက် အလုပ်သွားလိုက်နဲ့ မိသားစု သုံးယောက် အတူဆုံတဲ့အချိန်ဟာ သိပ်ကိုနည်းပါလားလို့ တအိမ်တည်းနေပြီး လွမ်းနေရတဲ့ အဖြစ်ကို တွေးနေမိတယ်။ သူအိမ်ခန်းထဲ ၀င်သွားတုန်းကတော့ ညကျရင် အလုပ်ပြန်သွားရမှာမို့ အိပ်ဖို့ဝင်သွားတယ် ထင်နေတာ သူက ဂီတာတီးတာကို ဗွီဒယိုရိုက်ထားတယ် ဒါပေမဲ့ အသံကိုပဲ လိုချင်လို့ အခန်းအမှောင်ချထားပြီး ရိုက်ထားလို့ တွေ့တဲ့အတိုင်းပါပဲ။ နားထောင်ပြီးတော့ ခင်ဝမ်းလား ခင်မောင်တိုးလားလို့တောင် မေးလိုက်သေးတယ်။ အဲဒါနဲ့ ဒီပို့စ်လေးကို တင်ဖြစ်သွားပါတယ်။ သူကတော့ ဒါကိုတော့ မတင်ပါနဲ့ တင်ချင်ရင်နောက်ပိုင်း သူကောင်းကောင်းလေး ဆိုပေးမယ်လို့ ပြောပေမဲ့ ကျွန်မက ဒါကိုပဲ ကြိုက်တယ်ဆိုပြီး တင်လိုက်ပါတယ်။ ပထမဦးဆုံး အားပေးတဲ့ သားကတော့ boring တဲ့။ ဒါကြောင့် သားကြိုက်ဖို့ထက် မေမေကြိုက်ဖို့က အရေးကြီးတယ် သားလို့ ပြန်ပြောလိုက်တယ်။ တကယ်လည်းပဲ ကျွန်မ အမျိုးသားက အဆိုတော်မှ မဟုတ်တာ သူဆိုတဲ့ သီချင်းကို တခြားသူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မကြိုက်ဖို့ပဲ အရေးကြီးတယ်မဟုတ်လား။

ခင်ဝမ်းတယောက် ဒီကမ္ဘာလောကကြီးထဲမှာ သက်ရှိထင်ရှား မရှိတော့ပေမဲ့ သူ့ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ တေးသံတွေကတော့ စွဲမက်သူတို့ရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေဆဲပါပဲ။ ခင်ဝမ်းကိုယ်တိုင် သီဆိုထားတဲ့ ဒီသီချင်းကို ဒီနေရာမှာ သွားနားထောင်နိုင်ပြီး ခင်မောင်တိုး ပြန်ဆိုပြီး ခင်ဝမ်းဂီတာတီးပြီး ဆိုထားတဲ့ အမှတ်တရလေးနဲ့ အဆုံးသတ်ထားတာကို ဒီနေရာမှာ သွားနားထောင်နိုင်ပါတယ်။ ဒီ Link ကို C-Box မှာ လာပေးသွားတဲ့ ပြည်သားကို အထူးပဲ ကျေးဇူးတင်ပါတယ်။

လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘလောဂ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေကို ဘယ်လို Ban မလဲ

ကျွန်တော့်လိုပဲ အပြောခံနေရ အဆိုခံနေရတဲ့ သူများ အတွက် တင်ပေးလိုက်တာပါ . ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့ လူက နှစ်နည်းနဲ့ တိုက်ခိုက် နိုင်ပါတယ် .
  • (၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
  • (၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း
ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါ လာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .

IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လို သိနိုင်လဲ ဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့် အနေနဲ့ အကြံဉာဏ်များ ပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည် မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုး လာကြည့်တာ မဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီး တိုက်ခိုက် မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ . ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ... gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...

Ban နည်း
  • (၁) blogger.com ကို ၀င်လိုက်ပါ .
  • (၂) Layout >> Edit html ကို သွားလိုက်ပါ ..
  • (၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို <head> ဆိုတာကို ရှာပါ့မယ် .
  • (၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် <head> ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..

<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>



ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသား ကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချော ကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံး အနီနဲ့ ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေ ထပ်ဖြည့်လို့ ရပါသေးတယ် . မင်းသား ကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသား ကိုသာထည့် ဒီဇာတ်ကား ရုံပြည့် ရုံလျှံ ဖြစ်သွားမယ် .

(ဘလော့ဂ်မှာ လာအစော်ကားခံနေရတဲ့ ဘ၀တူ ဘလော့ဂါများအတွက် ပြန်လည်ကူးယူဖေါ်ပြခြင်း ဖြစ်ပါတယ်။ မူရင်း ပို့စ်ကို ဒီမှာ သွားဖတ်နိုင်ပါတယ်..)

ရွှ့င်လန်းချမ်းမြေ့ကြပါစေ။